တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပေါင်း ၂၀ လျှို့ဝှက်ထားခဲ့

တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပေါင်း ၂၀ လျှို့ဝှက်ထားခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Jul 2024 1:46 pm တွင် တင်ခဲ့သည်
7493 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖခင်အများစုသည် ၎င်းတို့၏ သားသမီးများကို ထွန်းထွန်းပေါက်ပေါက် ဖြစ်စေလိုကြသည်။

သားသမီးများကို လက်တွေ့ဘဝအား တွေ့မြင်စေလိုပြီး ကြိုးစားရုန်းကန်ရမှုနှင့် အောင်မြင်မှုတို့ကို လေ့လာသင်ယူစေလိုသည်။

ကြိုးစားမှုနှင့် ဇွဲလုံ့လမှာ အောင်မြင်ခြင်းသို့ သွားရာလမ်းဖြစ်ကြောင်း သင်ကြားပေးလိုသည်။

တရုတ်ပြည်မှ သူဌေးကြီးတစ်ဦးမှာ သားဖြစ်သူအား ထိုသို့ ဖြစ်စေလိုသည်။

ထို့ကြောင့် သားဖြစ်သူ မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့သည့် လျှိ့ဝှက်ချက်တစ်ခုရှိကြောင်း ၎င်းက Jiupai News သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သားဖြစ်သူအား လျှို့ဝှက်ထားသောအချက်မှာ မိမိတို့ မိသားစု အလွန်ချမ်းသာသည်ဟူသော အချက် ဖြစ်သည်။

ဖခင်ဖြစ်သူ သူဌေးကြီး၏ အမည်မှာ ကျန်းယွီတုံ (Zhang Yudong) ဖြစ်ပြီး အသက် ၅၁ နှစ်အရွယ် ရှိပြီဖြစ်ကာ တရုတ်ပြည်မှ နာမည်ကြီး မုန့်ဖြစ်သော Mala Prince အမှတ်တံဆိပ် ထုတ်လုပ်သောစက်ရုံကို တည်ထောင်သူ ဖြစ်သည်။

သူ၏ စက်ရုံမှ တစ်နှစ်လျှင် စားသောက်ကုန် ယွမ်သန်း ၆၀၀ (ကန်ဒေါ်လာ ၈၃ သန်း) ဖိုးခန့် ထုတ်လုပ်သည်။

သားဖြစ်သူ ကျန်းဇီလုံ မွေးဖွားသောနှစ်တွင်ပင် ထိုကုမ္ပဏီကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

သူဌေးကြီး ကျန်းယွီတုံက သားဖြစ်သူ အသက် ၂၀ အရွယ်ရောက်သည်အထိ မိသားစု ချမ်းသာကြွယ်ဝသည်ကို မသိရှိစေရန် ဂရုတစိုက် လျှို့ဝှက်ထားခဲ့သည်။

ကျန်းဇီလုံက Jiupai သတင်းဌာနသို့ ပြောပြသည်မှာ ၎င်းသည် တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ပင်ကျန်းခရိုင်ရှိ သာမန်တိုက်ခန်းလေးတစ်ခုတွင် နေထိုင်ကြီးပြင်းခဲ့ရကြောင်း ပြောပြသည်။

ဖခင်ကြီး ထုတ်လုပ်နေသော ကုန်စည် အမှတ်တံဆိပ်အကြောင်း သိရှိထားသော်လည်း ဖခင်ကြီးက ၎င်းအား ပြောပြထားသည်မှာ ကုမ္ပဏီ လည်ပတ်နိုင်ရေးအတွက် ငွေကြေးအလုံးအရင်း အကြွေးယူထားရပြီး အကြွေးနွံ နစ်နေကြောင်း ပြောပြထားသည်ဟု ဆိုသည်။

 

(သူဌေးကြီး ကျန်းယွီတုံက မိသားစု၏ ကြွယ်ဝချမ်းသာမှုကို သားဖြစ်သူ မသိစေရန် နှစ်ပေါင်း ၂၀ ခန့် လျှို့ဝှက် ထားခဲ့သည်။ ဓာတ်ပုံ-Weibo)

 

ကျန်းဇီလုံသည် ဟူနန်ပြည်နယ်၊ ချန်ရှားမြို့၏ အကောင်းဆုံး အထက်တန်းကျောင်းများတွင် ပါဝင်သော ကျောင်းတစ်ကျောင်းတွင် တက်ရောက်ခဲ့သည်။

