အိမ်ကြည့်မည်ဆိုလျှင် အပင်များကိုပါ အလေးထား စစ်ဆေးကြည့်ရှုသင့်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီက အကြံပြုပြောကြား

အိမ်ကြည့်မည်ဆိုလျှင် အပင်များကိုပါ အလေးထား စစ်ဆေးကြည့်ရှုသင့်ကြောင်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီက အကြံပြုပြောကြား - Property News in Myanmar from iMyanmarHouse.com
25 Jun 2024 12:09 pm တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ခြံမြေဈေးကွက်တွင် Supply နည်းပါးနေချိန်မျိုးတွင် အိမ်ခြံမြေ ရှာဖွေသူများအနေဖြင့် အပြိုင်အဆိုင် ရှာကြရသည်။

လက်နှေးနေသူများ နောက်ကောက်ကျကာ စိတ်ပျက်ကျန်ရစ်ခဲ့နိုင်သည်။

သို့သော် ဆုံးဖြတ်ချက်အမြန်ချမိသူများမှာလည်း ဝယ်သူဖြစ်စေ၊ အိမ်ငှားဖြစ်စေ နောင်တရစရာ အခြေအနေမျိုး နှင့် ရင်ဆိုင်ရသည့်ဖြစ်ရပ်များ အထင်အရှားရှိနေသည်။

House Buy Fast ကို တည်ထောင်သူ အိမ်ခြံမြေကျွမ်းကျင်ပညာရှင် ဂျိုနသန် ရိုလန်ဒီ (Jonathan Rolande) က “နေစရာ ရှာဖွေနေတဲ့ သူတွေအနေနဲ့ ပထမဆုံး ရလာတဲ့ အခွင့်အရေးကို ဖမ်းဆုပ်လိုက်ကြတာ မျိုးတွေ ရှိတယ်။ Supply က နည်းပါးနေချိန်မှာ လိုချင်တဲ့အိမ်မျိုး ရဖို့ကတော့ ခက်ပါတယ်”ဟု ပြောသည်။

“အိမ်သစ်တစ်ခုရဲ့ အိမ်သော့ရလိုက်တာလောက် ပိုကောင်းတဲ့ ခံစားချက် မရှိပါဘူး။ ဒါပေမဲ့ အဲဒီအိမ်မှာ မမြင်ရတဲ့ ပြဿနာတွေ ရှိနေတယ်ဆိုရင် ဒီအိမ်ဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။”

“ဒါတွေကို ပြုပြင်ဖို့အတွက် ဒေါ်လာ ထောင်သောင်းချီ ကုန်ကျနိုင်ပါတယ်။ အိမ်သစ်မှာ ဘဝရဲ့ စာမျက်နှာသစ် နဲ့အတူ ပျော်ရွှင်ရမယ့်အစား အကြွေးတွေတင်ပြီး မပျော်နိုင်တော့မယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။”

ဂျိုနသန်၏ ပြောပြချက်အရ အိမ်တစ်လုံးအား စာချုပ်မချုပ်မီ အဓိကကြည့်သင့်သည့် အချက် ၈ ချက်ရှိကြောင်း ပြောသည်။

“ပထမဆုံးအနေနဲ့ အိမ်နီးချင်းတွေကို လေ့လာရမယ်။ ကိုယ်ဝယ်လိုက်တဲ့အိမ်နဲ့ ပတ်သက်ပြီး အရာအားလုံး ပြောင်းလဲပစ်လို့ရတယ်။ ဒါပေမဲ့ အိမ်နီးချင်းကို ပြောင်းလဲလို့ မရပါဘူး။ အနီးဝန်းကျင်မှာရှိတဲ့ အိမ်တွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းမွမ်းမံမှု လုပ်လား။ အသံဗလံ ဆူညံတဲ့ လုပ်ငန်းတွေ လုပ်နေလား။ အခန်းတွေ အများကြီးကန့်ပြီး အငှားချထားတဲ့ အိမ်မျိုးလား။ ဒါတွေကို စစ်ဆေးရပါမယ်။”

“မြို့နဲ့ လမ်းရဲ့နာမည်ကို Google မှာ ရိုက်ရှာကြည့်ပါ။ အရင်ဆုံး ပေါ်လာတဲ့ အရာအားလုံးကို လေ့လာကြည့်ပါ။ ပြီးရင် သတင်း (News ) ကဏ္ဍကိုလည်း နှိပ်ကြည့်ပါ။ လူ့စည်းလူ့ဘောင်နဲ့ မနေတတ်တဲ့ အိမ်နီးချင်းတွေ အကြောင်း၊ ရာဇဝတ်မှု ဖြစ်ပွားနှုန်း (ဒါမှမဟုတ်) ဒီဒေသရဲ့ အနိဌာရုံတစ်ခုခုအကြောင်း တွေ့ရတာမျိုး ရှိနိုင်ပါတယ်။”

