ဆွီဒင်ရှိ မြို့လေးတစ်ခုတွင် မြေကွက်များကို ကော်ဖီတစ်ခွက်ဈေးနှုန်းမျှဖြင့် ရောင်းချပေးရာ ဝယ်ယူရန် ဆက်သွယ်လာသူ ထောင်သောင်းချီ များပြားလှသောကြောင့် မြို့အုပ်ချုပ်ရေးအဖွဲ့ အကျပ်ရိုက်

ဆွီဒင်ရှိ မြို့လေးတစ်ခုတွင် မြေကွက်များကို ကော်ဖီတစ်ခွက်ဈေးနှုန်းမျှဖြင့် ရောင်းချပေးရာ ဝယ်ယူရန် ဆက်သွယ်လာသူ ထောင်သောင်းချီ များပြားလှသောကြောင့် မြို့အုပ်ချုပ်ရေးအဖွဲ့ အကျပ်ရိုက် - Property News in Myanmar from iMyanmarHouse.com
19 Jul 2024 2:53 pm တွင် တင်ခဲ့သည်
564 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆွီဒင်နိုင်ငံ ၊ စတော့ဟုမ်းမြို့၏ အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်အကွာတွင် Gotene အမည်ရှိ မြို့လေး တစ်ခု တည်ရှိသည်။

ထိုမြို့လေးတွင် လူဦးရေ မြင့်တက်လာစေရန် ရည်ရွယ်ကာ မြေနေရာများကို ၁ ဒေါ်လာပင် မရှိသော ဈေးနှုန်း ဖြင့် ရောင်းချလျက်ရှိခြင်းမှာ များစွာကျော်ကြားနေသည်။

“အဲဒါက အတော်ကို နာမည်ကြီးနေပါတယ်။ တယ်လီဖုန်း အိတ်ချိန်းဌာနကို ဖုန်းဆက်သွယ်လာတာ ထောင်သောင်းချီနေပါတယ်။” ဟု Gotene ၏ မြို့တော်ဝန် Johan Mansson က CNN သတင်းဌာနသို့ ပြောသည်။

Gotene မြို့လေးတွင် မြေကွက် ၂၉ ကွက်ကို ၁၁ စတုရန်းပေလျှင် ဆွီဒင်ငွေ ၁ ကရိုနာ (အမေရိကန်ဒေါ်လာ ၉ ဆင့်) မျှဖြင့် ရောင်းချပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ဖုန်းအိတ်ချိန်း ရုံးမှာ ဝန်ထမ်း ၂ ဦးပဲရှိတာကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူတို့တွေ အလွန်ကို ချွေးပြန်ခဲ့ရပါတယ်။” ဟု မြို့တော်ဝန်က ပြောသည်။

 

(ဆွီဒင်နိုင်ငံ၊ Kinnekulle ဒေသတွင် ပန်းများပွင့်နေသော မြက်ခင်းလွင်ပြင်တစ်ခု။ Kinnekulle သည် Vanern ရေကန်ကြီး၏အရှေ့တောင်ဘက် ကမ်းခြေတွင် တည်ရှိသည်။ Gotene မြို့သည်လည်း အဆိုပါရေကန်ကြီး၏ ကမ်းခြေတွင် တည်ရှိသည်။ ဓာတ်ပုံ-Alamy Stock Photo)

Gotene သည် မြို့လယ်တွင် လူဦးရေ ၅,၀၀၀ ခန့်သာရှိပြီး စုစုပေါင်းလူဦးရေ ၁၃,၀၀၀ ခန့်သာရှိသော ကျေးလက် ဒေသဖြစ်သည်။

Vanern ရေကန်ကြီး၏ ကမ်းခြေတွင် တည်ရှိသော မြို့လေးဖြစ်သည်။

Vanern ရေကန်ကြီးသည် ဆွီဒင်၏ အကြီးမားဆုံးဖြစ်ရုံမျှမက စကင်ဒီနေးဗီးယားနှင့် ဥရောပတစ်ခုလုံး၏ အကြီးမားဆုံးရေကန်ကြီးလည်းဖြစ်သည်။ Vanern ရေကန်ကြီးထက် ပိုမိုကြီးမားသော ရေကန်ဟူ၍ ရုရှားနိုင်ငံတွင်သာ ရှိသည်။

