ပဲရစ် ဟေးလ်တန်က သူ၏ ခွေးများအတွက် ဝယ်ယူပေးထားသော စပိန် ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ဒေါ်လာ ၃၂၅,၀၀၀ တန် ခွေးစံအိမ်

ပဲရစ် ဟေးလ်တန်က သူ၏ ခွေးများအတွက် ဝယ်ယူပေးထားသော စပိန် ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ဒေါ်လာ ၃၂၅,၀၀၀ တန် ခွေးစံအိမ် - Property News in Myanmar from iMyanmarHouse.com
2 Aug 2024 12:31 pm တွင် တင်ခဲ့သည်
621 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ပဲရစ် ဟေးလ်တန် (Paris Hilton) (မွေး ၁၉၈၁) သည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး၊ မော်ဒယ်၊ အဆိုတော်၊ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ကာ နယူးယောက်မြို့တွင် မွေးဖွားကြီးပြင်းသည်။

ကမ္ဘာကျော် Hilton Hotels အုပ်စုကြီး၏ အမွေဆက်ခံသူတစ်ဦးဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ချစ်သူ (ဟောင်း) Rick Salomon နှင့် လိင်ဆက်ဆံခဲ့သည့် ဗွီဒီယိုဖိုင် ပေါက်ကြားခဲ့ရာ ပဲရစ် ဟေးလ်တန်မှာ တစ်ကမ္ဘာလုံးတွင် ကျော်ကြားသွားခဲ့သည်။

အဆိုပါဗွီဒီယိုကို ဖြန့်ချိမှုအတွက် Rick Salomon အား ပဲရစ်ဟေးလ်တန်က တရားစွဲခဲ့သည်။ နောက်ပိုင်းတွင်မူ တရားရုံးပြင်ပ၌ ဖြေရှင်းခဲ့ကြပြီး Rick က လျော်ကြေး ကန်ဒေါ်လာ ၄၀၀,၀၀၀ ပေးခဲ့သည်ဟု ဆိုသည်။

ပဲရစ် ဟေးလ်တန်သည် ၂၀၀၀ ပြည့်လွန်ကာလများကတည်းက သူ၏ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင် တတ်မှုများကြောင့် နယူးယောက်၏ စွဲဆောင်မှုအရှိဆုံး ထိပ်တန်းမိန်းကလေးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရ သူဖြစ်သည်။

အလွန်ချမ်းသာကြွယ်ဝသူ ပဲရစ် ဟေးလ်တန်၏ ခွေးကလေးများ နေထိုင်သောအိမ်မှာ လူသားအများစု နေထိုင်သော အိမ်များထက်ပင် ပိုမိုခမ်းနားမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

ဟေးလ်တန်က သူ၏ ခွေးလေးများ နေထိုင်သော ခွေးစံအိမ်ကို ဗွီဒီယိုရိုက်ကူးကာ အင်စတာဂရမ် လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသည်။

(ပဲရစ် ဟေးလ်တန်၏ ခွေးများနေထိုင်သော အံ့ဖွယ်ခမ်းနားသောအိမ်)

ဟေးလ်တန်သည် ခွေးများနေထိုင်ရန်အိမ်ကို ၂၀၀၉ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၃၂၅,၀၀၀ ပေးခဲ့ရသည်။

စပိန် ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နှစ်ထပ်အိမ်တစ်လုံးဖြစ်ပြီး ဒုတိယထပ်တွင် လသာဆောင်တစ်ခု ပါဝင်ကာ လော့စ်အိန်ဂျလိမြို့ကြီး၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

အိမ်အတွင်းပိုင်းတွင် ပန်းရောင်နံရံများ၊ အနက်ရောင် သံလှေကား၊ အနက်ရောင် မီးဆိုင်းကြီးတစ်ခုတို့လည်း ပါဝင်သည်။

နွေရာသီ၏ အပူဒဏ်ကို ခွေးလေးများ မခံရစေရန် လေအေးပေးစက်စနစ်တစ်ခုလည်း တပ်ဆင်ထားသည်။

 

(ဟေးလ်တန်က သူ၏ခွေးကလေးများအတွက် ဝယ်ပေးထားသော ဒေါ်လာ ၃၂၅၀၀၀ တန် နေအိမ်)

 

