မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်း ၁၀၀ ငှားရမ်းထား
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်း ၁၀၀ ငှားရမ်းထား - Property News in Myanmar from iMyanmarHouse.com
16 Jul 2024 12:16 pm တွင် တင်ခဲ့သည်
1186 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ် အမ်ဘာနီ၏ အငယ်ဆုံးသား အာနန့် အမ်ဘာနီနှင့် စီးပွားရေး လုပ်ငန်းရှင် ဗီရန် မားချန့်၏ သမီးဖြစ်သူ ရာဒီကာ မားချန့်တို့၏ မင်္ဂလာပွဲကြီးကို အခမ်းနားဆုံးဖြစ်စေရန် စီစဉ်ထားပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်များစွာ တက်ရောက်ရန် စီစဉ်ထားသည်။
နှစ်ဘက်မိသားစုတို့သည် ကြီးကျယ်ခမ်းနားသော ပွဲပေါင်းများစွာ ပြုလုပ်ထားပြီးဖြစ်ကာ စီးပွားရေးနယ်မှ ဒိတ်ဒိတ်ကြဲများ၊ စီအီးအိုများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အကျော်အမော်ကြယ်ပွင့်များနှင့် စက်မှုလုပ်ငန်းရှင်များ အပါအဝင် ကမ္ဘာတဝန်းမှ အထင်ကရပုဂ္ဂိုလ်များစွာ တက်ရောက်ခဲ့ကြသည်။
၃ ရက်ကြာကျင်းပခဲ့သော မင်္ဂလာပွဲအတွက် ကန်ဒေါ်လာ ၁၂၉ သန်းခန့် ကုန်ကျခဲ့သည်။
အကြိုမင်္ဂလာပွဲများအပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၃၂၀ ကျော်အထိ ကုန်ကျခဲ့သည်ဟု ခန့်မှန်းကြသည်။
မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူများတွင် Mark Zuckerberg ၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ်၊ ဘီလ်ဂိတ်၊ ဒေးဗစ်ဘက်ခမ်းစုံတွဲ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့အပါအဝင် ဘောလိဝုဒ်ကြယ်ပွင့်များနှင့် ပေါ့ပ်ကြယ်ပွင့်များ တက်ရောက်ခဲ့ကြသည်။
(ကင်မ်ကာဒါရှီယန်နှင့် ခလိုကာဒါရှီယန်တို့ အိန္ဒိယသမိုင်းတလျှောက် အခမ်းနားဆုံး မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကြသည်)
(ဒေါ်လာ သန်းရာချီကုန်ကျခဲ့သော ထိမ်းမြားမင်္ဂလာ ဆင်နွှဲခဲ့ကြသည့် အာနန့် အမ်ဘာနီနှင့် ရာဒီကာ မားချန့်တို့ စုံတွဲ)
(ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ဇနီးဖြစ်သူ ရှေရီဘလဲတို့ တက်ရောက်ခဲ့ပုံ။ ဓာတ်ပုံ-Getty Images)
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူတို့ စုံတွဲအား ဒူဘိုင်းရှိ ကန်ဒေါ်လာ သန်း ၈၀ တန်ကြေးရှိ စံအိမ်ကြီးတစ်လုံး လက်ဖွဲ့ပေးခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အာနန့်တို့စုံတွဲကို ကန်ဒေါ်လာ ၆၄၀၀၀၀ တန်ကြေးရှိ Bentley Continental GTC Speed တစ်စီးနှင့် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ အထူးအော်ဒါမှာယူထားသော လက်ဝတ်ရတနာများ၊ အဝတ်အစားများလည်း လက်ဖွဲ့ခဲ့သည်။
အာနန့်တို့၏ အကြိုမင်္ဂလာပွဲကျင်းပစဉ်က ဂျပ်စတင်ဘီဘာ လာရောက်ကာ ဧည့်သည်တော်များကို ဖျော်ဖြေပေးခဲ့ပြီး အနုပညာကြေး ကန်ဒေါ်လာ ၉ သန်းပေးခဲ့ရသည်ဟု ဆိုသည်။
ယခုကျင်းပသည့် မင်္ဂလာပွဲတွင် Adele လည်း တက်ရောက်ဖျော်ဖြေခဲ့သည်ဟု ဆိုသည်။
အမ်ဘာနီမိသားစုသည် မင်္ဂလာပွဲသို့ တက်ရောက်မည့် ကမ္ဘာတဝန်းမှ ဧည့်သည်တော်များအတွက် လေယာဉ်ပေါင်း အစင်း ၁၀၀ ငှားရမ်းပေးထားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မွမ်ဘိုင်းမြို့တွင်လည်း ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များအားလုံးကို ငှားရမ်းပေးထားခဲ့ပြီး အဆိုပါကုန်ကျစရိတ်အားလုံးကို အမ်ဘာနီမိသားစုက ပေးချေခြင်း ဖြစ်သည်။
အတွင်းလူအချို့၏ ခန့်မှန်းချက်အရမူ ခရီးသွားလာရေး စီစဉ်ပေးထားမှုများ၊ ဟိုတယ်ငှားရမ်းမှုများ၊ လက်ဆောင်များ၊ အဝတ်အစား၊ အစားအသောက်နှင့် ဖျော်ဖြေရေးတို့ အပါအဝင် ထိမ်းမြားမင်္ဂလာအတွက် အရပ်ရပ်ကုန်ကျစရိတ်အားလုံးကို ထည့်သွင်း တွက်ချက်မည်ဆိုပါက ယခုအပြီးသတ်ကျင်းပသည့် မင်္ဂလာပွဲအတွက် ကန်ဒေါ်လာ သန်း ၆၄၀ ကျော် (ပေါင် သန်း ၅၀၀) ခန့်အထိ ကုန်ကျဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mukesh Ambani hires 100 planes, including 3 Falcon 2000 Jets, to transport guests to Anant Ambani and Radhika Merchant’s wedding (financialexpress)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service