ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ Unit 731 အခြေစိုက်ခဲ့သော တရုတ်ပြည်အရှေ့မြောက်ပိုင်းမှ ပြန်လမ်းမဲ့ သေမင်းတမန် အုတ်အဆောက်အအုံကြီး

ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ Unit 731 အခြေစိုက်ခဲ့သော တရုတ်ပြည်အရှေ့မြောက်ပိုင်းမှ ပြန်လမ်းမဲ့ သေမင်းတမန် အုတ်အဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
18 Jul 2024 11:09 am တွင် တင်ခဲ့သည်
1819 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်အရှေ့မြောက်ပိုင်း အုတ်တိုက် အဆောက်အအုံကြီးတစ်ခု၏ မြင့်မားသော နံရံကြီးများ နောက်ကွယ်တွင် ဂျပန်တပ်မတော်၏ Unit 731 က လုပ်ဆောင်ခဲ့သော ထိတ်လန့် ခြောက်ခြားဖွယ် ငရဲခန်းများကို ပြင်ပကမ္ဘာက ဆယ်စုနှစ်များစွာ မသိခဲ့ကြချေ။

ကွမ်တုံတပ်မတော်၏ “ကပ်ရောဂါဘေး ကြိုတင်ကာကွယ်ရေးနှင့် ရေသန့်စင်ရေးဌာန” ဟု လျှို့ဝှက်အမည်ပေး ထားသော ထိုအဆောက်အအုံကြီးသည် စင်စစ်ကား ဂျပန်စစ်ဘက်၏ အကျဉ်းစခန်းတစ်ခု ဖြစ်ပြီး ထိုအကျဉ်းစခန်းထဲသို့ အကျဉ်းသား ထောင်ပေါင်းများစွာ ဝင်ရောက်သွားခဲ့ကြသည်။

သို့သော် ထိုသူတို့မှာ မည်သည့်အခါမှ ပြန်ထွက်မလာနိုင်ကြတော့ချေ။

ထိုအဆောက်အအုံကြီးအတွင်း လူသားတို့ကို စမ်းသပ်ခံသတ္တဝါများသဖွယ် အသုံးပြုကာ သိပ္ပံစမ်းသပ်မှုများ အတွက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပြီး လူ့သမိုင်းတွင် အယုတ်မာဆုံးသော ရာဇဝတ်မှုများကို ဂျပန်စစ်ဘက် က ကျူးလွန်ခဲ့ကြောင်း အင်္ဂလန်အခြေစိုက် dailymail သတင်းဌာနက ဖော်ပြသည်။

အပြစ်မရှိသော အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များမှာ တွေးပင် မတွေးဝံ့လောက်သော အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည့် နည်းလမ်းများဖြင့် အသတ်ခံခဲ့ကြရသည်။

အရှင်လတ်လတ် ဗိုက်ခွဲခြင်း၊ ကြောက်မက်ဖွယ် ဗိုင်းရပ်စ်ပိုးများ ကူးစက်စေကာ စမ်းသပ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ မီးတောက်မှုတ်ပစ္စည်းများဖြင့် ပစ်မှတ်လေ့ကျင့်ခြင်း၊ ပလိပ်ရောဂါပိုးထည့်သွင်းထားသော ဗုံးကြဲကာ စမ်းသပ်ခြင်းများ ပြုလုပ်ခံခဲ့ကြရသည်။

နှုတ်မှပင် ထုတ်မပြောဝံ့လောက်အောင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကြီးကြပ်ဆောင်ရွက်ခဲ့ သူမှာ Unit 731 မှ ဒေါက်တာသေမင်းဟု ခေါ်ကြသော ရှိဒို အိရှိ ဖြစ်သည်။

ရှိဒို အိရှိသည် သြဇာတိက္ကမကြီးသော ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး အစွန်းရောက်အမျိုးသားရေး တယူသန်သမား ဖြစ်ကာ သေမင်းတမန် အကျဉ်းစခန်း၏ ကြမ်းကြုတ်ရက်စက် ယုတ်မာမှုများကို ပုံဖော်ခဲ့သူဟု အများက သုံးသပ်ထားကြသည်။

 

