အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီး တစ်ညလျှင် ၃၄၉ ဒေါ်လာဖြင့် အငှားချ
အမေရိကန်ပြည်၊ အလက်စကားပြည်နယ်မှ စုံတွဲတစ်တွဲက ကုန်တင်လေယာဉ်ဟောင်းတစ်စင်းကို အိပ်ခန်း ၂ ခန်းပါ အငှားလူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီး တစ်ညလျှင် ၃၄၉ ဒေါ်လာဖြင့် အငှားချ - Property News in Myanmar from iMyanmarHouse.com
27 Jun 2024 11:57 am တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ အလက်စကား ပြည်နယ်တွင် နေထိုင်သော စတက်ဖနီ ဘလန်းချတ်နှင့် ဂျွန်ကော့ဝစ်ကီတို့ စုံတွဲသည် အသုံးမပြုတော့သော ၁၉၅၆ ခုနှစ်ထုတ် Douglas DC-6 အမျိုးအစား ကုန်တင်လေယာဉ်ကြီးကို လူနေအိမ်အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် တစ်ညလျှင် ၃၄၉ ဒေါ်လာဖြင့် Airbnb အိမ်ငှားဝက်ဘ်ဆိုက်တွင် အငှားဈေးကွက်တင်ခဲ့ကြသည်။
ကမ္ဘာတလွှားရှိ ထူးခြားသော အိမ်ငယ်လေးများအကြောင်း တင်ဆက်ဖော်ပြနေသည့် ခရီးသွား ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Tiny House Giant Journey က စတက်ဖနီတို့ စုံတွဲနှင့် တွေ့ဆုံမေးမြန်းခဲ့ပုံကို YouTube တွင် လွှင့်တင်ခဲ့သည်။
ဂျွန်ကော့ဝစ်ကီတို့ စုံတွဲသည် လေယာဉ်မှူးနှင့် လေယာဉ်မောင်းနည်းပြအဖြစ် လုပ်ကိုင်သူများ ဖြစ်ပြီး ကုန်တင်လေယာဉ်ကြီးအား လူနေအိမ်အဖြစ် ကိုယ်တိုင်ပြောင်းလဲမွမ်းမံခဲ့ပုံများကို အသေးစိတ်ပြောပြခဲ့ ကြသည်။
ဂျွန်က ပြောပြသည်မှာ လေယာဉ်ကို လူနေအိမ်အဖြစ် မွမ်းမံမှုအတွက် လက်ရှိအချိန်အထိ ဒေါ်လာ ၅၀၀,၀၀၀ ခန့် ကုန်ကျနေပြီဖြစ်ကြောင်း၊ လေယာဉ်အတွက် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ပေးခဲ့ရကြောင်း၊ လေယာဉ်ကို တပိုင်းစီ ဖြုတ်ရန်နှင့် အလက်စကား ပြည်နယ်ရှိ Fairbanks မြို့မှ Wasilla မြို့အထိ နောက်တွဲယာဉ်များဖြင့် သယ်ယူရေးအတွက် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း ပြောသည်။
ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ ကုန်တင်လေယာဉ်ဟောင်းကို တောင့်တင်းခိုင်မာသော ဒေါက်တိုင်များဖြင့် ထောက်မထားပြီး လေယာဉ်တောင်ပံတစ်ခုကို လသာဆောင်အဖြစ် ပြောင်းလဲအသုံးပြုထားသည်ကို တွေ့ရသည်။
လှေကားများနှင့် ဆင်ဝင်နေရာ တိုးချဲ့ဆောက်လုပ်ထားမှုမှာ သမားရိုးကျ ဝင်ပေါက်အသွင် ခံစားရစေသည်။
(အမေရိကန်ပြည်ထောင်စု၊ အလက်စကား ပြည်နယ်တွင် နေထိုင်သော စတက်ဖနီ ဘလန်းချတ်နှင့် ဂျွန်ကော့ဝစ်ကီတို့ စုံတွဲသည် အသုံးမပြုတော့သော ၁၉၅၆ ခုနှစ်ထုတ် Douglas DC-6 အမျိုးအစား ကုန်တင် လေယာဉ်ကြီးကို လူနေအိမ်အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် တစ်ညလျှင် ၃၄၉ ဒေါ်လာဖြင့် Airbnb အိမ်ငှား ဝက်ဘ်ဆိုက်တွင် အငှားဈေးကွက်တင်ခဲ့ကြသည်။)
