မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Jul 2024 12:41 am တွင် တင်ခဲ့သည်
1288 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ပန်းချီကျော်ကြီး လီယိုနာဒို ဒါဗင်ချီ၏ မိုနာလီဆာ ပန်းချီကားတွင် ပါဝင်ခဲ့သော တော်ဝင်အမျိုးသမီး တစ်ဦး၏ မိသားစုဆွေမျိုးများ တချိန်က နေထိုင်ခဲ့သည့် သမိုင်းဝင်စံအိမ်ကြီးတစ်လုံး အရောင်းဈေးကွက်ဝင် လာသည်။

မိုနာလီဆာ ပန်းချီကားသည် လူ့သမိုင်းတလျှောက် အကျော်ကြားဆုံး ပန်းချီကားဟု ဆိုနိုင်သည်။

စံအိမ်တည်နေရာမှာ အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့၏ အနောက်ဘက်တွင် ကပ်လျက်တည်ရှိသော လူဦးရေ ၅၀၀၀၀ သာနေထိုင်သည့် Scandicci အမည်ရှိ ကျေးလက်ဒေသတွင် ဖြစ်သည်။

စံအိမ်၏ သက်တမ်းမှာ နှစ်ပေါင်း ၇၀၀ ကျော်ရှိပြီဖြစ်ပြီး တချိန်က ဖရန်ဆက်စ်ကို ဒဲလ် ဂျီယိုကွန်ဒို၏ မိသားစု ပိုင်ဆိုင်ခဲ့သည်။

ဖရန်ဆက်စ်ကိုက ပန်းချီကျော် လီယိုနာဒို ဒါဗင်ချီအား သူ၏ ဇနီးဖြစ်သူ လီဆာ ဒဲလ် ဂျီယိုကွန်ဒိုအတွက် ပုံတူ ပန်းချီကား ရေးဆွဲပေးရန် လုပ်ငန်းအပ်နှံခဲ့သည်။

အဆိုပါ ပန်းချီကာကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Louvre ပြတိုက်တွင် ၁၇၀၀ ပြည့်လွန် နှောင်းပိုင်းကာလများ ကတည်းက စတင်ပြသထားခဲ့ပြီး ယနေ့အခါ ကမ္ဘာတဝန်းမှ အမြတ်တနိုးလာရောက် ကြည့်ရှုရသော ပန်းချီကား ဖြစ်နေပြီ ဖြစ်သည်။

၁၅၁၉ ခုနှစ်တွင် လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း မိုနာလီဆာ ပန်းချီကားကို ပြင်သစ်ဘုရင် Francis I က ပိုင်ဆိုင်ခဲ့ပြီး ၁၇၉၇ ခုနှစ်မှစတင်ကာ ပဲရစ်မြို့ရှိ Louvre ပြတိုက်တွင် အမြဲထားရှိ ပြသထား သည်မှာ ယနေ့တိုင်ဖြစ်သည်။ ယခုအခါ အဆိုပါ ပန်းချီကားကို ပိုင်ဆိုင်သူမှာ ပြင်သစ်နိုင်ငံသူ နိုင်ငံသားများဖြစ်သည်။

ပန်းချီကား၏ တန်ဖိုးမှာ တန်ဖိုးမဖြတ်နိုင်အောင် တန်ကြေးရှိသည်ဟု ဆုံးဖြတ်ထားသည်။

၁၉၆၂ ခုနှစ်က မိုနာလီဆာ ပန်းချီကားကို ကန်ဒေါ်လာ သန်း ၁၀၀ ဈေးနှုန်း သတ်မှတ်ခဲ့ဖူးရာ ယနေ့ခေတ် ငွေတန်ဖိုးအရဆိုလျှင် ကန်ဒေါ်လာ ၁ ဒသမ ၀၁ ဘီလီယံဖြစ်သည်။

ယခုအရောင်းဈေးကွက်ဝင်လာသော စံအိမ်ကို အီတလီ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Sara Castriota Scanderbeg က အရောင်းဈေးကွက်တင်ပေးခြင်းဖြစ်သည်။

(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

(ကောင်းစွာ မြေယာအလှပြုပြင်ထားသော ခြံဝန်း။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

(ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Italy Sotheby’s International Realty)

စံအိမ်ကို ၁၃၀၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး လီယိုနာဒို ဒါဗင်ချီက ယခုပန်းချီကားကို ၁၅၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် မရေးဆွဲမီ နှစ်အနည်းငယ်အလို ၁၄၉၈ ခုနှစ်တွင် ဤစံအိမ်ကို ဂျီယိုကွန်ဒို မိသားစုက ပိုင်ဆိုင်လာခဲ့သည်။

ဂျီယိုကွန်ဒို မိသားစုသည် နောက်ပိုင်းတွင် စံအိမ်ကြီးကို အန်တီနိုရီ မိသားစုထံ လွှဲပြောင်းပေးခဲ့သည်။

