ဂျပ်စတင် တင်းဘားလိတ်က ဂီတဖျော်ဖြေပွဲ လက်မှတ်ရောင်းချရမှု နည်းပါးမှုနှင့် ရင်ဆိုင်နေရချိန်တွင် နက်ရှ်ဗီးလ်မြို့ရှိ ၁၂၇ ဧက ကျယ်သော မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၈ သန်းဖြင့် ရောင်းချခဲ့သည့်သတင်း ‌ပေါ်ပေါက်လာ
ဂျပ်စတင် တင်းဘားလိတ်က ဂီတဖျော်ဖြေပွဲ လက်မှတ်ရောင်းချရမှု နည်းပါးမှုနှင့် ရင်ဆိုင်နေရချိန်တွင် နက်ရှ်ဗီးလ်မြို့ရှိ ၁၂၇ ဧက ကျယ်သော မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၈ သန်းဖြင့် ရောင်းချခဲ့သည့်သတင်း ‌ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
16 Jul 2024 11:41 am တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျပ်စတင် တင်းဘားလိတ်သည် အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးမြို့ အိမ်ခြံမြေ ဈေးကွက်တွင် ရွှေကြောတူးမိသွားသည်။
နက်ရှ်ဗီးမြို့ပြင်ရှိ ၁၂၇ ဧက ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းထုတ်ရာတွင် ကန်ဒေါ်လာ ၈ သန်း အထိ ရရှိခဲ့ခြင်း ဖြစ်သည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သူ တင်းဘားလိတ်သည် ထိုခြံကြီးကို မေလကုန်ပိုင်းတွင် ရောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာသည်။
ရောင်းထွက်ခဲ့သော ဈေးမှာ ပြီးခဲ့သောနွေရာသီတွင် အရောင်းဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးအောက် ကန်ဒေါ်လာ ၂ သန်း နည်းပါးသည်။
သို့သော် ဂျပ်စတင် တင်းဘားလိတ်အဖို့ ဝယ်ယူထားသော ဈေးနှုန်းထက် ၂ ဆ ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုခြံကြီးကို ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၄ သန်းသာ ပေးခဲ့ရသည်။
ဂျပ်စတင် တင်းဘားလိတ်သည် နယူးယောက်ပြည်နယ်၊ Hamptons အရပ်တွင် မူးယစ်သောက်စားကာ ယာဉ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခြင်းမခံရမီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် မွေးမြူရေးခြံကြီး အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
နက်ရှ်ဗီး၏ အိမ်ခြံမြေဈေးကွက်မှာ ဖွံ့ဖြိုးစည်ပင်နေသည်။
အဓိကအားဖြင့် လော့စ်အိန်ဂျလိကဲ့သို့ မြို့ကြီးများမှ ပြောင်းရွှေ့အခြေချလာသော လူသစ်များကြောင့် ဖြစ်သည်။
တင်းဘားလိတ်သည် အဆိုပါခြံဝန်းကို ဝယ်ယူခဲ့ရာတွင် ကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။
တင်းဘားလိတ်သည် တင်နက်ဆီပြည်နယ်ဇာတိဖြစ်ပြီး ‘N Sync ၏ အဖွဲ့ဝင်ဟောင်း ဖြစ်သည်။
(ခြံအကျယ်မှာ ၁၂၇ ဧက နီးပါးရှိသည်။ ဓာတ်ပုံ-Google Maps)
(ဂျပ်စတင် တင်းဘားလိတ်သည် ဤခြံကြီးကို ၂၀၁၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-WireImage for Vanity Fair)
Leiper’s Fork ကျေးရွာအနီးတွင် တည်ရှိပြီး စမ်းချောင်းတစ်ခု ရေစီးဝင်သော ငါးကန်၊ မိုင်ပေါင်းများစွာ ရှည်လျားသော လူသွားလမ်းများ၊ စားကျက်များ၊ စမ်းချောင်းများနှင့် အမဲလိုက်နိုင်သော နေရာများ ပါဝင်သည်။
ယခုခြံဝန်းကြီး ရောင်းချမှုမှာ ဂျပ်စတင် တင်းဘားလိတ်၏ Forget Tomorrow အမည်ရှိ ကမ္ဘာလှည့် ဂီတ ဖျော်ဖြေပွဲစဉ်တွင် လက်မှတ်များ မရောင်းရမှုနှင့်လည်း တိုက်ဆိုင်နေသည်။ ချီကာဂိုနှင့် နယူးယောက်တို့တွင် ဖျော်ဖြေမည့် ပွဲစဉ်များအတွက် လက်မှတ် ထောင်ပေါင်းများစွာ မရောင်းရဘဲ ကျန်ရှိနေဆဲ ဖြစ်သည်။
(မွေးမြူရေးခြံကြီးတွင် ဝင်ပေါက် ၂ ခုရှိကြောင်း ယခင်ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။ ဓာတ်ပုံ-Google Map)
(တင်နက်ဆီပြည်နယ်မှ မွေးမြူရေးခြံကို တင်းဘားလိတ်က ဒေါ်လာ ၈ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူစဉ်ပေးခဲ့ရသော ဈေးနှုန်းထက် ၂ ဆ ရရှိခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Doug Kuntz)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Justin Timberlake sells his 127-acre Nashville ranch amid DWI scandal and sluggish tour sales (nypost)
Photo Credit- WireImage for Vanity Fair, Google Maps, Doug Kuntz
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service