Fentanyl overdose ဖြစ်ကာ သေဆုံးသွားခဲ့သော ကမ္ဘာကျော်အဆိုတော် Prince က မိခင်ကြီးအတွက် စိတ်ကြိုက်ဆောက်လုပ်ပေးခဲ့သော စံအိမ် အရောင်းဈေးကွက်ဝင်နေ၊ ကန်ဒေါ်လာ ၇ သိန်းမျှဖြင့် ပိုင်ဆိုင်နိုင်မည်

Fentanyl overdose ဖြစ်ကာ သေဆုံးသွားခဲ့သော ကမ္ဘာကျော်အဆိုတော် Prince က မိခင်ကြီးအတွက် စိတ်ကြိုက်ဆောက်လုပ်ပေးခဲ့သော စံအိမ် အရောင်းဈေးကွက်ဝင်နေ၊ ကန်ဒေါ်လာ ၇ သိန်းမျှဖြင့် ပိုင်ဆိုင်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
30 Jul 2024 11:30 am တွင် တင်ခဲ့သည်
379 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Prince ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အလွန်နည်းပါးသည်။ Prince ၏ Darling Nikki ကို ပလေးဘွိုင်းသန်းနိုင်က ပြည်တော်ပြန် ပလေးဘွိုင်း စီးရီးတွင် လွမ်းသူ့သီချင်းခွေဟု သီဆိုထားခြင်းမျှသာ ရှိသည်။

ပရင့်စ် ရောဂျားစ် နယ်လ်ဆင် (မွေး ၁၉၅၈-ကွယ်လွန် ၂၀၁၆) သည် အမေရိကန် အဆိုတော်၊ တေးရေး၊ တေးထုတ်လုပ်သူတစ်ဦးဖြစ်သည်။

သူ၏ ဂီတသက်တမ်းတလျှောက် ဆုပေါင်းများစွာ ရရှိခဲ့ပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဂီတသမားများ တွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလစ်မြို့၏ ဆင်ခြေဖုံးဒေသတွင် ရှိသော စံအိမ် တစ်လုံးမှာ ပေါ့ပ်ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီး ယခုအခါ ပိုင်ရှင်သစ်ကို စောင့်မျှော်နေသည်။

အိပ်ခန်း ၄ ခန်းပါ အဆိုပါစံအိမ်ကြီးကို လွန်ခဲ့သော ၃၉ နှစ်က ဆောက်လုပ်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ပိုင်ရှင် ၂ ဦးတည်းသာ အပြောင်းအလဲရှိသေးရာ ကွယ်လွန်သွားပြီဖြစ်သော ရော့ခ်ကြယ်ပွင့်ကြီး Prince နှင့် လက်ရှိပိုင်ရှင်တို့ ဖြစ်သည်။

ဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၆၉၉,၉၀၀ ဖြစ်သည်။

မင်နီဆိုတာ ဇာတိသား Prince က ယခုအိမ်နေရာကို ၁၉၈၅ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက်ပိုင်း မိခင်ဖြစ်သူ Mattie Della Shaw Baker အတွက် စိတ်ကြိုက်ဆောက်လုပ်ခဲ့သည်။

Prince ၏ မိခင်ကြီးသည် ဤစံအိမ်တွင် ကွယ်လွန်ချိန် ၂၀၀၂ ခုနှစ်အထိ နေထိုင်သွားခဲ့ပြီး အသက် ၆၈ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

 

(မီးလင်းဖို ၂ ခု ပါဝင်သည့်အနက် တစ်ခုကို တွေ့ရပုံ။ ဓာတ်ပုံ-Matt Sari, Square Feet Floor Plans)

 

(နေအလင်းရောင် ကောင်းစွာရသော ဧည့်ခန်း။ ဓာတ်ပုံ- Matt Sari, Square Feet Floor Plans)

 

(ဖန်မီးဆိုင်းကြီးမှာ Prince လက်ထက်ကတည်းက မီးဆိုင်းဖြစ်သည်။ ဓာတ်ပုံ- Matt Sari, Square Feet Floor Plans)

 

(လသာဆောင်။ ဓာတ်ပုံ- Matt Sari, Square Feet Floor Plans)

 

(Prince ကလေးအရွယ်က မိခင်ကြီးနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Prince/Instagram)

 

Prince သည် ၂၀၁၆ ခုနှစ်တွင် fentanyl overdose မတော်တဆဖြစ်ကာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်သာ ရှိသေးသည်။

လက်ရှိပိုင်ရှင်များဖြစ်သော Alatheia Stenvik နှင့် Zachary Johnson တို့က ၂၀၂၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

