ဟောင်ကောင် ဒိတ်ဒိတ်ကြဲ သူဌေးကြီး Ho Shung Pun က အကြွေးဆပ်ရန်အတွက် ဟောင်ကောင်ရှိ ဈေးအကြီးဆုံးလူနေရပ်ကွက်မှ စံအိမ်ကြီး ၃ လုံးကို ပေါက်ဈေးအောက် ၃၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ ဟောင်ကောင်ဒေါ်လာ သန်း ၈၆၀ ဖြင့် ရောင်းထုတ်

ဟောင်ကောင် ဒိတ်ဒိတ်ကြဲ သူဌေးကြီး Ho Shung Pun က အကြွေးဆပ်ရန်အတွက် ဟောင်ကောင်ရှိ ဈေးအကြီးဆုံးလူနေရပ်ကွက်မှ စံအိမ်ကြီး ၃ လုံးကို ပေါက်ဈေးအောက် ၃၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ ဟောင်ကောင်ဒေါ်လာ သန်း ၈၆၀ ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
5 Aug 2024 1:06 pm တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်၏ ဈေးအကြီးဆုံး လူနေဒေသဖြစ်သော The Peak (Victoria Peak ဟုလည်း လူသိများ) အရပ်ရှိ စံအိမ်ကြီး ၃ လုံး ဟောင်ကောင်ဒေါ်လာ သန်း ၈၆၀ (ကန်ဒေါ်လာ သန်း ၁၁၀) ဖြင့် အရောင်းအဝယ် ဖြစ်သွားသည်။

ဟောင်ဟောင်၏ ဒိတ်ဒိတ်ကြဲ မိသားစုတစ်ခုက ရောင်းချခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်တွင် တစ်လတာအတွင်း ဒုတိယဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။

The Peak သည် ကမ္ဘာလှည့်ခရီးသည်များအကြား နာမည်ကျော်သည့်နေရာဖြစ်ပြီး ဟောင်ကောင်တွင် မြေမျက်နှာပြင် အမြင့်မားဆုံး တောင်ထိပ်နေရာတစ်ခုဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၁၁ ပေရှိပြီး ဟောင်ကောင်တခွင် ရှုမျှော်ခင်းများ၊ ဆိပ်ကမ်းနှင့် တောင်တန်းများကို အပေါ်စီးမှ တွေ့မြင်ရသောနေရာ ဖြစ်သည်။

Peak လမ်း၊ အမှတ် ၉၉ မှ ၁၀၃ ရှိ စံအိမ်ကြီး ၃ လုံးကို ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၆၀,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကားပြီးဟောင်ကောင်မှ Sing Tao သတင်းဌာနက ဖော်ပြသည်။

စံအိမ်တစ်လုံးစီတိုင်းတွင် လသာဆောင်နှင့် ရေကူးကန်တို့ ပါဝင်သည်။

စံအိမ်ကြီး ၃ လုံးကို ရောင်းချလိုက်သူမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Kowloon Investment Co., ၏ ဒါရိုက်တာ Ho Shung Pun ဖြစ်ကာ အဆိုပါကုမ္ပဏီကို ၁၉၅၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်ထိပ်သီး အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် Ho Shung Pun သည် ကြွေးမြီများ ပေးဆပ်ရန် အတွက် အဆိုပါ စံအိမ်ကြီးများကို ဈေးကွက်ပေါက်ဈေးအောက် ၃၅ ရာခိုင်နှုန်းအထိ လျှော့ချကာ ရောင်းထုတ် ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်တွင် အိမ်ခြံမြေလောက အကျပ်ဆိုက်နေမှုမှာ ဒိတ်ဒိတ်ကြဲ ချမ်းသာသူများအထိ ရိုက်ခတ်လာ ခြင်းလည်း ဖြစ်သည်။

 

Ho Shung Pun မိသားစုသည် ယခင်ကလည်း Plantation လမ်း၊ အမှတ် ၄၆ ရှိ Luxury လူနေအိမ်ရာ စီမံကိန်းမှ A,B,C နှင့် D စံအိမ်များကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖြင့် ရောင်းထုတ်ခဲ့သေးသည်။

