မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ - Property News in Myanmar from iMyanmarHouse.com
5 Jun 2024 11:05 am တွင် တင်ခဲ့သည်
2062 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမ်ဘာနီမိသားစုသည် အီတလီတွင် ဒုတိယမြောက် အကြိုမင်္ဂလာပွဲကို ကျင်းပခဲ့ရာ နာမည်ကြီး အီတလီ အဆိုတော် အင်ဒရေ ဘိုဆယ်လီ ဖျော်ဖြေမှု ပါဝင်ခဲ့သည်။

ကော့တ်နေး၏ မင်္ဂလာပွဲတွင်လည်း အင်ဒရေ ဘိုဆယ်လီ တက်ရောက်ဖျော်ဖြေခဲ့ပြီး ယခုအခါ အမ်ဘာနီ မိသားစု၏ မင်္ဂလာပွဲတွင်လည်း ဖျော်ဖြေပေးခဲ့ခြင်း ဖြစ်သည်။

 

 

(အာနန့်နှင့် ရာဒီကာ မားချန့်တို့ အကြိုမင်္ဂလာပွဲကျင်းပခဲ့သော Portofino ကမ်းခြေ။ ဓာတ်ပုံ-Instagram/ Your Poookie Boo)

 

Portofino တွင် ကျင်းပခဲ့သော အာနန့်တို့ စုံတွဲ၏ ကြီးကျယ်ခမ်းနားလှသော အကြိုမင်္ဂလာပွဲသို့ နာမည်ကြီး ကြယ်ပွင့်များ များစွာ တက်ရောက်ခဲ့ကြသည်။

အင်ဒရေ ဘိုဆယ်လီက အာနန့်၏ မင်္ဂလာပွဲတွင် အဲလ်ဗစ် ပရက်စလေ၏ Falling in Love with You အမည်ရှိ သီချင်းကို အာနန့်နှင့် ရာဒီကာတို့စုံတွဲအတွက် သီဆိုပေးခဲ့သည်။

အင်စတာဂရမ်တွင် Your Poookie Boo အမည်ရှိ အကောင့်မှ အင်ဒရေ ဘိုဆယ်လီ၏ ဖျော်ဖြေတင်ဆက်မှု ဗွီဒီယိုဖိုင်ကို မျှဝေရာတွင် “ဒါ့ထက် အိပ်မက်ဆန်တဲ့ မြင်ကွင်းမျိုး မရှိတော့ပါဘူး”ဟု ရေးသားခဲ့သည်။

Portofino တွင် ကျင်းပခဲ့သော အကြိုမင်္ဂလာပွဲကို ကောင်းကင်မြင်ကွင်းမှ တွေ့မြင်ရသည့် ဗွီဒီယိုဖိုင်တစ်ခု လည်း အဆိုပါ အင်စတာဂရမ်အကောင့်မှ မျှဝေခဲ့သည်။

 

 

“အမ်ဘာနီ မိသားစုက အာနန့်အမ်ဘာနီနဲ့ ရာဒီကာ မားချန့်တို့ရဲ့ အကြိုမင်္ဂလာပွဲ နောက်ဆုံးအခမ်းအနား ကျင်းပဖို့အတွက် Portofino ပင်လယ်ကမ်းခြေတစ်ခုလုံးကို ငှားရမ်းခဲ့ပါတယ်”

“ခမ်းနားလှတဲ့ ဧည့်ခံပွဲမှာ ဖျော်ဖြေဖို့အတွက် ဂန္ထဝင်ဂီတကြယ်ပွင့် အင်ဒရေ ဘိုဆယ်လီနဲ့ သူ့ရဲ့ နာမည်ကြီး သံစုံတီးဝိုင်းကိုလည်း ငှားရမ်းခဲ့ပါတယ်။”

