တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တွင် သူရဲကောင်းများအဖြစ် ချီးကျူးလျက်ရှိ

တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တွင် သူရဲကောင်းများအဖြစ် ချီးကျူးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
23 Jul 2024 1:05 pm တွင် တင်ခဲ့သည်
2207 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိမလာမီ ရေထဲ၌ ၃ နာရီကျော် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား သူရဲကောင်းများအဖြစ် တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် ချီးကျူးကြလျက် ရှိသည်။

ဇူလိုင်လအတွင်း တရုတ်ပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု အလွန်အားကောင်း ခဲ့သည်။

တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်သည် ဆိုးရွားစွာ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများ ကြုံခဲ့ရသည့် နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ထိုဒေသတွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ မိမိတို့၏ နေအိမ်များထဲတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့တို့က မော်တော်ဘုတ်များဖြင့် လိုက်လံကယ်ဆယ်ပေးရလျက် ရှိသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ဟူနန်ပြည်နယ်၊ ပင်ကျန်းခရိုင်ရှိ လမ်းတစ်လမ်း၌ နေအိမ်များ၏ အောက်ထပ် တစ်ခုလုံးအထိ ရေနစ်မြုပ်ခဲ့ပြီး ကွန်ပြူတာများနှင့် အိမ်သုံးပစ္စည်းများအပါအဝင် အမှိုက်သရိုက်များစွာ မျောပါခဲ့ကြသည်။

(ကယ်ဆယ်ရေးမသွားမီ တန်းစီနေကြသော အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ifeng)

တနေရာတွင်မူ ပုခုံးနီးပါးအနက်ရှိသော ရေထဲတွင် အမျိုးသား ၃ ဦးသည် မျောပါနေသော အပျက်အစီးများက ၎င်းတို့အား တိုက်မိမျောပါခြင်း မရှိစေရန် နေအိမ်တစ်ခု၏ ဒုတိယထပ် ပြတင်းပေါက်မှ အိပ်ရာခင်းတစ်ခုကို တွဲလောင်းချည်ကာ ထိုအစကို လက်တွင်ရစ်ပတ်ဆုပ်ကိုင်ထားကြသည်။

ထိုသို့ ထိန်းထားကြရင်း ၂ ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ပင့်ချီထားကြပြီး အခြားတစ်ဦးမှာ ကူညီကယ်ဆယ်ပါရန် အဆက်မပြတ် အော်ဟစ်နေသည်။

ကယ်ဆယ်ရေးများ ရောက်မလာခင်အထိ ၎င်းတို့ ၃ ဦးသည် ထိုအမျိုးသမီးအား ရေထဲတွင် ဖေးမကူညီ ပေးနေခဲ့သည်။

ကယ်ဆယ်ရေးလှေ ရောက်ရှိလာချိန်တွင် အမျိုးသားတစ်ဦးက “ကျွန်တော့်မိန်းမကို အရင်ဆုံး ကယ်ပေးပါ။ သူ့မှာ အားအင်တွေ ကုန်ခမ်းနေပါပြီ။ သူက ကိုယ်ဝန်ဆောင်သည်ပါ”ဟု အော်ဟစ်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိလာပြီး ခြေကုန်လက်ပန်းကျနေသူ ၄ ဦးလုံးကို လှေပေါ်သို့ တင်ပေးခဲ့သည်။ ရေထဲတွင် ကြာမြင့်စွာ နေထိုင်ခဲ့ရမှုကြောင့် ၎င်းတို့အားလုံး ခိုက်ခိုက်တုန်နေကြသည်။

တကိုယ်လုံး တုန်ရီနေသည့်ကြားထဲမှ ခင်ပွန်းဖြစ်သူက ကယ်ဆယ်ရေးအဖွဲ့အား “ကျွန်တော့်တို့ အသက်တွေ ကယ်တင်ပေးလို့ ကျေးဇူးပါဗျာ”ဟု အကြိမ်ကြိမ်ပြောနေခဲ့သည်။

ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော Liu Jun က “ကိုယ်ဝန်ဆောင်အမျိုးသမီးကို ၃ နာရီကျော် ကူညီပေးခဲ့ကြတဲ့ သူတို့ဟာ အလွန်ကို ရဲရင့်ပြီး သန်စွမ်းကြံ့ခိုင်ကြပါတယ်”ဟု ပြောသည်။

၎င်းတို့ ၃ ဦး၏ လုပ်ဆောင်ချက်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့၏ နှလုံးသားများအား ကိုင်လှုပ်နိုင်ခဲ့ သည်။