အပျော်တမ်း ခြေလျင်ခရီးထွက်သူတို့အတွက်ဆိုလျှင် အနီး၌ Kinnekulle အမည်ရှိ တောင်တန်းငယ်တစ်ခု တည်ရှိသည်။

အဆိုပါဒေသတွင် ယူနက်စကိုအသိအမှတ်ပြု Platabergens Geopark , Lake Vanern ကျွန်းစုနှင့် Kinnekulle Biosphere တို့ရှိသည်။

ထိုသို့ အေးချမ်းသာယာလှသည့် မြို့လေးမှာ အဘယ်ကြောင့် မြေနေရာများ အလျင်စလို ရောင်းထုတ်ရန် လိုအပ်နေပါသနည်း။

ထိုသို့ဖြစ်ရခြင်းမှာ လက်ရှိ စီးပွားရေးကျဆင်းနေမှု အခြေအနေများနှင့် ကျေးလက်ဒေသ လူဦးရေ ကျဆင်းလာမှု ပြဿနာများကြောင့်ဖြစ်ကြောင်း မြို့တော်ဝန် Johan Mansson က ပြောသည်။

“လက်ရှိအားဖြင့် ကျွန်တော်တို့ဒေသမှာ အိမ်ခြံမြေဈေးကွက်က အတော်ကို နှေးကွေးနေပါတယ်။ ဒါက အတိုးနှုန်း မြင့်မားမှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အိမ်ခြံမြေ ဈေးကွက်ကို အားဖြည့်ပေးချင်ခဲ့ပါတယ်” ဟု မြို့တော်ဝန်က CNN သတင်းဌာနသို့ ပြောသည်။

“မွေးဖွားနှုန်း ကျဆင်းမှုနဲ့အတူ သက်ကြီးရွယ်အိုဦးရေ များပြားလာတာကိုလည်း တွေ့ရတာကြောင့် ဒီဒေသကို လာရောက်အခြေချနေထိုင်မယ့်သူတွေ ရှိလာစေဖို့အတွက် ကျွန်တော်တို့ တစ်ခုခု လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်”

(ဆွီဒင်၏ အကြီးမားဆုံးရေကန်ကြီးဖြစ်သော Lake Vanern ၏ ကမ်းခြေတွင် Gotene မြို့လေး တည်ရှိသည်။ ဓာတ်ပုံ-Getty Images/iStockphoto)

 

(Gotene မြို့လေး တည်နေရာပြ မြေပုံ။ ဓာတ်ပုံ-Alamy Stock Photo)

 

ပြီးခဲ့သောဇွန်လအတွင်း စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး မြေကွက် ၄ ခုမှာ လျင်မြန်စွာရောင်းထွက်သွားသည်။

သို့သော် စိတ်ဝင်စားသူ အလွန်တရာ များပြားနေခြင်းကြောင့် မြို့အုပ်ချုပ်ရေးအဖွဲ့မှာ မြေရောင်းချသည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ရသည်။

ယခုအခါ မြို့အုပ်ချုပ်ရေးအဖွဲ့က ပုံသေသတ်မှတ်နှုန်းအစား လေလံစနစ်ဖြင့် သြဂုတ်လအစောပိုင်းတွင် ပြန်လည်ရောင်းချပေးရန် စီစဉ်ထားသည်။

မြေကွက် ၃၀ လုံး ရောင်းထွက်မည်ဆိုပါက အလွန်ကောင်းမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This idyllic Swedish town is selling off land for the price of a cup of coffee (cnn, nypost)

Photo Credit: Getty Images/iStockphoto, Alamy Stock Photo

 

 

 

[Zawgyi]

ဆီြဒင္ရွိ ျမိဳ႕ေလးတစ္ခုတြင္ ေျမကြက္မ်ားကို ေကာ္ဖီတစ္ခြက္ေစ်းႏႈန္းမွ်ျဖင့္ ေရာင္းခ်ေပးရာ ဝယ္ယူရန္ ဆက္သြယ္လာသူ ေထာင္ေသာင္းခ်ီ မ်ားျပား

