၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံဝန်းကြီး ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံဝန်းကြီး ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Jun 2024 12:22 pm တွင် တင်ခဲ့သည်
1030 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်အနောက်မြောက်ပိုင်း Cumbria ခရိုင်တွင် သမိုင်းဝင် အမွေအနှစ်အဖြစ် Grade I အဆင့် သတ်မှတ်ခံထားရသော Corby ရဲတိုက်ကြီး မျိုးဆက်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အရောင်းဈေးကွက် ဝင်လာသည်။

Cumbria ခရိုင်၏ အရှေ့မြောက်စူးစူးတွင် သာယာလှပသော Great Corby နှင့် Wetheral ကျေးရွာများ ဝန်းပတ်ထားသည့် ၇၁၁ ဧက ကျယ်ဝန်းသော ခြံဝန်းကြီးဖြစ်သည်။

အပြောကျယ်လှသော ခြံဝန်းကြီး၏ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ကြီးကျယ်ခမ်းနားသော အေဒင်မြစ်ကြီးက ဖြတ်သန်းစီးဆင်းနေသည်။

 

 

မြောက်ဘက်နှင့် အရှေ့ဘက်တွင် သစ်တောမြေရှိပြီး Carlisle မြို့မှာ အနောက်ဘက် ၆ မိုင်ခန့်အကွာတွင် ရှိသည်။

ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ဤခြံဝန်းကြီးကို Savills အိမ်ခြံမြေကုမ္ပဏီမှ တဆင့် ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။

 

(Corby ရဲတိုက်ကြီး၏ အတွင်းပိုင်းမှာ မျက်နှာစာနည်းတူ ခမ်းနားထည်ဝါလှသည်)

 

Historic England ၏ ဖော်ပြချက်အရ Corby ရဲတိုက်ကြီးကို ၁၂ ရာစုတွင် ဟင်နရီ II ဘုရင်က တော်ဝင် မျိုးနွှယ်တစ်ဦးဖြစ်သူ Hubert de Vallibus အား ပေးအပ်ခဲ့သည်။

ယင်းနောက် Carlisle နယ်စားကြီး Andrew de Harcia က လွှဲပြောင်းဆက်ခံရယူခဲ့ကာ ၁၃၃၆ ခုနှစ်တွင်မူ ဘုရင် Edward III က Sir Richard Salkeld အား ပေးအပ်ခဲ့သည်။

 

၁၆၀၅ ခုနှစ်တွင် နော်ဖော့ခ် မြို့စားကြီး၏ တတိယမြောက်သားတော် လော့ဒ် ဝီလျံ ဟောင်းဝါ့ဒ်က ဝယ်ယူခဲ့သည်။

ဤရဲတိုက်ဝန်းကြီးသည် ဟောင်းဝပ်မိသားစု၏ လက်ထဲတွင် ၁၉၉၄ ခုနှစ်အထိ ရာစုနှစ်နှင့်ချီကာ ရှိနေခဲ့ပြီး ယင်းနောက် အိုင်ယာလန်မြောက်ပိုင်းမှ Ballyedmond မိသားစုက ဝယ်ယူခဲ့သည်။

 

 

Corby ရဲတိုက်ကြီးကို ဟင်နရီ ဟောင်းဝါ့ဒ်အတွက် ၁၈၁၂ မှ ၁၈၁၄ ခုနှစ်အကြား ဗိသုကာပညာရှင် Peter Nicholson က ပြန်လည်မွမ်းမံပေးခဲ့သည်။

ရဲတိုက်ကြီးမှာ ကျယ်ဝန်းသော ခြံဝန်းကြီး၏ မြောက်ဘက်တွင် တည်ရှိပြီး အကျယ်အဝန်း ၃၀၃၆၄ စတုရန်းပေ ရှိသည်။

 

 

အေဒင်မြစ်၏ မြစ်ကမ်းပါးများနှင့် ချောက်ကမ်းပါးများကို စီးမိုးတွေ့မြင်ရပြီး ခမ်းနားလှသော ပန်းဥယျာဉ်များက ဝန်းပတ်ထားသည်။

လှပသော ဧည့်ခန်းမှတဆင့် အမိုးခုံး မှန်တံခါးများကို ဖြတ်သန်းကာ မျက်နှာစာ ၂ ဘက်ရှိသော နွေရာသီ ခန်းမဆီသို့ ရောက်သည်။

