အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး - Property News in Myanmar from iMyanmarHouse.com
7 Jun 2024 11:03 am တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေ အသက်ဝင် အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ရှိခဲ့ပြီဖြစ်သည်။
သို့သော် ထိုဥပဒေ အကောင်အထည်ဖော်ခြင်းနှင့် အာဏာတည်စေရန် ဆောင်ရွက်ခြင်းများအတွက် ကန်ဒေါ်လာ ၃ သန်းကျော် သုံးစွဲခဲ့သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်ရန်နေရာ ရရှိသေးကြောင်း စာရင်းစစ်ချက်များတွင် ဖော်ပြသည်။
လော့စ်အိန်ဂျလိ စည်ပင်သာယာရေးဥပဒေ၏ ၄၁.၁၈ ဟု လူသိများသော ထိုမူဝါဒကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ဥပဒေအဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုဥပဒေတွင် မည်သို့သောအများပြည်သူဆိုင်ရာ နေရာများ (သို့မဟုတ်) နေရာဝန်းကျင်တွင် ထိုင်ခြင်း၊ လဲလျောင်းခြင်း၊ အိပ်စက်ခြင်း၊ မိမိပိုင်သော ပစ္စည်းပစ္စယများ ထားခြင်းတို့ ပြုလုပ်နိုင်ကြောင်း ဖော်ပြ ပြဌာန်းထားသည်။
အများပြည်သူဆိုင်ရာနေရာများ ပိတ်ဆို့မှု တားဆီးကာကွယ်ရန်၊ စာသင်ကျောင်းကဲ့သို့ အချို့သော နေရာများတွင် ဘေးကင်းလုံခြုံမှု စိုးရိမ်ရခြင်းများ ဖြေရှင်းပေးရန်နှင့် လော့စ်အိန်ဂျလိတဝန်း အိမ်ရာမဲ့စခန်းချ နေထိုင်မှုများ လျှော့ချနိုင်ရန် ရည်မှန်းချက်ဖြင့် ယခုမူဝါဒကို လော့စ်အိန်ဂျလိ မြို့ကောင်စီ အဖွဲ့ဝင်များက အတည်ပြုခဲ့ခြင်း ဖြစ်သည်။
၃ နှစ်ကျော် ကာလအတွင်း လော့စ်အိန်ဂျလိ အိမ်ရာမဲ့ဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ (LAHSA) နှင့် အခြား ဝန်ဆောင်မှု အဖွဲ့များက အိမ်ရာမဲ့ အခြေချတဲပေါင်း ၁၇၅ ခုကို ကိုင်တွယ်စီစဉ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအိမ်ရာမဲ့တဲများတွင် နေထိုင်သူစုစုပေါင်း ၁၈၅၆ ဦးရှိသည်။
ယင်းအနက် ၃၁၃ ဦးကို ယာယီနေထိုင်နိုင်မည့်နေရာများသို့ ပြောင်းရွှေ့ပေးခဲ့သည်။
လက်ရှိအချိန်ထိ အမြဲတမ်းနေထိုင်နိုင်မည့်နေရာ ရရှိသွားသူမှာ ၂ ဦးတည်းသာ ရှိသေးသည်။
LAHSA က ပြောသည်မှာ အိမ်ရာမဲ့တဲစခန်းနေရာများ၏ ၈၁ ရာခိုင်နှုန်းတွင် ယခုအခါ အိမ်ရာမဲ့များ ပြန်လည် ရောက်ရှိနေသည်ဟု ဆိုသည်။
အိမ်ရာမဲ့တဲစခန်းများသို့ ပြန်ရောက်လာသူ ပမာဏမှာ ၃၉ ရာခိုင်နှုန်းရှိသည်။
အိမ်ရာမဲ့ ၁၀ ဦးလျှင် ၄ ဦးမှာ ၎င်းတို့နေထိုင်ခဲ့ရာ တဲစခန်းများရှိရာသို့ ရက်သတ္တ ၂ ပတ်အတွင်း ပြန်ရောက်လာ ကြသည်။
“ကျွန်တော်တို့ရုံးရဲ့ ခန့်မှန်းချက်အရ လော့စ်အိန်ဂျလိ အုပ်ချုပ်ရေးအဖွဲ့ဟာ အိမ်ရာမဲ့တဲ တိုက်ဖျက်ရေး ဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအကြား ကန်ဒေါ်လာ ၃ သန်းဝန်းကျင် သုံးစွဲခဲ့ပါတယ်” ဟု လော့စ်အိန်ဂျလိ ဥပဒေရေးရာ အကဲဖြတ်စိစစ်ရေး အကြီးအကဲက ပြောသည်။
“ဒေါ်လာ ၃ သန်းဆိုတဲ့ ကိန်းဂဏန်းက အနည်းဆုံးခန့်မှန်းတဲ့ ပမာဏပါ။ ဘာကြောင့်လဲဆိုတော့ 41.18 ကို အကောင်အထည်ဖော်တဲ့နေရာမှာ လော့စ်အိန်ဂျလိရဲတပ်ဖွဲ့ (LAPD) အပါအဝင် ဌာနဆိုင်ရာ အများကြီးရဲ့ ဌာနတွင်း အသုံးစရိတ်ကို မသိနိုင်တာကြောင့်ပါ”
သတင်းများအရ LAPD သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအကြား 41.18 ဥပဒေကို ချိုးဖောက်သူများအား ဆင့်ခေါ်စာ ၃၁၈၃ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယင်းအနက် ၇၅ ရာခိုင်နှုန်းမှာ ဒီဗွန်ရှိုင်းယား၊ လော့စ်အိန်ဂျလိအနောက်ပိုင်းနှင့် Rampart ဒေသတို့တွင်ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Audit of LA's anti-camping law shows about $3 million spent and just two people given permanent housing (cbsnews)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service