အိန္ဒိယတွင် အကြွေးနွံနစ်နေသော ကျပန်းအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀,၀၀၀ တန် စိန်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ

အိန္ဒိယတွင် အကြွေးနွံနစ်နေသော ကျပန်းအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀,၀၀၀ တန် စိန်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
2 Aug 2024 1:49 pm တွင် တင်ခဲ့သည်
1337 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် အကြွေးနွံနစ်နေသော ကျပန်းအလုပ်သမားတစ်ဦးသည် ဒေါ်လာ ၁၀၀,၀၀၀ ခန့် တန်ကြေးရှိသော ၁၉ ဒသမ ၂၂ ကာရက်ရှိ စိန်ကြီးတစ်လုံး တူးဖော်တွေ့ရှိခဲ့သောကြောင့် မိမိတို့ မိသားစု၏ ဘဝပြောင်းလဲသွားခဲ့ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရာဂျူး ဂွန်းအမည်ရှိ အဆိုပါအမျိုးသားသည် မိသားစုကို ကျွေးမွေးစောင့်ရှောက်နိုင်ရေးအတွက် ကြုံရာကျပန်း ရရာအလုပ် လုပ်ကိုင်သူဖြစ်ပြီး တစ်ရက်လျှင် ၄ ဒေါ်လာမျှသာ ဝင်ငွေရှိသူ ဖြစ်သည်။

ရာဂျူးသည် ဇာတိဖြစ်သော မဒရာ ပရာဒက်ရှ်ပြည်နယ်ရှိ စိုက်ခင်းများ၊ စိန်တူးဖော်ရေးသတ္တုတွင်းများတွင် လည်းကောင်း၊ ချမ်းသာကြွယ်ဝသော လယ်သမားတစ်ဦးဦးထံတွင် ထရပ်ကားမောင်းခြင်း သော်လည်းကောင်း အလုပ်မျိုးစုံ လုပ်ကိုင်သည်။

အသက် ၄၀ အရွယ်ရှိ ရာဂျူးနှင့် ညီဖြစ်သူ ရာကက်ရှ်တို့သည် စတုရန်းပေ ၆၉၀ ကျယ်ဝန်းသော အစိုးရမြေ နေရာတစ်ခုတွင် တစ်ရက်လျှင် ၉ ဒသမ ၅ ဒေါ်လာဝန်းကျင်ပေးသွင်းကာ ရွှေတူးသည့် အလုပ်လည်း လုပ်ကိုင် သည်။

ထိုမြေနေရာတွင် ရာဂျူးက စိန်ကြီးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုကျောက်ကို ကောက်ကိုင်လိုက်ပြီး ဖုန်များ သုတ်နေချိန်တွင် ရင်တဒိန်းဒိန်း ခုန်နေခဲ့ကြောင်း ရာဂျူးက ပြောပြသည်။

ဖုန်တချက်သုတ်လိုက်တိုင်း ကျောက်မှာ တောက်သည်ထက် တောက်ပလာသည်။

“ကျောက်က အံ့မခန်းကို တောက်နေတာ။ အဲဒါ စိန်ပဲဆိုတာ ကျွန်တော်သိလိုက်တယ်” ဟု ရာဂျူးက ဝမ်းသာအားရဖြစ်နေသော လေသံဖြင့် ပဏ္ဏခရိုင်ရှိ သူ၏နေအိမ်မှတဆင့် CNN သတင်းဌာနသို့ ပြောခဲ့သည်။

သူနှင့် ရာကက်ရှ်တို့ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လိုက်ကြပြီးနောက် ဝမ်းသာအားရဖြင့် ထခုန်ခဲ့ကြသည်။

ယင်းနောက် နှစ်ဦးသား စက်ဘီးပေါ်တက်ကြကာ ၇ မိုင်ဝေးသော နေအိမ်ရှိရာသို့ အသော့ပြန်ခဲ့ကြပြီး မိသားစုကို ဝမ်းမြောက်ဖွယ်သတင်း ပြောပြခဲ့ကြသည်။

ထိုနောက်ပိုင်း မိခင်ကြီးကို ခေါ်ကာ ပဏ္ဏစိန်ရုံးသို့ သွားကြပြီး စိန်၏ တန်ဖိုးကို တွက်ချက်ကြည့်စေခဲ့သည်။