 

 

ကပ်လျက်တွင် စာကြည့်တိုက်ရှိပြီး လှပစွာ အလှဆင်ထားသော စာအုပ်စင်များ၊ ပိုးထည် နံရံကပ်စက္ကူတို့ ဖြင့် မွမ်းမံထားသည်။

တောင်ဘက်သို့ မျက်နှာမူသော ကြီးမားသည့်ပြတင်းများရှိရာ သဘာဝအလင်းကောင်းစွာရရှိသည်။

 

 

အဆိုပါ အခန်းများမှတဆင့် အေဒင်မြစ်ကို စီးမိုးတွေ့မြင်ရသည့် လသာဆောင်ဆီသို့ ရောက်ရှိနိုင်သည်။

Corby ရဲတိုက်ကြီး၏ ပတ်လည်တွင် စိုက်ပျိုးရန် မြေသြဇာကောင်းသော မြေ ၃၈၇ ဧကကို ခြံဝန်းခတ်ကာ ထားရှိသည်။

Savills အိမ်ခြံမြေကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးထားပြီး ခေါ်ဈေးမှာ ပေါင် ၁၅ သန်းဖြစ်သည်။

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘One of Britain’s greatest estates’, complete with castle, river and 711 acres, is up for sale for the first time in a generation (countrylife)

 

 

[Zawgyi]

၇၁၁ ဧက က်ယ္ဝန္းကာ ရဲတိုက္ႀကီးတစ္လုံးႏွင့္ ျမစ္တစ္စင္းပါေသာ ၿဗိတိန္၏ အႀကီးက်ယ္ခမ္းနားဆုံး အိမ္ျခံေျမမ်ားတြင္ ပါဝင္ေသာ ျခံဝန္းႀကီး ေပါင္ ၁၅ သန္းျဖင့္ အေရာင္းေဈးကြက္ဝင္လာ

အဂၤလန္အေနာက္ေျမာက္ပိုင္း Cumbria ခ႐ိုင္တြင္ သမိုင္းဝင္ အေမြအႏွစ္အျဖစ္ Grade I အဆင့္ သတ္မွတ္ခံ ထားရေသာ Corby ရဲတိုက္ႀကီး မ်ိဳးဆက္တစ္ခုအတြင္း ပထမဆုံးအႀကိမ္အျဖစ္ အေရာင္းေဈးကြက္ ဝင္လာသည္။

Cumbria ခ႐ိုင္၏ အေ႐ွ႕ေျမာက္စူးစူးတြင္ သာယာလွပေသာ Great Corby ႏွင့္ Wetheral ေက်း႐ြာမ်ား ဝန္းပတ္ထားသည့္ ၇၁၁ ဧက က်ယ္ဝန္းေသာ ျခံဝန္းႀကီးျဖစ္သည္။

အေျပာက်ယ္လွေသာ ျခံဝန္းႀကီး၏ အေနာက္ဘက္ႏွင့္ ေတာင္ဘက္တို႔တြင္ ႀကီးက်ယ္ခမ္းနားေသာ ေအဒင္ ျမစ္ႀကီးက ျဖတ္သန္းစီးဆင္းေနသည္။

ေျမာက္ဘက္ႏွင့္ အေ႐ွ႕ဘက္တြင္ သစ္ေတာေျမ႐ွိၿပီး Carlisle ၿမိဳ႕မွာ အေနာက္ဘက္ ၆ မိုင္ခန္႔အကြာတြင္ ႐ွိသည္။

ၿဗိတိန္၏ အႀကီးက်ယ္ခမ္းနားဆုံး အိမ္ျခံေျမမ်ားတြင္ ပါဝင္ေသာ ဤျခံဝန္းႀကီးကို Savills အိမ္ျခံေျမကုမၸဏီမွ တဆင့္ ေပါင္ ၁၅ သန္းျဖင့္ အေရာင္းေဈးကြက္တင္ထားသည္။

(Corby ရဲတိုက္ႀကီး၏ အတြင္းပိုင္းမွာ မ်က္ႏွာစာနည္းတူ ခမ္းနားထည္ဝါလွသည္)