ထိုကျောင်းတွင် ကျောင်းဝင်ခွင့်ရရေးအတွက် မိဘကျောထောက်နောက်ခံ အဆက်အသွယ်များ အသုံးပြုခဲ့ ရခြင်း မရှိချေ။

တက္ကသိုလ်မှ ဘွဲ့ရချိန်တွင် ကျန်းဇီလုံ၏ အိပ်မက်မှာ လစာယွမ် ၆၀၀၀ (ကန်ဒေါ်လာ ၈၀၀) ခန့် ရသော အလုပ်တစ်ခုရှာကာ မိသားစု၏ ကြွေးမြီများကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပေးရန်သာ ဖြစ်သည်။

ဘွဲ့ယူပြီးချိန်တွင် ဖခင်ကြီး ကျန်းယွီတုံက သားဖြစ်သူကို မိမိတို့ မည်မျှ ချမ်းသာကြွယ်ဝကြောင်း ပြောပြခဲ့ပြီး ယွမ် ၁၀ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း) တန်ကြေးရှိ အသစ်စက်စက် စံအိမ်ကြီးတစ်လုံးသို့ ပြောင်းရွှေ့ ခဲ့ကြသည်။

ယင်းနောက်ပိုင်း ကျန်းဇီလုံသည် ဖခင်ကြီး၏ ကုမ္ပဏီမှ e-commerce ဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထိုဌာနတွင် လုပ်ဖော်ကိုင်ဖက်တို့က ကျန်းဇီလုံးအား အခြား ဝန်ထမ်းငယ်များအတိုင်းသာ ဆက်ဆံသည်။

ကျန်းဇီလုံက ပြောသည်မှာ ဖခင်ကြီးအပြင် မိမိကိုယ်တိုင်လည်း လူ့ပေါ်ကြော့ မဖြစ်လိုကြောင်း ပြောသည်။

သို့သော် ပစ္စည်းဥစ္စာကြွယ်ဝမှုကို နှစ်သက်ကြောင်း ၎င်းက ဝန်ခံသည်။

“ကြွယ်ဝချမ်းသာမှုဟာ ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်”ဟု ၎င်းက Douyin လူမှုကွန်ရက်မှ ဆယ်လီတစ်ဦးနှင့် ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ကျန်းဇီလုံက ယခုအချိန်တွင် သူ၏အိပ်မက်မှာ ကုမ္ပဏီကို အများပိုင် ပြုလုပ်ကာ နိုင်ငံတကာ စတော့ဈေးကွက် များတွင် ရောင်းချရန် ဖြစ်ကြောင်း ပြောသည်။

ဖခင်ကြီး ကျန်းယွီတုံ က ပြောသည်မှာမူ သားဖြစ်သူ၏ အစွမ်းအစမှာ ကုမ္ပဏီအား ဆက်ခံထိုက်ကြောင်း တွေ့ရှိမှသာလျှင် လုပ်ငန်းလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောသည်။

 

(သားဖြစ်သူ အောက်ခြေမလွတ်စေရန် ဖခင်ကြီး ကျန်းယွီတုံက မိသားစု ချမ်းသာကြွယ်ဝကြောင်း မပြောဘဲ လျှို့ဝှက်ထားခဲ့သည်။ ဓာတ်ပုံ-WEIBO)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Millionaire shares the reason why he kept family wealth a secret from his son for 20 years (scmp)

Photo Credit-Weibo

 

[Zawgyi]

 

တရုတ္ျပည္တြင္ သားျဖစ္သူ လူ႔ေပၚေၾကာ့ မျဖစ္ေစလိုေသာေၾကာင့္ မိဘမ်ား အလြန္ခ်မ္းသာေၾကာင္းကို ဖခင္ သူေဌးၾကီးက အသိမေပးဘဲ ႏွစ္ေပါင္း ၂၀ လွ်ိဳ႕ဝွက္ထားခဲ့

ဖခင္အမ်ားစုသည္ ၎တို႔၏ သားသမီးမ်ားကို ထြန္းထြန္းေပါက္ေပါက္ ျဖစ္ေစလိုၾကသည္။

သားသမီးမ်ားကို လက္ေတြ႔ဘဝအား ေတြ႔ျမင္ေစလိုျပီး ၾကိဳးစားရုန္းကန္ရမႈႏွင့္ ေအာင္ျမင္မႈတို႔ကို ေလ့လာသင္ယူေစလိုသည္။

