စက်ရုံအလုပ်သမားဘဝမှ စီအီးအိုအဆင့်ထိ တက်လှမ်းခဲ့သော ဖိလစ်ပိုင် သံမဏိလုပ်ငန်းရှင်သူဌေးကြီး ဘင်ဂျမင် ယောင်
စက်ရုံအလုပ်သမားဘဝမှ စီအီးအိုအဆင့်ထိ တက်လှမ်းခဲ့သော ဖိလစ်ပိုင် သံမဏိလုပ်ငန်းရှင်သူဌေးကြီး ဘင်ဂျမင် ယောင် - Property News in Myanmar from iMyanmarHouse.com
9 Jul 2024 2:10 pm တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဖိလစ်ပိုင်နိုင်ငံသည် တိုင်ဖွန်းမုန်တိုင်းကြီးများ မကြာခဏ တိုက်ခတ်ခံရသည့်အပြင် မြေအောက် ကျောက်လွှာ များ တိုးတိုက်မှုကြောင့် မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်းများ ဖြစ်ပွားသော ring of fire အရပ်တွင် တည်ရှိသည်။
ဖိလစ်ပိုင် Seismic Network ၏ ထုတ်ပြန်ချက်အရ တစ်ရက်လျှင် ပျှမ်းမျှအားဖြင့် အကြိမ် ၂၀ ခန့် ငလျင်လှုပ် သည်ဟု ဆိုသည်။
ဖိလစ်ပိုင် စက်မှုလုပ်ငန်းရှင် သူဌေးကြီး ဘင်ဂျမင်ယောင်တွင် ထိုပြဿနာတို့အတွက် ရိုးစင်းသော အဖြေတစ်ခု ရှိသည်။
အဆောက်အအုံများကို အရည်အသွေးကောင်းကောင်း ဆောက်လုပ်ရန် ဖြစ်သည်။
ထိုနည်းလမ်းဖြင့် တိုင်းပြည်ကို ကူညီပေးရင်း သူ၏ စီးပွားရေးအင်ပါယာ ကြီးထွားလာခဲ့သည်။
အောင်မြင်မှုသို့ ချီတက်ရာ သူ၏လမ်းခရီးမှာ ဆယ်စုနှစ် ၆ ခုနီးပါး ရှိသည်။
သူ၏ ဖခင် ဘဲနီတို ယောင်သည် နောင်အခါတွင် SteelAsia ကုမ္ပဏီဖြစ်လာမည့် ကုမ္ပဏီကို ၁၉၆၅ ခုနှစ်၌ စတင် တည်ထောင်ခဲ့သည်။
ဘင်ဂျမင်ယောင်မှာ နုငယ်စဉ်ကာလများကတည်းက အတွေ့အကြုံဗဟုသုတများ လေ့လာခွင့်ရခဲ့သည်။
ဘင်ဂျမင်ယောင်သည် အသက် ၁၇ နှစ်အရွယ်တွင် စက်ရုံ၌ လက်တိုလက်တောင်းအဖြစ် ဝင်ရောက်လုပ်ကိုင် ကာ ညပိုင်းတွင် Santo Tomas တက္ကသိုလ်၌ အတန်းများ တက်ခဲ့သည်။
၁၉၈၀ ပြည့်လွန်ကာလများတွင် ဘင်ဂျမင်ယောင်သည် စက်ရုံ၌ ပိုမိုအရေးပါသည့် နေရာတစ်ခု ရလာခဲ့သည်။
ယနေ့အခါ ဘင်ဂျမင်ယောင်သည် SteelAsia Manufacturing Corp (SAMC) ၏ ဥက္ကဌ၊ စီအီးအို ဖြစ်နေပြီ ဖြစ်သည်။
SAMC သည် တစ်နှစ်လျှင် ဆောက်လုပ်ရေးသုံး သံမဏိချောင်း တန်ချိန် ၃ သန်း ထုတ်လုပ်ရာ ဒေသတွင်း ဈေးကွက်လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးခြင်း ဖြစ်သည်။