လက်ရှိပိုင်ရှင် ဇနီးမောင်နှံသည် အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးချိန်အထိ ဤစံအိမ်ကြီးမှာ အဆိုတော်ကြီး Prince နှင့်ပတ်သက်သော စံအိမ်ဖြစ်သည်ကို မသိခဲ့ကြကြောင်း ၎င်းတို့က မင်နီဆိုတာ အခြေစိုက် The Star Tribune သတင်းစာသို့ ပြောသည်။

ယာတောတစ်ခုတွင် နေအိမ်တစ်လုံး ဆောက်လုပ်နေထိုင်မည်ဖြစ်သောကြောင့် ယခုစံအိမ်ကြီးနှင့် လမ်းခွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

 

(အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Matt Sari-Square Feet Floor Plans)

 

(မိခင်ကြီးအတွက် Prince က ၁၉၈၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Matt Sari-Square Feet Floor Plans)

 

 

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၂၃၁ ရှိသည်။ ဓာတ်ပုံ- Matt Sari-Square Feet Floor Plans)

 

(စားသောက်ရန်နေရာပါသော မီးဖိုဆောင်။ ဓာတ်ပုံ- Matt Sari-Square Feet Floor Plans)

 

(လက်ရှိပိုင်ရှင်တို့က ၂၀၂၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Matt Sari-Square Feet Floor Plans)

 

(Prince ၏ မိခင်သည် Prince Rogers Trio တွင် အဆိုတော်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဓာတ်ပုံ-Prince/X)

 

(Prince ၏မိခင်ဖြစ်သူ Mattie Della Shaw Baker ။ ဓာတ်ပုံ-Daily Mail) 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prince had this Minnesota home custom-built for his mother — and now it can be yours (nypost)

Photo Credit: Matt Sari-Square Feet Floor Plans, Prince/Instagram, Prince/X, Daily Mail

 

 

[Zawgyi]

Fentanyl overdose ျဖစ္ကာ ေသဆံုးသြားခဲ့ေသာ ကမၻာေက်ာ္အဆိုေတာ္ Prince က မိခင္ၾကီးအတြက္ စိတ္ၾကိဳက္ေဆာက္လုပ္ေပးခဲ့ေသာ စံအိမ္ အေရာင္းေစ်းကြက္ဝင္ေန၊ ကန္ေဒၚလာ ၇ သိန္းမွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည္

 

Prince ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အလြန္နည္းပါးသည္။ Prince ၏ Darling Nikki ကို ပေလးဘြိဳင္းသန္းႏိုင္က ျပည္ေတာ္ျပန္ ပေလးဘြိဳင္း စီးရီးတြင္ လြမ္းသူ႔သီခ်င္းေခြဟု သီဆိုထားျခင္းမွ်သာ ရွိသည္။

ပရင့္စ္ ေရာဂ်ားစ္ နယ္လ္ဆင္ (ေမြး ၁၉၅၈-ကြယ္လြန္ ၂၀၁၆) သည္ အေမရိကန္ အဆိုေတာ္၊ ေတးေရး၊ ေတးထုတ္လုပ္သူတစ္ဦးျဖစ္သည္။

သူ၏ ဂီတသက္တမ္းတေလွ်ာက္ ဆုေပါင္းမ်ားစြာ ရရွိခဲ့ျပီး သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဂီတသမားမ်ား တြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

အေမရိကန္ျပည္ေထာင္စု၊ မင္နီဆိုတာျပည္နယ္၊ မင္နီယာပိုလစ္ျမိဳ႕၏ ဆင္ေျခဖံုးေဒသတြင္ ရွိေသာ စံအိမ္ တစ္လံုးမွာ ေပါ့ပ္ယဥ္ေက်းမႈ၏ အစိတ္အပိုင္းတစ္ခု ျဖစ္ေနျပီး ယခုအခါ ပိုင္ရွင္သစ္ကို ေစာင့္ေမွ်ာ္ေနသည္။

အိပ္ခန္း ၄ ခန္းပါ အဆိုပါစံအိမ္ၾကီးကို လြန္ခဲ့ေသာ ၃၉ ႏွစ္က ေဆာက္လုပ္ခဲ့ျပီးေနာက္ပိုင္း လက္ရွိအခ်ိန္အထိ ပိုင္ရွင္ ၂ ဦးတည္းသာ အေျပာင္းအလဲရွိေသးရာ ကြယ္လြန္သြားျပီျဖစ္ေသာ ေရာ့ခ္ၾကယ္ပြင့္ၾကီး Prince ႏွင့္ လက္ရွိပိုင္ရွင္တို႔ ျဖစ္သည္။

