အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos အား ဒေါ်လာ ၈၇ သန်းဖြင့် ရောင်းချပြီးနောက် ဒေါ်လာ ၁၇ ဒသမ ၂၅ သန်း တန် Penthouse ခန်း ဝယ်ယူနေထိုင်

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံက ၎င်းတို့၏ အိမ်ကို ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos အား ဒေါ်လာ ၈၇ သန်းဖြင့် ရောင်းချပြီးနောက် ဒေါ်လာ ၁၇ ဒသမ ၂၅ သန်း တန် Penthouse ခန်း ဝယ်ယူနေထိုင် - Property News in Myanmar from iMyanmarHouse.com
25 Jun 2024 10:43 am တွင် တင်ခဲ့သည်
888 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖလော်ရီဒါပြည်နယ်မှ ဇနီးမောင်နှံစုံတွဲက ၎င်းတို့၏ နေအိမ်ကို ဂျက်ဘေးဇော့စ် (Jeff Bezos) ထံ ဒေါ်လာ ၈၇ သန်းဖြင့် ရောင်းကာ ဒေါ်လာ ၁၇ ဒသမ ၂၅ သန်းတန် Penthouse ခန်း ဝယ်ယူနေထိုင်ခဲ့ကြသည်။

အငြိမ်းစား ဘဏ်လုပ်ငန်းရှင် Javier Holtz နှင့် ဇနီးဖြစ်သူ Andria တို့သည် ဖလော်ရီဒါပြည်နယ်မှ လူလုပ်ကျွန်းတစ်ခုဖြစ်သော Indian Creek တွင် တည်ရှိသော နေအိမ်ကို Amazon တည်ထောင်သူ Jeff Bezos ထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် တန်ဖိုး နည်းပါးသည့် နေအိမ် ရှာဖွေခဲ့ကြသည်။

၎င်းတို့စုံတွဲသည် ကိုယ်ပိုင် ရေကူးကန်တစ်ခုပါသည့် Penthouse ခန်းတစ်ခုကို ကန်ဒေါ်လာ ၁၅ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပရိဘောဂထည့်သွင်းမှုအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း သုံးစွဲခဲ့သည်။

Javier တို့ဇနီးမောင်နှံ၏ နေအိမ်ရောင်းချမှုသတင်းကို ပထမဆုံး စတင်ဖော်ပြခဲ့သည်မှာ Real Deal မှ ဖြစ်သည်။

(Javier နှင့် Andria Holtz တို့ ဇနီးမောင်နှံ။ ဓာတ်ပုံ-Javier Holtz/Facebook)

 

(Penthouse ခန်းတွင် စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော လသာဆောင်ပါဝင်သည်။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

(မိုင်အမ်မီကမ်းခြေရှိ Ritz-Carton Residences။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

(၎င်းတို့ စုံတွဲ ဝယ်ယူလိုက်သောအခန်းမှ တွေ့မြင်ရသည့် အပြောကျယ်သော ရှုမျှော်ခင်း။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

(အိပ်ခန်းများအနက် တစ်ခုမှာ လသာဆောင်သို့ ပေါက်သည်။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

Javier တို့ ဇနီးမောင်နှံက ဂျက်ဘေးဇော့စ်အား ရောင်းချလိုက်သော စံအိမ်ကို ၁၉၉၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက Gimme Shelter အား ပြောသည်။

ယခုစံအိမ်သည် ဂျက်ဘေးဇော့စ်အတွက် အဆိုပါ ကျွန်းတွင် တတိယမြောက် ဝယ်ယူသော နေအိမ်ဖြစ်ပြီး ထိုကျွန်းပေါ်တွင် နေအိမ်များ ဝယ်ယူမှုအတွက် ကန်ဒေါ်လာ ၂၃၄ သန်း သုံးစွဲခဲ့ပြီး ဖြစ်သည်။

Javier တို့ ဇနီးမောင်နှံ ဝယ်ယူလိုက်သော ကွန်ဒိုတွင် စူပါမော်ဒယ် စင်ဒီကရောဖို့ဒ်နှင့် ခင်ပွန်းဖြစ်သူ Rande Gerber တို့လည်း နေထိုင်သည်။

 

(Javier တို့၏ ကွန်ဒိုခန်းတွင် ပါဝင်သော သီးသန့် ရေကူးကန်။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

(ခမ်းနားသော အခင်းအကျင်း။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

အပူချိန် ထိန်းညှိစနစ်ပါသော ဝိုင်ပုလင်းများ ထားရှိသည့်စင်။ ဓာတ်ပုံ-Iglesias Photography.com/ @iglp11)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Florida couple downsizes to a $17.25M penthouse after selling their home to Jeff Bezos for $87M (nypost)

Photo Credit-IglesiasPhotography.com / @iglp11, Javier Holtz/Facebook

 

 

[Zawgyi]


 






 












 



 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service