(ဟာဘင်းမြို့တော်၏ တောင်ဘက် ၁၅ မိုင်အကွာတွင် တည်ရှိသော ပင်ဖန်အမည်ရှိ မြို့တွင် ဂျပန်စစ်ဘက်၏ Unit 731 အခြေစိုက်ခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ ဂျပန်တို့ ဖောက်ခွဲဖျက်ဆီးထားခဲ့သော ပင်ဖန်မြို့၏ မြင်ကွင်း ဖြစ်သည်။)

(တရုတ်အရပ်သားများနှင့် မဟာမိတ်စစ်သုံ့ပန်းတို့မှာ အရှင်လတ်လတ် ဗိုက်ခွဲခံရခြင်း၊ ပလိပ်ရောဂါပိုးများ အကူးခံစေခြင်းများ ပြုလုပ်ခံခဲ့ရသည်။ )

(အကျဉ်းသားတို့၏ ခြေလက်တို့တွင် နှင်းကိုက်သည့်ရောဂါ ဖြစ်စေရန် တမင်ပြုလုပ်ကာ ကုသပုံ နည်းလမ်း အမျိုးမျိုးကို လူသားများဖြင့် စမ်းသပ်ခဲ့သည်။ )

(ထိုအဖွဲ့၏ ရာဇဝတ်မှုများကို လက်စဖျောက်ရန်အတွက် ရက်စက်စွာ သတ်ဖြတ်ခံရသော အကျဉ်းသားများ၏ မီးရှို့ထားသော အရိုးစုများကို မြေမြှုပ်ရာတွင် ရှိမိဇု ဆိုသူလည်း ပါဝင်ခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ Unit 731တွင် မြေမြှုပ်ရန် တွင်းတူးနေပုံဖြစ်သည်)

 

(အကျဉ်းစခန်း၏ ကောင်းကင်ဓာတ်ပုံ)

 

ဂျပန်စစ်ဘက်၏ ခွဲစိတ်ဆရာဝန် အိရှိသည် ရောဂါပိုးမွှားစစ်ပွဲ၊ ပိုးမွှားလက်နက်စွမ်းပကားတို့ကို သုတေသန လုပ်ရန်အတွက် ၁၉၃၆ ခုနှစ်တွင် ဇီဝစစ်ပွဲသုတေသနဌာနကို တည်ထောင်ခဲ့သည်။

ရှိဒို အိရှိသည် အဆိုပါ သုတေသနအတွက် အစိုးရထောက်ပံ့ငွေ များစွာရရှိခဲ့သည့်အပြင် ဧကရာဇ် ဟီရိုဟီတို၏ အားပေးမှုလည်း ရရှိခဲ့သည်။

ဂျပန်တပ်များ မန်ချူးရီးယား (ယနေ့ခေတ် တရုတ်ပြည်) သို့ တိုက်ခိုက်ကျူးကျော်ဝင်ရောက်ခဲ့ပြီး မကြာမီတွင် ရှိဒို အိရှိ ရောက်ရှိလာသည်။

မြို့တော် ဟာဘင်း၏ တောင်ဘက် ၁၅ မိုင်အကွာတွင်တည်ရှိသော ပင်ဖန်အမည်ရှိ မြို့ကို Unit 731 အခြေစိုက်ရန် ရွေးချယ်ခဲ့သည်။

မြို့အနီးဝန်းကျင်တွင် ထိုစခန်းအား စီးမိုးကြည့်ရှုနိုင်မည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ဂျပန်စစ်ဘက်က ခွင့်မပြုခဲ့ချေ။

စခန်းတည်ထောင်ပြီးသည်နှင့် ဂျပန်စစ်ရဲတို့က ထိုစခန်းတွင် စမ်းသပ်မှုများ ပြုလုပ်ရန် သားကောင်များ လိုက်လံရှာဖွေတော့သည်။

၎င်းတို့ ဖမ်းဆီးခဲ့သူ အများစုမှာ တရုတ်အရပ်သားများဖြစ်ပြီး ကလေးငယ်များပင် ပါဝင်သည်။

