ဆော်ဒီအာရေးဗီးယားအစိုးရက သိပ္ပံပညာရှင်များ၊ ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရည်အချင်း ရှိသူများကို နိုင်ငံသားအဖြစ် ပေးအပ်မည်ဖြစ်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်

ဆော်ဒီအာရေးဗီးယားအစိုးရက သိပ္ပံပညာရှင်များ၊ ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရည်အချင်း ရှိသူများကို နိုင်ငံသားအဖြစ် ပေးအပ်မည်ဖြစ်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
10 Jul 2024 12:25 pm တွင် တင်ခဲ့သည်
549 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆော်ဒီအာရေးဗီးယားက သိပ္ပံပညာရှင်များ၊ ဆရာဝန်များ၊ သုတေသနပညာရှင်များ၊ ဆန်းသစ်တီထွင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရည်အချင်းရှိသူများကို နိုင်ငံသားအဖြစ်ပေးမည့် တော်ဝင်အမိန့်တစ်ရပ် ထုတ်ပြန်လာကြောင်း Saudi Press Agency (SPA) ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ကျွမ်းကျင်ပညာရှင်တွေနဲ့ ဘာသာရေး၊ ဆေးပညာ၊ သိပ္ပံပညာ၊ ယဉ်ကျေးမှု၊ အားကစားနဲ့ နည်းပညာ နယ်ပယ်တွေမှာ တမူထူးတဲ့ တကမ္ဘာလုံးက အရည်အချင်းရှိသူတွေကို ဆော်ဒီနိုင်ငံသားအဖြစ်ပေးအပ်မယ့် တော်ဝင်အမိန့်အရ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဖြစ်ပါတယ်။”

“ဆော်ဒီရဲ့ Vision 2030 ပန်းတိုင် အောင်မြင်ရေးအတွက် နိုင်ငံတဝန်း ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ကြဉ်းပေးမယ့်သူတွေကို နိုင်ငံသားအဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု SPA ၏ သတင်းတွင် ဖော်ပြသည်။

ဆော်ဒီအာရေးဗီးယား၏ ဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ်သည် ၂၀၂၂ ခုနှစ်အတွင်းကလည်း ထူးခြား သည့် ကျွမ်းကျင်မှုရှိသူအချို့ကို ဆော်ဒီနိုင်ငံသားအဖြစ် ပေးအပ်သည့် တော်ဝင်အမိန့် ထုတ်ပြန်ခဲ့ဖူးသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော တော်ဝင်အမိန့်အရ ထက်မြက်သော ပုဂ္ဂိုလ်များစွာ နိုင်ငံသားအဖြစ် ရရှိခဲ့ ကြကြောင်း Asharq Al-Awsat သတင်းစာက ဖော်ပြသည်။

ထိုသို့ နိုင်ငံသားအဖြစ် ရရှိထားသူများတွင် ဆေးသိပ္ပံနယ်ပယ်အတွက် စွမ်းဆောင်မှုများ ပြုလုပ်ခဲ့သူ Hevolution ဖောင်ဒေးရှင်း၏ စီအီးအို၊ အမေရိကန်နိုင်ငံသားဖြစ်သူ Mehmood Khan လည်း ပါဝင်သည်။

စင်္ကာပူနိုင်ငံဖွား အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင် Jackie Yi-Ru Ying သည်လည်း ဆော်ဒီနိုင်ငံသားအဖြစ် ပေးအပ်ခြင်း ခံခဲ့ရသည်။

၎င်းသည် စင်္ကာပူရှိ ဇီဝနည်းပညာနှင့် နာနိုနည်းပညာသိပ္ပံကို တည်ထောင်သူ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး လက်ရှိအားဖြင့် NanoBio Lab ကို ဦးဆောင်နေသည်။