ၾကိဳးစားမႈႏွင့္ ဇြဲလံု႔လမွာ ေအာင္ျမင္ျခင္းသုိ႔ သြားရာလမ္းျဖစ္ေၾကာင္း သင္ၾကားေပးလိုသည္။

တရုတ္ျပည္မွ သူေဌးၾကီးတစ္ဦးမွာ သားျဖစ္သူအား ထိုသို႔ ျဖစ္ေစလိုသည္။

ထို႔ေၾကာင့္ သားျဖစ္သူ မသိေစရန္ ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ထားခဲ့သည့္ လွ်ိ႕ဝွက္ခ်က္တစ္ခုရွိေၾကာင္း ၎က Jiupai News သတင္းဌာနသို႔ ေျပာၾကားခဲ့ေၾကာင္း South China Morning Post သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

သားျဖစ္သူအား လွ်ိဳ႕ဝွက္ထားေသာအခ်က္မွာ မိမိတုိ႔ မိသားစု အလြန္ခ်မ္းသာသည္ဟူေသာ အခ်က္ ျဖစ္သည္။

ဖခင္ျဖစ္သူ သူေဌးၾကီး၏ အမည္မွာ က်န္းယြီတုံ (Zhang Yudong) ျဖစ္ျပီး အသက္ ၅၁ ႏွစ္အရြယ္ ရွိျပီျဖစ္ကာ တရုတ္ျပည္မွ နာမည္ၾကီး မုန္႔ျဖစ္ေသာ Mala Prince အမွတ္တံဆိပ္ ထုတ္လုပ္ေသာ စက္ရံုကို တည္ေထာင္သူ ျဖစ္သည္။

သူ၏ စက္ရံုမွ တစ္ႏွစ္လွ်င္ စားေသာက္ကုန္ ယြမ္ သန္း ၆၀၀ (ကန္ေဒၚလာ ၈၃ သန္း) ဖုိးခန္႔ ထုတ္လုပ္သည္။

သားျဖစ္သူ က်န္းဇီလံု ေမြးဖြားေသာႏွစ္တြင္ပင္ ထုိကုမၸဏီကို စတင္ တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

သူေဌးၾကီး က်န္းယြီတံုက သားျဖစ္သူ အသက္ ၂၀ အရြယ္ေရာက္သည္အထိ မိသားစု ခ်မ္းသာၾကြယ္ဝသည္ကို မသိရွိေစရန္ ဂရုတစိုက္ လွ်ိဳ႕ဝွက္ထားခဲ့သည္။

က်န္းဇီလံုက Jiupai သတင္းဌာနသို႔ ေျပာျပသည္မွာ ၎သည္ တရုတ္ျပည္အလယ္ပိုင္း ဟူနန္ျပည္နယ္၊ ပင္က်န္းခရိုင္ရွိ သာမန္တုိက္ခန္းေလးတစ္ခုတြင္ ေနထုိင္ၾကီးျပင္းခဲ့ရေၾကာင္း ေျပာျပသည္။

ဖခင္ၾကီး ထုတ္လုပ္ေနေသာ ကုန္စည္ အမွတ္တံဆိပ္အေၾကာင္း သိရွိထားေသာ္လည္း ဖခင္ၾကီးက ၎အား ေျပာျပထားသည္မွာ ကုမၸဏီ လည္ပတ္ႏိုင္ေရးအတြက္ ေငြေၾကးအလံုးအရင္း အေၾကြးယူထားရျပီး အေၾကြးႏြံ နစ္ေနေၾကာင္း ေျပာျပထားသည္ဟု ဆိုသည္။

 

(သူေဌးၾကီး က်န္းယီြတံုက မိသားစု၏ ၾကြယ္ဝခ်မ္းသာမႈကို သားျဖစ္သူ မသိေစရန္ ႏွစ္ေပါင္း ၂၀ ခန္႔ လွ်ိဳ႕ဝွက္ ထားခဲ့သည္။ ဓာတ္ပံု-Weibo)

က်န္းဇီလံုသည္ ဟူနန္ျပည္နယ္၊ ခ်န္ရွားျမိဳ႕၏ အေကာင္းဆံုး အထက္တန္းေက်ာင္းမ်ားတြင္ ပါဝင္ေသာ ေက်ာင္းတစ္ေက်ာင္းတြင္ တက္ေရာက္ခဲ့သည္။