(ကမ္ဘာတလွှားရှိ ထူးခြားသော အိမ်ငယ်လေးများအကြောင်း တင်ဆက်ဖော်ပြနေသည့် ခရီးသွား ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Tiny House Giant Journey က စတက်ဖနီတို့ စုံတွဲနှင့် တွေ့ဆုံမေးမြန်းခဲ့ပုံကို YouTube တွင် လွှင့်တင်ခဲ့သည်။ ဂျွန်ကော့ဝစ်ကီတို့ စုံတွဲသည် လေယာဉ်မှူးနှင့် လေယာဉ်မောင်းနည်းပြအဖြစ် လုပ်ကိုင်သူများ ဖြစ်ပြီး ကုန်တင်လေယာဉ်ကြီးအား လူနေအိမ်အဖြစ် ကိုယ်တိုင်ပြောင်းလဲမွမ်းမံခဲ့ပုံများကို အသေးစိတ်ပြောပြခဲ့ ကြသည်။)
(ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ ကုန်တင်လေယာဉ်ဟောင်းကို တောင့်တင်းခိုင်မာသော ဒေါက်တိုင်များဖြင့် ထောက်မထားပြီး လေယာဉ်တောင်ပံတစ်ခုကို လသာဆောင်အဖြစ် ပြောင်းလဲအသုံးပြုထားသည်ကို တွေ့ရသည်။)
(ဂျွန်က ပြောပြသည်မှာ လေယာဉ်ကို လူနေအိမ်အဖြစ် မွမ်းမံမှုအတွက် လက်ရှိအချိန်အထိ ဒေါ်လာ ၅၀၀,၀၀၀ ခန့် ကုန်ကျနေပြီဖြစ်ကြောင်း၊ လေယာဉ်အတွက် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ပေးခဲ့ရကြောင်း၊ လေယာဉ်ကို တပိုင်းစီ ဖြုတ်ရန်နှင့် အလက်စကား ပြည်နယ်ရှိ Fairbanks မြို့မှ Wasilla မြို့အထိ နောက်တွဲယာဉ်များဖြင့် သယ်ယူရေးအတွက် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း ပြောသည်။)
(လေယာဉ်မောင်း သင်တန်းကျောင်းအတွက် ဧည့်ဂေဟာအိမ်များ ဆောက်လုပ်ရန် တွေးတောခဲ့စဉ် လေယာဉ်ဟောင်းတစ်စီး ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲရန် စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း ဂျွန်က ပြောပြသည်။)
“စတက်ဖနီနဲ့ ကျွန်တော်က ဒီဒေသ (အလက်စကား) မှာ လေယာဉ်မောင်း သင်တန်းကျောင်းဖွင့်ဖို့နဲ့ ကျောင်းသားတွေ နေထိုင်တည်းခိုနိုင်ဖို့ နည်းလမ်းတွေ တွေးတော ကြံဆခဲ့ကြပါတယ်။”
“ဧက ၁၀၀ ကျော်ရှိတဲ့ ဒီက (အလက်စကား) ခြံထဲမှာ ကိုယ်ပိုင်လေယာဉ်ပြေးလမ်းတွေ၊ လေယာဉ် သိုလှောင်ရုံ တွေအပြင် ကျောင်းသားတွေ တည်းခိုနေထိုင်နိုင်ဖို့ အိမ်ငယ်လေးတွေ ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်”
(လပေါင်းများစွာ လေ့လာခဲ့ပြီးနောက် ဂျွန်က အလျား ၁၀၄ ပေ၊ ဗျက် ၁၁၇ ပေရှိသော အသုံးမပြုတော့သည့် ကုန်တင်လေယာဉ်ဟောင်းတစ်ခုကို တွေ့ခဲ့ပြီး ဝယ်ယူခဲ့သည်။)
(အခွံသက်သက်သာရှိသော လေယာဉ်ဟောင်းကြီးကို ဂျွန်တို့ စုံတွဲက အိပ်ခန်း ၂ ခန်းပါ လူနေအိမ်အဖြစ် မည်သို့ ပြောင်းလဲခဲ့သည်ကို ဗွီဒီယိုဖိုင်ထဲတွင် ပြသထားသည်)
(အခန်းတိုင်းတွင် မျက်နှာပြင်အခုံးကွေးနံရံများ တွေ့ရမည်ဖြစ်သည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Couple detail how they converted a retired cargo plane into a two-bedroom Airbnb where stays costs $349 PER NIGHT (dailymail)
Photo Credit: dailymail
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service