တရုတ်ပြည်မှ တက္ကသိုလ်ကျောင်းသားတစ်ဦး ရှန်ဟိုင်းမြို့မှ စင်္ကာပူအထိ ဘတ်စ်ကား၊ ရထားတို့ဖြင့် သွားခဲ့ရာ ဒေါ်လာ ၄၀၀ ကုန်ကျကာ ၂၉ ရက်ကြာမြင့်ခဲ့

တရုတ်ပြည်မှ တက္ကသိုလ်ကျောင်းသားတစ်ဦး ရှန်ဟိုင်းမြို့မှ စင်္ကာပူအထိ ဘတ်စ်ကား၊ ရထားတို့ဖြင့် သွားခဲ့ရာ ဒေါ်လာ ၄၀၀ ကုန်ကျကာ ၂၉ ရက်ကြာမြင့်ခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Jul 2024 11:38 am တွင် တင်ခဲ့သည်
679 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တရုတ်ပြည်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးသည် ရှန်ဟိုင်းမှ စင်္ကာပူအထိ ဘတ်စ်ကား၊ ရထားတို့ဖြင့် သွားခဲ့ရာ ယွမ်ငွေ ၃၀၀၀ (ကန်ဒေါ်လာ ၄၀၀) ကုန်ကျကာ ၂၉ ရက်ခန့်အထိ ကြာမြင့်ခဲ့မှုအပေါ် တရုတ်ပြည်မကြီးမှ လူမှုကွန်ရက်သုံးစွဲသူများကြား အမျိုးမျိုးအဖုံဖုံ သဘောထားကွဲလွဲနေကြသည်။

ကျန်ရှား (Jiang Xia) သည် အသက် ၂၃ နှစ်အရွယ်ရှိပြီး ရှန်ဟိုင်းမြို့မှ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး ဖြစ်သည်။ ယခုနွေတွင် ဘွဲ့မယူမီ ကျန်ရှားက ထူးခြားသော ခရီးစဉ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ယခုအခါ တရုတ်နိုင်ငံသားများကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုနေ သောကြောင့် ကျန်ရှားက အဆိုပါနိုင်ငံများသို့ ဘတ်စ်ကားဖြင့် ခရီးသွားရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကျန်ရှားသည် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း တရုတ်ပြည်မြောက်ဖျားစွန်း ဟေးလုံကျန် (Heilongjiang) ပြည်နယ်၊ မိုဟီမြို့ (Mohe) သို့ ဘတ်စ်ကားဖြင့် သွားခဲ့ဖူးသည်။

အဆိုပါ ခရီးစဉ်မှာ တရုတ်ပြည်၏ ထက်ဝက်ခန့်ကို ဖြတ်ကျော်သွားလာရသောခရီးဖြစ်ပြီး အကွာအဝေး ၃၈၆၅ ကီလိုမီတာရှိကာ ၁၆ ရက်ခန့် သွားခဲ့ရသည်။

 

(မြေပြင်မှ ခရီးသွားရခြင်းမှာ လူတို့နှင့် ပိုမိုထိတွေ့နိုင်ပြီး အတွေ့အကြုံပိုမိုရရှိကြောင်း ကျန်ရှားက ပြောသည်။ ဓာတ်ပုံ-Baidu)

 

ကျန်ရှားသည် ရှန်ဟိုင်းမှ စင်္ကာပူသို့ ဘတ်စ်ကားခရီးစဉ်ကို ဧပြီလ ၅ ရက်တွင် စတင်ခဲ့ပြီး မေလ ၂၇ ရက်တွင် ရောက်ရှိခဲ့သည်။

လမ်းတွင် စုစုပေါင်း ၂၉ ရက်ကြာမြင့်ခဲ့ပြီး ယွမ်ငွေ ၃၀၀၀ ခန့် ကုန်ကျခဲ့သည်။

ကျန်ရှားသည် ပထမဆုံး ဘတ်စ်ကား၊ ရထားတို့ဖြင့် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ထွက်ခွာခဲ့သည်။

ကူမင်းမှ တဆင့် ရထားဖြင့် လာအို၊ ထိုင်း၊ မလေးရှားနိုင်ငံများကို ဖြတ်သန်းခဲ့ပြီး နောက်ဆုံးတွင် စင်္ကာပူသို့ ရောက်ရှိခဲ့သည်။