“အိမ်ထဲမှာ တံခါးတွေကို ဖွင့်ကြည့်ပိတ်ကြည့်ပြီး ကောင်းမကောင်း စစ်ဆေးကြည့်ပါ။”

“နံရံတွေ အက်နေလားဆိုတာတွေ ကြည့်ပါ။ ၁၉၃၀ နောက်ပိုင်း ဆောက်တဲ့အိမ်တွေဆိုရင် အုတ်တွေ အက်တာဟာ အမြဲတွေ့ရတဲ့ ပြဿနာ ဖြစ်နေတယ်။ ဒါကို ပြုပြင်ဖို့က ကုန်ကျစရိတ် အရမ်းများပါတယ်။”

“ပန်းခြံထဲက ရေဆိုးပြွန် လူဆင်းပေါက်တွေကို စစ်ဆေးကြည့်ပါ။ ပုံမှန်အတိုင်းဆိုရင် ဖုန်တွေ ရွှံ့တွေနဲ့ ညစ်ပတ်နေပါလိမ့်မယ်။ မကြာသေးမီက အဖုံးဖွင့်ထားတဲ့ လက္ခဏာရှိရင် ချို့ယွင်းချက်တစ်ခုခု ရှိနိုင်ပါတယ်။”

“မီးပလတ်ခုံတွေ ခေတ်မီလားဆိုတာ စစ်ဆေးကြည့်ပါ။ မိန်းဘုတ်ကိုလည်း စစ်ဆေးပါ။ ဝါယာတွေ ပြန်သွယ်ဖို့ လိုမလားဆိုတာ ဦးစားပေး စစ်ဆေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အပင်တွေကို အကဲခတ်ပါ။ အပင်တွေ ဟာ အိမ်နဲ့ နီးနေသလား။ ထင်းရှုးပင်လိုမျိုး မြေအောက်ရေ အရမ်းစုပ်တဲ့ အပင်မျိုးတွေလား။ ဒီလိုအပင်တွေရှိရင် မြေကျွံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Property expert says you should 'always check the trees' when viewing a house (express)

 

[Zawgyi]

အိမ္ၾကည့္မည္ဆိုလွ်င္ အပင္မ်ားကိုပါ အေလးထား စစ္ေဆးၾကည့္ရႈသင့္ေၾကာင္း အိမ္ျခံေျမကၽြမ္းက်င္ပညာရွင္ ဂ်ိဳနသန္ ရိုလန္ဒီက အၾကံျပဳေျပာၾကား

 

အိမ္ျခံေျမေစ်းကြက္တြင္ Supply နည္းပါးေနခ်ိန္မ်ဳိးတြင္ အိမ္ျခံေျမ ရွာေဖြသူမ်ားအေနျဖင့္ အျပိဳင္အဆိုင္ ရွာၾက ရသည္။

လက္ေႏွးေနသူမ်ား ေနာက္ေကာက္က်ကာ စိတ္ပ်က္က်န္ရစ္ခဲ့ႏိုင္သည္။ သို႔ေသာ္ ဆံုးျဖတ္ခ်က္အျမန္ခ်မိသူမ်ားမွာလည္း ဝယ္သူျဖစ္ေစ၊ အိမ္ငွားျဖစ္ေစ ေနာင္တရစရာ အေျခအေနမ်ဳိး ႏွင့္ ရင္ဆိုင္ရသည့္ျဖစ္ရပ္မ်ား အထင္အရွားရွိေနသည္။

House Buy Fast ကို တည္ေထာင္သူ အိမ္ျခံေျမကၽြမ္းက်င္ပညာရွင္ ဂ်ဳိနသန္ ရိုလန္ဒီ (Jonathan Rolande) က “ေနစရာ ရွာေဖြေနတဲ့ သူေတြအေနနဲ႔ ပထမဆံုး ရလာတဲ့ အခြင့္အေရးကို ဖမ္းဆုပ္လုိက္ၾကတာ မ်ဳိးေတြ ရွိတယ္။ Supply က နည္းပါးေနခ်ိန္မွာ လိုခ်င္တဲ့အိမ္မ်ဳိး ရဖို႔ကေတာ့ ခက္ပါတယ္”ဟု ေျပာသည္။

“အိမ္သစ္တစ္ခုရဲ႕ အိမ္ေသာ့ရလိုက္တာေလာက္ ပိုေကာင္းတဲ့ ခံစားခ်က္ မရွိပါဘူး။ ဒါေပမဲ့ အဲဒီအိမ္မွာ မျမင္ရတဲ့ ျပႆနာေတြ ရွိေနတယ္ဆုိရင္ ဒီအိမ္ဟာ အိပ္မက္ဆုိးတစ္ခု ျဖစ္လာႏိုင္ပါတယ္။”

