တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေ Developer ကုမ္ပဏီကြီး Evergrande တည်ထောင်သူ၏ ဟောင်ကောင်ရှိ စံအိမ်ကြီးကို ဟောင်ကောင်ဒေါ်လာ ၄၄၈ သန်း (ကန်ဒေါ်လာ ၅၇ သန်းကျော်) ဖြင့် ရောင်းထွက်

တရုတ်ပြည်၏ ထိပ်သီး အိမ်ခြံမြေ Developer ကုမ္ပဏီကြီး Evergrande တည်ထောင်သူ၏ ဟောင်ကောင်ရှိ စံအိမ်ကြီးကို ဟောင်ကောင်ဒေါ်လာ ၄၄၈ သန်း (ကန်ဒေါ်လာ ၅၇ သန်းကျော်) ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
17 Jun 2024 10:53 am တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်ရှိ ဈေးအကြီးဆုံးဒေသများတွင် တည်ရှိသော စံအိမ်ကြီးတစ်လုံးကို ၁၅ လကြာ လေလံတင်ရောင်းချနေခဲ့ပြီးနောက် ယခုအခါ ဝယ်လက်ရှာတွေ့သွားပြီ ဖြစ်သည်။

ယခုအခါ ဟောင်ကောင်တွင် တရားရုံးအမိန့်အရ ဖျက်သိမ်းလိုက်ပြီဖြစ်သော Evergrande ၏ ပိုင်ဆိုင်မှုများကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတို့က ရောင်းထုတ်ရန် ကြိုးစားနေချိန်တွင် ယခုစံအိမ်ကြီး ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

Black Link 10 B တွင် တည်ရှိပြီး စတုရန်းပေ ၅၁၇၁ ကျယ်ဝန်းသော စံအိမ်ကြီးကို ယခင်က Evergrande ၏ အမှုဆောင်အရာရှိချုပ် ပိုင်ဆိုင်ခဲ့သည်။

ဟောင်ကောင်မြေယာမှတ်ပုံတင်ဌာန၏ မှတ်တမ်းများအရ ပြီးခဲ့သောလအတွင်း ဟောင်ကောင်ဒေါ်လာ ၄၄၈ သန်း (ကန်ဒေါ်လာ ၅၇ ဒသမ ၃၅ သန်း) ဖြင့် ရောင်းထွက်သွားကြောင်း ဖော်ပြသည်။

ထိုစံအိမ်ကြီးကို တန်ဖိုးဖြတ်သူတို့က ဟောင်ကောင်ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိကြောင်း တန်ဖိုးဖြတ်ထားရာ ယခုရောင်းဈေးမှာ ကာလတန်ဖိုးအောက် ၄၄ ရာခိုင်နှုန်း နည်းပါးနေသည်။

စံအိမ်ကို ဝယ်ယူသွားသူမှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Sassicaia ကုမ္ပဏီလိမိတက် ဖြစ်သည်။

Sassicaia ၏ ဒါရိုက်တာ ၂ ဦးမှာ စင်္ကာပူ ပတ်စ်ပို့ ကိုင်ဆောင်သူ Lim Choi Hwee နှင့် Bermuda မှတ်ပုံတင် ကုမ္ပဏီတစ်ခုဖြစ်သော Bartley Directors တို့ဖြစ်ပြီး Bartley Directors က ဟောင်ကောင်ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကို ကုမ္ပဏီအတွင်းရေးမှူးအဖြစ် အသုံးပြုထားသည်။

Evergrande နှင့် တည်ထောင်သူ Hui Ka-yan တို့၏ ကြွေးမြီများကို စာရင်းရှင်းလင်း ဖျက်သိမ်းသူတို့နှင့် ကြွေးမြီ ရယူသူတို့က ဖြေရှင်းရန် ကြိုးစားရာတွင် တိုးတက်မှု ရှိနေကြောင်း ယခုအရောင်းအဝယ်က ပြသနေသည်။

ဇန်နဝါရီလတွင် ကုမ္ပဏီဖျက်သိမ်းပြီးနောက် ပေးဆပ်ရမည့် ပမာဏ ကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့် ရှိနေ ကြောင်း ခန့်မှန်းရသည်။