ယခုအခါ ဘင်ဂျမင်ယောင်သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၏ တောင်ဘက် ၁၀၀ ကီလိုမီတာအကွာခန့်တွင် တည်ရှိသော Batangas ပြည်နယ်၊ Lemery အရပ်၌ ဖိလစ်ပိုင်၏ ပထမဆုံး သံမဏိရက်မများ ထုတ်လုပ်မည့် စက်ရုံတစ်ခု တည်ထောင်နေပြီး တစ်နှစ်လျှင် တန်ချိန် ၆၀၀,၀၀၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
(SteelAsia သည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး သံမဏိစက်ရုံဖြစ်လာနေပြီး ၎င်း၏ စက်ရုံများတွင် ဝန်ထမ်းပေါင်း ၂၆၀၀ ကျော်ဖြင့် လည်ပတ်နေသည်။ ဓာတ်ပုံ-SteelAsia)
လက်ရှိအားဖြင့် SteelAsia သည် ဖိလစ်ပိုင်နိုင်ငံတဝန်း သံမဏိစက်ရုံ ၆ ခုရှိသည်။
နောက်ထပ် စက်ရုံ ၃ ခုလည်း ထပ်မံ တည်ထောင်နေပြီး စက်ရုံတစ်ခုလျှင် ကန်ဒေါ်လာ သန်း ၅၀၀ ခန့် တန်ကြေးရှိသည်။
((SteelAsia ၏ ကိန်းဂဏန်း အချက်အလက်များ))
● ၁၉၆၅ ခုနှစ် -- SteelAsia ကို Benito Yao က စတင်တည်ထောင်
● ၃ သန်း-- တစ်နှစ်လျှင် သံမဏိတန်ချိန် ၃ သန်းထုတ်လုပ် ● ပီဆို ၄၂ ဒသမ ၄ ဘီလီယံ-- ၂၀၂၁ ခုနှစ် အသားတင်ဝင်ငွေ
● ၂၆၀၅ -- ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်း ဝန်ထမ်းဦးရေ
● ၆ -- SteelAsia ၏ စက်ရုံအရေအတွက် ( ၃ ခု ထပ်မံ ဆောက်လုပ်နေ)
[SteelAsia ၏ ဥက္ကဌ ဘင်ဂျမင်ယောင် (ဝဲ) နှင့် ဖိလစ်ပိုင်အစိုးရအာမခံဌာန (GSIS) ၏ ဥက္ကဌ Wick Veloso တို့က မနီလာမြို့တော်၏ တောင်ဘက် ၁၀၀ ကီလိုမီတာအကွာ၊ Batangas ပြည်နယ်၊ Lemery မြို့တွင် SteelAsia မှ တည်ဆောက်မည့် သံမဏိစက်ရုံတစ်ခုအတွက် ချေးငွေ ပီဆို ၁၁ ဒသမ ၄၅ ဘီလီယံ ချေးငွေ ထုတ်ပေးသည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်နေကြပုံ ]
(SteelAsia သည် အထပ်မြင့်တိုက်များ၊ တံတားများအပါအဝင် ဆောက်လုပ်ရေး စီမံကိန်းများစွာလည်း အကောင်အထည်ဖော်နေသည်။ ပုံတွင် တွေ့ရသည်မှာ SteelAsia က အကောင်အထည်ဖော်နေသော ကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ ကုန်ကျမည့် ၃၃ ကီလိုမီတာ ရှည်လျားသော မြေအောက်ရထားလမ်း စီမံကိန်းဖြစ်သည်။ ဓာတ်ပုံ-Department of Transportation)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Filipino steel magnate Benjamin Yao: From a mill worker at age 17, to CEO (gulfnews)
Photo Credit-Twitter, Department of Transportation
[Zawgyi]
(ဓာတ်ပုံ-Twitter)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service