အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ - Property News in Myanmar from iMyanmarHouse.com
5 Jun 2024 11:56 am တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီကမ်းခြေမှ Sunny Isles Beach တွင် အမျိုးသား တစ်ဦးသည် ပြစ်မှုကျူးလွန်ခဲ့ဖူးသော နောက်ကြောင်းကို ဖုံးကွယ်ထားကာ စာရွက်စာတမ်းအတု များဖြင့် ကွန်ဒိုတစ်ခုရှိ Penthouse ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁၃၀၀၀ ဖြင့် ငှားရမ်းခဲ့မှုဖြင့် ပြည်ထောင်စု တရားရုံးတွင် အရေးယူခံလိုက်ရသည်။

အဲဖရက် လီနိုရစ် ဒေးဗစ်အမည်ရှိ အသက် ၅၀ အရွယ် အမျိုးသားသည် Sunny Isles Beach ရှိ penthouse ခန်းတစ်ခန်းကို စာရွက်စာတမ်းအတုများဖြင့် ငှားရမ်းခဲ့သောကြောင့် မိုင်အမ်မီရှိ ပြည်ထောင်စု တရားရုံး တရားသူကြီးတစ်ဦးက အရေးယူခဲ့ရကြောင်း ဖလော်ရီဒါတောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဲဖရက်က မိခင်ဖြစ်သူ၏ ဓာတ်ပုံကို အသုံးပြုထားသော လိုင်စင်အတုတစ်ခုဖြင့် Penthouse ခန်းကို ငှားရမ်း ခဲ့ရာ အိမ်ရာဘုတ်အဖွဲ့က အဲဖရက်၏ မိခင်ငှားရမ်းသည်ဟု ယူဆခဲ့သည်။

ပြည်ထောင်စု အစိုးရရှေ့နေတို့က ပြောသည်မှာ အဲဖရက်သည် သူ၏ ပြစ်မှုနောက်ကြောင်းကို ဖုံးကွယ်ထားရန် ကြံရွယ်ခဲ့ကြောင်း ပြောသည်။

အဲဖရက်သည် ၂၀၀၄ ခုနှစ်အတွင်း ဘဏ်လိမ်လည်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရဖူးသည်။

အဲဖရက်၏ ရှေ့နေဖြစ်သူ Zeljka Bozanic ထံသို့ သတင်းဌာနများက အီးမေးလ်ပေးပို့ မေးမြန်းသော်လည်း တုံ့ပြန်ဖြေကြားမှု မရှိချေ။

အဲဖရက်သည် အချက်အလက်အတုများဖြင့် တစ်နှစ်နီးပါး ငှားရမ်းနေထိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတုရန်းပေ ၃၀၈၈ ကျယ်ဝန်းသော Penthouse ခန်းကို စတင်ငှားရမ်းခဲ့ပြီး ကွန်ဒိုရှိ amenities များအားလုံးကို အသုံးပြုခွင့် ရရှိခဲ့သည်။

အဲဖရက်ငှားရမ်းနေထိုင်သောအခန်းသည် မိုင်အမ်မီရှိ ဈေးအကြီးဆုံး ဒေသများတွင် တစ်ခုပါဝင်သော Sunny Isles Beach အရပ်တွင် တည်ရှိသည်။

ထိုဒေသ၏ ကမ်းခြေတလွှားတည်ရှိသော တာဝါများနှင့် လူနေအိမ်များတွင် နေထိုင်လိုသော သူဌေးသူကြွယ်များ အလွန်များပြားသောကြောင့် ဈေးအကြီးဆုံးနေရာများတွင် ပါဝင်နေခြင်း ဖြစ်သည်။