ယခုနှစ် အစောပိုင်းတွင် အစိုးရက အိမ်ခြံမြေကဏ္ဍ ဖြေလျော့မှုများ ပြုလုပ်ပေးပြီးနောက်ပိုင်း ဟောင်ကောင် တွင် အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ခု ဖြစ်ခဲ့သည်။

Peak လမ်းရှိ စံအိမ်ကြီး ၃ လုံးကို Serica Agency Ltd က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မြေယာမှတ်ပုံတင်ဌာန အချက်အလက်များတွင် ဖော်ပြသည်။

ဟောင်ကောင်တွင် ဈေးသက်သာသည့် ထူးခြားသော နေအိမ်များကို ဝယ်လက်များက လိုက်လံဝယ်ယူလျက် ရှိကြရာ ဟောင်ကောင်၏ luxury အိမ်ခြံမြေဈေးကွက်မှာ အားကောင်းနေသည်။

မေလအတွင်း ဝယ်လက်တစ်ဦးက Evergrande Group ဆောက်လုပ်ရေးကုမ္ပဏီ တည်ထောင်သူ Hui Ka Yan ၏ စံအိမ်ကြီးကို မူလခေါ်ဈေးအောက် ထက်ဝက်ကျော် သက်သာသော ဈေးဖြင့် ဝယ်ယူခဲ့သည်။

ယခုရက်သတ္တပတ်အစောပိုင်းကလည်း Shouson Hill အမှတ် ၁၅ ရှိ စံအိမ်ကို ဟောင်ကောင်ဒေါ်လာ ၇၁၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုနှစ်အတွင်း ဟောင်ကောင်တွင် ဈေးအကြီးဆုံး အိမ်ခြံမြေ အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rich Hong Kong Families Sell Mansions at Discounts to Repay Debt (bloomberg)

 

 

 

[Zawgyi]

ေဟာင္ေကာင္ ဒိတ္ဒိတ္ၾကဲ သူေဌးၾကီး Ho Shung Pun က အေၾကြးဆပ္ရန္အတြက္ ေဟာင္ေကာင္ရွိ ေစ်းအၾကီးဆံုးလူေနရပ္ကြက္မွ စံအိမ္ၾကီး ၃ လံုးကို ေပါက္ေစ်းေအာက္ ၃၅ ရာခုိင္ႏႈန္းအထိ ေစ်းေလွ်ာ့ကာ ေဟာင္ေကာင္ေဒၚလာ သန္း ၈၆၀ ျဖင့္ ေရာင္းထုတ္

 

ေဟာင္ေကာင္၏ ေစ်းအၾကီးဆံုး လူေနေဒသျဖစ္ေသာ The Peak (Victoria Peak ဟုလည္း လူသိမ်ား) အရပ္ရွိ စံအိမ္ၾကီး ၃ လံုး ေဟာင္ေကာင္ေဒၚလာ သန္း ၈၆၀ (ကန္ေဒၚလာ သန္း ၁၁၀) ျဖင့္ အေရာင္းအဝယ္ ျဖစ္သြားသည္။

ေဟာင္ေဟာင္၏ ဒိတ္ဒိတ္ၾကဲ မိသားစုတစ္ခုက ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ေဟာင္ေကာင္တြင္ တစ္လတာအတြင္း ဒုတိယေစ်းအၾကီးဆံုး အိမ္ျခံေျမအေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ထားသည္။

The Peak သည္ ကမၻာလွည့္ခရီးသည္မ်ားအၾကား နာမည္ေက်ာ္သည့္ေနရာျဖစ္ျပီး ေဟာင္ေကာင္တြင္ ေျမမ်က္ႏွာျပင္ အျမင့္မားဆံုး ေတာင္ထိပ္ေနရာတစ္ခုျဖစ္ကာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၈၁၁ ေပရွိျပီး ေဟာင္ေကာင္တခြင္ ရႈေမွ်ာ္ခင္းမ်ား၊ ဆိပ္ကမ္းႏွင့္ ေတာင္တန္းမ်ားကို အေပၚစီးမွ ေတြ႔ျမင္ရေသာေနရာ ျဖစ္သည္။