ထိုေက်ာင္းတြင္ ေက်ာင္းဝင္ခြင့္ရေရးအတြက္ မိဘေက်ာေထာက္ေနာက္ခံ အဆက္အသြယ္မ်ား အသံုးျပဳခဲ့ ရျခင္း မရွိေခ်။

တကၠသိုလ္မွ ဘြဲ႔ရခ်ိန္တြင္ က်န္းဇီလံု၏ အိပ္မက္မွာ လစာယြမ္ ၆၀၀၀ (ကန္ေဒၚလာ ၈၀၀) ခန္႔ ရေသာ အလုပ္တစ္ခုရွာကာ မိသားစု၏ ေၾကြးျမီမ်ားကို ျဖည္းျဖည္းခ်င္း ျပန္ဆပ္ေပးရန္သာ ျဖစ္သည္။

ဘြဲ႔ယူျပီးခ်ိန္တြင္ ဖခင္ၾကီး က်န္းယြီတံုက သားျဖစ္သူကို မိမိတို႔ မည္မွ် ခ်မ္းသာၾကြယ္ဝေၾကာင္း ေျပာျပခဲ့ျပီး ယြမ္ ၁၀ သန္း (ကန္ေဒၚလာ ၁ ဒသမ ၄ သန္း) တန္ေၾကးရွိ အသစ္စက္စက္ စံအိမ္ၾကီးတစ္လံုးသို႔ ေျပာင္းေရႊ႕ ခဲ့ၾကသည္။

ယင္းေနာက္ပိုင္း က်န္းဇီလံုသည္ ဖခင္ၾကီး၏ ကုမၸဏီမွ e-commerce ဌာနတြင္ ဝင္ေရာက္လုပ္ကုိင္ခဲ့သည္။

ထိုဌာနတြင္ လုပ္ေဖာ္ကိုင္ဖက္တို႔က က်န္းဇီလံုးအား အျခား ဝန္ထမ္းငယ္မ်ားအတိုင္းသာ ဆက္ဆံသည္။

က်န္းဇီလံုက ေျပာသည္မွာ ဖခင္ၾကီးအျပင္ မိမိကိုယ္တုိင္လည္း လူ႔ေပၚေၾကာ့ မျဖစ္လိုေၾကာင္း ေျပာသည္။

သို႔ေသာ္ ပစၥည္းဥစၥာၾကြယ္ဝမႈကို ႏွစ္သက္ေၾကာင္း ၎က ဝန္ခံသည္။

“ၾကြယ္ဝခ်မ္းသာမႈဟာ ကၽြန္ေတာ့္ကို ေပ်ာ္ရႊင္ေစပါတယ္”ဟု ၎က Douyin လူမႈကြန္ရက္မွ ဆယ္လီတစ္ဦးႏွင့္ ျပီးခဲ့ေသာႏွစ္ ဒီဇင္ဘာလအတြင္း ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာၾကားခဲ့သည္။

က်န္းဇီလံုက ယခုအခ်ိန္တြင္ သူ၏အိပ္မက္မွာ ကုမၸဏီကို အမ်ားပိုင္ ျပဳလုပ္ကာ ႏိုင္ငံတကာ စေတာ့ေစ်းကြက္ မ်ားတြင္ ေရာင္းခ်ရန္ ျဖစ္ေၾကာင္း ေျပာသည္။

ဖခင္ၾကီး က်န္းယြီတံု က ေျပာသည္မွာမူ သားျဖစ္သူ၏ အစြမ္းအစမွာ ကုမၸဏီအား ဆက္ခံထုိက္ေၾကာင္း ေတြ႔ရွိမွသာလွ်င္ လုပ္ငန္းလႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း ေျပာသည္။

(သားျဖစ္သူ ေအာက္ေျခမလြတ္ေစရန္ ဖခင္ၾကီး က်န္းယြီတံုက မိသားစု ခ်မ္းသာၾကြယ္ဝေၾကာင္း မေျပာဘဲ လွ်ိဳ႕ဝွက္ထားခ့ဲသည္။ ဓာတ္ပံု-WEIBO)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Millionaire shares the reason why he kept family wealth a secret from his son for 20 years (scmp)

Photo Credit-Weibo

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service