စင်္ကာပူမှ တဆင့် အင်ဒိုနီးရှားသို့ လေယာဉ်ဖြင့်သွားခဲ့ပြီး ယင်းနောက် အင်ဒိုနီးရှားနိုင်ငံအတွင်း ဘတ်စ်ကား၊ ရထားတို့ဖြင့် ဖြတ်သန်းခဲ့ကာ အရှေ့တီမော၊ ဖိလစ်ပိုင်နိုင်ငံ Cebu မြို့များသို့ ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် ရှန်ဟိုင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ကျန်ရှားက ပြောသည်မှာ သူ၏ ခရီးစဉ်တလျှောက် ဒေသခံပြည်သူများစွာနှင့် ထိတွေ့ခဲ့ရပြီး ထိုသူတို့က အနီးဝန်းကျင်အား လှည့်လည်ပြသခဲ့ကြကြောင်း၊ မြေပြင်မှ ခရီးသွားခြင်းမှာ လောကကို ပိုမိုတွေ့မြင်ခွင့် ရစေသည့်အပြင် မိတ်ဆွေများ ပိုမိုရရှိစေသည့် နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။

တရုတ်ပြည်မှ လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျန်ရှား၏ ခရီးစဉ်နှင့် စပ်လျဉ်းပြီး သဘောထားအမျိုးမျိုး ကွဲပြားနေသည်။

အချို့က မှတ်ချက်ပြုသည်မှာ ယခုလုပ်ရပ်မျိုးမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးအတွက် အချိန်နှင့်ငွေ ဖြုန်းတီးခြင်းဖြစ်ကြောင်း ပြောကြသည်။

“စင်္ကာပူလေကြောင်းလိုင်းနဲ့ ရှန်ဟိုင်းကနေ စင်္ကာပူ အသွားအပြန်လေယာဉ်လက်မှတ်အတွက် ယွမ် ၁၇၀၀ (ကန်ဒေါ်လာ ၂၃၀) လောက်ပဲ ကျသင့်ပါတယ်။ ဒါက အချိန်ပိုတွေ အများကြီးရှိနေတဲ့သဘောပါ” ဟု အွန်လိုင်း သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

 

(ကျန်ရှား၏ ခရီးစဉ်မှာ အချိန်နှင့် ငွေဖြုန်းတီးခြင်းဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့က ဝေဖန်ကြသည်။ ဓာတ်ပုံ-Baidu)

 

ကျန်ရှား၏ ခရီးစဉ်အပေါ် ဝေဖန်သူများစွာရှိသော်လည်း အားကျမိကြောင်းပြောကာ ထောက်ခံသူ များစွာလည်း ရှိနေသည်။ “သူ့ကို လူအများကြီးက ဘာကြောင့် ထိုးနှက်နေကြတာလဲ။

ကျွန်တော်တော့ အရမ်းကောင်းတယ်လို့ ထင်ပါ တယ်။ တခြားသူတွေ တွေးတောင်မတွေးမိတဲ့အလုပ်မျိုး လုပ်ရဲတာက အရမ်းထူးခြားနေပြီ။ ခင်ဗျားတို့မှာ အချိန်နဲ့ ငွေရှိတယ်ဆိုရင် ဒါမျိုးခရီးထွက်ပါ။ လမ်းတလျှောက်တွေ့ရမယ့် ရှုမျှော်ခင်းတွေ၊ ကွဲပြားတဲ့ ယဉ်ကျေးမှု တွေ၊ တွေ့ရမယ့် အတွေ့အကြုံတွေအားလုံးဟာ တသက်တာ မေ့မရနိုင်မယ့် အမှတ်တရတွေ ဖြစ်လာမှာပါ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thrifty China student goes from Shanghai to Singapore by bus in 29 days for only US$400 (scmp)

Photo Credit: Baidu

 

 

 

[Zawgyi]

တရုတ္ျပည္မွ တကၠသိုလ္ေက်ာင္းသားတစ္ဦး ရွန္ဟိုင္းျမိဳ႕မွ စကၤာပူအထိ ဘတ္စ္ကား၊ ရထားတို႔ျဖင့္ သြားခဲ့ရာ ေဒၚလာ ၄၀၀ ကုန္က်ကာ ၂၉ ရက္ၾကာျမင့္ခဲ့