ဂျပန်စစ်ဘက်သည် ထိုစခန်းသို့ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် စစ်သုံ့ပန်းများကိုလည်း ပို့ဆောင်ခဲ့သည်။

အကျဉ်းသားများကို ထမင်း၊ အသား၊ ငါးနှင့် တခါတရံတွင် အရက်သေစာပါ တိုက်ကျွေးကာ ကျန်းမာအောင် ထားရှိသည်။ ဆေးပညာစမ်းသပ်မှုများအတွက် အကျဉ်းသားတို့၏ ခန္ဓာကိုယ်များ ကောင်းမွန်သည့် အခြေအနေ ရှိစေရန် ဖြစ်သည်။

 

(တရုတ်အရပ်သားလူငယ်တစ်ဦးကို Unit 731 တွင် ဘက်တီးရီးယားပိုးများဖြင့် စမ်းသပ်နေပုံ။)

 

(Unit 731 က လုပ်ဆောင်ခဲ့သော ဘက်တီးရီးယားစမ်းသပ်မှုကြောင့် ပလိပ်ရောဂါ စွဲကပ်သွားသော လူနာတစ်ဦး၏ အနာ။)

အကျဉ်းစခန်းရှိ ကလေးငယ်တို့အား ဒေါင့်သန်းရောဂါပိုးများ ထည့်သွင်းထားသော ချောကလက်များ ကျွေးကာ ရောဂါကူးစက်စေခဲ့ပြီး ကုသပုံစမ်းသပ်ချက်များ ပြုလုပ်ခဲ့သည်။

“ရှိဒိုအိရှိ ဒါမှမဟုတ် သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူဦးနှောက်ကို သုတေသနလုပ်ချင်တဲ့ အခါမျိုးမှာ ထောင်ဝါဒါတွေကို ဦးနှောက်တစ်ခု ယူခဲ့ဖို့ အမိန့်ပေးပါတယ်”ဟု Factories of Death အမည်ရှိ စာအုပ်ကို ရေးသားခဲ့သူ Sheldon H.Harris က ရေးသားဖော်ပြသည်။

“အကျဉ်းသားတစ်ယောက်ကို သူ့ရဲ့အကျဉ်းခန်းထဲကနေ ခေါ်ထုတ်လိုက်တယ်။ ထောင်ဝါဒါတွေက သူ့ကို ဝိုင်းချုပ်ထားပြီး တခြားထောင်ဝါဒါတစ်ယောက်က အကျဉ်းသားရဲ့ခေါင်းကို ပုဆိန်နဲ့ ခုတ်ခွဲလိုက်ပါတယ်။ ပြီးရင် ဦးနှောက်ကို ထုတ်ယူပြီး ဓာတ်ခွဲခန်းကို ချက်ချင်းသွားပို့တယ်။”

“အလောင်းကိုတော့ ရောဂါဗေဒဌာနကို ချက်ချင်းပို့လိုက်တယ်။ ပြီးရင်တော့ မီးသဂြိုလ်စက်ဆီကို ယူသွား ပါတယ်။”

အဆိုပါ အကျဉ်းစခန်းတွင် အရှင်လတ်လတ်ခွဲစိတ်မှုများကိုလည်း မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း ထိုစခန်းတွင် အလုပ်လုပ်ခဲ့ဖူးသူတို့က ထုတ်ဖော်ပြောကြားပြီး တခါတရံတွင် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင် ခဲ့ရကြောင်း နောင် ဆယ်စုနှစ် များစွာကြာသောအခါတွင် ထုတ်ဖော် ပြောပြကြသည်။

Unit 73 1 တွင် အလုပ်လုပ်ခဲ့ဖူးပြီး ယခုအခါ အသက် ၇၀ ကျော်အရွယ်ရှိနေပြီ ဖြစ်သူ လယ်သမားတစ်ဦးက နယူးယောက်တိုင်းမ် သတင်းစာကြီးကို ၁၉၉၅ ခုနှစ်အတွင်း ပြောပြခဲ့ဖူးသည်မှာ ထိုစခန်းတွင် ၎င်းကိုယ်တိုင် လူတစ်ဦးအား အရှင်လတ်လတ် ဗိုက်ခွဲခဲ့ရဖူးသည်ဟု ဆိုသည်။