(ရာဂျူး တွေ့ရှိခဲ့သော ဒေါ်လာ ၁၀၀,၀၀၀ ခန့် တန်ကြေးရှိ ၁၉ ဒသမ ၇၂ ကာရက် စိန်ကြီး။ ဓာတ်ပုံ- Anupam Singh)

 

စိန်ရာဖြတ်အရာရှိ Anupam Singh က စိန်ကို ယူကာ အလေးချိန် ချိန်တွယ်ကြည့်ခဲ့သည်။

“ဒါဟာ ၁၉ ဒသမ ၂၂ ကာရက်ရှိတဲ့ စိန်ဖြူပဲ” ဟု ၎င်းက CNN သတင်းဌာနသို့ ပြောသည်။

စိန်၏ တန်ကြေးမှာ ကန်ဒေါ်လာ ၉၅၅၀၀ ရှိသည်ဟု ဆိုသည်။

ပဏ္ဏသည် စိန်အများအပြားထွက်သည့်နေရာဖြစ်ကြောင်းလည်း ရာဂျူးက ပြောသည်။

“၁၉၆၁ ခုနှစ်တုန်းက လူတစ်ယောက် ၅၄ ဒသမ ၅၅ ကာရက်ရှိတဲ့ စိန်တစ်လုံး တွေ့ခဲ့ဖူးတယ်။ ပြီးတော့ ၂၀၁၈ ခုနှစ်မှာ ၄၂ ကာရက်ရှိတဲ့ စိန်တစ်လုံး တွေ့ခဲ့ဖူးတယ်။ အခုတော့ ဒီစိန်ကြီးပေါ့” ဟု ၎င်းက ပြောသည်။

ယခုနှစ်အစောပိုင်းက စိန်ပွင့်ငယ်များလည်း တွေ့ခဲ့ဖူးကြောင်း ရာဂျူးက ဖြည့်စွက်ပြောကြားသည်။

ယခုစိန်ကြီး တွေ့ရှိမှုအတွက် ရာဂျူးမှာ ရာသီဥတုကို ကျေးဇူးတင်နေဖွယ်ရှိသည်။

ပြီးခဲ့သော ၂ လခန့်က အဆိုပါဒေသတွင် မုတ်သုန်မိုးများ အလွန်အားကောင်းခဲ့သည်။

ထိုသို့ မိုးအလွန်ကောင်းသောကြောင့် ရာဂျူး၏ အလုပ်အကိုင်များ ရပ်ဆိုင်းထားခဲ့ရသည်။

အိမ်တွင် ထိုင်နေမည့်အစား စိန်ရှာဖွေရန် ၎င်းတို့မိသားစု ကြိုးစားခဲ့ကြသည်။

“ကျွန်တော်တို့ လုပ်ရတာက လျှောက်လွှာပုံစံတစ်ခုဖြည့်၊ မှတ်ပုံတင်အထောက်အထားတွေပေး၊ ဓာတ်ပုံပေး၊ အစိုးရကို ရူပီး ၈၀၀ (ကန်ဒေါ်လာ ၉ ဒသမ ၅၀) ပေးရတာပါပဲ” ဟု ရာဂျူးက ပြောပြသည်။

“ဒီနေရာမှာ ကျွန်တော်တို့ စိန်ရှာပြီးရင် တခြားမြေကွက်မှာ ရှာဖို့ လျှောက်ထားလို့ ရပါတယ်”

(ရာဂျူး၏ ညီငယ် ရာကက်ရှ်ကို တွေ့ရပုံ။ ဓာတ်ပုံ-Raju Gond)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Indebted Indian laborer finds life-changing $100,000 diamond (CNN)

Photo Credit- Anupam Singh, Raju Gond

 

 

[Zawgyi]

အိႏိၵယတြင္ အေၾကြးႏြံနစ္ေနေသာ က်ပန္းအလုပ္သမားတစ္ဦး ေဒၚလာ ၁၀၀,၀၀၀ တန္ စိန္ၾကီးတစ္လံုး ရွာေဖြေတြ႔ရွိ

 