အဲဖရက်ငှားရမ်းနေထိုင်သော penthouse ခန်းမှာ အထပ် ၂၀ မြင့်သော ကွန်ဒို၏ အပေါ်ဆုံးတွင် တည်ရှိပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၃၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ Powder room ၊ မြက်ခင်းတု ပါသော rooftop ၊ ပင်လယ်ရေပြင်ကို စီးမိုးတွေ့မြင်ရသော jacuzzi တို့ ပါဝင်သည်။ အက်ဖ်ဘီအိုင်မှ စုံစမ်းရေးမှူးများက ၁ နှစ်ခန့် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဲဖရက်မှာ ပြစ်မှုနောက်ကြောင်းကို ဖုံးကွယ်ထားပြီး စာရွက်စာတမ်းအတုများဖြင့် penthouse ခန်း ငှားရမ်းမှုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသည်။

လာမည့်ဇူလိုင်လတွင် အဲဖရက်သည် မိုင်အမ်မီရှိ ပြည်ထောင်စုတရားရုံးတွင် အမိန့်ချမှတ်ခံရမည်ဖြစ်ပြီး ခရိုင်တရားသူကြီး ဂျို့စ် မာတီနက်ဇ်က အမိန့်ချမည် ဖြစ်သည်။

အဲဖရက်အနေဖြင့် ဆယ်စုနှစ် ၁ ခုနှင့်အထက် ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: He rented a Sunny Isles Beach penthouse for months. Neighbors learned he hid his past (miamiherald)

 

 

[Zawgyi]

အေမရိကန္ျပည္၊ မိုင္အမ္မီတြင္ ျပစ္မႈျဖင့္ ေထာင္ဒဏ္က်ခံရဖူးသည့္ေနာက္ေၾကာင္းကို ဖံုးကြယ္ထားကာ Penthouse ခန္း ငွားရမ္းေနထိုင္ေသာအမ်ဳိးသား အေရးယူခံရ

 

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ မိုင္အမ္မီကမ္းေျခမွ Sunny Isles Beach တြင္ အမ်ဳိးသား တစ္ဦးသည္ ျပစ္မႈက်ဴးလြန္ခဲ့ဖူးေသာ ေနာက္ေၾကာင္းကို ဖံုးကြယ္ထားကာ စာရြက္စာတမ္းအတု မ်ားျဖင့္ ကြန္ဒိုတစ္ခုရွိ Penthouse ခန္းတစ္ခန္းကို တစ္လလွ်င္ ေဒၚလာ ၁၃၀၀၀ ျဖင့္ ငွားရမ္းခဲ့မႈျဖင့္ ျပည္ေထာင္စု တရားရံုးတြင္ အေရးယူခံလိုက္ရသည္။

အဲဖရက္ လီႏိုရစ္ ေဒးဗစ္အမည္ရွိ အသက္ ၅၀ အရြယ္ အမ်ဳိးသားသည္ Sunny Isles Beach ရွိ penthouse ခန္းတစ္ခန္းကို စာရြက္စာတမ္းအတုမ်ားျဖင့္ ငွားရမ္းခဲ့ေသာေၾကာင့္ မိုင္အမ္မီရွိ ျပည္ေထာင္စု တရားရံုး တရားသူၾကီးတစ္ဦးက အေရးယူခဲ့ရေၾကာင္း ဖေလာ္ရီဒါေတာင္ပိုင္းခရိုင္ ေရွ႕ေနခ်ဳပ္ရံုး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဲဖရက္က မိခင္ျဖစ္သူ၏ ဓာတ္ပံုကို အသံုးျပဳထားေသာ လိုင္စင္အတုတစ္ခုျဖင့္ Penthouse ခန္းကို ငွားရမ္း ခဲ့ရာ အိမ္ရာဘုတ္အဖြဲ႔က အဲဖရက္၏ မိခင္ငွားရမ္းသည္ဟု ယူဆခဲ့သည္။

ျပည္ေထာင္စု အစိုးရေရွ႕ေနတို႔က ေျပာသည္မွာ အဲဖရက္သည္ သူ၏ ျပစ္မႈေနာက္ေၾကာင္းကို ဖံုးကြယ္ထားရန္ ၾကံရြယ္ခဲ့ေၾကာင္း ေျပာသည္။