 

လွေသာေၾကာင့္ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ အက်ပ္ရိုက္ ဆီြဒင္ႏိုင္ငံ ၊ စေတာ့ဟုမ္းျမိဳ႕၏ အေနာက္ေတာင္ဘက္ မိုင္ ၂၀၀ ခန္႔အကြာတြင္ Gotene အမည္ရွိ ျမိဳ႕ေလး တစ္ခု တည္ရွိသည္။

ထိုျမိဳ႕ေလးတြင္ လူဦးေရ ျမင့္တက္လာေစရန္ ရည္ရြယ္ကာ ေျမေနရာမ်ားကို ၁ ေဒၚလာပင္ မရွိေသာ ေစ်းႏႈန္း ျဖင့္ ေရာင္းခ်လ်က္ရွိျခင္းမွာ မ်ားစြာေက်ာ္ၾကားေနသည္။

“အဲဒါက အေတာ္ကို နာမည္ၾကီးေနပါတယ္။ တယ္လီဖုန္း အိတ္ခ်ိန္းဌာနကို ဖုန္းဆက္သြယ္လာတာ ေထာင္ေသာင္းခ်ီေနပါတယ္။” ဟု Gotene ၏ ျမိဳ႕ေတာ္ဝန္ Johan Mansson က CNN သတင္းဌာနသို႔ ေျပာသည္။

Gotene ျမိဳ႕ေလးတြင္ ေျမကြက္ ၂၉ ကြက္ကို ၁၁ စတုရန္းေပလွ်င္ ဆြီဒင္ေငြ ၁ ကရိုနာ (အေမရိကန္ေဒၚလာ ၉ ဆင့္) မွ်ျဖင့္ ေရာင္းခ်ေပးရန္ စီစဥ္ထားျခင္း ျဖစ္သည္။

“ဖုန္းအိတ္ခ်ိန္း ရံုးမွာ ဝန္ထမ္း ၂ ဦးပဲရွိတာေၾကာင့္ ျပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း သူတို႔ေတြ အလြန္ကို ေခၽြးျပန္ခဲ့ရပါတယ္။” ဟု ျမိဳ႕ေတာ္ဝန္က ေျပာသည္။

 

(ဆြီဒင္ႏိုင္ငံ၊ Kinnekulle ေဒသတြင္ ပန္းမ်ားပြင့္ေနေသာ ျမက္ခင္းလြင္ျပင္တစ္ခု။ Kinnekulle သည္ Vanern ေရကန္ၾကီး၏အေရွ႕ေတာင္ဘက္ ကမ္းေျခတြင္ တည္ရွိသည္။ Gotene ျမိဳ႕သည္လည္း အဆိုပါေရကန္ၾကီး၏ ကမ္းေျခတြင္ တည္ရွိသည္။ ဓာတ္ပံု-Alamy Stock Photo)

Gotene သည္ ျမိဳ႕လယ္တြင္ လူဦးေရ ၅,၀၀၀ ခန္႔သာရွိျပီး စုစုေပါင္းလူဦးေရ ၁၃,၀၀၀ ခန္႔သာရွိေသာ ေက်းလက္ ေဒသျဖစ္သည္။

Vanern ေရကန္ၾကီး၏ ကမ္းေျခတြင္ တည္ရွိေသာ ျမိဳ႕ေလးျဖစ္သည္။

Vanern ေရကန္ၾကီးသည္ ဆီြဒင္၏ အၾကီးမားဆံုးျဖစ္ရံုမွ်မက စကင္ဒီေနးဗီးယားႏွင့္ ဥေရာပတစ္ခုလံုး၏ အၾကီးမားဆံုးေရကန္ၾကီးလည္းျဖစ္သည္။ Vanern ေရကန္ၾကီးထက္ ပိုမိုၾကီးမားေသာ ေရကန္ဟူ၍ ရုရွားႏိုင္ငံတြင္သာ ရွိသည္။

အေပ်ာ္တမ္း ေျခလ်င္ခရီးထြက္သူတို႔အတြက္ဆိုလွ်င္ အနီး၌ Kinnekulle အမည္ရွိ ေတာင္တန္းငယ္တစ္ခု တည္ရွိသည္။