အိႏိၵယႏိုင္ငံ အလယ္ပိုင္းတြင္ အေၾကြးႏြံနစ္ေနေသာ က်ပန္းအလုပ္သမားတစ္ဦးသည္ ေဒၚလာ ၁၀၀,၀၀၀ ခန္႔ တန္ေၾကးရွိေသာ ၁၉ ဒသမ ၂၂ ကာရက္ရွိ စိန္ၾကီးတစ္လံုး တူးေဖာ္ေတြ႔ရွိခဲ့ေသာေၾကာင့္ မိမိတို႔ မိသားစု၏ ဘဝေျပာင္းလဲသြားခဲ့ေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ရာဂ်ဴး ဂြန္းအမည္ရွိ အဆိုပါအမ်ဳိးသားသည္ မိသားစုကို ေကၽြးေမြးေစာင့္ေရွာက္ႏိုင္ေရးအတြက္ ၾကံဳရာက်ပန္း ရရာအလုပ္ လုပ္ကိုင္သူျဖစ္ျပီး တစ္ရက္လွ်င္ ၄ ေဒၚလာမွ်သာ ဝင္ေငြရွိသူ ျဖစ္သည္။

ရာဂ်ဴးသည္ ဇာတိျဖစ္ေသာ မဒရာ ပရာဒက္ရွ္ျပည္နယ္ရွိ စိုက္ခင္းမ်ား၊ စိန္တူးေဖာ္ေရးသတၱဳတြင္းမ်ားတြင္ လည္းေကာင္း၊ ခ်မ္းသာၾကြယ္ဝေသာ လယ္သမားတစ္ဦးဦးထံတြင္ ထရပ္ကားေမာင္းျခင္း ေသာ္လည္းေကာင္း အလုပ္မ်ဳိးစံု လုပ္ကိုင္သည္။

အသက္ ၄၀ အရြယ္ရွိ ရာဂ်ဴးႏွင့္ ညီျဖစ္သူ ရာကက္ရွ္တို႔သည္ စတုရန္းေပ ၆၉၀ က်ယ္ဝန္းေသာ အစိုးရေျမ ေနရာတစ္ခုတြင္ တစ္ရက္လွ်င္ ၉ ဒသမ ၅ ေဒၚလာဝန္းက်င္ေပးသြင္းကာ ေရႊတူးသည့္ အလုပ္လည္း လုပ္ကိုင္ သည္။

ထိုေျမေနရာတြင္ ရာဂ်ဴးက စိန္ၾကီးတစ္လံုး ရွာေဖြေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။ ထိုေက်ာက္ကို ေကာက္ကိုင္လိုက္ျပီး ဖုန္မ်ား သုတ္ေနခ်ိန္တြင္ ရင္တဒိန္းဒိန္း ခုန္ေနခဲ့ေၾကာင္း ရာဂ်ဴးက ေျပာျပသည္။

ဖုန္တခ်က္သုတ္လုိက္တိုင္း ေက်ာက္မွာ ေတာက္သည္ထက္ ေတာက္ပလာသည္။

“ေက်ာက္က အံ့မခန္းကို ေတာက္ေနတာ။ အဲဒါ စိန္ပဲဆိုတာ ကၽြန္ေတာ္သိလိုက္တယ္” ဟု ရာဂ်ဴးက ဝမ္းသာအားရျဖစ္ေနေသာ ေလသံျဖင့္ ပဏၰခရိုင္ရွိ သူ၏ေနအိမ္မွတဆင့္ CNN သတင္းဌာနသို႔ ေျပာခဲ့သည္။

သူႏွင့္ ရာကက္ရွ္တို႔ တစ္ဦးႏွင့္တစ္ဦး ေပြ႔ဖက္လိုက္ၾကျပီးေနာက္ ဝမ္းသာအားရျဖင့္ ထခုန္ခဲ့ၾကသည္။

ယင္းေနာက္ ႏွစ္ဦးသား စက္ဘီးေပၚတက္ၾကကာ ၇ မိုင္ေဝးေသာ ေနအိမ္ရွိရာသို႔ အေသာ့ျပန္ခဲ့ၾကျပီး မိသားစုကို ဝမ္းေျမာက္ဖြယ္သတင္း ေျပာျပခဲ့ၾကသည္။