“အဲဒီလူက သူ့ကို ဘာလုပ်တော့မယ်ဆိုတာ သိနေတယ်။ ဒါကြောင့် သူ့ကို အခန်းထဲခေါ်သွားပြီး ကြိုးချည် လိုက်တဲ့အချိန်မှာ ရုန်းကန်တာတွေ မလုပ်ခဲ့ဘူး”ဟု ၎င်းက ပြောပြသည်။

“ဒါပေမဲ့ ကျွန်တော် ခွဲစိတ်ဓားကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ သူ စူးစူးရွားရွား ထအော်တော့တာပဲ။”

“ကျွန်တော်သူ့ကို ရင်ဘတ်ကနေ ဗိုက်အထိ ခွဲချလိုက်တယ်။ သူကြောက်စရာကောင်းလောက်အောင် အော်ပါတယ်။ သူ့မျက်နှာမှာ ဒေါသတကြီးဖြစ်နေတယ်။ တစ်ခါမှ မကြားဖူးတဲ့ အသံမျိုးတွေ သူ့ဆီက ထွက်လာတယ်။ နောက်ဆုံးမှာတော့ သူမအော်နိုင်တော့ပါဘူး။”

“ဒါမျိုးက ခွဲစိတ်ဆရာဝန်တွေအတွက် နေ့တိုင်းကြုံရမယ့် အလုပ်မျိုးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပထမဆုံး အတွေ့အကြုံပါ။”

(ဟာဘင်းမြို့ရှိ ဂျပန်တို့၏ Unit 731 ကို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် အများပြည်သူတို့အား ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။)

 

အဆိုပါ စခန်းတွင် ကမ္ဘာပေါ်ရှိ လူအားလုံးကို အကြိမ်ပေါင်းများစွာ သတ်နိုင်သော ရောဂါပိုးမွှားများလည်း ထုတ်လုပ်ခဲ့ရာ ပလိပ်ရောဂါ ဘက်တီးရီးယားပိုး ကီလို ၃၀၀၊ ဒေါင့်သန်းရောဂါပိုး ကီလို ၅၀၀ ၊ ဝမ်းကိုက်ပိုးနှင့် ကာလဝမ်းရောဂါပိုး တစ်တန်နီးပါး လစဉ်ထုတ်လုပ်ခဲ့သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Japan's hellish 'Unit 731' where WW2 inmates were raped to infect them with syphilis, PoWs burnt alive in flamethrower practice and children given 'anthrax chocolates' in horrific human experiments overseen by 'Dr Death' (dailymail)

Photo Credit: dailymail

 

 

[Zawgyi]

ေဒါင့္သန္းပိုးထည့္ထားေသာ ေခ်ာကလက္၊ ေဒါက္တာေသမင္းႏွင့္ ဂ်ပန္ေခတ္ ေၾကာက္မက္ဖြယ္ ငရဲခန္းမ်ား ဖန္တီးခဲ့သည့္ ဂ်ပန္တပ္မေတာ္၏ Unit 731 အေျခစိုက္ခဲ့ေသာ တရုတ္ျပည္အေရွ႕ေျမာက္ပိုင္းမွ ျပန္လမ္းမဲ့ ေသမင္းတမန္ အုတ္အေဆာက္အအံုၾကီး

တရုတ္ျပည္အေရွ႕ေျမာက္ပိုင္း အုတ္တိုက္ အေဆာက္အအံုၾကီးတစ္ခု၏ ျမင့္မားေသာ နံရံၾကီးမ်ား ေနာက္ကြယ္တြင္ ဂ်ပန္တပ္မေတာ္၏ Unit 731 က လုပ္ေဆာင္ခဲ့ေသာ ထိတ္လန္႔ ေျခာက္ျခားဖြယ္ ငရဲခန္းမ်ားကို ျပင္ပကမၻာက ဆယ္စုႏွစ္မ်ားစြာ မသိခဲ့ၾကေခ်။

