လန်ဒန်မှ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ပိုမိုကြီးမားသော တရုတ်ပြည်မှ ဂင်းနက်စ်စံချိန်တင် Dayang-Kunshan Grand တံတားကြီးနှင့် ကမ္ဘာတဝန်းမှ အခြားသော အကြီးမားဆုံး တံတားကြီးများ အကြောင်း

လန်ဒန်မှ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ပိုမိုကြီးမားသော တရုတ်ပြည်မှ ဂင်းနက်စ်စံချိန်တင် Dayang-Kunshan Grand တံတားကြီးနှင့် ကမ္ဘာတဝန်းမှ အခြားသော အကြီးမားဆုံး တံတားကြီးများ အကြောင်း - Property News in Myanmar from iMyanmarHouse.com
11 Jul 2024 1:52 pm တွင် တင်ခဲ့သည်
856 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တံတားတို့သည် မြို့များ၊ နိုင်ငံများနှင့် ယဉ်ကျေးမှုများကို ဆက်သွယ်ပေးသော တိုးတက်မှုနှင့် စည်းလုံးမှုတို့၏ အမှတ်သင်္ကေတများ ဖြစ်ကြသည်။

အချို့သောတံတားတို့မှာ သေးငယ်ကျဉ်းမြောင်းသော ရေပြင်တို့ကို ဖြတ်သန်းဆောက်လုပ်ထားကြပြီး အချို့ သော တံတားကြီးများမှာမူ အလွန်ရှည်လျားလှသော ခရီးအကွာအဝေးအထိ ဆန့်ထွက်ကာ အံ့ဖွယ်ရှည်လျား မှုဖြင့် ဖမ်းစားထားနိုင်ကြသည်။

တရုတ်ပြည်မှ ကမ္ဘာ့အကြီးမားဆုံး တံတားကြီးဆိုလျှင် လန်ဒန်မြို့ရှိ Tower Bridge တံတားကြီးထက် ၆၇၅ ဆ ခန့် ပိုမိုကြီးမားသည်။

((ကမ္ဘာ့အကြီးမားဆုံး တံတားကြီး ၃ စင်း))

 

Danyang-Kunshan Grand Bridge Changhua-Kaohsiung Viaduct Kita-Yaita Viaduct

 

((အမေရိကန် ပြည်ထောင်စုတွင် အကြီးမားဆုံး တံတား)) Lake Pontchartrain Causeway

 

(ဥရောပတွင် အကြီးမားဆုံး တံတား)) Vasco Da Gama Bridge

 

((ဗြိတိန်တွင် အကြီးမားဆုံး တံတား)) Bromford Viaduct

 

((အခြား နာမည်ကျော် တံတားများ))

Golden Gate Bridge Brooklyn Bridge Tower Bridge Francis Scott Key Bridge

 

((၁။ တရုတ်ပြည်တွင်း တည်ရှိသော ကမ္ဘာ့အရှည်လျားဆုံး တံတားကြီး))

 

တရုတ်ပြည်တွင် တည်ရှိသော Dayang-Kunshan Grand တံတားကြီးသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး တံတားဖြစ်ပြီး ၁၆၄ ဒသမ ၈ ကီလိုမီတာ (၁၀၂ ဒသမ ၄ မိုင်) ရှည်လျားကြောင်း ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်တွင် ဖော်ပြသည်။

အဆိုပါ အလျားမှာ နယူးယောက်မှ ဖီလာဒဲလ်ဖီးယားအကြား အကွာအဝေးထက် ပိုမိုရှည်လျားပြီး လန်ဒန်မြို့မှ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အကြား အကွာအဝေး၏ ထက်ဝက်ခန့် ရှိသည်။

ဆောက်လုပ်မှု ကုန်ကျစရိတ် ကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ကုန်ကျခဲ့ပြီး မြေပြင်မှ ပျမ်းမျှအမြင့် ပေ ၁၀၀ ရှိသည်။ ဆောက်လုပ်ရေးလုပ်သားပေါင်း ၁၀၀၀၀ ကျော်ဖြင့် ဆောက်လုပ်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့အကြား မြန်နှုန်းမြင့် ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိသည်။