Historic England ၏ ေဖာ္ျပခ်က္အရ Corby ရဲတိုက္ႀကီးကို ၁၂ ရာစုတြင္ ဟင္နရီ II ဘုရင္က ေတာ္ဝင္ မ်ိဳးႏႊယ္တစ္ဦးျဖစ္သူ Hubert de Vallibus အား ေပးအပ္ခဲ့သည္။

ယင္းေနာက္ Carlisle နယ္စားႀကီး Andrew de Harcia က လႊဲေျပာင္းဆက္ခံရယူခဲ့ကာ ၁၃၃၆ ခုႏွစ္တြင္မူ ဘုရင္ Edward III က Sir Richard Salkeld အား ေပးအပ္ခဲ့သည္။

၁၆၀၅ ခုႏွစ္တြင္ ေနာ္ေဖာ့ခ္ ၿမိဳ႕စားႀကီး၏ တတိယေျမာက္သားေတာ္ ေလာ့ဒ္ ဝီလ်ံ ေဟာင္းဝါ့ဒ္က ဝယ္ယူခဲ့သည္။

ဤရဲတိုက္ဝန္းႀကီးသည္ ေဟာင္းဝပ္မိသားစု၏ လက္ထဲတြင္ ၁၉၉၄ ခုႏွစ္အထိ ရာစုႏွစ္ႏွင့္ခ်ီကာ ႐ွိေနခဲ့ၿပီး ယင္းေနာက္ အိုင္ယာလန္ေျမာက္ပိုင္းမွ Ballyedmond မိသားစုက ဝယ္ယူခဲ့သည္။

Corby ရဲတိုက္ႀကီးကို ဟင္နရီ ေဟာင္းဝါ့ဒ္အတြက္ ၁၈၁၂ မွ ၁၈၁၄ ခုႏွစ္အၾကား ဗိသုကာပညာ႐ွင္ Peter Nicholson က ျပန္လည္မြမ္းမံေပးခဲ့သည္။

ရဲတိုက္ႀကီးမွာ က်ယ္ဝန္းေသာ ျခံဝန္းႀကီး၏ ေျမာက္ဘက္တြင္ တည္႐ွိၿပီး အက်ယ္အဝန္း ၃၀၃၆၄ စတုရန္းေပ ႐ွိသည္။

ေအဒင္ျမစ္၏ ျမစ္ကမ္းပါးမ်ားႏွင့္ ေခ်ာက္ကမ္းပါးမ်ားကို စီးမိုးေတြ႕ျမင္ရၿပီး ခမ္းနားလွေသာ ပန္းဥယ်ာဥ္မ်ားက ဝန္းပတ္ထားသည္။

လွပေသာ ဧည့္ခန္းမွတဆင့္ အမိုးခုံး မွန္တံခါးမ်ားကို ျဖတ္သန္းကာ မ်က္ႏွာစာ ၂ ဘက္႐ွိေသာ ေႏြရာသီ ခန္းမ ဆီသို႔ ေရာက္သည္။

ကပ္လ်က္တြင္ စာၾကည့္တိုက္႐ွိၿပီး လွပစြာ အလွဆင္ထားေသာ စာအုပ္စင္မ်ား၊ ပိုးထည္ နံရံကပ္စကၠဴတို႔ ျဖင့္ မြမ္းမံထားသည္။

ေတာင္ဘက္သို႔ မ်က္ႏွာမူေသာ ႀကီးမားသည့္ျပတင္းမ်ား႐ွိရာ သဘာဝအလင္းေကာင္းစြာရ႐ွိသည္။

အဆိုပါ အခန္းမ်ားမွတဆင့္ ေအဒင္ျမစ္ကို စီးမိုးေတြ႕ျမင္ရသည့္ လသာေဆာင္ဆီသို႔ ေရာက္႐ွိႏိုင္သည္။

Corby ရဲတိုက္ႀကီး၏ ပတ္လည္တြင္ စိုက္ပ်ိဳးရန္ ေျမၾသဇာေကာင္းေသာ ေျမ ၃၈၇ ဧကကို ျခံဝန္းခတ္ကာ ထား႐ွိသည္။ Savills အိမ္ျခံေျမကုမၸဏီက အေရာင္းေဈးကြက္တင္ေပးထားၿပီး ေခၚေဈးမွာ ေပါင္ ၁၅ သန္းျဖစ္သည္။

 

Ref: ‘One of Britain’s greatest estates’, complete with castle, river and 711 acres, is up for sale for the first time in a generation (countrylife)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service