“တက်ရောက်ခဲ့တဲ့ ဧည့်သည်တော်တွေထဲမှာ ဂျက်ဘေးဇော့စ်၊ ဘီလ်ဂိတ်တို့ အပါအဝင် တခြား ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဟောလိဝုဒ်အကျော်အမော်တွေ ပါဝင်ခဲ့ပါတယ်။ ”

“အကြိုမင်္ဂလာအခမ်းအနားကာလတလျှောက်လုံး ကမ်းခြေတစ်ခုလုံးကို လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ ကာကွယ်ပေးထားပြီး အခမ်းအနားကို ဧည့်သည်တော် ၁၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်” ဟု အဆိုပါ အင်စတာဂရမ်အကောင့်က ရေးသားဖော်ပြသည်။

အာနန့်နှင့် ရာဒီကာတို့၏ မင်္ဂလာပွဲသို့ ဘောလိဝုဒ်အကျော်အမော်များစွာလည်း တက်ရောက်ခဲ့ရာ ရှာရွတ်ခန်၊ ဇနီးဖြစ်သူ ဂေါ်ရီခန်နှင့် သားဖြစ်သူ အက်ဘ်ရမ်ခန်တို့ကို အကြိုမင်္ဂလာပွဲညနေပိုင်းတွင် တွေ့ရသည်။

အွန်လိုင်းတွင် တက်လာသော ဗွီဒီယိုဖိုင်များတစ်ခုတွင် ဂျန်ဗီကပူးကို သူ၏ချစ်သူကောင်လေး ရှီခါ ပါဟာရီရာ နှင့်အတူ တွေ့ရသည်။

ထို့အပြင် ရမ်ဘီကပူး၊ ကီယာရာ အက်ဒ်ဘာနီ၊ ဆယ်လ်မန်ခန်း၊ ဆာရာအလီခန်း၊ ရမ်ဘီဆင်း၊ အေနန်ယာ ပန်ဒေးတို့ကိုလည်း တွေ့ရသည်။

ဗွီဒီယိုဖိုင်တစ်ခုတွင်မူ ဆစ်ဒါ့ မယ်ဟိုထရာနှင့် ဇနီးဖြစ်သူ ကီယာရာတို့ကို အတူတွေ့ရသည်။

ဒုတိယမြောက် အကြိုမင်္ဂလာပွဲကို မေလ ၂၉ ရက်တွင် ဧည့်ခံနေ့လည်စာ၊ ယင်းနောက် ညနေပိုင်းတွင် Starry Night ညစာစားပွဲအစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

မေလ ၃၀ ရက်တွင် ဧည့်သည်တော်တို့သည် ရောမမြို့သို့ အလည်အပတ်ခရီးစဉ်ထွက်ခဲ့ကြပြီး ညစာစားပွဲ ကျင်းပခဲ့ကြသည်။

မေလ ၃၁ ရက်တွင် Cannes မြို့တွင် သွားလာလည်ပတ်မှုများ ပြုလုပ်ကြသည်။

အကြိုမင်္ဂလာဧည့်ခံပွဲကို အီတလီနိုင်ငံ၊ Portofino တွင် ဇွန်လ ၁ ရက်၌ ကျင်းပကာ အပြီးသတ်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ambanis booked entire seashore in Portofino, shutdown whole plaza for Anant,Radhika's 2nd pre-wedding bash (timesnownews)

Photo Credit: Instagram/ Your Poookie Boo

 

 

 

[Zawgyi]

မူကက္ရွ္ အမ္ဘာနီက သားျဖစ္သူ အာနန္႔ႏွင့္ ရာဒီကာတို႔၏ ဒုတိယေျမာက္ အၾကိဳမဂၤလာပြဲအတြက္ အီတလီရွိ နာမည္ၾကီး ကမ္းေျခ Portofino တစ္ခုလံုးကို ငွားရမ္းလိုက္ျပီး ပလာဇာၾကီးတစ္ခုလံုးကို ပိတ္လိုက္ကာ အခမ္းအနားက်င္းပ

 