ကြမ္တံုတပ္မေတာ္၏ “ကပ္ေရာဂါေဘး ၾကိဳတင္ကာကြယ္ေရးႏွင့္ ေရသန္႔စင္ေရးဌာန” ဟု လွ်ိဳ႕ဝွက္အမည္ေပး ထားေသာ ထိုအေဆာက္အအံုၾကီးသည္ စင္စစ္ကား ဂ်ပန္စစ္ဘက္၏ အက်ဥ္းစခန္းတစ္ခု ျဖစ္ျပီး ထိုအက်ဥ္းစခန္းထဲသို႔ အက်ဥ္းသား ေထာင္ေပါင္းမ်ားစြာ ဝင္ေရာက္သြားခဲ့ၾကသည္။

သို႔ေသာ္ ထုိသူတို႔မွာ မည္သည့္အခါမွ ျပန္ထြက္မလာႏိုင္ၾကေတာ့ေခ်။

ထိုအေဆာက္အအံုၾကီးအတြင္း လူသားတို႔ကို စမ္းသပ္ခံသတၱဝါမ်ားသဖြယ္ အသံုးျပဳကာ သိပၸံစမ္းသပ္မႈမ်ား အတြက္ ညွင္းပန္းႏွိပ္စက္ သတ္ျဖတ္ခဲ့ျပီး လူ႔သမိုင္းတြင္ အယုတ္မာဆံုးေသာ ရာဇဝတ္မႈမ်ားကို ဂ်ပန္စစ္ဘက္ က က်ဴးလြန္ခဲ့ေၾကာင္း အဂၤလန္အေျခစိုက္ dailymail သတင္းဌာနက ေဖာ္ျပသည္။

အျပစ္မရွိေသာ အမ်ဳိးသား၊ အမ်ဳိးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားမွာ ေတြးပင္ မေတြးဝံ့ေလာက္ေသာ အလြန္တရာ ရက္စက္ၾကမ္းၾကဳတ္လွသည့္ နည္းလမ္းမ်ားျဖင့္ အသတ္ခံခဲ့ၾကရသည္။

အရွင္လတ္လတ္ ဗိုက္ခြဲျခင္း၊ ေၾကာက္မက္ဖြယ္ ဗိုင္းရပ္စ္ပိုးမ်ား ကူးစက္ေစကာ စမ္းသပ္ျခင္း၊ မုဒိမ္းက်င့္ျခင္း၊ မီးေတာက္မႈတ္ပစၥည္းမ်ားျဖင့္ ပစ္မွတ္ေလ့က်င့္ျခင္း၊ ပလိပ္ေရာဂါပိုးထည့္သြင္းထားေသာ ဗံုးၾကဲကာ စမ္းသပ္ျခင္းမ်ား ျပဳလုပ္ခံခဲ့ၾကရသည္။

ႏႈတ္မွပင္ ထုတ္မေျပာဝံ့ေလာက္ေအာင္ ရက္စက္ၾကမ္းၾကဳတ္ေသာ ရာဇဝတ္မႈမ်ားကို ၾကီးၾကပ္ေဆာင္ရြက္ခဲ့ သူမွာ Unit 731 မွ ေဒါက္တာေသမင္းဟု ေခၚၾကေသာ ရွိဒို အိရွိ ျဖစ္သည္။

ရွိဒို အိရွိသည္ ၾသဇာတိကၠမၾကီးေသာ ခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္ျပီး အစြန္းေရာက္အမ်ဳိးသားေရး တယူသန္သမား ျဖစ္ကာ ေသမင္းတမန္ အက်ဥ္းစခန္း၏ ၾကမ္းၾကဳတ္ရက္စက္ ယုတ္မာမႈမ်ားကို ပံုေဖာ္ခဲ့သူဟု အမ်ားက သံုးသပ္ထားၾကသည္။

(ဟာဘင္းျမိဳ႕ေတာ္၏ ေတာင္ဘက္ ၁၅ မိုင္အကြာတြင္ တည္ရွိေသာ ပင္ဖန္အမည္ရွိ ျမဳိ႕တြင္ ဂ်ပန္စစ္ဘက္၏ Unit 731 အေျခစိုက္ခဲ့သည္။ ပံုတြင္ ေတြ႔ရသည္မွာ ဂ်ပန္တို႔ ေဖာက္ခြဲဖ်က္ဆီးထားခဲ့ေသာ ပင္ဖန္ျမဳိ႕၏ ျမင္ကြင္း ျဖစ္သည္။)