အဆိုပါေဒသတြင္ ယူနက္စကိုအသိအမွတ္ျပဳ Platabergens Geopark , Lake Vanern ကၽြန္းစုႏွင့္ Kinnekulle Biosphere တို႔ရွိသည္။

ထိုသို႔ ေအးခ်မ္းသာယာလွသည့္ ျမိဳ႕ေလးမွာ အဘယ္ေၾကာင့္ ေျမေနရာမ်ား အလ်င္စလို ေရာင္းထုတ္ရန္ လိုအပ္ေနပါသနည္း။

ထိုသို႔ျဖစ္ရျခင္းမွာ လက္ရွိ စီးပြားေရးက်ဆင္းေနမႈ အေျခအေနမ်ားႏွင့္ ေက်းလက္ေဒသ လူဦးေရ က်ဆင္းလာမႈ ျပႆနာမ်ားေၾကာင့္ျဖစ္ေၾကာင္း ျမိဳ႕ေတာ္ဝန္ Johan Mansson က ေျပာသည္။

“လက္ရွိအားျဖင့္ ကၽြန္ေတာ္တို႔ေဒသမွာ အိမ္ျခံေျမေစ်းကြက္က အေတာ္ကို ေႏွးေကြးေနပါတယ္။ ဒါက အတိုးႏႈန္း ျမင့္မားမႈနဲ႔ စီးပြားေရးက်ဆင္းမႈေတြေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ အိမ္ျခံေျမ ေစ်းကြက္ကို အားျဖည့္ေပးခ်င္ခဲ့ပါတယ္” ဟု ျမိဳ႕ေတာ္ဝန္က CNN သတင္းဌာနသို႔ ေျပာသည္။

“ေမြးဖြားႏႈန္း က်ဆင္းမႈနဲ႔အတူ သက္ၾကီးရြယ္အိုဦးေရ မ်ားျပားလာတာကိုလည္း ေတြ႔ရတာေၾကာင့္ ဒီေဒသကို လာေရာက္အေျခခ်ေနထိုင္မယ့္သူေတြ ရွိလာေစဖို႔အတြက္ ကၽြန္ေတာ္တို႔ တစ္ခုခု လုပ္ေဆာင္ရေတာ့မွာ ျဖစ္ပါတယ္”

(ဆြီဒင္၏ အၾကီးမားဆံုးေရကန္ၾကီးျဖစ္ေသာ Lake Vanern ၏ ကမ္းေျခတြင္ Gotene ျမိဳ႕ေလး တည္ရွိသည္။ ဓာတ္ပံု-Getty Images/iStockphoto)

(Gotene ျမိဳ႕ေလး တည္ေနရာျပ ေျမပံု။ ဓာတ္ပံု-Alamy Stock Photo)

 

ျပီးခဲ့ေသာဇြန္လအတြင္း စတင္ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ျပီး ေျမကြက္ ၄ ခုမွာ လ်င္ျမန္စြာေရာင္းထြက္သြားသည္။

သို႔ေသာ္ စိတ္ဝင္စားသူ အလြန္တရာ မ်ားျပားေနျခင္းေၾကာင့္ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔မွာ ေျမေရာင္းခ်သည့္ အစီအစဥ္ကို ေခတၱရပ္ဆိုင္းထားခဲ့ရသည္။

ယခုအခါ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ပံုေသသတ္မွတ္ႏႈန္းအစား ေလလံစနစ္ျဖင့္ ၾသဂုတ္လအေစာပိုင္းတြင္ ျပန္လည္ေရာင္းခ်ေပးရန္ စီစဥ္ထားသည္။

ေျမကြက္ ၃၀ လံုး ေရာင္းထြက္မည္ဆိုပါက အလြန္ေကာင္းမည္ျဖစ္ေၾကာင္း ျမိဳ႕ေတာ္ဝန္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: This idyllic Swedish town is selling off land for the price of a cup of coffee (cnn, nypost)

Photo Credit: Getty Images/iStockphoto, Alamy Stock Photo

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service