(ကမ္ဘာ့အရှည်လျားဆုံး တံတား Dayang-Kunshan Grand တံတားကြီးသည် တရုတ်ပြည်တွင် တည်ရှိပြီး ၁၀၂ ဒသမ ၄ မိုင် ရှည်လျားသည်။)

 

((၂။ ကမ္ဘာ့ဒုတိယအရှည်လျားဆုံးတံတားကြီး၊ ထိုင်ဝမ်))

ထိုင်ဝမ်တွင် တည်ရှိသော Changhua-Kaohsiung Viaduct တံတားကြီးမှာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရှည်လျားဆုံး တံတားဖြစ်ပြီး အလျား ၁၅၇ ဒသမ ၃ ကီလိုမီတာ (၉၇ ဒသမ ၈ မိုင်) ရှည်လျားသည်။

ထိုင်ဝမ်မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိပြီး ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့သည်။

((၃။ ကမ္ဘာ့တတိယ အရှည်လျားဆုံးတံတား၊ ဂျပန် ))

ကမ္ဘာ့အရှည်လျားဆုံး တံတားများ စာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသည်မှာ ဂျပန်နိုင်ငံရှိ Kita-Yaita Viaduct တံတားကြီး ဖြစ်သည်။

အလျား ၁၁၄ ဒသမ ၄ ကီလိုမီတာ (၇၁ မိုင်) ရှည်လျားပြီး တိုကျိုမှ Aomori မြို့တို့ကို ဆက်သွယ်ပေးထား သည့် ရှင်ကန်ဆန် ကျည်ဆံရထားလမ်းတွင် တည်ရှိသည်။

 

((အမေရိကန်ပြည်ထောင်စုတွင် အရှည်လျားဆုံး တံတားကြီး))

 

(Lake Pontchartrain Causeway တံတားကြီးသည် အမေရိကန်ပြည်ထောင်စုတွင် အရှည်လျားဆုံး တံတားကြီး ဖြစ်သည်။)

 

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့ပြင်တွင် တည်ရှိသော Lake Pontchartrain Causeway တံတားကြီးသည် အမေရိကန်ပြည်ထောင်စုတွင် အရှည်လျားဆုံး တံတားကြီး ဖြစ်သည့်အပြင် ရေပြင်ပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားသော တံတားများအနက် ကမ္ဘာ့အရှည်လျားဆုံး တံတားလည်း ဖြစ်သည်။

အလျား ၃၈ ကီလိုမီတာ (၂၄ မိုင်) ရှိပြီး ကွန်ကရစ် Pile ပေါင်း ၉၅၀၀ ဖြင့် ထောက်မထားကာ နေ့စဉ် ယာဉ်အစီးရေ ၄၀၀၀၀ ကျော် ဖြတ်သန်းနေကြောင်း National Geographic က ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World's biggest bridges revealed after collapse of colossal Baltimore landmark - and how London's historic Tower Bridge is 675 times SMALLER than China's £7billion mega-construction (dailymail)

Photo Credit: daily mail

 

 

 

[Zawgyi]

 

လန္ဒန္မွ Tower Bridge တံတားၾကီးထက္ ၆၇၅ ဆ ပိုမိုၾကီးမားေသာ တရုတ္ျပည္မွ ဂင္းနက္စ္စံခ်ိန္တင္ Dayang-Kunshan Grand တံတားၾကီးႏွင့္ ကမၻာတဝန္းမွ အျခားေသာ အၾကီးမားဆံုး တံတားၾကီးမ်ား အေၾကာင္း

 