“ဒီသူရဲကောင်း ၃ ယောက်ကို ချီးကျူးပါတယ်။ သူတို့က တကယ့်ကို အတ္တစိတ်မရှိတဲ့ သူတွေပါပဲ”ဟု အွန်လိုင်းအသုံးပြုသူတစ်ဦးက Weibo တွင် ရေးသားခဲ့သည်။

 

(တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ် ၊ ပင်ကျန်းခရိုင်တွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ခံရသော နေရာများ တွင် ပါဝင်သည်။ ဓာတ်ပုံ-EPA/EFE)

 

ဟူနန်ပြည်နယ်တွင် ယခုရေလွှမ်းမိုးမှုသည် နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့သည်။

လူပေါင်း ၃၆၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့ရပြီး နေအိမ်ပေါင်း ၁,၂၀၀ ကျော် ပျက်စီးခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China flood heroes keep pregnant woman afloat for hours, one shouts ‘save my wife first’ (scmp)

Photo Credit-ifeng, EPA/EFE

 

 

[Zawgyi]

တရုတ္ျပည္ ဟူနန္ျပည္နယ္တြင္ အၾကီးအက်ယ္ ေရလႊမ္းမိုးမႈ ျဖစ္ပြားရာ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးတစ္ဦး အား ရင္စုိ႔ခန္႔ရွိေသာ ေရထဲ၌ ၃ နာရီခန္႔ ခ်ီမထားခဲ့ေသာ အမ်ဳိးသား ၃ ဦးအား တရုတ္လူမႈကြန္ရက္တြင္ သူရဲေကာင္းမ်ားအျဖစ္ ခ်ီးက်ဴးလ်က္ရွိ

 

တရုတ္ျပည္တြင္ ေရလႊမ္းမိုးမႈ ျဖစ္ပြားေနရာ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးတစ္ဦးကို ကယ္ဆယ္ေရးအဖြဲ႔မ်ား ေရာက္ရွိမလာမီ ေရထဲ၌ ၃ နာရီေက်ာ္ ခ်ီမထားခဲ့ေသာ အမ်ဳိးသား ၃ ဦးအား သူရဲေကာင္းမ်ားအျဖစ္ တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ ခ်ီးက်ဴးၾကလ်က္ ရွိသည္။

ဇူလိုင္လအတြင္း တရုတ္ျပည္အလယ္ပိုင္းႏွင့္ ေတာင္ပိုင္းေဒသမ်ားတြင္ မိုးရြာသြန္းမႈ အလြန္အားေကာင္း ခဲ့သည္။

တရုတ္ျပည္အလယ္ပိုင္း ဟူနန္ျပည္နယ္သည္ ဆိုးရြားစြာ ေရလႊမ္းမိုးျခင္း၊ ေျမျပဳိျခင္းမ်ား ၾကံဳခဲ့ရသည့္ ေနရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

ထိုေဒသတြင္ အဆက္မျပတ္ မိုးရြာသြန္းမႈမ်ားေၾကာင့္ ေရလႊမ္းမိုးမႈမ်ား ျဖစ္ေပၚကာ မိမိတုိ႔၏ ေနအိမ္မ်ားထဲတြင္ ပိတ္မိေနသူမ်ားအား ကယ္ဆယ္ေရးအဖြဲ႔တို႔က ေမာ္ေတာ္ဘုတ္မ်ားျဖင့္ လိုက္လံကယ္ဆယ္ေပးရလ်က္ ရွိသည္။

ဇူလိုင္လ ၁ ရက္ေန႔တြင္ ဟူနန္ျပည္နယ္၊ ပင္က်န္းခရိုင္ရွိ လမ္းတစ္လမ္း၌ ေနအိမ္မ်ား၏ ေအာက္ထပ္ တစ္ခုလံုးအထိ ေရနစ္ျမဳပ္ခဲ့ျပီး ကြန္ျပဴတာမ်ားႏွင့္ အိမ္သံုးပစၥည္းမ်ားအပါအဝင္ အမိႈက္သရိုက္မ်ားစြာ ေမ်ာပါခဲ့ၾကသည္။

(ကယ္ဆယ္ေရးမသြားမီ တန္းစီေနၾကေသာ အေရးေပၚ ကယ္ဆယ္ေရးလုပ္သားမ်ားအား ေတြ႔ရစဥ္။ ဓာတ္ပံု-ifeng)

တေနရာတြင္မူ ပုခံုးနီးပါးအနက္ရွိေသာ ေရထဲတြင္ အမ်ဳိးသား ၃ ဦးသည္ ေမ်ာပါေနေသာ အပ်က္အစီးမ်ားက ၎တို႔အား တုိက္မိေမ်ာပါျခင္း မရွိေစရန္ ေနအိမ္တစ္ခု၏ ဒုတိယထပ္ ျပတင္းေပါက္မွ အိပ္ရာခင္းတစ္ခုကို တြဲေလာင္းခ်ည္ကာ ထိုအစကို လက္တြင္ရစ္ပတ္ဆုပ္ကိုင္ထားၾကသည္။

