ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ

ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ - Property News in Myanmar from iMyanmarHouse.com
6 Jun 2024 11:39 am တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ညစ်ပတ်သောလမ်းများ၊ စက်ဆုပ်ဖွယ် မြေအောက်ရထားများနှင့် ကြွက် အလွန်ပေါများသော နယူးယောက်မြို့မှာ အမေရိကန်ပြည်ထောင်စု၏ အညစ်ပတ်ဆုံးမြို့ဟု ထင်ပါသလား။

LawnStarter မှ မကြာသေးမီက လေ့လာချက်တစ်ရပ်အရ တက္ကဆပ်ပြည်နယ်၊ ဟျုစ်တန် (Houston) မြို့မှာ အမေရိက၏ အညစ်ပတ်ဆုံးမြို့အဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်တွင် နယူးဂျာစီပြည်နယ်၊ နီဝါ့ခ်မြို့က ရပ်တည်နေသည်။

နယူးယောက်မြို့ကြီးမှာ ညစ်ပတ်သည်ဟု နာမည်ကြီးသော်လည်း ယခုလေ့လာချက်တွင် အမေရိက အညစ်ပတ်ဆုံး မြို့များစာရင်း၏ ထိပ်ဆုံး ၁၀ မြို့တွင် မပါချေ။

သို့သော် နယူးယောက်သည် အမေရိက အညစ်ပတ်ဆုံးမြို့များ စာရင်းတွင် နံပါတ် ၁၂ နေရာတွင် ရှိနေသည်။

ပန်းသီးကြီးဟု လူသိများသော နယူးယောက်သည် အညစ်ပတ်ဆုံးမြို့အဖြစ် သတ်မှတ်မခံခဲ့ရသော်လည်း အမှိုက်သရိုက်များ၊ ပိုးမွှားများဖြင့် နပန်းလုံးနေရဆဲ ဖြစ်သည်။

 

(အမေရိက၏ အညစ်ပတ်ဆုံးမြို့မှာ သင်ထင်ထားသောမြို့မဟုတ်ချေ။ ဓာတ်ပုံ-NY Post composite)

 

(မကြာသေးမီက လေ့လာချက်အရ ဟျုစ်တန်မြို့မှာ အမေရိက၏ အညစ်ပတ်ဆုံးမြို့ဖြစ်နေသည်။ ဓာတ်ပုံ-Houston Chronicle via Getty Images)

 

(ဟျုစ်တန်မြို့၊ Buffalo Bayou ချောင်းလက်တက်အတွင်း ဝမ်းပြားလှေတစ်စင်းအနီး ပေါလောဖြစ်နေသော အမှိုက်များ။ ဓာတ်ပုံ- Houston Chronicle via Getty Images)

အမေရိက၏ အညစ်ပတ်ဆုံးမြို့အဖြစ် ဟျုစ်တန်သတ်မှတ်ခံရခြင်းမှာ လေထုအရည်အသွေး ညံ့ဖျင်းခြင်း၊ အခြေခံအဆောက်အအုံများ ညံ့ဖျင်းခြင်း၊ ပိုးမွှားတိရ စ္ဆာန်များ အလွန်များပြားခြင်းတို့ကြောင့် ဖြစ်သည်။

LawnStarter ၏ ညီအစ်ကိုဝက်ဘ်ဆိုက်ဖြစ်သော PestGnome က ဖော်ပြချက်အရ ဟျုစ်တန်သည် အမေရိက တွင် ပိုးဟပ်ပြဿနာ အဆိုးရွားဆုံးရင်ဆိုင်နေရသောမြို့ဖြစ်သည်။

သို့သော် ဟျုစ်တန်သာမက အမေရိကတောင်ပိုင်းရှိ မြို့များမှာ ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ ဖြစ်နေသည်။

တက္ကဆပ်ပြည်နယ်၊ ဆန် အန်တိုနီယိုနှင့် ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့များမှာ ပိုးဟပ်ပြဿနာ အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ထိပ်ဆုံး ၃ မြို့စာရင်းတွင် ဟျုစ်တန်နှင့်အတူ ရပ်တည်နေသည်။

ဘော့စ်တွန်၊ ဖီလာဒဲလ်ဖီးယားနှင့် ဘာလ်တီမိုးမြို့များမှာ ကြွက်အများဆုံး မြို့များ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

 

(အမေရိက၏ အညစ်ပတ်ဆုံးမြို့များ။ ဓာတ်ပုံ-Lawn Starter)

 

ကယ်လီဖိုးနီးယားပြည်နယ်သည် သန့်ရှင်းရေးအတွက် ငွေကြေးများစွာ သုံးစွဲထားသည့်တိုင် ပြည်နယ်တလွှားမှ မြို့ပေါင်းများစွာမှာ သန့်ရှင်းမှုအဆင့် နိမ့်ပါးနေဆဲ ဖြစ်သည်။