အမ္ဘာနီမိသားစုသည္ အီတလီတြင္ ဒုတိယေျမာက္ အၾကိဳမဂၤလာပြဲကို က်င္းပခဲ့ရာ နာမည္ၾကီး အီတလီ အဆိုေတာ္ အင္ဒေရ ဘိုဆယ္လီ ေဖ်ာ္ေျဖမႈ ပါဝင္ခဲ့သည္။

ေကာ့တ္ေနး၏ မဂၤလာပြဲတြင္လည္း အင္ဒေရ ဘိုဆယ္လီ တက္ေရာက္ေဖ်ာ္ေျဖခဲ့ျပီး ယခုအခါ အမ္ဘာနီ မိသားစု၏ မဂၤလာပြဲတြင္လည္း ေဖ်ာ္ေျဖေပးခဲ့ျခင္း ျဖစ္သည္။

(အာနန္႔ႏွင့္ ရာဒီကာ မားခ်န္႔တို႔ အၾကိဳမဂၤလာပြဲက်င္းပခဲ့ေသာ Portofino ကမ္းေျခ။ ဓာတ္ပံု-Instagram/ Your Poookie Boo)

Portofino တြင္ က်င္းပခဲ့ေသာ အာနန္႔တို႔ စံုတြဲ၏ ၾကီးက်ယ္ခမ္းနားလွေသာ အၾကိဳမဂၤလာပြဲသို႔ နာမည္ၾကီး ၾကယ္ပြင့္မ်ား မ်ားစြာ တက္ေရာက္ခဲ့ၾကသည္။

အင္ဒေရ ဘိုဆယ္လီက အာနန္႔၏ မဂၤလာပြဲတြင္ အဲလ္ဗစ္ ပရက္စေလ၏ Falling in Love with You အမည္ရွိ သီခ်င္းကို အာနန္႔ႏွင့္ ရာဒီကာတို႔စံုတြဲအတြက္ သီဆိုေပးခဲ့သည္။

အင္စတာဂရမ္တြင္ Your Poookie Boo အမည္ရွိ အေကာင့္မွ အင္ဒေရ ဘိုဆယ္လီ၏ ေဖ်ာ္ေျဖတင္ဆက္မႈ ဗြီဒီယိုဖိုင္ကို မွ်ေဝရာတြင္ “ဒါ့ထက္ အိပ္မက္ဆန္တဲ့ ျမင္ကြင္းမ်ဳိး မရွိေတာ့ပါဘူး”ဟု ေရးသားခဲ့သည္။

Portofino တြင္ က်င္းပခဲ့ေသာ အၾကိဳမဂၤလာပြဲကို ေကာင္းကင္ျမင္ကြင္းမွ ေတြ႔ျမင္ရသည့္ ဗြီဒီယိုဖိုင္တစ္ခု လည္း အဆုိပါ အင္စတာဂရမ္အေကာင့္မွ မွ်ေဝခဲ့သည္။

“အမ္ဘာနီ မိသားစုက အာနန္႔အမ္ဘာနီနဲ႔ ရာဒီကာ မားခ်န္႔တို႔ရဲ႕ အၾကိဳမဂၤလာပြဲ ေနာက္ဆံုးအခမ္းအနား က်င္းပဖို႔အတြက္ Portofino ပင္လယ္ကမ္းေျခတစ္ခုလံုးကို ငွားရမ္းခဲ့ပါတယ္”

“ခမ္းနားလွတဲ့ ဧည့္ခံပြဲမွာ ေဖ်ာ္ေျဖဖို႔အတြက္ ဂႏၳဝင္ဂီတၾကယ္ပြင့္ အင္ဒေရ ဘိုဆယ္လီနဲ႔ သူ႔ရဲ႕ နာမည္ၾကီး သံစံုတီးဝိုင္းကိုလည္း ငွားရမ္းခ့ဲပါတယ္။”