ေစ်းေခၚထားသည္မွာ ကန္ေဒၚလာ ၆၉၉,၉၀၀ ျဖစ္သည္။

မင္နီဆိုတာ ဇာတိသား Prince က ယခုအိမ္ေနရာကို ၁၉၈၅ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီးေနာက္ပိုင္း မိခင္ျဖစ္သူ Mattie Della Shaw Baker အတြက္ စိတ္ၾကိဳက္ေဆာက္လုပ္ခဲ့သည္။

Prince ၏ မိခင္ၾကီးသည္ ဤစံအိမ္တြင္ ကြယ္လြန္ခ်ိန္ ၂၀၀၂ ခုႏွစ္အထိ ေနထုိင္သြားခဲ့ျပီး အသက္ ၆၈ ႏွစ္ အရြယ္တြင္ ကြယ္လြန္ခဲ့ျခင္း ျဖစ္သည္။

 

(မီးလင္းဖို ၂ ခု ပါဝင္သည့္အနက္ တစ္ခုကို ေတြ႔ရပံု။ ဓာတ္ပံု-Matt Sari, Square Feet Floor Plans)

(ေနအလင္းေရာင္ ေကာင္းစြာရေသာ ဧည့္ခန္း။ ဓာတ္ပံု- Matt Sari, Square Feet Floor Plans)

(ဖန္မီးဆိုင္းၾကီးမွာ Prince လက္ထက္ကတည္းက မီးဆိုင္းျဖစ္သည္။ ဓာတ္ပံု- Matt Sari, Square Feet Floor Plans)

(လသာေဆာင္။ ဓာတ္ပံု- Matt Sari, Square Feet Floor Plans)

(Prince ကေလးအရြယ္က မိခင္ၾကီးႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု-Prince/Instagram)

Prince သည္ ၂၀၁၆ ခုႏွစ္တြင္ fentanyl overdose မေတာ္တဆျဖစ္ကာ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၇ ႏွစ္သာ ရွိေသးသည္။ လက္ရွိပိုင္ရွင္မ်ားျဖစ္ေသာ Alatheia Stenvik ႏွင့္ Zachary Johnson တို႔က ၂၀၂၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

လက္ရွိပိုင္ရွင္ ဇနီးေမာင္ႏွံသည္ အေရာင္းအဝယ္စာခ်ဳပ္ လက္မွတ္ေရးထိုးခ်ိန္အထိ ဤစံအိမ္ၾကီးမွာ အဆိုေတာ္ၾကီး Prince ႏွင့္ပတ္သက္ေသာ စံအိမ္ျဖစ္သည္ကို မသိခဲ့ၾကေၾကာင္း ၎တို႔က မင္နီဆိုတာ အေျခစိုက္ The Star Tribune သတင္းစာသို႔ ေျပာသည္။

ယာေတာတစ္ခုတြင္ ေနအိမ္တစ္လံုး ေဆာက္လုပ္ေနထုိင္မည္ျဖစ္ေသာေၾကာင့္ ယခုစံအိမ္ၾကီးႏွင့္ လမ္းခြဲျခင္းျဖစ္ေၾကာင္း ၎တို႔က ေျပာသည္။

 

(အိပ္ခန္း ၄ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Matt Sari-Square Feet Floor Plans)

(မိခင္ၾကီးအတြက္ Prince က ၁၉၈၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- Matt Sari-Square Feet Floor Plans)

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၂၃၁ ရွိသည္။ ဓာတ္ပံု- Matt Sari-Square Feet Floor Plans)

(စားေသာက္ရန္ေနရာပါေသာ မီးဖိုေဆာင္။ ဓာတ္ပံု- Matt Sari-Square Feet Floor Plans)

(လက္ရွိပိုင္ရွင္တို႔က ၂၀၂၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- Matt Sari-Square Feet Floor Plans)

(Prince ၏ မိခင္သည္ Prince Rogers Trio တြင္ အဆိုေတာ္တစ္ဦးအျဖစ္ ပါဝင္ခဲ့သည္။ ဓာတ္ပံု-Prince/X)

(Prince ၏မိခင္ျဖစ္သူ Mattie Della Shaw Baker ။ ဓာတ္ပံု-Daily Mail)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Prince had this Minnesota home custom-built for his mother — and now it can be yours (nypost)

Photo Credit: Matt Sari-Square Feet Floor Plans, Prince/Instagram, Prince/X, Daily Mail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service