စံအိမ်၏ လိပ်စာတွင် အန်တီနိုရီ၏ အမည် ယနေ့တိုင်ရှိနေဆဲဖြစ်ပြီး စံအိမ်ကြီး၏ တရားဝင်အမည်မှာ အန်တီနိုရီ ဒီ မွန်တီ အန်ဂူဂလီယိုနီ ဖြစ်သည်။

(မိုနာလီဆာ ပန်းချီကားကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်က ရိုက်ကူးခဲ့သောပုံ။ ဓာတ်ပုံ-AFP Via Getty Images)

 

(ပင်မစံအိမ်အပြင် အခြားအဆောက်အအုံများစွာလည်း ပါဝင်ရာ ခြံစောင့်အိမ်လည်း အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

(စံအိမ်အတွင်း ရှေးမူလက်ရာများစွာကို ယနေ့တိုင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

(စံအိမ်ကို ၁၃၀၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

(လက်ရှိပိုင်ရှင်များမှာ ဖလောရင့်မြို့မှ စက်မှုလုပ်ငန်းရှင်များ ဖြစ်ကြသည်။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

(ပင်မစံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၃၀၀၀ ဝန်းကျင်ရှိသည်။ ဓာတ်ပုံ-Italy Sotheby’s International Realty)

 

ခြံအကျယ် ၆၆ ဧကရှိပြီး ခြံစောင့်အိမ်၊ လိမ္မော်ခြံ၊ ပျိုးအိမ်တို့အပါအဝင် စိုက်ပျိုးရေးသုံး အဆောက်အအုံများစွာ ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Italian villa once owned by the family of Mona Lisa — yes, that Mona Lisa — seeks $19.66M (nypost)

Photo Credit- AFP Via Getty Images, Italy Sotheby’s International Realty

 

 

 

[Zawgyi]

မိုနာလီဆာ၏ မိသားစု တခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးေသာ အီတလီမွ စံအိမ္ ကန္ေဒၚလာ ၁၉ ဒသမ ၆၆ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

ကမၻာေက်ာ္ ပန္းခ်ီေက်ာ္ၾကီး လီယိုနာဒို ဒါဗင္ခ်ီ၏ မိုနာလီဆာ ပန္းခ်ီကားတြင္ ပါဝင္ခဲ့ေသာ ေတာ္ဝင္အမ်ဳိးသမီး တစ္ဦး၏ မိသားစုေဆြမ်ဳိးမ်ား တခ်ိန္က ေနထိုင္ခဲ့သည့္ သမိုင္းဝင္စံအိမ္ၾကီးတစ္လံုး အေရာင္းေစ်းကြက္ဝင္ လာသည္။

မိုနာလီဆာ ပန္းခ်ီကားသည္ လူ႔သမိုင္းတေလွ်ာက္ အေက်ာ္ၾကားဆံုး ပန္းခ်ီကားဟု ဆိုႏိုင္သည္။

စံအိမ္တည္ေနရာမွာ အီတလီႏိုင္ငံ၊ ဖေလာရင့္စ္ျမိဳ႕၏ အေနာက္ဘက္တြင္ ကပ္လ်က္တည္ရွိေသာ လူဦးေရ ၅၀၀၀၀ သာေနထိုင္သည့္ Scandicci အမည္ရွိ ေက်းလက္ေဒသတြင္ ျဖစ္သည္။

စံအိမ္၏ သက္တမ္းမွာ ႏွစ္ေပါင္း ၇၀၀ ေက်ာ္ရွိျပီျဖစ္ျပီး တခ်ိန္က ဖရန္ဆက္စ္ကို ဒဲလ္ ဂ်ီယိုကြန္ဒို၏ မိသားစု ပိုင္ဆိုင္ခဲ့သည္။

ဖရန္ဆက္စ္ကိုက ပန္းခ်ီေက်ာ္ လီယိုနာဒို ဒါဗင္ခ်ီအား သူ၏ ဇနီးျဖစ္သူ လီဆာ ဒဲလ္ ဂ်ီယိုကြန္ဒိုအတြက္ ပံုတူ ပန္းခ်ီကား ေရးဆြဲေပးရန္ လုပ္ငန္းအပ္ႏွံခဲ့သည္။

အဆိုပါ ပန္းခ်ီကာကို ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕ရွိ Louvre ျပတိုက္တြင္ ၁၇၀၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ား ကတည္းက စတင္ျပသထားခဲ့ျပီး ယေန႔အခါ ကမၻာတဝန္းမွ အျမတ္တႏိုးလာေရာက္ ၾကည့္ရႈရေသာ ပန္းခ်ီကား ျဖစ္ေနျပီ ျဖစ္သည္။