ကယ်လီဖိုးနီးယား၏ ချိုင်းကြားဟု နာမည်ကြီးသော ဆန် ဘာနာဒီနိုမြို့မှာ လေထုအရည်အသွေး ဆိုးရွား ညံ့ဖျင်းလှပြီး စတုတ္ထမြောက် အညစ်ပတ်ဆုံးမြို့အဖြစ် ရပ်တည်နေသည်။

သို့သော် ဆန်ဖရန်စစ္စကိုမှာမူ ကယ်လီဖိုးနီးယားတွင် သန့်ရှင်းသော ရတနာတစ်ပါးအဖြစ် တောက်ပနေသည်။

၂၀၁၉ ခုနှစ်တွင် ဆန်ဖရန်စစ္စကို လမ်းများ သန့်ရှင်းရေးအတွက် ကန်ဒေါ်လာ ၇၂ ဒသမ ၅ သန်းအထိ သုံးစွဲ ခဲ့ပြီး ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်း သုံးစွဲထားကာ အမေရိက၏ အသန့်ရှင်းဆုံး မြို့များတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေသည်။

 

 

(နယူးဂျာစီပြည်နယ်၊ နီဝါ့ခ်မြို့မှာ အမေရိကတွင် ဒုတိယအညစ်ပတ်ဆုံးမြို့အဖြစ် ရပ်တည်နေသည်။ ဓာတ်ပုံ-mandritoiu-stock.adobe.com)

 

Ref: America’s dirtiest city is revealed — and it’s not NYC or anywhere near the north (nypost)

Photo Credit: NY Post composite, Houston Chronicle via Getty Images, Lawn Starter, mandritoiu-stock.adobe.com

 

 

[Zawgyi]

ပိုးဟပ္တို႔၏ နိဗၺာန္ဘံု (သို႔မဟုတ္) အေမရိကန္မွာ ဘယ္ျမိဳ႕က အညစ္ပတ္ဆံုးလဲ

 

ညစ္ပတ္ေသာလမ္းမ်ား၊ စက္ဆုပ္ဖြယ္ ေျမေအာက္ရထားမ်ားႏွင့္ ၾကြက္ အလြန္ေပါမ်ားေသာ နယူးေယာက္ျမိဳ႕မွာ အေမရိကန္ျပည္ေထာင္စု၏ အညစ္ပတ္ဆံုးျမိဳ႕ဟု ထင္ပါသလား။

LawnStarter မွ မၾကာေသးမီက ေလ့လာခ်က္တစ္ရပ္အရ တကၠဆပ္ျပည္နယ္၊ ဟ်ဳစ္တန္ (Houston) ျမိဳ႕မွာ အေမရိက၏ အညစ္ပတ္ဆံုးျမိဳ႕အျဖစ္ ရပ္တည္ေနျပီး ၎၏ေနာက္တြင္ နယူးဂ်ာစီျပည္နယ္၊ နီဝါ့ခ္ျမိဳ႕က ရပ္တည္ေနသည္။

နယူးေယာက္ျမိဳ႕ၾကီးမွာ ညစ္ပတ္သည္ဟု နာမည္ၾကီးေသာ္လည္း ယခုေလ့လာခ်က္တြင္ အေမရိက အညစ္ပတ္ဆံုး ျမိဳ႕မ်ားစာရင္း၏ ထိပ္ဆံုး ၁၀ ျမိဳ႕တြင္ မပါေခ်။

သို႔ေသာ္ နယူးေယာက္သည္ အေမရိက အညစ္ပတ္ဆံုးျမိဳ႕မ်ား စာရင္းတြင္ နံပါတ္ ၁၂ ေနရာတြင္ ရွိေနသည္။

ပန္းသီးၾကီးဟု လူသိမ်ားေသာ နယူးေယာက္သည္ အညစ္ပတ္ဆံုးျမိဳ႕အျဖစ္ သတ္မွတ္မခံခဲ့ရေသာ္လည္း အမိႈက္သရိုက္မ်ား၊ ပိုးမႊားမ်ားျဖင့္ နပန္းလံုးေနရဆဲ ျဖစ္သည္။

 

(အေမရိက၏ အညစ္ပတ္ဆံုးျမိဳ႕မွာ သင္ထင္ထားေသာျမိဳ႕မဟုတ္ေခ်။ ဓာတ္ပံု-NY Post composite)

(မၾကာေသးမီက ေလ့လာခ်က္အရ ဟ်ဳစ္တန္ျမိဳ႕မွာ အေမရိက၏ အညစ္ပတ္ဆံုးျမိဳ႕ျဖစ္ေနသည္။ ဓာတ္ပံု-Houston Chronicle via Getty Images)

(ဟ်ဳစ္တန္ျမိဳ႕၊ Buffalo Bayou ေခ်ာင္းလက္တက္အတြင္း ဝမ္းျပားေလွတစ္စင္းအနီး ေပါေလာျဖစ္ေနေသာ အမိႈက္မ်ား။ ဓာတ္ပံု- Houston Chronicle via Getty Images)