(တရုတ္အရပ္သားမ်ားႏွင့္ မဟာမိတ္စစ္သံု႔ပန္းတို႔မွာ အရွင္လတ္လတ္ ဗိုက္ခြဲခံရျခင္း၊ ပလိပ္ေရာဂါပိုးမ်ား အကူးခံေစျခင္းမ်ား ျပဳလုပ္ခံခဲ့ရသည္။ )

(အက်ဥ္းသားတို႔၏ ေျခလက္တို႔တြင္ ႏွင္းကိုက္သည့္ေရာဂါ ျဖစ္ေစရန္ တမင္ျပဳလုပ္ကာ ကုသပံု နည္းလမ္း အမ်ဳိးမ်ဳိးကို လူသားမ်ားျဖင့္ စမ္းသပ္ခဲ့သည္။ )

(ထိုအဖြဲ႔၏ ရာဇဝတ္မႈမ်ားကို လက္စေဖ်ာက္ရန္အတြက္ ရက္စက္စြာ သတ္ျဖတ္ခံရေသာ အက်ဥ္းသားမ်ား၏ မီးရိႈ႕ထားေသာ အရိုးစုမ်ားကို ေျမျမွဳပ္ရာတြင္ ရွိမိဇု ဆိုသူလည္း ပါဝင္ခဲ့သည္။ ပံုတြင္ ေတြ႔ရသည္မွာ Unit 731တြင္ ေျမျမွဳပ္ရန္ တြင္းတူးေနပံုျဖစ္သည္)

(အက်ဥ္းစခန္း၏ ေကာင္းကင္ဓာတ္ပံု)

ဂ်ပန္စစ္ဘက္၏ ခြဲစိတ္ဆရာဝန္ အိရွိသည္ ေရာဂါပိုးမႊားစစ္ပြဲ၊ ပိုးမႊားလက္နက္စြမ္းပကားတို႔ကို သုေတသန လုပ္ရန္အတြက္ ၁၉၃၆ ခုႏွစ္တြင္ ဇီဝစစ္ပြဲသုေတသနဌာနကို တည္ေထာင္ခဲ့သည္။

ရွိဒို အိရွိသည္ အဆိုပါ သုေတသနအတြက္ အစိုးရေထာက္ပ့ံေငြ မ်ားစြာရရွိခဲ့သည့္အျပင္ ဧကရာဇ္ ဟီရိုဟီတို၏ အားေပးမႈလည္း ရရွိခဲ့သည္။

ဂ်ပန္တပ္မ်ား မန္ခ်ဴးရီးယား (ယေန႔ေခတ္ တရုတ္ျပည္) သို႔ တိုက္ခိုက္က်ဴးေက်ာ္ဝင္ေရာက္ခဲ့ျပီး မၾကာမီတြင္ ရွိဒို အိရွိ ေရာက္ရွိလာသည္။

ျမိဳ႕ေတာ္ ဟာဘင္း၏ ေတာင္ဘက္ ၁၅ မိုင္အကြာတြင္တည္ရွိေသာ ပင္ဖန္အမည္ရွိ ျမိဳ႕ကို Unit 731 အေျခစိုက္ရန္ ေရြးခ်ယ္ခဲ့သည္။

ျမိဳ႕အနီးဝန္းက်င္တြင္ ထိုစခန္းအား စီးမိုးၾကည့္ရႈႏိုင္မည့္ အထပ္ျမင့္ အေဆာက္အအံုမ်ား ေဆာက္လုပ္ျခင္းကို ဂ်ပန္စစ္ဘက္က ခြင့္မျပဳခဲ့ေခ်။

စခန္းတည္ေထာင္ျပီးသည္ႏွင့္ ဂ်ပန္စစ္ရဲတို႔က ထိုစခန္းတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ရန္ သားေကာင္မ်ား လိုက္လံရွာေဖြေတာ့သည္။

