ဖင်လန်နိုင်ငံမှ တက္ကသိုလ်ကျောင်းသားတစ်ဦး ကျွန်းတစ်ကျွန်းကို ကားတစ်စီး ဈေးနှုန်းမျှဖြင့် ဝယ်ယူခဲ့ပုံ

ဖင်လန်နိုင်ငံမှ တက္ကသိုလ်ကျောင်းသားတစ်ဦး ကျွန်းတစ်ကျွန်းကို ကားတစ်စီး ဈေးနှုန်းမျှဖြင့် ဝယ်ယူခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
31 Jul 2024 1:05 pm တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုလီဗာ ရပ်ဆဲလ်က ယခုကျွန်းကို ပထမဆုံး စတင်တွေ့ခဲ့ချိန်က ကျွန်းမှာ နှင်းများဖြင့် ဖုံးလွှမ်းနေသည်။

အိုလီဗာနှင့် သူ၏ ချစ်သူမိန်းကလေးတို့သည် ရေခဲနေသော ရေကန်တစ်ခု၏ နှင်းထုပေါ်မှ ပေ ၁၅၀ ခန့် ဖြတ်သန်းကာ လူသူမရှိသော ဤကျွန်းသို့ လာရောက်ခဲ့ကြသည်။

ဖင်လန်နိုင်ငံတွင် ကျွန်းပေါင်း ၁၇၈,၀၀၀ ကျော်ရှိသည့်အနက် ယခုကျွန်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။

အိုလီဗာသည် ဖင်လန်နှင့် အမေရိကန်သွေး တစ်ဝက်စီ ရောနှောထားသူဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိကာ ကောလိပ်တက်နေသူ တစ်ဦးဖြစ်သည်။

အိုလီဗာ၏ ချစ်သူမိန်းကလေးမှာ ဟယ်လင်နာ တိုမက်ရှက်စ်ကာဟု အမည်ရပြီး အသက် ၂၀ အရွယ် ဖြစ်သည်။

အိုလီဗာတို့ စုံတွဲသည် ကျွန်းပေါ်တွင် ၂ ဒသမ ၅ ဧကရှိ တောင်ကုန်းများ၊ သစ်ပင်များ၏ အလယ်တွင် ပြန့်ပြူးသော မြေကွက်လပ်တစ်ခုကို တွေ့ရှိခဲ့ကြသည်။

ထိုနေရာတွင် မီးပုံဖိုကာ သယ်ဆောင်လာသော စားသောက်ဖွယ်ရာတို့ကို ချက်ပြုတ် စားသောက်ခဲ့ကြသည်။

အဆိုပါကျွန်းနှင့် ဟယ်လ်ဆင်းကီးမြို့မှာ ကားဖြင့် ၃ နာရီခရီး ဝေးကွာသည်။

မီးပုံမှ ထင်းတို့၏ တဖျစ်ဖျစ်မြည်သံ၊ ဘွတ်ဖိနပ်များ နင်းလိုက်လျှင် နှင်းတို့၏ တကျွိကျွိမြည်သံ၊ ရိုးတံငေါငေါ သစ်ပင်များအကြား ကူးလူးပျံသန်းနေသော ငှက်ကလေးများ၏ စိုးစီသံတို့မှလွဲပြီး အခြားအသံဗလံများ မရှိ။

“ငြိမ်းချမ်းပြီး တိတ်ဆိတ်လှပါတယ်” ဟု အိုလီဗာက Business Insider သတင်းဌာနသို့ ပြောသည်။

အဆိုပါကျွန်းကို ယူရို ၃၃,၀၀၀ (ကန်ဒေါ်လာ ၃၆,၀၀၀) ခန့်ဖြင့် အရောင်းဈေးကွက်တင်ထားကြောင်း အိုလီဗာတို့ သိရှိထားကြသည်။

အိုလီဗာသည် ဖင်လန်တွင် နွေရာသီ အပန်းဖြေရန် နေရာတစ်ခု ပိုင်ဆိုင်လိုသောအိပ်မက် ကလေးဘဝ ကတည်းက ရှိခဲ့ရာ ဤကျွန်းမှာ သူ၏ ကလေးဘဝအိပ်မက်ကို အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်း တစ်ခု ဖြစ်လာသည်။

 

(အဆိုပါကျွန်း၏ နာမည်ကိုမူ အိုလီဗာက ထုတ်ဖော်ပြောဆိုရန် ငြင်းပယ်ထားသည်။ Privacy ပျောက်ဆုံးမည် စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်)

 

ရောင်းချသူဘက်မှ အကျိုးဆောင်တို့က ဤကျွန်းတွင် လူသူအခြေမချသည်မှာ ဆယ်စုနှစ်တစ်ခု ရှိခဲ့ပြီ ဖြစ်ကြောင်း မိမိအားပြောသည်ဟု အိုလီဗာက ပြောပြသည်။