အေမရိက၏ အညစ္ပတ္ဆံုးျမိဳ႕အျဖစ္ ဟ်ဳစ္တန္သတ္မွတ္ခံရျခင္းမွာ ေလထုအရည္အေသြး ညံ့ဖ်င္းျခင္း၊ အေျခခံအေဆာက္အအံုမ်ား ညံ့ဖ်င္းျခင္း၊ ပိုးမႊားတိရ စၦာန္မ်ား အလြန္မ်ားျပားျခင္းတို႔ေၾကာင့္ ျဖစ္သည္။

LawnStarter ၏ ညီအစ္ကိုဝက္ဘ္ဆိုက္ျဖစ္ေသာ PestGnome က ေဖာ္ျပခ်က္အရ ဟ်ဳစ္တန္သည္ အေမရိက တြင္ ပိုးဟပ္ျပႆနာ အဆိုးရြားဆံုးရင္ဆိုင္ေနရေသာျမိဳ႕ျဖစ္သည္။

သို႔ေသာ္ ဟ်ဳစ္တန္သာမက အေမရိကေတာင္ပိုင္းရွိ ျမိဳ႕မ်ားမွာ ပိုးဟပ္တို႔၏ နိဗၺာန္ဘံု ျဖစ္ေနသည္။

တကၠဆပ္ျပည္နယ္၊ ဆန္ အန္တိုနီယိုႏွင့္ ဖေလာ္ရီဒါျပည္နယ္၊ တမ္ပါျမိဳ႕မ်ားမွာ ပိုးဟပ္ျပႆနာ အဆိုးရြားဆံုး ရင္ဆိုင္ေနရသည့္ ထိပ္ဆံုး ၃ ျမိဳ႕စာရင္းတြင္ ဟ်ဳစ္တန္ႏွင့္အတူ ရပ္တည္ေနသည္။

ေဘာ့စ္တြန္၊ ဖီလာဒဲလ္ဖီးယားႏွင့္ ဘာလ္တီမိုးျမိဳ႕မ်ားမွာ ၾကြက္အမ်ားဆံုး ျမိဳ႕မ်ား စာရင္းတြင္ ထိပ္ဆံုးမွ ရပ္တည္ေနသည္။

 

(အေမရိက၏ အညစ္ပတ္ဆံုးျမိဳ႕မ်ား။ ဓာတ္ပံု-Lawn Starter)

ကယ္လီဖိုးနီးယားျပည္နယ္သည္ သန္႔ရွင္းေရးအတြက္ ေငြေၾကးမ်ားစြာ သံုးစြဲထားသည့္တိုင္ ျပည္နယ္တလႊားမွ ျမိဳ႕ေပါင္းမ်ားစြာမွာ သန္႔ရွင္းမႈအဆင့္ နိမ့္ပါးေနဆဲ ျဖစ္သည္။

ကယ္လီဖိုးနီးယား၏ ခ်ဳိင္းၾကားဟု နာမည္ၾကီးေသာ ဆန္ ဘာနာဒီႏိုျမိဳ႕မွာ ေလထုအရည္အေသြး ဆိုးရြား ညံ့ဖ်င္းလွျပီး စတုတၳေျမာက္ အညစ္ပတ္ဆံုးျမိဳ႕အျဖစ္ ရပ္တည္ေနသည္။

သို႔ေသာ္ ဆန္ဖရန္စစၥကိုမွာမူ ကယ္လီဖုိးနီးယားတြင္ သန္႔ရွင္းေသာ ရတနာတစ္ပါးအျဖစ္ ေတာက္ပေနသည္။

၂၀၁၉ ခုႏွစ္တြင္ ဆန္ဖရန္စစၥကို လမ္းမ်ား သန္႔ရွင္းေရးအတြက္ ကန္ေဒၚလာ ၇၂ ဒသမ ၅ သန္းအထိ သံုးစြဲ ခဲ့ျပီး ၂၀၂၃ ဘ႑ာေရးႏွစ္တြင္လည္း ကန္ေဒၚလာ ၁၆ ဒသမ ၇ သန္း သံုးစြဲထားကာ အေမရိက၏ အသန္႔ရွင္းဆံုး ျမိဳ႕မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ ရပ္တည္ေနသည္။

(နယူးဂ်ာစီျပည္နယ္၊ နီဝါ့ခ္ျမိဳ႕မွာ အေမရိကတြင္ ဒုတိယအညစ္ပတ္ဆံုးျမိဳ႕အျဖစ္ ရပ္တည္ေနသည္။ ဓာတ္ပံု-mandritoiu-stock.adobe.com)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: America’s dirtiest city is revealed — and it’s not NYC or anywhere near the north (nypost)

Photo Credit: NY Post composite, Houston Chronicle via Getty Images, Lawn Starter, mandritoiu-stock.adobe.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service