“တက္ေရာက္ခဲ့တဲ့ ဧည့္သည္ေတာ္ေတြထဲမွာ ဂ်က္ေဘးေဇာ့စ္၊ ဘီလ္ဂိတ္တို႔ အပါအဝင္ တျခား ဒိတ္ဒိတ္ၾကဲ စီးပြားေရးလုပ္ငန္းရွင္ၾကီးေတြနဲ႔ ေဟာလိဝုဒ္အေက်ာ္အေမာ္ေတြ ပါဝင္ခဲ့ပါတယ္။ ”

“အၾကိဳမဂၤလာအခမ္းအနားကာလတေလွ်ာက္လံုး ကမ္းေျခတစ္ခုလံုးကို လက္နက္ကိုင္ အေစာင့္အၾကပ္ေတြနဲ႔ ကာကြယ္ေပးထားျပီး အခမ္းအနားကို ဧည့္သည္ေတာ္ ၁၂၀၀ ဝန္းက်င္ တက္ေရာက္ခဲ့ၾကပါတယ္” ဟု အဆိုပါ အင္စတာဂရမ္အေကာင့္က ေရးသားေဖာ္ျပသည္။

အာနန္႔ႏွင့္ ရာဒီကာတို႔၏ မဂၤလာပြဲသို႔ ေဘာလိဝုဒ္အေက်ာ္အေမာ္မ်ားစြာလည္း တက္ေရာက္ခဲ့ရာ ရွာရြတ္ခန္၊ ဇနီးျဖစ္သူ ေဂၚရီခန္ႏွင့္ သားျဖစ္သူ အက္ဘ္ရမ္ခန္တု႔ိကို အၾကိဳမဂၤလာပြဲညေနပိုင္းတြင္ ေတြ႔ရသည္။

အြန္လိုင္းတြင္ တက္လာေသာ ဗြီဒီယိုဖုိင္မ်ားတစ္ခုတြင္ ဂ်န္ဗီကပူးကို သူ၏ခ်စ္သူေကာင္ေလး ရွီခါ ပါဟာရီရာ ႏွင့္အတူ ေတြ႔ရသည္။

ထို႔အျပင္ ရမ္ဘီကပူး၊ ကီယာရာ အက္ဒ္ဘာနီ၊ ဆယ္လ္မန္ခန္း၊ ဆာရာအလီခန္း၊ ရမ္ဘီဆင္း၊ ေအနန္ယာ ပန္ေဒးတို႔ကိုလည္း ေတြ႔ရသည္။ ဗြီဒီယိုဖိုင္တစ္ခုတြင္မူ ဆစ္ဒါ့ မယ္ဟိုထရာႏွင့္ ဇနီးျဖစ္သူ ကီယာရာတုိ႔ကို အတူေတြ႔ရသည္။

ဒုတိယေျမာက္ အၾကိဳမဂၤလာပြဲကို ေမလ ၂၉ ရက္တြင္ ဧည့္ခံေန႔လည္စာ၊ ယင္းေနာက္ ညေနပိုင္းတြင္ Starry Night ညစာစားပြဲအစီအစဥ္မ်ားျဖင့္ က်င္းပခဲ့သည္။

ေမလ ၃၀ ရက္တြင္ ဧည့္သည္ေတာ္တုိ႔သည္ ေရာမျမိဳ႕သို႔ အလည္အပတ္ခရီးစဥ္ထြက္ခဲ့ၾကျပီး ညစာစားပြဲ က်င္းပခဲ့ၾကသည္။

ေမလ ၃၁ ရက္တြင္ Cannes ျမဳိ႕တြင္ သြားလာလည္ပတ္မႈမ်ား ျပဳလုပ္ၾကသည္။

အၾကိဳမဂၤလာဧည့္ခံပြဲကို အီတလီႏိုင္ငံ၊ Portofino တြင္ ဇြန္လ ၁ ရက္၌ က်င္းပကာ အျပီးသတ္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ambanis booked entire seashore in Portofino, shutdown whole plaza for Anant,Radhika's 2nd pre-wedding bash (timesnownews)

Photo Credit: Instagram/ Your Poookie Boo

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service