ယခုနှစ် မတ်လတွင် အိုလီဗာက ထိုကျွန်းကို ယူရို ၂၈,၀၀၀ (ကန်ဒေါ်လာ ၃၀,၅၀၀) ဖြင့် ကမ်းလှမ်းခဲ့ရာ ပိုင်ရှင်ဘက်က လက်ခံခဲ့သည်။

 

(အိုလီဗာနှင့် ချစ်သူမိန်းကလေးတို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ယခုကျွန်းသို့ ပထမဆုံးစတင် လည်ပတ် ခဲ့ကြသည်။ ဓာတ်ပုံ-Oliver Russell)

 

အိုလီဗာက ကျွန်းပေါ်တွင် သစ်လုံးအိမ်တစ်လုံးနှင့် Sauna တို့ ဆောက်လုပ်ရန် ရည်ရွယ်ကာ ဝယ်ယူခဲ့သည်။

ဖင်လန်နိုင်ငံတွင် လူ ၂ ဦးလျှင် sauna တစ်ခုနှုန်း ပိုင်ဆိုင်ထားကြသည်။

 

(အိုလီဗာ ကလေးဘဝက လှေလှော်ခဲ့ပုံ။ အိုလီဗာသည် နွေရာသီ၌ ဖင်လန်နိုင်ငံတွင် သစ်လုံးအိမ်ငယ်များဖြင့် နေထိုင်ကြသည့် ယဉ်ကျေးမှုကို အလွန်သဘောကျသူ ဖြစ်သည်။ ဓာတ်ပုံ-Oliver Russell)

အိုလီဗာသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Laguna Beach တွင် ကြီးပြင်းသော်လည်း နွေရာသီအများစုကို မိခင်ဘက်မှ ဆွေမျိုးများဖြင့် ဖင်လန်နိုင်ငံတွင် ကုန်လွန်ဖြတ်သန်းသ့ည်။

 

(အိုလီဗာနှင့် ဟယ်လင်နာတို့ တွဲခဲ့ကြသည်မှာ ၂ နှစ်နီးပါးရှိပြီ ဖြစ်သည်။ ဓာတ်ပုံ-Oliver Russell)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: A 24-year-old bought a private island in Finland for less than the price of a new car (businessinsider)

Photo Credit- Oliver Russell

 

 

[Zawgyi]

 

ဖင္လန္ႏိုင္ငံမွ တကၠသိုလ္ေက်ာင္းသားတစ္ဦး ကၽြန္းတစ္ကၽြန္းကို ကားတစ္စီး ေစ်းႏႈန္းမွ်ျဖင့္ ဝယ္ယူခဲ့ပံု

 

အိုလီဗာ ရပ္ဆဲလ္က ယခုကၽြန္းကို ပထမဆံုး စတင္ေတြ႔ခဲ့ခ်ိန္က ကၽြန္းမွာ ႏွင္းမ်ားျဖင့္ ဖံုးလႊမ္းေနသည္။

အိုလီဗာႏွင့္ သူ၏ ခ်စ္သူမိန္းကေလးတို႔သည္ ေရခဲေနေသာ ေရကန္တစ္ခု၏ ႏွင္းထုေပၚမွ ေပ ၁၅၀ ခန႔္ ျဖတ္သန္းကာ လူသူမရွိေသာ ဤကၽြန္းသို႔ လာေရာက္ခဲ့ၾကသည္။

ဖင္လန္ႏိုင္ငံတြင္ ကၽြန္းေပါင္း ၁၇၈,၀၀၀ ေက်ာ္ရွိသည့္အနက္ ယခုကၽြန္းလည္း တစ္ခုအပါအဝင္ ျဖစ္သည္။

အိုလီဗာသည္ ဖင္လန္ႏွင့္ အေမရိကန္ေသြး တစ္ဝက္စီ ေရာေႏွာထားသူျဖစ္ျပီး အသက္ ၂၄ ႏွစ္အရြယ္ရွိကာ ေကာလိပ္တက္ေနသူ တစ္ဦးျဖစ္သည္။

အိုလီဗာ၏ ခ်စ္သူမိန္းကေလးမွာ ဟယ္လင္နာ တိုမက္ရွက္စ္ကာဟု အမည္ရျပီး အသက္ ၂၀ အရြယ္ ျဖစ္သည္။

အိုလီဗာတို႔ စံုတြဲသည္ ကၽြန္းေပၚတြင္ ၂ ဒသမ ၅ ဧကရွိ ေတာင္ကုန္းမ်ား၊ သစ္ပင္မ်ား၏ အလယ္တြင္ ျပန္႔ျပဴးေသာ ေျမကြက္လပ္တစ္ခုကို ေတြ႔ရွိခဲ့ၾကသည္။

ထိုေနရာတြင္ မီးပံုဖိုကာ သယ္ေဆာင္လာေသာ စားေသာက္ဖြယ္ရာတို႔ကို ခ်က္ျပဳတ္ စားေသာက္ခဲ့ၾကသည္။