၁၅၁၉ ခုႏွစ္တြင္ လီယိုနာဒို ဒါဗင္ခ်ီ ကြယ္လြန္ခဲ့ျပီးေနာက္ပိုင္း မိုနာလီဆာ ပန္းခ်ီကားကို ျပင္သစ္ဘုရင္ Francis I က ပိုင္ဆိုင္ခဲ့ျပီး ၁၇၉၇ ခုႏွစ္မွစတင္ကာ ပဲရစ္ျမိဳ႕ရွိ Louvre ျပတိုက္တြင္ အျမဲထားရွိ ျပသထား သည္မွာ ယေန႔တိုင္ျဖစ္သည္။ ယခုအခါ အဆိုပါ ပန္းခ်ီကားကို ပိုင္ဆိုင္သူမွာ ျပင္သစ္ႏိုင္ငံသူ ႏိုင္ငံသားမ်ားျဖစ္သည္။

ပန္းခ်ီကား၏ တန္ဖိုးမွာ တန္ဖိုးမျဖတ္ႏိုင္ေအာင္ တန္ေၾကးရွိသည္ဟု ဆံုးျဖတ္ထားသည္။

၁၉၆၂ ခုႏွစ္က မိုနာလီဆာ ပန္းခ်ီကားကို ကန္ေဒၚလာ သန္း ၁၀၀ ေစ်းႏႈန္း သတ္မွတ္ခဲ့ဖူးရာ ယေန႔ေခတ္ ေငြတန္ဖုိးအရဆိုလွ်င္ ကန္ေဒၚလာ ၁ ဒသမ ၀၁ ဘီလီယံျဖစ္သည္။

ယခုအေရာင္းေစ်းကြက္ဝင္လာေသာ စံအိမ္ကို အီတလီ Sotheby’s International Realty အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Sara Castriota Scanderbeg က အေရာင္းေစ်းကြက္တင္ေပးျခင္းျဖစ္သည္။

(စံအိမ္၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-Italy Sotheby’s International Realty)

(ေကာင္းစြာ ေျမယာအလွျပဳျပင္ထားေသာ ျခံဝန္း။ ဓာတ္ပံု-Italy Sotheby’s International Realty)

(ကန္ေဒၚလာ ၁၉ ဒသမ ၆၆ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-Italy Sotheby’s International Realty)

စံအိမ္ကို ၁၃၀၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ေဆာက္လုပ္ခဲ့ျပီး လီယိုနာဒို ဒါဗင္ခ်ီက ယခုပန္းခ်ီကားကို ၁၅၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္ မေရးဆြဲမီ ႏွစ္အနည္းငယ္အလို ၁၄၉၈ ခုႏွစ္တြင္ ဤစံအိမ္ကို ဂ်ီယိုကြန္ဒို မိသားစုက ပိုင္ဆိုင္လာခဲ့သည္။

ဂ်ီယိုကြန္ဒို မိသားစုသည္ ေနာက္ပိုင္းတြင္ စံအိမ္ၾကီးကို အန္တီႏိုရီ မိသားစုထံ လႊဲေျပာင္းေပးခဲ့သည္။

စံအိမ္၏ လိပ္စာတြင္ အန္တီႏိုရီ၏ အမည္ ယေန႔တိုင္ရွိေနဆဲျဖစ္ျပီး စံအိမ္ၾကီး၏ တရားဝင္အမည္မွာ အန္တီႏိုရီ ဒီ မြန္တီ အန္ဂူဂလီယိုနီ ျဖစ္သည္။

 

(မိုနာလီဆာ ပန္းခ်ီကားကို ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၂၃ ရက္က ရိုက္ကူးခဲ့ေသာပံု။ ဓာတ္ပံု-AFP Via Getty Images)

(ပင္မစံအိမ္အျပင္ အျခားအေဆာက္အအံုမ်ားစြာလည္း ပါဝင္ရာ ျခံေစာင့္အိမ္လည္း အပါအဝင္ ျဖစ္သည္။ ဓာတ္ပံု-Italy Sotheby’s International Realty)

(စံအိမ္အတြင္း ေရွးမူလက္ရာမ်ားစြာကို ယေန႔တိုင္ ထိန္းသိမ္းထားဆဲ ျဖစ္သည္။ ဓာတ္ပံု-Italy Sotheby’s International Realty)

(စံအိမ္ကို ၁၃၀၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-Italy Sotheby’s International Realty)

(လက္ရွိပိုင္ရွင္မ်ားမွာ ဖေလာရင့္ျမိဳ႕မွ စက္မႈလုပ္ငန္းရွင္မ်ား ျဖစ္ၾကသည္။ ဓာတ္ပံု-Italy Sotheby’s International Realty)

(ပင္မစံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၄၃၀၀၀ ဝန္းက်င္ရွိသည္။ ဓာတ္ပံု-Italy Sotheby’s International Realty)

ျခံအက်ယ္ ၆၆ ဧကရွိျပီး ျခံေစာင့္အိမ္၊ လိေမၼာ္ျခံ၊ ပ်ဳိးအိမ္တို႔အပါအဝင္ စိုက္ပ်ဳိးေရးသံုး အေဆာက္အအံုမ်ားစြာ ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Italian villa once owned by the family of Mona Lisa — yes, that Mona Lisa — seeks $19.66M (nypost)

Photo Credit- AFP Via Getty Images, Italy Sotheby’s International Realty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service