တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
24 Jul 2024 12:01 pm တွင် တင်ခဲ့သည်
1508 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်မှ အမျိုးသမီးကြီးတစ်ဦးသည် သူစိမ်းတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲလိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို နှောင့်နှေးတုံ့ဆိုင်းခြင်းမရှိဘဲ ပိုင်ရှင်ထံ ပြန်လွှဲပေးခဲ့ရာ တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူများအကြား သူ၏ ရိုးသားမှုအပေါ် များစွာချီးမွမ်းလျက်ရှိသည်။
မိသားစုမျိုးရိုးအမည် ဝမ်ဟု သိရသော ထိုအမျိုးသမီးကြီးထံသို့ ဇွန်လကုန်ပိုင်းတွင် သူစိမ်းတစ်ဦးထံမှ မကြာခဏ ဖုန်းခေါ်ဆိုမှုများ ရှိခဲ့ကြောင်း Henan TV ရုပ်သံဌာနက သတင်းဖော်ပြသည်။
ဝမ်သည် တရုတ်ပြည်အလယ်ပိုင်း ဟီနန်ပြည်နယ်၊ ရှုချန်မြို့တွင် နေထိုင်သူ ဖြစ်သည်။
“အဲဒီသူက ကျွန်မဆီကို ထပ်တလဲလဲ ဖုန်းဆက်နေတာကြောင့် နောက်ဆုံးမှာ ဖုန်းကိုင်ခဲ့ပါတယ်” ဟု ဝမ်က ပြောသည်။
“ဖုန်းထဲမှာ အမျိုးသမီးတစ်ယောက် ငိုကြီးချက်မနဲ့ ပြောလာတာက ကျွန်မဆီကို ယွမ်ငွေ ၂ဒသမ ၂၆ သန်း မှားပြီးလွှဲလိုက်မိတယ်လို့ ပြောပါတယ်” သူစိမ်းအမျိုးသမီး၏ မိသားစုမျိုးရိုးအမည်မှာ ထျန်းဟုသိရပြီး ထျန်းက ဝမ်အားပြောသည်မှာ သူမသည် မိုဘိုုင်းငွေလွှဲ App ဖြစ်သော Alipay မှတဆင့် ငွေမှားလွှဲမိကြောင်း ပြောခဲ့သည်။
(ဝမ်သည် ယခင်က Alipay ကို လုံးဝအသုံးပြုခဲ့ဖူးခြင်း မရှိချေ။ ဓာတ်ပုံ-Weibo)
အမျိုးသမီးကြီး ဝမ်က ထျန်း၏ ပြောဆိုမှုများကို လိမ်လည်မှုဟု သံသယရှိခဲ့သည်။
သို့သော် အကယ်၍ ထျန်းပြောခဲ့သည့်အတိုင်း မှန်နေမည်ဆိုလျှင် ထိုငွေများကို တစ်ပြားမှ ယူမည်မဟုတ် ကြောင်း ကတိပြုခဲ့သည်။
ဝမ်က သမီးဖြစ်သူနှင့်အတူ ရဲစခန်းသို့ သွားရောက်ခဲ့ပြီး ထိုဖြစ်ရပ်ကို သတင်းပို့ ခဲ့သည်။
ရဲအရာရှိများက ပြောသည်မှာ ၎င်းတို့သည် ယခင်ကလည်း အလားတူအမှုမျိုး ကိုင်တွယ်ခဲ့ဖူးကြောင်း၊ ယခုဖြစ်ရပ်မှာ လိမ်လည်မှုဟု ၎င်းတို့လည်း သံသယရှိကြောင်း ပြောသည်။
ဝမ်နှင့် ထျန်းတို့ နှစ်ဦးလုံးကို စစ်ဆေးမေးမြန်းရန်အတွက် ရဲစခန်းသို့ လာရန် ရဲတပ်ဖွဲ့က ချိန်းဆိုခဲ့သည်။
ထျန်းမှာ ဟီဘေးပြည်နယ်တွင် နေထိုင်သူ ဖြစ်သည်။
ရဲအရာရှိတို့က Alipay App တွင် ဝမ်၏ ဖုန်းနံပါတ်ဖြင့် အကောင့်ဖွင့် ဝင်ရောက်ခဲ့ကြသည်။