လက်ဘနွန်သိပ္ပံပညာရှင် အမျိုးသမီး Niveen Khashab သည်လည်း ဇီဝနည်းပညာနှင့် နာနိုနည်းပညာ နယ်ပယ်တို့အတွက် ဆောင်ကြဉ်းပေးခဲ့မှုများ၊ အဆင့်မြင့် သိပ္ပံပညာကျွမ်းကျင်မှုများကြောင့် ဆော်ဒီနိုင်ငံသား အဖြစ် ပေးအပ်ကာ ဂုဏ်ပြုခြင်းခံခဲ့ရသည်။

Khashab သည် ဘုရင် အဗ္ဗဒူလာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (KAUST) ၏ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက ထိုတက္ကသိုလ်တွင် ဓာတုသိပ္ပံနှင့် အင်ဂျင်နီယာဌာန တွဲဖက် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ပြင်သစ် သိပ္ပံပညာရှင် Noreddine Ghaffour သည် သဘာဝပတ်ဝန်းကျင် သိပ္ပံနှင့် နည်းပညာ ထူးချွန်မှုများ၊ အထူးသဖြင့် ပင်လယ်ရေကို ရေချိုပြုလုပ်သည့် နည်းပညာဖြင့် အသိအမှတ်ပြုခံရသူဖြစ်ကာ ဆော်ဒီနိုင်ငံသား အဖြစ် ပေးအပ်ခြင်းခံခဲ့ရသည်။

Ghaffour သည် Montpellier တက္ကသိုလ်မှ membrane separation နည်းပညာဖြင့် PhD ရရှိခဲ့ကာ KAUST တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Royal Saudi decree grants scientists, doctors, talented individuals citizenship (Alarabiya,Saudigazette)

 

 

[Zawgyi]

ေဆာ္ဒီအာေရးဗီးယားအစုိးရက သိပၸံပညာရွင္မ်ား၊ ဆရာဝန္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ အရည္အခ်င္း ရွိသူမ်ားကို ႏိုင္ငံသားအျဖစ္ ေပးအပ္မည္ျဖစ္ေၾကာင္း အမိန္႔တစ္ရပ္ ထုတ္ျပန္

 

ေဆာ္ဒီအာေရးဗီးယားက သိပၸံပညာရွင္မ်ား၊ ဆရာဝန္မ်ား၊ သုေတသနပညာရွင္မ်ား၊ ဆန္းသစ္တီထြင္သူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ အရည္အခ်င္းရွိသူမ်ားကုိ ႏိုင္ငံသားအျဖစ္ေပးမည့္ ေတာ္ဝင္ အမိန္႔တစ္ရပ္ ထုတ္ျပန္လာေၾကာင္း Saudi Press Agency (SPA) ၏ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

“ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ဘာသာေရး၊ ေဆးပညာ၊ သိပၸံပညာ၊ ယဥ္ေက်းမႈ၊ အားကစားနဲ႔ နည္းပညာ နယ္ပယ္ေတြမွာ တမူထူးတဲ့ တကမၻာလံုးက အရည္အခ်င္းရွိသူေတြကို ေဆာ္ဒီႏိုင္ငံသားအျဖစ္ေပးအပ္မယ့္ ေတာ္ဝင္အမိန္႔အရ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ျဖစ္ပါတယ္။”

“ေဆာ္ဒီရဲ႕ Vision 2030 ပန္းတုိင္ ေအာင္ျမင္ေရးအတြက္ ႏိုင္ငံတဝန္း က႑အသီးသီး ဖြံ႔ျဖိဳးတုိးတက္ေရး ေဆာင္ၾကဥ္းေပးမယ့္သူေတြကို ႏိုင္ငံသားအျဖစ္ ေပးအပ္သြားမွာ ျဖစ္ပါတယ္”ဟု SPA ၏ သတင္းတြင္ ေဖာ္ျပသည္။

ေဆာ္ဒီအာေရးဗီးယား၏ ဘုရင္ ဆယ္လ္မန္ ဘင္ အဗၺဒူလာဇစ္သည္ ၂၀၂၂ ခုႏွစ္အတြင္းကလည္း ထူးျခား သည့္ ကၽြမ္းက်င္မႈရွိသူအခ်ဳိ႕ကို ေဆာ္ဒီႏိုင္ငံသားအျဖစ္ ေပးအပ္သည့္ ေတာ္ဝင္အမိန္႔ ထုတ္ျပန္ခဲ့ဖူးသည္။

မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ ေတာ္ဝင္အမိန္႔အရ ထက္ျမက္ေသာ ပုဂၢိဳလ္မ်ားစြာ ႏိုင္ငံသားအျဖစ္ ရရွိခဲ့ ၾကေၾကာင္း Asharq Al-Awsat သတင္းစာက ေဖာ္ျပသည္။

ထုိသို႔ ႏိုင္ငံသားအျဖစ္ ရရွိထားသူမ်ားတြင္ ေဆးသိပၸံနယ္ပယ္အတြက္ စြမ္းေဆာင္မႈမ်ား ျပဳလုပ္ခဲ့သူ Hevolution ေဖာင္ေဒးရွင္း၏ စီအီးအို၊ အေမရိကန္ႏိုင္ငံသားျဖစ္သူ Mehmood Khan လည္း ပါဝင္သည္။

စကၤာပူႏိုင္ငံဖြား အေမရိကန္ႏိုင္ငံသား သိပၸံပညာရွင္ Jackie Yi-Ru Ying သည္လည္း ေဆာ္ဒီႏိုင္ငံသားအျဖစ္ ေပးအပ္ျခင္း ခံခဲ့ရသည္။

၎သည္ စကၤာပူရွိ ဇီဝနည္းပညာႏွင့္ နာႏိုနည္းပညာသိပၸံကို တည္ေထာင္သူ အမႈေဆာင္ဒါရိုက္တာျဖစ္ျပီး လက္ရွိအားျဖင့္ NanoBio Lab ကို ဦးေဆာင္ေနသည္။

လက္ဘႏြန္သိပၸံပညာရွင္ အမ်ဳိးသမီး Niveen Khashab သည္လည္း ဇီဝနည္းပညာႏွင့္ နာႏိုနည္းပညာ နယ္ပယ္တို႔အတြက္ ေဆာင္ၾကဥ္းေပးခဲ့မႈမ်ား၊ အဆင့္ျမင့္ သိပၸံပညာကၽြမ္းက်င္မႈမ်ားေၾကာင့္ ေဆာ္ဒီႏိုင္ငံသား အျဖစ္ ေပးအပ္ကာ ဂုဏ္ျပဳျခင္းခံခဲ့ရသည္။

Khashab သည္ ဘုရင္ အဗၺဒူလာ သိပၸံႏွင့္ နည္းပညာတကၠသိုလ္ (KAUST) ၏ တည္ေထာင္သူ အဖြဲ႔ဝင္တစ္ဦး ျဖစ္ျပီး ၂၀၀၉ ခုႏွစ္ကတည္းက ထိုတကၠသိုလ္တြင္ ဓာတုသိပၸံႏွင့္ အင္ဂ်င္နီယာဌာန တြဲဖက္ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ေနသည္။

ျပင္သစ္ သိပၸံပညာရွင္ Noreddine Ghaffour သည္ သဘာဝပတ္ဝန္းက်င္ သိပၸံႏွင့္ နည္းပညာ ထူးခၽြန္မႈမ်ား၊ အထူးသျဖင့္ ပင္လယ္ေရကို ေရခ်ဳိျပဳလုပ္သည့္ နည္းပညာျဖင့္ အသိအမွတ္ျပဳခံရသူျဖစ္ကာ ေဆာ္ဒီႏိုင္ငံသား အျဖစ္ ေပးအပ္ျခင္းခံခဲ့ရသည္။

Ghaffour သည္ Montpellier တကၠသိုလ္မွ membrane separation နည္းပညာျဖင့္ PhD ရရွိခဲ့ကာ KAUST တကၠသိုလ္တြင္ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Royal Saudi decree grants scientists, doctors, talented individuals citizenship (Alarabiya,Saudigazette)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service