တံတားတို႔သည္ ျမဳိ႕မ်ား၊ ႏိုင္ငံမ်ားႏွင့္ ယဥ္ေက်းမႈမ်ားကို ဆက္သြယ္ေပးေသာ တိုးတက္မႈႏွင့္ စည္းလံုးမႈတို႔၏ အမွတ္သေကၤတမ်ား ျဖစ္ၾကသည္။

အခ်ဳိ႕ေသာတံတားတို႔မွာ ေသးငယ္က်ဥ္းေျမာင္းေသာ ေရျပင္တို႔ကို ျဖတ္သန္းေဆာက္လုပ္ထားၾကျပီး အခ်ဳိ႕ ေသာ တံတားၾကီးမ်ားမွာမူ အလြန္ရွည္လ်ားလွေသာ ခရီးအကြာအေဝးအထိ ဆန္႔ထြက္ကာ အံ့ဖြယ္ရွည္လ်ား မႈျဖင့္ ဖမ္းစားထားႏိုင္ၾကသည္။

တရုတ္ျပည္မွ ကမၻာ့အၾကီးမားဆံုး တံတားၾကီးဆိုလွ်င္ လန္ဒန္ျမဳိ႕ရွိ Tower Bridge တံတားၾကီးထက္ ၆၇၅ ဆ ခန္႔ ပိုမိုၾကီးမားသည္။

((ကမၻာ့အၾကီးမားဆံုး တံတားၾကီး ၃ စင္း))

Danyang-Kunshan Grand Bridge Changhua-Kaohsiung Viaduct Kita-Yaita Viaduct

((အေမရိကန္ ျပည္ေထာင္စုတြင္ အၾကီးမားဆံုး တံတား)) Lake Pontchartrain Causeway

(ဥေရာပတြင္ အၾကီးမားဆံုး တံတား)) Vasco Da Gama Bridge

((ျဗိတိန္တြင္ အၾကီးမားဆံုး တံတား)) Bromford Viaduct

((အျခား နာမည္ေက်ာ္ တံတားမ်ား)) Golden Gate Bridge Brooklyn Bridge Tower Bridge Francis Scott Key Bridge

 

((၁။ တရုတ္ျပည္တြင္း တည္ရိွေသာ ကမၻာ့အရွည္လ်ားဆံုး တံတားၾကီး))

တရုတ္ျပည္တြင္ တည္ရွိေသာ Dayang-Kunshan Grand တံတားၾကီးသည္ ကမၻာေပၚတြင္ အရွည္လ်ားဆံုး တံတားျဖစ္ျပီး ၁၆၄ ဒသမ ၈ ကီလိုမီတာ (၁၀၂ ဒသမ ၄ မိုင္) ရွည္လ်ားေၾကာင္း ဂင္းနက္စ္ ကမၻာ့စံခ်ိန္ မွတ္တမ္းစာအုပ္တြင္ ေဖာ္ျပသည္။

အဆိုပါ အလ်ားမွာ နယူးေယာက္မွ ဖီလာဒဲလ္ဖီးယားအၾကား အကြာအေဝးထက္ ပိုမိုရွည္လ်ားျပီး လန္ဒန္ျမိဳ႕မွ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕အၾကား အကြာအေဝး၏ ထက္ဝက္ခန္႔ ရွိသည္။

ေဆာက္လုပ္မႈ ကုန္က်စရိတ္ ကန္ေဒၚလာ ၈ ဒသမ ၅ ဘီလီယံ ကုန္က်ခဲ့ျပီး ေျမျပင္မွ ပ်မ္းမွ်အျမင့္ ေပ ၁၀၀ ရွိသည္။ ေဆာက္လုပ္ေရးလုပ္သားေပါင္း ၁၀၀၀၀ ေက်ာ္ျဖင့္ ေဆာက္လုပ္ခဲ့ရျပီး ၂၀၁၁ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည္။

ေပက်င္းျမိဳ႕မွ ရွန္ဟိုင္းျမိဳ႕အၾကား ျမန္ႏႈန္းျမင့္ ရထားလမ္း၏ အစိတ္အပိုင္းတစ္ခုအျဖစ္ တည္ရွိသည္။