Evergrande ၏ ကားထုတ်လုပ်ရေးကုမ္ပဏီမှာ ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်း အမျိုးမျိုးထံမှ ထောက်ပံ့ငွေ ယွမ် ၁ ဒသမ ၉ ဘီလီယံ (ကန်ဒေါ်လာ ၂၆၁ ဒသမ ၉ သန်း) ရယူခဲ့သော်လည်း ထုတ်လုပ်ရေး ရည်မှန်းချက် ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့သောကြောင့် ထိုငွေများကို ပြန်ပေးရန် အမိန့်ချမှတ်ခြင်းလည်း ခံထားရသည်။

 

(Evergrande တည်ထောင်သူ ၊ ဥက္ကဌ Hui Ka-yan ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်က တရုတ်ပြည်၊ ဝူဟန်မြို့ တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-AFP)

 

ယခုစံအိမ်ကြီးကို တရုတ်ဆောက်လုပ်ရေးဘဏ် (အာရှ) က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း သိမ်းယူခဲ့ပြီး နောက် စံအိမ်နှင့် ပတ်သက်သည့် မပေးဆောင်ရသေးသော အခွန်အခများ ကာမိစေရန် ၂၀၂၃ ခုနှစ်၊ မတ်လ တွင် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ကပ်လျက်ရှိသော 10C , 10E စံအိမ် ၂ လုံးနှင့်အတူ စံအိမ် ၃ လုံးကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဟောင်ကောင် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖြင့် ပြန်လည်အပေါင်ထားခဲ့သည်။

၎င်းတို့၏ စုစုပေါင်းတန်ကြေးမှာ ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Evergrande founder’s Black’s Link mansion finds a buyer after year-long fire sale (scmp)

Photo Credit: AFP

 

 

[Zawgyi]

တရုတ္ျပည္၏ ထိပ္သီး အိမ္ျခံေျမ Developer ကုမၸဏီၾကီး Evergrande တည္ေထာင္သူ၏ ေဟာင္ေကာင္ရွိ စံအိမ္ၾကီးကို ေဟာင္ေကာင္ေဒၚလာ ၄၄၈ သန္း (ကန္ေဒၚလာ ၅၇ သန္းေက်ာ္) ျဖင့္ ေရာင္းထြက္

 

ေဟာင္ေကာင္ရွိ ေစ်းအၾကီးဆံုးေဒသမ်ားတြင္ တည္ရွိေသာ စံအိမ္ၾကီးတစ္လံုးကို ၁၅ လၾကာ ေလလံတင္ေရာင္းခ်ေနခဲ့ျပီးေနာက္ ယခုအခါ ဝယ္လက္ရွာေတြ႔သြားျပီ ျဖစ္သည္။

ယခုအခါ ေဟာင္ေကာင္တြင္ တရားရံုးအမိန္႔အရ ဖ်က္သိမ္းလိုက္ျပီျဖစ္ေသာ Evergrande ၏ ပုိင္ဆိုင္မႈမ်ားကို စာရင္းရွင္းလင္း ဖ်က္သိမ္းေရး အရာရွိတုိ႔က ေရာင္းထုတ္ရန္ ၾကိဳးစားေနခ်ိန္တြင္ ယခုစံအိမ္ၾကီး ေရာင္းထြက္သြားျခင္းလည္း ျဖစ္သည္။

Black Link 10 B တြင္ တည္ရွိျပီး စတုရန္းေပ ၅၁၇၁ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို ယခင္က Evergrande ၏ အမႈေဆာင္အရာရွိခ်ဳပ္ ပိုင္ဆုိင္ခဲ့သည္။

ေဟာင္ေကာင္ေျမယာမွတ္ပံုတင္ဌာန၏ မွတ္တမ္းမ်ားအရ ျပီးခဲ့ေသာလအတြင္း ေဟာင္ေကာင္ေဒၚလာ ၄၄၈ သန္း (ကန္ေဒၚလာ ၅၇ ဒသမ ၃၅ သန္း) ျဖင့္ ေရာင္းထြက္သြားေၾကာင္း ေဖာ္ျပသည္။

ထိုစံအိမ္ၾကီးကို တန္ဖုိးျဖတ္သူတို႔က ေဟာင္ေကာင္ေဒၚလာ သန္း ၈၀၀ တန္ေၾကးရွိေၾကာင္း တန္ဖိုးျဖတ္ထားရာ ယခုေရာင္းေစ်းမွာ ကာလတန္ဖိုးေအာက္ ၄၄ ရာခိုင္ႏႈန္း နည္းပါးေနသည္။