ထိုအခါ ထိုဖုန်းနံပါတ်သို့ ငွေများ ဆက်တိုက်ပို့ပေးထားသည်ကို တွေ့ရှိခဲ့ရပြီး ထျန်းပြောသကဲ့သို့ ယွမ်ငွေ ၂ ဒသမ ၂၆ သန်း ရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။
အဆိုပါငွေများမှာ ထျန်း၏ သမားရိုးကျ ဝင်ငွေဟုတ်မဟုတ် ငွေရရှိသည့်ဇာစ်မြစ်ကိုပါ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်။
ဝမ်က ထိုငွေအားလုံးကို ထျန်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ထိုဖြစ်ရပ်မှာ ပြည်မကြီးရှိ လူမှုကွန်ရက်သုံးစွဲသူများအကြား အလွန်ပျံ့နှံ့ဂယက်ရိုက်ခဲ့ပြီး Weibo လူမှုကွန်ရက် တစ်ခုတည်းတွင်ပင်လျှင် ထိုပို့စ်ကို ကြည့်ရှုမှု အကြိမ်ရေ သန်း ၁၄၀ ကျော် ရှိခဲ့သည်။
(ဝမ်၏ ဖုန်းနံပါတ်သို့ ငွေများ ဆက်တိုက်လွှဲပေးထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ဓာတ်ပုံ-Weibo)
“ဒေါ်လေးဝမ်က စိတ်ကောင်းရှိလိုက်တာ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
“ဒေါ်လေးဝမ်က အရမ်းကိုယ်ချင်းစာတတ်တာပဲ။ ငွေပိုင်ရှင်က ဘယ်လောက်သောကရောက်နေမလဲဆိုတာ သူသိတယ်လေ။ ဒါကြောင့် ပြန်ပေးခဲ့တာပေါ့။ သူဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်းကလည်း တရုတ်ပြည်တွင် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် လမ်းပေါ်တွင် ယွမ်ငွေ ၁၆၀,၀၀၀ (ကန်ဒေါ်လာ ၂၂,၀၀၀) ပါသော အိတ်တစ်လုံးကောက်ရခဲ့သည်။
ထိုကောင်လေးက ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ရာ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ပိုင်ရှင်ထံ ပြန်လည် အပ်နှံနိုင်ခဲ့သည်။
ထိုကောင်လေး၏ ဖခင်မှာ ဆေးရုံတင်ထားရပြီး မိသားစုမှာ ငွေကြေးကျပ်တည်းနေသော်လည်း ကောက်ရသော ပိုက်ဆံအိတ်ကို ရဲစခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Honest China woman shocked by US$310,000 cash transfers, returns the lot to rightful owner (scmp)
Photo Credit: Weibo
[Zawgyi]
“ဖုန်းထဲမှာ အမျိုးသမီးတစ်ယောက် ငိုကြီးချက်မနဲ့ ပြောလာတာက ကျွန်မဆီကို ယွမ်ငွေ ၂ဒသမ ၂၆ သန်း မှားပြီးလွှဲလိုက်မိတယ်လို့ ပြောပါတယ်” သူစိမ်းအမျိုးသမီး၏ မိသားစုမျိုးရိုးအမည်မှာ ထျန်းဟုသိရပြီး ထျန်းက ဝမ်အားပြောသည်မှာ သူမသည် မိုဘိုင်းငွေလွှဲ App ဖြစ်သော Alipay မှတဆင့် ငွေမှားလွှဲမိကြောင်း ပြောခဲ့သည်။
Photo Credit: Weibo
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service