၎တို႔ ဖမ္းဆီးခဲ့သူ အမ်ားစုမွာ တရုတ္အရပ္သားမ်ားျဖစ္ျပီး ကေလးငယ္မ်ားပင္ ပါဝင္သည္။

ဂ်ပန္စစ္ဘက္သည္ ထိုစခန္းသို႔ ရုရွား၊ ျဗိတိန္ႏွင့္ အေမရိကန္ စစ္သံု႔ပန္းမ်ားကိုလည္း ပို႔ေဆာင္ခဲ့သည္။

အက်ဥ္းသားမ်ားကို ထမင္း၊ အသား၊ ငါးႏွင့္ တခါတရံတြင္ အရက္ေသစာပါ တုိက္ေကၽြးကာ က်န္းမာေအာင္ ထားရွိသည္။ ေဆးပညာစမ္းသပ္မႈမ်ားအတြက္ အက်ဥ္းသားတို႔၏ ခႏၶာကိုယ္မ်ား ေကာင္းမြန္သည့္ အေျခအေန ရွိေစရန္ ျဖစ္သည္။

(တရုတ္အရပ္သားလူငယ္တစ္ဦးကို Unit 731 တြင္ ဘက္တီးရီးယားပိုးမ်ားျဖင့္ စမ္းသပ္ေနပံု။)

(Unit 731 က လုပ္ေဆာင္ခဲ့ေသာ ဘက္တီးရီးယားစမ္းသပ္မႈေၾကာင့္ ပလိပ္ေရာဂါ စြဲကပ္သြားေသာ လူနာတစ္ဦး၏ အနာ။)

အက်ဥ္းစခန္းရွိ ကေလးငယ္တို႔အား ေဒါင့္သန္းေရာဂါပိုးမ်ား ထည့္သြင္းထားေသာ ေခ်ာကလက္မ်ား ေကၽြးကာ ေရာဂါကူးစက္ေစခဲ့ျပီး ကုသပံုစမ္းသပ္ခ်က္မ်ား ျပဳလုပ္ခဲ့သည္။

“ရွိဒိုအိရွိ ဒါမွမဟုတ္ သူနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြက လူဦးေႏွာက္ကို သုေတသနလုပ္ခ်င္တဲ့ အခါမ်ဳိးမွာ ေထာင္ဝါဒါေတြကို ဦးေႏွာက္တစ္ခု ယူခဲ့ဖို႔ အမိန္႔ေပးပါတယ္”ဟု Factories of Death အမည္ရွိ စာအုပ္ကို ေရးသားခဲ့သူ Sheldon H.Harris က ေရးသားေဖာ္ျပသည္။

“အက်ဥ္းသားတစ္ေယာက္ကို သူ႔ရဲ႕အက်ဥ္းခန္းထဲကေန ေခၚထုတ္လုိက္တယ္။ ေထာင္ဝါဒါေတြက သူ႔ကို ဝိုင္းခ်ဳပ္ထားျပီး တျခားေထာင္ဝါဒါတစ္ေယာက္က အက်ဥ္းသားရဲ႕ေခါင္းကို ပုဆိန္နဲ႔ ခုတ္ခြဲလိုက္ပါတယ္။ ျပီးရင္ ဦးေႏွာက္ကို ထုတ္ယူျပီး ဓာတ္ခြဲခန္းကို ခ်က္ခ်င္းသြားပို႔တယ္။”

“အေလာင္းကိုေတာ့ ေရာဂါေဗဒဌာနကို ခ်က္ခ်င္းပို႔လိုက္တယ္။ ျပီးရင္ေတာ့ မီးသျဂိဳလ္စက္ဆီကို ယူသြား ပါတယ္။”

အဆိုပါ အက်ဥ္းစခန္းတြင္ အရွင္လတ္လတ္ခြဲစိတ္မႈမ်ားကိုလည္း မၾကာခဏ လုပ္ေဆာင္ေလ့ရွိေၾကာင္း ထိုစခန္းတြင္ အလုပ္လုပ္ခဲ့ဖူးသူတို႔က ထုတ္ေဖာ္ေျပာၾကားျပီး တခါတရံတြင္ ၎တို႔ကုိယ္တုိင္ လုပ္ေဆာင္ ခဲ့ရေၾကာင္း ေနာင္ ဆယ္စုႏွစ္ မ်ားစြာၾကာေသာအခါတြင္ ထုတ္ေဖာ္ ေျပာျပၾကသည္။