“ဒါေတြကို ျပဳျပင္ဖို႔အတြက္ ေဒၚလာ ေထာင္ေသာင္းခ်ီ ကုန္က်ႏုိင္ပါတယ္။ အိမ္သစ္မွာ ဘဝရဲ႕ စာမ်က္ႏွာသစ္ နဲ႔အတူ ေပ်ာ္ရႊင္ရမယ့္အစား အေၾကြးေတြတင္ျပီး မေပ်ာ္ႏိုင္ေတာ့မယ့္ အေျခအေန ျဖစ္လာႏိုင္ပါတယ္။”

ဂ်ိဳနသန္၏ ေျပာျပခ်က္အရ အိမ္တစ္လံုးအား စာခ်ဳပ္မခ်ဳပ္မီ အဓိကၾကည့္သင့္သည့္ အခ်က္ ၈ ခ်က္ရွိေၾကာင္း ေျပာသည္။

“ပထမဆံုးအေနနဲ႔ အိမ္နီးခ်င္းေတြကို ေလ့လာရမယ္။ ကိုယ္ဝယ္လိုက္တဲ့အိမ္နဲ႔ ပတ္သက္ျပီး အရာအားလံုး ေျပာင္းလဲပစ္လို႔ ရတယ္။ ဒါေပမဲ့ အိမ္နီးခ်င္းကို ေျပာင္းလဲလို႔ မရပါဘူး။ အနီးဝန္းက်င္မွာရွိတဲ့ အိမ္ေတြကို ေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းမြမ္းမံမႈ လုပ္လား။ အသံဗလံ ဆူညံတဲ့ လုပ္ငန္းေတြ လုပ္ေနလား။ အခန္းေတြ အမ်ားၾကီးကန္႔ျပီး အငွားခ်ထားတဲ့ အိမ္မ်ဳိးလား။ ဒါေတြကို စစ္ေဆးရပါမယ္။”

“ျမိဳ႕နဲ႔ လမ္းရဲ႕နာမည္ကို Google မွာ ရိုက္ရွာၾကည့္ပါ။ အရင္ဆံုး ေပၚလာတဲ့ အရာအားလံုးကို ေလ့လာၾကည့္ပါ။ ျပီးရင္ သတင္း (News ) က႑ကိုလည္း ႏွိပ္ၾကည့္ပါ။ လူ႔စည္းလူ႔ေဘာင္နဲ႔ မေနတတ္တဲ့ အိမ္နီးခ်င္းေတြ အေၾကာင္း၊ ရာဇဝတ္မႈ ျဖစ္ပြားႏႈန္း (ဒါမွမဟုတ္) ဒီေဒသရဲ႕ အနိဌာရံုတစ္ခုခုအေၾကာင္း ေတြ႔ရတာမ်ဳိး ရွိႏိုင္ ပါတယ္။”

“အိမ္ထဲမွာ တံခါးေတြကို ဖြင့္ၾကည့္ပိတ္ၾကည့္ျပီး ေကာင္းမေကာင္း စစ္ေဆးၾကည့္ပါ။”

“နံရံေတြ အက္ေနလားဆိုတာေတြ ၾကည့္ပါ။ ၁၉၃၀ ေနာက္ပိုင္း ေဆာက္တဲ့အိမ္ေတြဆုိရင္ အုတ္ေတြ အက္တာဟာ အျမဲေတြ႔ရတဲ့ ျပႆနာ ျဖစ္ေနတယ္။ ဒါကို ျပဳျပင္ဖို႔က ကုန္က်စရိတ္ အရမ္းမ်ားပါတယ္။”

“ပန္းျခံထဲက ေရဆိုးျပြန္ လူဆင္းေပါက္ေတြကို စစ္ေဆးၾကည့္ပါ။ ပံုမွန္အတုိင္းဆုိရင္ ဖုန္ေတြ ရႊံ႕ေတြနဲ႔ ညစ္ပတ္ေနပါလိမ့္မယ္။ မၾကာေသးမီက အဖံုးဖြင့္ထားတဲ့ လကၡဏာရွိရင္ ခ်ဳိ႕ယြင္းခ်က္တစ္ခုခု ရွိႏိုင္ပါတယ္။”

“မီးပလတ္ခံုေတြ ေခတ္မီလားဆိုတာ စစ္ေဆးၾကည့္ပါ။ မိန္းဘုတ္ကိုလည္း စစ္ေဆးပါ။ ဝါယာေတြ ျပန္သြယ္ဖုိ႔ လိုမလားဆိုတာ ဦးစားေပး စစ္ေဆးရမွာ ျဖစ္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ အပင္ေတြကို အကဲခတ္ပါ။ အပင္ေတြ ဟာ အိမ္နဲ႔ နီးေနသလား။ ထင္းရႈးပင္လိုမ်ဳိး ေျမေအာက္ေရ အရမ္းစုပ္တဲ့ အပင္မ်ဳိးေတြလား။ ဒီလိုအပင္ေတြ ရွိရင္ ေျမကၽြံတာမ်ဳိးေတြ ျဖစ္ႏိုင္ပါတယ္။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Property expert says you should 'always check the trees' when viewing a house (express)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service