အဆိုပါကၽြန္းႏွင့္ ဟယ္လ္ဆင္းကီးျမိဳ႕မွာ ကားျဖင့္ ၃ နာရီခရီး ေဝးကြာသည္။

မီးပံုမွ ထင္းတို႔၏ တဖ်စ္ဖ်စ္ျမည္သံ၊ ဘြတ္ဖိနပ္မ်ား နင္းလိုက္လွ်င္ ႏွင္းတို႔၏ တကၽြိကၽြိျမည္သံ၊ ရိုးတံေငါေငါ သစ္ပင္မ်ားအၾကား ကူးလူးပ်ံသန္းေနေသာ ငွက္ကေလးမ်ား၏ စိုးစီသံတို႔မွလြဲျပီး အျခားအသံဗလံမ်ား မရွိ။ “ျငိမ္းခ်မ္းျပီး တိတ္ဆိတ္လွပါတယ္” ဟု အိုလီဗာက Business Insider သတင္းဌာနသို႔ ေျပာသည္။

အဆိုပါကၽြန္းကို ယူရို ၃၃,၀၀၀ (ကန္ေဒၚလာ ၃၆,၀၀၀) ခန္႔ျဖင့္ အေရာင္းေစ်းကြက္တင္ထားေၾကာင္း အိုလီဗာတို႔ သိရွိထားၾကသည္။

အိုလီဗာသည္ ဖင္လန္တြင္ ေႏြရာသီ အပန္းေျဖရန္ ေနရာတစ္ခု ပိုင္ဆိုင္လိုေသာအိပ္မက္ ကေလးဘဝ ကတည္းက ရွိခဲ့ရာ ဤကၽြန္းမွာ သူ၏ ကေလးဘဝအိပ္မက္ကို အေကာင္အထည္ ေဖာ္ႏိုင္မည့္ အခြင့္အလမ္း တစ္ခု ျဖစ္လာသည္။

(အဆိုပါကၽြန္း၏ နာမည္ကိုမူ အိုလီဗာက ထုတ္ေဖာ္ေျပာဆိုရန္ ျငင္းပယ္ထားသည္။ Privacy ေပ်ာက္ဆံုးမည္ စိုးရိမ္ေသာေၾကာင့္ျဖစ္သည္ဟု ဆိုသည္)

ေရာင္းခ်သူဘက္မွ အက်ဳိးေဆာင္တို႔က ဤကၽြန္းတြင္ လူသူအေျခမခ်သည္မွာ ဆယ္စုႏွစ္တစ္ခု ရွိခဲ့ျပီ ျဖစ္ေၾကာင္း မိမိအားေျပာသည္ဟု အိုလီဗာက ေျပာျပသည္။

ယခုႏွစ္ မတ္လတြင္ အိုလီဗာက ထိုကၽြန္းကို ယူရို ၂၈,၀၀၀ (ကန္ေဒၚလာ ၃၀,၅၀၀) ျဖင့္ ကမ္းလွမ္းခဲ့ရာ ပိုင္ရွင္ဘက္က လက္ခံခဲ့သည္။

(အိုလီဗာႏွင့္ ခ်စ္သူမိန္းကေလးတို႔ ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ယခုကၽြန္းသို႔ ပထမဆံုးစတင္ လည္ပတ္ ခဲ့ၾကသည္။ ဓာတ္ပံု-Oliver Russell)

အိုလီဗာက ကၽြန္းေပၚတြင္ သစ္လံုးအိမ္တစ္လံုးႏွင့္ Sauna တို႔ ေဆာက္လုပ္ရန္ ရည္ရြယ္ကာ ဝယ္ယူခဲ့သည္။

ဖင္လန္ႏိုင္ငံတြင္ လူ ၂ ဦးလွ်င္ sauna တစ္ခုႏႈန္း ပိုင္ဆိုင္ထားၾကသည္။

(အိုလီဗာ ကေလးဘဝက ေလွေလွာ္ခဲ့ပံု။ အိုလီဗာသည္ ေႏြရာသီ၌ ဖင္လန္ႏိုင္ငံတြင္ သစ္လံုးအိမ္ငယ္မ်ားျဖင့္ ေနထုိင္ၾကသည့္ ယဥ္ေက်းမႈကို အလြန္သေဘာက်သူ ျဖစ္သည္။ ဓာတ္ပံု-Oliver Russell)

အိုလီဗာသည္ ကယ္လီဖုိးနီးယားျပည္နယ္၊ Laguna Beach တြင္ ၾကီးျပင္းေသာ္လည္း ေႏြရာသီအမ်ားစုကို မိခင္ဘက္မွ ေဆြမ်ဳိးမ်ားျဖင့္ ဖင္လန္ႏိုင္ငံတြင္ ကုန္လြန္ျဖတ္သန္းသ့ည္။

(အိုလီဗာႏွင့္ ဟယ္လင္နာတို႔ တြဲခဲ့ၾကသည္မွာ ၂ ႏွစ္နီးပါးရွိျပီ ျဖစ္သည္။ ဓာတ္ပံု-Oliver Russell)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: A 24-year-old bought a private island in Finland for less than the price of a new car (businessinsider)

Photo Credit- Oliver Russell

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service