Peak လမ္း၊ အမွတ္ ၉၉ မွ ၁၀၃ ရွိ စံအိမ္ၾကီး ၃ လံုးကို ၁ စတုရန္းေပလွ်င္ ေဟာင္ေကာင္ေဒၚလာ ၆၀,၀၀၀ ျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္မ်ားကို ကိုးကားျပီး ေဟာင္ေကာင္မွ Sing Tao သတင္းဌာနက ေဖာ္ျပသည္။

စံအိမ္တစ္လံုးစီတိုင္းတြင္ လသာေဆာင္ႏွင့္ ေရကူးကန္တို႔ ပါဝင္သည္။

စံအိမ္ၾကီး ၃ လံုးကို ေရာင္းခ်လိုက္သူမွာ အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီတစ္ခုျဖစ္ေသာ Kowloon Investment Co., ၏ ဒါရိုက္တာ Ho Shung Pun ျဖစ္ကာ အဆိုပါကုမၸဏီကို ၁၉၅၅ ခုႏွစ္တြင္ တည္ေထာင္ ခဲ့ျခင္း ျဖစ္သည္။

ေဟာင္ေကာင္ထိပ္သီး အိမ္ျခံေျမ developer ကုမၸဏီပိုင္ရွင္ Ho Shung Pun သည္ ေၾကြးျမီမ်ား ေပးဆပ္ရန္ အတြက္ အဆိုပါ စံအိမ္ၾကီးမ်ားကို ေစ်းကြက္ေပါက္ေစ်းေအာက္ ၃၅ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ကာ ေရာင္းထုတ္ ခဲ့ျခင္းျဖစ္သည္။

ေဟာင္ေကာင္တြင္ အိမ္ျခံေျမေလာက အက်ပ္ဆိုက္ေနမႈမွာ ဒိတ္ဒိတ္ၾကဲ ခ်မ္းသာသူမ်ားအထိ ရိုက္ခတ္လာ ျခင္းလည္း ျဖစ္သည္။

Ho Shung Pun မိသားစုသည္ ယခင္ကလည္း Plantation လမ္း၊ အမွတ္ ၄၆ ရွိ Luxury လူေနအိမ္ရာ စီမံကိန္းမွ A,B,C ႏွင့္ D စံအိမ္မ်ားကို ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံျဖင့္ ေရာင္းထုတ္ခဲ့ေသးသည္။

ယခုႏွစ္ အေစာပိုင္းတြင္ အစိုးရက အိမ္ျခံေျမက႑ ေျဖေလ်ာ့မႈမ်ား ျပဳလုပ္ေပးျပီးေနာက္ပိုင္း ေဟာင္ေကာင္ တြင္ အၾကီးမားဆံုး အိမ္ျခံေျမအေရာင္းအဝယ္တစ္ခု ျဖစ္ခဲ့သည္။

Peak လမ္းရွိ စံအိမ္ၾကီး ၃ လံုးကို Serica Agency Ltd က ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေျမယာမွတ္ပံုတင္ဌာန အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ေဟာင္ေကာင္တြင္ ေစ်းသက္သာသည့္ ထူးျခားေသာ ေနအိမ္မ်ားကို ဝယ္လက္မ်ားက လိုက္လံဝယ္ယူလ်က္ ရွိၾကရာ ေဟာင္ေကာင္၏ luxury အိမ္ျခံေျမေစ်းကြက္မွာ အားေကာင္းေနသည္။

ေမလအတြင္း ဝယ္လက္တစ္ဦးက Evergrande Group ေဆာက္လုပ္ေရးကုမၸဏီ တည္ေထာင္သူ Hui Ka Yan ၏ စံအိမ္ၾကီးကို မူလေခၚေစ်းေအာက္ ထက္ဝက္ေက်ာ္ သက္သာေသာ ေစ်းျဖင့္ ဝယ္ယူခဲ့သည္။

ယခုရက္သတၱပတ္အေစာပိုင္းကလည္း Shouson Hill အမွတ္ ၁၅ ရွိ စံအိမ္ကို ေဟာင္ေကာင္ေဒၚလာ ၇၁၇ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ရာ ယခုႏွစ္အတြင္း ေဟာင္ေကာင္တြင္ ေစ်းအၾကီးဆံုး အိမ္ျခံေျမ အေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rich Hong Kong Families Sell Mansions at Discounts to Repay Debt (bloomberg)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service