အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး - Property News in Myanmar from iMyanmarHouse.com
5 Jun 2024 11:21 am တွင် တင်ခဲ့သည်
792 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ်တွင် နေထိုင်သော အသက်ကြီးပိုင်း အမျိုးသားတစ်ဦးမှာ အိမ်ခြံမြေအခွန်များ အလွန်များပြားစွာ ပေးဆောင်ရသည့်အခြေအနေကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်ဖြင့် ပြောကြားခဲ့မှုမှာ အလွန်ပျံ့နှံ့ ဂယက်ရိုက်ခဲ့သည်။
“ကျွန်တော် ၆၈ နှစ်အရွယ်ရှိပါပြီ။ လူမှုဖူလုံရေး အထောက်အပံ့ ရယူနေရသူ ဖြစ်ပါတယ်။ အခွန်ပေးဆောင်ဖို့ သက်သက်အတွက် အလုပ်လုပ်နေရပါတယ်”ဟု Ryan Busse က TikTok တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်၌ ကာ့ထ်အမည်ရှိ အမျိုးသားကြီးက ပြောကြားထားသည်။
Ryan Busse သည် မွန်တားနားပြည်နယ်၏ အုပ်ချုပ်ရေးမှုသစ် ဖြစ်လာရန် ဝင်ရောက်ယှဉ်ပြိုင်နေသူ ဖြစ်သည်။
ကာ့ထ်က ပြောသည်မှာ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း နှစ်စဉ်ပေးဆောင်ရသော အိမ်ခွန်မှာ ယခင်က ၈၉၅ ဒေါ်လာသာ ရှိခဲ့ရာမှ ဒေါ်လာ ၈၀၀၀ နီးပါးအထိ မြင့်တက်လာကြောင်းပြောသည်။
၇၉၀ ရာခိုင်နှုန်းခန့် မြင့်တက်မှုဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အိမ်တွင် နေထိုင်ရင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အား အိမ်လခ တစ်လလျှင် ဒေါ်လာ ၇၀၀ ခန့် ပေးနေရသည့် သဘောဖြစ်ကြောင်း ၎င်းက ပြောသည်။
မွန်တားနားပြည်နယ်တွင် သက်ကြီးရွယ်အို အိမ်ပိုင်ရှင်များ၊ အိမ်ငှားများအတွက် အခွန်လျှော့ပေါ့ပေးမည့် အစီအစဉ်ရှိပြီး အများဆုံးလျှော့ပေးသည့် ပမာဏမှာ ဒေါ်လာ ၁၁၅၀ ဖြစ်သည်။
“ကျွန်တော်တို့ ပေးဆောင်ရမယ့် အခွန်တွေ ဆိုင်းငံ့ပေးထားဖို့ လိုအပ်ပါတယ်။”
မိမိမှာ အနားယူရမည့်အရွယ်ရောက်နေပြီဖြစ်သော်လည်း အိမ်ခြံမြေအခွန်များ မြင့်တက်လာမှုကြောင့် အလုပ်များ ဆက်လက်လုပ်ကိုင်နေရကြောင်း ၎င်းက ပြောသည်။
“အခွန်ပေးဆောင်ဖို့အတွက် ဘဏ်မှာစုထားတဲ့ငွေတွေကို ကျွန်တော် မသုံးချင်ပါဘူး။”
မွန်တားနားပြည်နယ်တွင် မကြာသေးမီက အိမ်ခြံမြေအခွန်များ မြှင့်တင်ခဲ့ရာ အခွန်ကြီးမြင့်စွာ ပေးဆောင်ရ သည့် ထောင်ပေါင်းများစွာသော အိမ်ပိုင်ရှင်များတွင် ကာ့ထ်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
“ကျွန်တော်တို့ ဆက်ပြီး မတတ်နိုင်တော့ပါဘူး။ ဒီဒေသဟာ ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် ဒီနေရာကို ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ပေးခဲ့တဲ့သူတွေဟာ ဒီမှာ ဆက်နေဖို့ မတတ်နိုင်တော့ပါဘူး”ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေအခွန်များ မြင့်တက်ရခြင်းတွင် အကြောင်းရင်းများစွာ ရှိသည်။
အရေးပါဆုံးအချက်မှာ အိမ်ခြံမြေအခွန်သည် ယေဘုယျအားဖြင့် အိမ်တစ်လုံး၏ တန်ဖိုးအပေါ် အခြေခံသည်။
ထို့ကြောင့် သင်၏ အိမ်တန်ဖိုးတက်လာပါက အိမ်ခွန်လည်း မြင့်တက်လာမည် ဖြစ်သည်။
ကာ့ထ်က သူ၏အိမ်ကို ၁၉၉၆ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ဝယ်ယူထားသည်မှာ ၂၉ နှစ် ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ ဈေးနှုန်းမြင့်တက်နေမည်မှာ သံသယ ဖြစ်ဖွယ်မရှိချေ။
မွန်တားနားပြည်နယ်တွင် ၁၉၉၅ ခုနှစ် နှစ်ကုန်ပိုင်းက ပျမ်းမျှ အိမ်ခြံမြေဈေးနှုန်းမှာ ဒေါ်လာ ၁၀၃၈၆၀ ဖြစ်သည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဒေါ်လာ ၃၈၇၀၀၀ အထိ မြင့်တက်လာရာ အိမ်တန်ဖိုး ၂၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘We just can’t take this anymore’: Montana man, 68, begs for ‘moratorium on property taxes’ after his bill reaches $8K a year just ‘to live in our own house’ (moneywise)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service