(ကမၻာ့အရွည္လ်ားဆံုး တံတား Dayang-Kunshan Grand တံတားၾကီးသည္ တရုတ္ျပည္တြင္ တည္ရွိျပီး ၁၀၂ ဒသမ ၄ မိုင္ ရွည္လ်ားသည္။)

((၂။ ကမၻာ့ဒုတိယအရွည္လ်ားဆံုးတံတားၾကီး၊ ထိုင္ဝမ္))

ထိုင္ဝမ္တြင္ တည္ရွိေသာ Changhua-Kaohsiung Viaduct တံတားၾကီးမွာ ကမၻာေပၚတြင္ ဒုတိယေျမာက္ အရွည္လ်ားဆံုး တံတားျဖစ္ျပီး အလ်ား ၁၅၇ ဒသမ ၃ ကီလိုမီတာ (၉၇ ဒသမ ၈ မိုင္) ရွည္လ်ားသည္။

ထိုင္ဝမ္ျမန္ႏႈန္းျမင့္ ရထားလမ္းကြန္ရက္၏ အစိတ္အပိုင္းတစ္ခုအျဖစ္ တည္ရွိျပီး ၂၀၀၇ ခုႏွစ္တြင္ ေဆာက္လုပ္ ျပီးစီးခဲ့သည္။

((၃။ ကမၻာ့တတိယ အရွည္လ်ားဆံုးတံတား၊ ဂ်ပန္ ))

ကမၻာ့အရွည္လ်ားဆံုး တံတားမ်ား စာရင္းတြင္ တတိယေနရာ၌ ရပ္တည္ေနသည္မွာ ဂ်ပန္ႏိုင္ငံရွိ Kita-Yaita Viaduct တံတားၾကီး ျဖစ္သည္။

အလ်ား ၁၁၄ ဒသမ ၄ ကီလိုမီတာ (၇၁ မိုင္) ရွည္လ်ားျပီး တိုက်ဳိမွ Aomori ျမိဳ႕တို႔ကို ဆက္သြယ္ေပးထား သည့္ ရွင္ကန္ဆန္ က်ည္ဆံရထားလမ္းတြင္ တည္ရွိသည္။

((အေမရိကန္ျပည္ေထာင္စုတြင္ အရွည္လ်ားဆံုး တံတားၾကီး))

(Lake Pontchartrain Causeway တံတားၾကီးသည္ အေမရိကန္ျပည္ေထာင္စုတြင္ အရွည္လ်ားဆံုး တံတားၾကီး ျဖစ္သည္။)

အေမရိကန္ျပည္ေထာင္စု၊ လူဝီစီယားနားျပည္နယ္၊ နယူးေအာ္လင္းျမဳိ႕ျပင္တြင္ တည္ရွိေသာ Lake Pontchartrain Causeway တံတားၾကီးသည္ အေမရိကန္ျပည္ေထာင္စုတြင္ အရွည္လ်ားဆံုး တံတားၾကီး ျဖစ္သည့္အျပင္ ေရျပင္ေပၚတြင္ ျဖတ္သန္းေဆာက္လုပ္ထားေသာ တံတားမ်ားအနက္ ကမၻာ့အရွည္လ်ားဆံုး တံတားလည္း ျဖစ္သည္။

အလ်ား ၃၈ ကီလိုမီတာ (၂၄ မိုင္) ရွိျပီး ကြန္ကရစ္ Pile ေပါင္း ၉၅၀၀ ျဖင့္ ေထာက္မထားကာ ေန႔စဥ္ ယာဥ္အစီးေရ ၄၀၀၀၀ ေက်ာ္ ျဖတ္သန္းေနေၾကာင္း National Geographic က ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  Ref: World's biggest bridges revealed after collapse of colossal Baltimore landmark - and how London's historic Tower Bridge is 675 times SMALLER than China's £7billion mega-construction (dailymail)

Photo Credit: daily mail 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service