စံအိမ္ကို ဝယ္ယူသြားသူမွာ ပုဂၢလိကပိုင္ ကုမၸဏီတစ္ခုျဖစ္ေသာ Sassicaia ကုမၸဏီလိမိတက္ ျဖစ္သည္။

Sassicaia ၏ ဒါရိုက္တာ ၂ ဦးမွာ စကၤာပူ ပတ္စ္ပို႔ ကိုင္ေဆာင္သူ Lim Choi Hwee ႏွင့္ Bermuda မွတ္ပံုတင္ ကုမၸဏီတစ္ခုျဖစ္ေသာ Bartley Directors တို႔ျဖစ္ျပီး Bartley Directors က ေဟာင္ေကာင္ရွိ အိမ္ျခံေျမ အက်ဳိးေဆာင္တစ္ဦးကို ကုမၸဏီအတြင္းေရးမွဴးအျဖစ္ အသံုးျပဳထားသည္။

Evergrande ႏွင့္ တည္ေထာင္သူ Hui Ka-yan တို႔၏ ေၾကြးျမီမ်ားကို စာရင္းရွင္းလင္း ဖ်က္သိမ္းသူတို႔ႏွင့္ ေၾကြးျမီ ရယူသူတို႔က ေျဖရွင္းရန္ ၾကိဳးစားရာတြင္ တိုးတက္မႈ ရွိေနေၾကာင္း ယခုအေရာင္းအဝယ္က ျပသေနသည္။

ဇန္နဝါရီလတြင္ ကုမၸဏီဖ်က္သိမ္းျပီးေနာက္ ေပးဆပ္ရမည့္ ပမာဏ ကန္ေဒၚလာ ၃၀၀ ဘီလီယံခန္႔ ရွိေန ေၾကာင္း ခန္႔မွန္းရသည္။

Evergrande ၏ ကားထုတ္လုပ္ေရးကုမၸဏီမွာ ေဒသတြင္း အာဏာပိုင္အဖြဲ႔အစည္း အမ်ဳိးမ်ဳိးထံမွ ေထာက္ပံ့ေငြ ယြမ္ ၁ ဒသမ ၉ ဘီလီယံ (ကန္ေဒၚလာ ၂၆၁ ဒသမ ၉ သန္း) ရယူခဲ့ေသာ္လည္း ထုတ္လုပ္ေရး ရည္မွန္းခ်က္ ျပည့္မီေအာင္ မေဆာင္ရြက္ႏိုင္ခဲ့ေသာေၾကာင့္ ထိုေငြမ်ားကို ျပန္ေပးရန္ အမိန္႔ခ်မွတ္ျခင္းလည္း ခံထားရသည္။

(Evergrande တည္ေထာင္သူ ၊ ဥကၠဌ Hui Ka-yan ကို ၂၀၁၇ ခုႏွစ္၊ ဇြန္လ ၅ ရက္က တရုတ္ျပည္၊ ဝူဟန္ျမိဳ႕ တြင္ ျပဳလုပ္ခဲ့ေသာ အစည္းအေဝးတစ္ခုတြင္ ေတြ႔ရပံု။ ဓာတ္ပံု-AFP)

ယခုစံအိမ္ၾကီးကို တရုတ္ေဆာက္လုပ္ေရးဘဏ္ (အာရွ) က ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း သိမ္းယူခဲ့ျပီး ေနာက္ စံအိမ္ႏွင့္ ပတ္သက္သည့္ မေပးေဆာင္ရေသးေသာ အခြန္အခမ်ား ကာမိေစရန္ ၂၀၂၃ ခုႏွစ္၊ မတ္လ တြင္ အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

ကပ္လ်က္ရွိေသာ 10C , 10E စံအိမ္ ၂ လံုးႏွင့္အတူ စံအိမ္ ၃ လံုးကို ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ေဟာင္ေကာင္ ေဒၚလာ ၁ ဒသမ ၁ ဘီလီယံျဖင့္ ျပန္လည္အေပါင္ထားခဲ့သည္။

၎တို႔၏ စုစုေပါင္းတန္ေၾကးမွာ ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Evergrande founder’s Black’s Link mansion finds a buyer after year-long fire sale (scmp)

Photo Credit: AFP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service