တရုတ္ျပည္မွ တကၠသိုလ္ေက်ာင္းသားတစ္ဦးသည္ ရွန္ဟိုင္းမွ စကၤာပူအထိ ဘတ္စ္ကား၊ ရထားတို႔ျဖင့္ သြားခဲ့ရာ ယြမ္ေငြ ၃၀၀၀ (ကန္ေဒၚလာ ၄၀၀) ကုန္က်ကာ ၂၉ ရက္ခန္႔အထိ ၾကာျမင့္ခဲ့မႈအေပၚ တရုတ္ျပည္မၾကီးမွ လူမႈကြန္ရက္သံုးစြဲသူမ်ားၾကား အမ်ဳိးမ်ဳိးအဖံုဖံု သေဘာထားကြဲလြဲေနၾကသည္။

က်န္ရွား (Jiang Xia) သည္ အသက္ ၂၃ ႏွစ္အရြယ္ရွိျပီး ရွန္ဟိုင္းျမိဳ႕မွ ေနာက္ဆံုးႏွစ္ ေက်ာင္းသားတစ္ဦး ျဖစ္သည္။ ယခုေႏြတြင္ ဘြဲ႔မယူမီ က်န္ရွားက ထူးျခားေသာ ခရီးစဥ္ထြက္ရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

စကၤာပူ၊ မေလးရွားႏွင့္ ထိုင္းႏိုင္ငံတို႔က ယခုအခါ တရုတ္ႏိုင္ငံသားမ်ားကို ဗီဇာမလိုဘဲ ဝင္ေရာက္ခြင့္ျပဳေန ေသာေၾကာင့္ က်န္ရွားက အဆိုပါႏိုင္ငံမ်ားသို႔ ဘတ္စ္ကားျဖင့္ ခရီးသြားရန္ ဆံုးျဖတ္ခဲ့ျခင္းလည္း ျဖစ္သည္။

က်န္ရွားသည္ ယခုႏွစ္ ဇန္နဝါရီလအတြင္းကလည္း တရုတ္ျပည္ေျမာက္ဖ်ားစြန္း ေဟးလံုက်န္ (Heilongjiang) ျပည္နယ္၊ မိုဟီျမိဳ႕ (Mohe) သို႔ ဘတ္စ္ကားျဖင့္ သြားခဲ့ဖူးသည္။

အဆိုပါ ခရီးစဥ္မွာ တရုတ္ျပည္၏ ထက္ဝက္ခန္႔ကို ျဖတ္ေက်ာ္သြားလာရေသာခရီးျဖစ္ျပီး အကြာအေဝး ၃၈၆၅ ကီလိုမီတာရွိကာ ၁၆ ရက္ခန္႔ သြားခဲ့ရသည္။

 

(ေျမျပင္မွ ခရီးသြားရျခင္းမွာ လူတို႔ႏွင့္ ပိုမိုထိေတြ႔ႏိုင္ျပီး အေတြ႔အၾကံဳပိုမိုရရွိေၾကာင္း က်န္ရွားက ေျပာသည္။ ဓာတ္ပံု-Baidu)

က်န္ရွားသည္ ရွန္ဟိုင္းမွ စကၤာပူသို႔ ဘတ္စ္ကားခရီးစဥ္ကို ဧျပီလ ၅ ရက္တြင္ စတင္ခဲ့ျပီး ေမလ ၂၇ ရက္တြင္ ေရာက္ရွိခဲ့သည္။

လမ္းတြင္ စုစုေပါင္း ၂၉ ရက္ၾကာျမင့္ခဲ့ျပီး ယြမ္ေငြ ၃၀၀၀ ခန္႔ ကုန္က်ခဲ့သည္။

က်န္ရွားသည္ ပထမဆံုး ဘတ္စ္ကား၊ ရထားတို႔ျဖင့္ တရုတ္ျပည္ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္၊ ကူမင္းျမိဳ႕သို႔ ထြက္ခြာခဲ့သည္။

ကူမင္းမွ တဆင့္ ရထားျဖင့္ လာအို၊ ထိုင္း၊ မေလးရွားႏိုင္ငံမ်ားကို ျဖတ္သန္းခဲ့ျပီး ေနာက္ဆံုးတြင္ စကၤာပူသို႔ ေရာက္ရွိခဲ့သည္။