ထိုေနာက္ပိုင္း မိခင္ၾကီးကို ေခၚကာ ပဏၰစိန္ရံုးသို႔ သြားၾကျပီး စိန္၏ တန္ဖုိးကို တြက္ခ်က္ၾကည့္ေစခဲ့သည္။

(ရာဂ်ဴး ေတြ႔ရွိခဲ့ေသာ ေဒၚလာ ၁၀၀,၀၀၀ ခန္႔ တန္ေၾကးရွိ ၁၉ ဒသမ ၇၂ ကာရက္ စိန္ၾကီး။ ဓာတ္ပံု- Anupam Singh)

စိန္ရာျဖတ္အရာရွိ Anupam Singh က စိန္ကို ယူကာ အေလးခ်ိန္ ခ်ိန္တြယ္ၾကည့္ခဲ့သည္။

“ဒါဟာ ၁၉ ဒသမ ၂၂ ကာရက္ရွိတဲ့ စိန္ျဖဴပဲ” ဟု ၎က CNN သတင္းဌာနသို႔ ေျပာသည္။

စိန္၏ တန္ေၾကးမွာ ကန္ေဒၚလာ ၉၅၅၀၀ ရွိသည္ဟု ဆိုသည္။

ပဏၰသည္ စိန္အမ်ားအျပားထြက္သည့္ေနရာျဖစ္ေၾကာင္းလည္း ရာဂ်ဴးက ေျပာသည္။

“၁၉၆၁ ခုႏွစ္တုန္းက လူတစ္ေယာက္ ၅၄ ဒသမ ၅၅ ကာရက္ရွိတဲ့ စိန္တစ္လံုး ေတြ႔ခဲ့ဖူးတယ္။ ျပီးေတာ့ ၂၀၁၈ ခုႏွစ္မွာ ၄၂ ကာရက္ရွိတဲ့ စိန္တစ္လံုး ေတြ႔ခဲ့ဖူးတယ္။ အခုေတာ့ ဒီစိန္ၾကီးေပါ့” ဟု ၎က ေျပာသည္။

ယခုႏွစ္အေစာပိုင္းက စိန္ပြင့္ငယ္မ်ားလည္း ေတြ႔ခဲ့ဖူးေၾကာင္း ရာဂ်ဴးက ျဖည့္စြက္ေျပာၾကားသည္။

ယခုစိန္ၾကီး ေတြ႔ရွိမႈအတြက္ ရာဂ်ဴးမွာ ရာသီဥတုကို ေက်းဇူးတင္ေနဖြယ္ရွိသည္။

ျပီးခဲ့ေသာ ၂ လခန႔္က အဆိုပါေဒသတြင္ မုတ္သုန္မိုးမ်ား အလြန္အားေကာင္းခဲ့သည္။

ထိုသို႔ မိုးအလြန္ေကာင္းေသာေၾကာင့္ ရာဂ်ဴး၏ အလုပ္အကိုင္မ်ား ရပ္ဆိုင္းထားခဲ့ရသည္။

အိမ္တြင္ ထိုင္ေနမည့္အစား စိန္ရွာေဖြရန္ ၎တို႔မိသားစု ၾကိဳးစားခဲ့ၾကသည္။

“ကၽြန္ေတာ္တို႔ လုပ္ရတာက ေလွ်ာက္လႊာပံုစံတစ္ခုျဖည့္၊ မွတ္ပံုတင္အေထာက္အထားေတြေပး၊ ဓာတ္ပံုေပး၊ အစိုးရကို ရူပီး ၈၀၀ (ကန္ေဒၚလာ ၉ ဒသမ ၅၀) ေပးရတာပါပဲ” ဟု ရာဂ်ဴးက ေျပာျပသည္။

“ဒီေနရာမွာ ကၽြန္ေတာ္တို႔ စိန္ရွာျပီးရင္ တျခားေျမကြက္မွာ ရွာဖို႔ ေလွ်ာက္ထားလို႔ ရပါတယ္”

(ရာဂ်ဴး၏ ညီငယ္ ရာကက္ရွ္ကို ေတြ႔ရပံု။ ဓာတ္ပံု-Raju Gond)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indebted Indian laborer finds life-changing $100,000 diamond (CNN)

Photo Credit- Anupam Singh, Raju Gond

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service