အဲဖရက္သည္ ၂၀၀၄ ခုႏွစ္အတြင္း ဘဏ္လိမ္လည္မႈျဖင့္ ေထာင္ဒဏ္က်ခံခဲ့ရဖူးသည္။

အဲဖရက္၏ ေရွ႕ေနျဖစ္သူ Zeljka Bozanic ထံသို႔ သတင္းဌာနမ်ားက အီးေမးလ္ေပးပို႔ ေမးျမန္းေသာ္လည္း တံု႔ျပန္ေျဖၾကားမႈ မရွိေခ်။

အဲဖရက္သည္ အခ်က္အလက္အတုမ်ားျဖင့္ တစ္ႏွစ္နီးပါး ငွားရမ္းေနထိုင္ခဲ့သည္။

၂၀၂၃ ခုႏွစ္၊ ဧျပီလတြင္ စတုရန္းေပ ၃၀၈၈ က်ယ္ဝန္းေသာ Penthouse ခန္းကို စတင္ငွားရမ္းခဲ့ျပီး ကြန္ဒိုရွိ amenities မ်ားအားလံုးကို အသံုးျပဳခြင့္ ရရွိခဲ့သည္။

အဲဖရက္ငွားရမ္းေနထိုင္ေသာအခန္းသည္ မိုင္အမ္မီရွိ ေစ်းအၾကီးဆံုး ေဒသမ်ားတြင္ တစ္ခုပါဝင္ေသာ Sunny Isles Beach အရပ္တြင္ တည္ရွိသည္။

ထိုေဒသ၏ ကမ္းေျခတလႊားတည္ရွိေသာ တာဝါမ်ားႏွင့္ လူေနအိမ္မ်ားတြင္ ေနထိုင္လိုေသာ သူေဌးသူၾကြယ္မ်ား အလြန္မ်ားျပားေသာေၾကာင့္ ေစ်းအၾကီးဆံုးေနရာမ်ားတြင္ ပါဝင္ေနျခင္း ျဖစ္သည္။

အဲဖရက္ငွားရမ္းေနထိုင္ေသာ penthouse ခန္းမွာ အထပ္ ၂၀ ျမင့္ေသာ ကြန္ဒို၏ အေပၚဆံုးတြင္ တည္ရွိျပီး တစ္လလွ်င္ ကန္ေဒၚလာ ၁၃၀၀၀ ျဖင့္ ငွားရမ္းခဲ့ျခင္း ျဖစ္သည္။

အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္း၊ Powder room ၊ ျမက္ခင္းတု ပါေသာ rooftop ၊ ပင္လယ္ေရျပင္ကို စီးမိုးေတြ႔ျမင္ရေသာ jacuzzi တို႔ ပါဝင္သည္။ အက္ဖ္ဘီအိုင္မွ စံုစမ္းေရးမွဴးမ်ားက ၁ ႏွစ္ခန္႔ စံုစမ္းစစ္ေဆးခဲ့ျပီးေနာက္ အဲဖရက္မွာ ျပစ္မႈေနာက္ေၾကာင္းကို ဖံုးကြယ္ထားျပီး စာရြက္စာတမ္းအတုမ်ားျဖင့္ penthouse ခန္း ငွားရမ္းမႈျဖင့္ စြဲခ်က္တင္ျခင္းခံခဲ့ရသည္။

လာမည့္ဇူလိုင္လတြင္ အဲဖရက္သည္ မိုင္အမ္မီရွိ ျပည္ေထာင္စုတရားရံုးတြင္ အမိန္႔ခ်မွတ္ခံရမည္ျဖစ္ျပီး ခရိုင္တရားသူၾကီး ဂ်ဳိ႕စ္ မာတီနက္ဇ္က အမိန္႔ခ်မည္ ျဖစ္သည္။

အဲဖရက္အေနျဖင့္ ဆယ္စုႏွစ္ ၁ ခုႏွင့္အထက္ ေထာင္ဒဏ္ခ်မွတ္ခံရဖြယ္ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: He rented a Sunny Isles Beach penthouse for months. Neighbors learned he hid his past (miamiherald)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service