စကၤာပူမွ တဆင့္ အင္ဒိုနီးရွားသို႔ ေလယာဥ္ျဖင့္သြားခဲ့ျပီး ယင္းေနာက္ အင္ဒုိနီးရွားႏိုင္ငံအတြင္း ဘတ္စ္ကား၊ ရထားတို႔ျဖင့္ ျဖတ္သန္းခဲ့ကာ အေရွ႕တီေမာ၊ ဖိလစ္ပိုင္ႏိုင္ငံ Cebu ျမိဳ႕မ်ားသို႔ ေရာက္ရွိခဲ့ျပီး ေနာက္ဆံုးတြင္ ရွန္ဟိုင္းျမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့သည္။

က်န္ရွားက ေျပာသည္မွာ သူ၏ ခရီးစဥ္တေလွ်ာက္ ေဒသခံျပည္သူမ်ားစြာႏွင့္ ထိေတြ႔ခဲ့ရျပီး ထိုသူတို႔က အနီးဝန္းက်င္အား လွည့္လည္ျပသခဲ့ၾကေၾကာင္း၊ ေျမျပင္မွ ခရီးသြားျခင္းမွာ ေလာကကို ပိုမိုေတြ႔ျမင္ခြင့္ ရေစသည့္အျပင္ မိတ္ေဆြမ်ား ပိုမိုရရွိေစသည့္ နည္းလမ္းျဖစ္သည္ဟု ယံုၾကည္ေၾကာင္း ေျပာသည္။

တရုတ္ျပည္မွ လူမႈကြန္ရက္သံုးစြဲသူတို႔အၾကား က်န္ရွား၏ ခရီးစဥ္ႏွင့္ စပ္လ်ဥ္းျပီး သေဘာထားအမ်ဳိးမ်ဳိး ကြဲျပားေနသည္။

အခ်ဳိ႕က မွတ္ခ်က္ျပဳသည္မွာ ယခုလုပ္ရပ္မ်ဳိးမွာ တကၠသိုလ္ေက်ာင္းသားတစ္ဦးအတြက္ အခ်ိန္ႏွင့္ေငြ ျဖဳန္းတီးျခင္းျဖစ္ေၾကာင္း ေျပာၾကသည္။

“စကၤာပူေလေၾကာင္းလိုင္းနဲ႔ ရွန္ဟိုင္းကေန စကၤာပူ အသြားအျပန္ေလယာဥ္လက္မွတ္အတြက္ ယြမ္ ၁၇၀၀ (ကန္ေဒၚလာ ၂၃၀) ေလာက္ပဲ က်သင့္ပါတယ္။ ဒါက အခ်ိန္ပိုေတြ အမ်ားၾကီးရွိေနတဲ့သေဘာပါ” ဟု အြန္လိုင္း သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

(က်န္ရွား၏ ခရီးစဥ္မွာ အခ်ိန္ႏွင့္ ေငြ ျဖဳန္းတီးျခင္းျဖစ္ေၾကာင္း လူမႈကြန္ရက္သံုးစြဲသူအခ်ဳိ႕က ေဝဖန္ၾကသည္။ ဓာတ္ပံု-Baidu)

က်န္ရွား၏ ခရီးစဥ္အေပၚ ေဝဖန္သူမ်ားစြာရွိေသာ္လည္း အားက်မိေၾကာင္းေျပာကာ ေထာက္ခံသူ မ်ားစြာလည္း ရွိေနသည္။ “သူ႔ကို လူအမ်ားၾကီးက ဘာေၾကာင့္ ထိုးႏွက္ေနၾကတာလဲ။

ကၽြန္ေတာ္ေတာ့ အရမ္းေကာင္းတယ္လို႔ ထင္ပါ တယ္။ တျခားသူေတြ ေတြးေတာင္မေတြးမိတဲ့အလုပ္မ်ဳိး လုပ္ရဲတာက အရမ္းထူးျခားေနျပီ။ ခင္ဗ်ားတို႔မွာ အခ်ိန္နဲ႔ ေငြရွိတယ္ဆိုရင္ ဒါမ်ဳိးခရီးထြက္ပါ။ လမ္းတေလွ်ာက္ေတြ႔ရမယ့္ ရႈေမွ်ာ္ခင္းေတြ၊ ကြဲျပားတဲ့ ယဥ္ေက်းမႈ ေတြ၊ ေတြ႔ရမယ့္ အေတြ႔အၾကံဳေတြအားလံုးဟာ တသက္တာ ေမ့မရႏိုင္မယ့္ အမွတ္တရေတြ ျဖစ္လာမွာပါ” ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thrifty China student goes from Shanghai to Singapore by bus in 29 days for only US$400 (scmp)

Photo Credit: Baidu

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service