Unit 73 1 တြင္ အလုပ္လုပ္ခဲ့ဖူးျပီး ယခုအခါ အသက္ ၇၀ ေက်ာ္အရြယ္ရွိေနျပီ ျဖစ္သူ လယ္သမားတစ္ဦးက နယူးေယာက္တိုင္းမ္ သတင္းစာၾကီးကို ၁၉၉၅ ခုႏွစ္အတြင္း ေျပာျပခဲ့ဖူးသည္မွာ ထုိစခန္းတြင္ ၎ကိုယ္တိုင္ လူတစ္ဦးအား အရွင္လတ္လတ္ ဗိုက္ခြဲခဲ့ရဖူးသည္ဟု ဆိုသည္။

“အဲဒီလူက သူ႔ကို ဘာလုပ္ေတာ့မယ္ဆိုတာ သိေနတယ္။ ဒါေၾကာင့္ သူ႔ကို အခန္းထဲေခၚသြားျပီး ၾကိဳးခ်ည္ လိုက္တဲ့အခ်ိန္မွာ ရုန္းကန္တာေတြ မလုပ္ခဲ့ဘူး”ဟု ၎က ေျပာျပသည္။

“ဒါေပမဲ့ ကၽြန္ေတာ္ ခြဲစိတ္ဓားကို ေကာက္ကိုင္လိုက္တဲ့အခ်ိန္မွာ သူ စူးစူးရြားရြား ထေအာ္ေတာ့တာပဲ။”

“ကၽြန္ေတာ္သူ႔ကို ရင္ဘတ္ကေန ဗိုက္အထိ ခြဲခ်လိုက္တယ္။ သူေၾကာက္စရာေကာင္းေလာက္ေအာင္ ေအာ္ပါတယ္။ သူ႔မ်က္ႏွာမွာ ေဒါသတၾကီးျဖစ္ေနတယ္။ တစ္ခါမွ မၾကားဖူးတဲ့ အသံမ်ဳိးေတြ သူ႔ဆီက ထြက္လာတယ္။ ေနာက္ဆံုးမွာေတာ့ သူမေအာ္ႏိုင္ေတာ့ပါဘူး။”

“ဒါမ်ဳိးက ခြဲစိတ္ဆရာဝန္ေတြအတြက္ ေန႔တိုင္းၾကံဳရမယ့္ အလုပ္မ်ဳိးပါပဲ။ ဒါေပမဲ့ ကၽြန္ေတာ့္အတြက္ေတာ့ ပထမဆံုး အေတြ႔အၾကံဳပါ။”

(ဟာဘင္းျမိဳ႕ရွိ ဂ်ပန္တို႔၏ Unit 731 ကို ဒုတိယကမၻာစစ္ၾကီး ျပီးဆံုးသည့္ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ အမ်ားျပည္သူတု႔ိအား ဝင္ေရာက္ၾကည့္ရႈခြင့္ေပးခဲ့သည္။)

အဆိုပါ စခန္းတြင္ ကမၻာေပၚရွိ လူအားလံုးကို အၾကိမ္ေပါင္းမ်ားစြာ သတ္ႏိုင္ေသာ ေရာဂါပိုးမႊားမ်ားလည္း ထုတ္လုပ္ခဲ့ရာ ပလိပ္ေရာဂါ ဘက္တီးရီးယားပိုး ကီလို ၃၀၀၊ ေဒါင့္သန္းေရာဂါပိုး ကီလို ၅၀၀ ၊ ဝမ္းကိုက္ပိုးႏွင့္ ကာလဝမ္းေရာဂါပိုး တစ္တန္နီးပါး လစဥ္ထုတ္လုပ္ခဲ့သည္ဟု ဆိုသည္။

 

 

Ref: Inside Japan's hellish 'Unit 731' where WW2 inmates were raped to infect them with syphilis, PoWs burnt alive in flamethrower practice and children given 'anthrax chocolates' in horrific human experiments overseen by 'Dr Death' (dailymail)

Photo Credit: dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service