(စပိန် ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော နှစ်ထပ်အိမ်တစ်လုံးဖြစ်ပြီး ဒုတိယထပ်တွင် လသာဆောင်တစ်ခု ပါဝင်ကာ လော့စ်အိန်ဂျလိမြို့ကြီး၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။)

 

(အိမ်အတွင်းပိုင်းတွင် ပန်းရောင်နံရံများ၊ အနက်ရောင် သံလှေကား၊ အနက်ရောင် မီးဆိုင်းကြီးတစ်ခုတို့လည်း ပါဝင်သည်။)

 

(ဟေးလ်တန်က သူ၏ ခွေးလေး ၅ ကောင်ကို နေအိမ်သစ်တွင် ထားရှိသည့် ဗွီဒီယိုဖိုင်တစ်ခုလည်း အင်စတာဂရမ်တွင် လွှင့်တင်ခဲ့ဖူးသည်)

 

ပဲရစ် ဟေးလ်တန်သည် နောက်ပိုင်းတွင်လည်း ကြီးမားလှသော ခွေးစံအိမ်၏ အတွင်းအပြင် မြင်ကွင်းများကို ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်ခဲ့ပြီး ခွေးလေးများက နောက်မှ တကောက်ကောက် လိုက်နေပုံ တွေ့ရသည်။

 

(ပဲရစ် ဟေးလ်တန်နှင့် ဟာသသရုပ်ဆောင် Chris Lilley တို့ကို ခွေးစံအိမ်ရှေ့တွင် တွေ့ရပုံ)

 

(ပဲရစ် ဟေးလ်တန်နှင့် Lilley)

 

(ပဲရစ် ဟေးလ်တန်ကို ဘယ်လ်ဂျီယံတွင် ကျင်းပခဲ့သော EM ပွဲတစ်ခုတွင် တွေ့ရပုံ)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Paris Hilton shows off her dogs' luxurious $325k two-story 'doggy mansion' that comes with a balcony and a killer view (dailymail)

Photo Credit-Dailymail

 

 

[Zawgyi]

ပဲရစ္ ေဟးလ္တန္က သူ၏ ေခြးမ်ားအတြက္ ဝယ္ယူေပးထားေသာ စပိန္ ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည့္ ေဒၚလာ ၃၂၅,၀၀၀ တန္ ေခြးစံအိမ္

 

ပဲရစ္ ေဟးလ္တန္ (Paris Hilton) (ေမြး ၁၉၈၁) သည္ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္အမ်ဳိးသမီး၊ ေမာ္ဒယ္၊ အဆိုေတာ္၊ ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ကာ နယူးေယာက္ျမိဳ႕တြင္ ေမြးဖြားၾကီးျပင္းသည္။

ကမၻာေက်ာ္ Hilton Hotels အုပ္စုၾကီး၏ အေမြဆက္ခံသူတစ္ဦးျဖစ္သည္။ ၂၀၀၃ ခုႏွစ္တြင္ ခ်စ္သူ (ေဟာင္း) Rick Salomon ႏွင့္ လိင္ဆက္ဆံခဲ့သည့္ ဗြီဒီယိုဖိုင္ ေပါက္ၾကားခဲ့ရာ ပဲရစ္ ေဟးလ္တန္မွာ တစ္ကမၻာလံုးတြင္ ေက်ာ္ၾကားသြားခဲ့သည္။

အဆိုပါဗြီဒီယိုကို ျဖန္႔ခ်ိမႈအတြက္ Rick Salomon အား ပဲရစ္ေဟးလ္တန္က တရားစြဲခဲ့သည္။ ေနာက္ပိုင္းတြင္မူ တရားရံုးျပင္ပ၌ ေျဖရွင္းခဲ့ၾကျပီး Rick က ေလ်ာ္ေၾကး ကန္ေဒၚလာ ၄၀၀,၀၀၀ ေပးခဲ့သည္ဟု ဆိုသည္။

ပဲရစ္ ေဟးလ္တန္သည္ ၂၀၀၀ ျပည့္လြန္ကာလမ်ားကတည္းက သူ၏ ဖက္ရွင္က်က် ဝတ္စားဆင္ယင္ တတ္မႈမ်ားေၾကာင့္ နယူးေယာက္၏ စြဲေဆာင္မႈအရွိဆံုး ထိပ္တန္းမိန္းကေလးတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရ သူျဖစ္သည္။