ထိုသို႔ ထိန္းထားၾကရင္း ၂ ဦးက ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးတစ္ဦးအား ပင့္ခ်ီထားၾကျပီး အျခားတစ္ဦးမွာ ကူညီကယ္ဆယ္ပါရန္ အဆက္မျပတ္ ေအာ္ဟစ္ေနသည္။

ကယ္ဆယ္ေရးမ်ား ေရာက္မလာခင္အထိ ၎တု႔ိ ၃ ဦးသည္ ထုိအမ်ဳိးသမီးအား ေရထဲတြင္ ေဖးမကူညီ ေပးေနခဲ့သည္။

ကယ္ဆယ္ေရးေလွ ေရာက္ရွိလာခ်ိန္တြင္ အမ်ဳိးသားတစ္ဦးက “ကၽြန္ေတာ့္မိန္းမကို အရင္ဆံုး ကယ္ေပးပါ။ သူ႔မွာ အားအင္ေတြ ကုန္ခမ္းေနပါျပီ။ သူက ကိုယ္ဝန္ေဆာင္သည္ပါ”ဟု ေအာ္ဟစ္ခဲ့သည္။

ကယ္ဆယ္ေရးအဖြဲ႔ေရာက္ရွိလာျပီး ေျခကုန္လက္ပန္းက်ေနသူ ၄ ဦးလံုးကို ေလွေပၚသုိ႔ တင္ေပးခဲ့သည္။ ေရထဲတြင္ ၾကာျမင့္စြာ ေနထိုင္ခဲ့ရမႈေၾကာင့္ ၎တို႔အားလံုး ခုိက္ခိုက္တုန္ေနၾကသည္။

တကိုယ္လံုး တုန္ရီေနသည့္ၾကားထဲမွ ခင္ပြန္းျဖစ္သူက ကယ္ဆယ္ေရးအဖြဲ႔အား “ကၽြန္ေတာ့္တို႔ အသက္ေတြ ကယ္တင္ေပးလို႔ ေက်းဇူးပါဗ်ာ”ဟု အၾကိမ္ၾကိမ္ေျပာေနခဲ့သည္။

ကယ္ဆယ္ေရးတြင္ ပါဝင္ခဲ့ေသာ Liu Jun က “ကုိယ္ဝန္ေဆာင္အမ်ဳိးသမီးကို ၃ နာရီေက်ာ္ ကူညီေပးခဲ့ၾကတဲ့ သူတို႔ဟာ အလြန္ကို ရဲရင့္ျပီး သန္စြမ္းၾကံ႕ခိုင္ၾကပါတယ္”ဟု ေျပာသည္။

၎တု႔ိ ၃ ဦး၏ လုပ္ေဆာင္ခ်က္မွာ ျပည္မၾကီး လူမႈကြန္ရက္သံုးစြဲသူတို႔၏ ႏွလံုးသားမ်ားအား ကိုင္လႈပ္ႏိုင္ခဲ့ သည္။

“ဒီသူရဲေကာင္း ၃ ေယာက္ကို ခ်ီးက်ဴးပါတယ္။ သူတို႔က တကယ့္ကို အတၱစိတ္မရွိတဲ့ သူေတြပါပဲ”ဟု အြန္လိုင္းအသံုးျပဳသူတစ္ဦးက Weibo တြင္ ေရးသားခဲ့သည္။

(တရုတ္ျပည္အလယ္ပိုင္း ဟူနန္ျပည္နယ္ ၊ ပင္က်န္းခရိုင္တြင္ အဆိုးရြားဆံုး ေရလႊမ္းမိုးမႈ ခံရေသာ ေနရာမ်ား တြင္ ပါဝင္သည္။ ဓာတ္ပံု-EPA/EFE)

ဟူနန္ျပည္နယ္တြင္ ယခုေရလႊမ္းမိုးမႈသည္ ႏွစ္ေပါင္း ၇၀ အတြင္း အဆိုးရြားဆံုး ျဖစ္ခဲ့သည္။

လူေပါင္း ၃၆၀,၀၀၀ ခန္႔ ေရေဘးသင့္ခဲ့ရျပီး ေနအိမ္ေပါင္း ၁,၂၀၀ ေက်ာ္ ပ်က္စီးခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China flood heroes keep pregnant woman afloat for hours, one shouts ‘save my wife first’ (scmp)

Photo Credit-ifeng, EPA/EFE

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service