အလြန္ခ်မ္းသာၾကြယ္ဝသူ ပဲရစ္ ေဟးလ္တန္၏ ေခြးကေလးမ်ား ေနထုိင္ေသာအိမ္မွာ လူသားအမ်ားစု ေနထိုင္ေသာ အိမ္မ်ားထက္ပင္ ပိုမိုခမ္းနားမည္မွာ သံသယျဖစ္ဖြယ္ မရွိေခ်။

ေဟးလ္တန္က သူ၏ ေခြးေလးမ်ား ေနထိုင္ေသာ ေခြးစံအိမ္ကို ဗြီဒီယိုရိုက္ကူးကာ အင္စတာဂရမ္ လူမႈကြန္ရက္တြင္ တင္ခဲ့ဖူးသည္။

(ပဲရစ္ ေဟးလ္တန္၏ ေခြးမ်ားေနထုိင္ေသာ အံ့ဖြယ္ခမ္းနားေသာအိမ္)

ေဟးလ္တန္သည္ ေခြးမ်ားေနထုိင္ရန္အိမ္ကို ၂၀၀၉ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၃၂၅,၀၀၀ ေပးခဲ့ရသည္။

စပိန္ ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ႏွစ္ထပ္အိမ္တစ္လံုးျဖစ္ျပီး ဒုတိယထပ္တြင္ လသာေဆာင္တစ္ခု ပါဝင္ကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီး၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

အိမ္အတြင္းပိုင္းတြင္ ပန္းေရာင္နံရံမ်ား၊ အနက္ေရာင္ သံေလွကား၊ အနက္ေရာင္ မီးဆိုင္းၾကီးတစ္ခုတို႔လည္း ပါဝင္သည္။

ေႏြရာသီ၏ အပူဒဏ္ကို ေခြးေလးမ်ား မခံရေစရန္ ေလေအးေပးစက္စနစ္တစ္ခုလည္း တပ္ဆင္ထားသည္။

 

(ေဟးလ္တန္က သူ၏ေခြးကေလးမ်ားအတြက္ ဝယ္ေပးထားေသာ ေဒၚလာ ၃၂၅၀၀၀ တန္ ေနအိမ္)

(စပိန္ ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ႏွစ္ထပ္အိမ္တစ္လံုးျဖစ္ျပီး ဒုတိယထပ္တြင္ လသာေဆာင္တစ္ခု ပါဝင္ကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီး၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။)

(အိမ္အတြင္းပိုင္းတြင္ ပန္းေရာင္နံရံမ်ား၊ အနက္ေရာင္ သံေလွကား၊ အနက္ေရာင္ မီးဆိုင္းၾကီးတစ္ခုတို႔လည္း ပါဝင္သည္။)

(ေဟးလ္တန္က သူ၏ ေခြးေလး ၅ ေကာင္ကို ေနအိမ္သစ္တြင္ ထားရွိသည့္ ဗြီဒီယိုဖိုင္တစ္ခုလည္း အင္စတာဂရမ္တြင္ လႊင့္တင္ခဲ့ဖူးသည္)

ပဲရစ္ ေဟးလ္တန္သည္ ေနာက္ပိုင္းတြင္လည္း ၾကီးမားလွေသာ ေခြးစံအိမ္၏ အတြင္းအျပင္ ျမင္ကြင္းမ်ားကို ဗြီဒီယိုရိုက္ကူးကာ လူမႈကြန္ရက္တြင္ တင္ခဲ့ျပီး ေခြးေလးမ်ားက ေနာက္မွ တေကာက္ေကာက္ လိုက္ေနပံု ေတြ႔ရသည္။

(ပဲရစ္ ေဟးလ္တန္ႏွင့္ ဟာသသရုပ္ေဆာင္ Chris Lilley တို႔ကို ေခြးစံအိမ္ေရွ႕တြင္ ေတြ႔ရပံု)

(ပဲရစ္ ေဟးလ္တန္ႏွင့္ Lilley)

(ပဲရစ္ ေဟးလ္တန္ကို ဘယ္လ္ဂ်ီယံတြင္ က်င္းပခဲ့ေသာ EM ပြဲတစ္ခုတြင္ ေတြ႔ရပံု)

 

Ref: Paris Hilton shows off her dogs' luxurious $325k two-story 'doggy mansion' that comes with a balcony and a killer view (dailymail)

Photo Credit-Dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service