သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် သူနာပြုများ၊ ကျောင်းဆရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် အစရှိသော မရှိမဖြစ် ဝန်ထမ်းများအတွက် အိမ်ခြံမြေ developer ကုမ္ပဏီက မြေနေရာများကို ဒေါ်လာ ၃၅၀၀၀ ဈေးလျှော့ပေး

သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် သူနာပြုများ၊ ကျောင်းဆရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် အစရှိသော မရှိမဖြစ် ဝန်ထမ်းများအတွက် အိမ်ခြံမြေ developer ကုမ္ပဏီက မြေနေရာများကို ဒေါ်လာ ၃၅၀၀၀ ဈေးလျှော့ပေး - Property News in Myanmar from iMyanmarHouse.com
4 Jun 2024 9:47 am တွင် တင်ခဲ့သည်
625 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် သူနာပြုများ၊ ကျောင်းဆရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် အစရှိသော မရှိမဖြစ် ဝန်ထမ်းများအတွက် မြေနေရာများကို ဒေါ်လာ ၃၅၀၀၀ ဈေးလျှော့ပေးကာ ကမ်းလှမ်းလာသည်။

(မှတ်ချက်။ မရှိမဖြစ်လိုအပ်သော အလုပ်သမားများမှာ ကျန်းမာရေး၊ လူမှုရေး၊ စားသောက်ကုန် ဖြန့်ဖြူးရေးနှင့် မရှိမဖြစ် လိုအပ်သော အများပြည်သူ ဝန်ဆောင်မှုကဏ္ဍများတွင် လုပ်ကိုင်သူများကို ရည်ညွှန်းလေ့ရှိသည်။)

အိမ်ခြံမြေ developer ကုမ္ပဏီဖြစ်သော Villawood Properties က နေအိမ်ဆောက်လုပ်လိုသော်လည်း မြေဝယ်ယူနိုင်ရန် အခက်ကြုံနေရသော မရှိမဖြစ် ဝန်ထမ်းများအား ကူညီနိုင်ရန်အတွက် ၎င်းတို့၏ စီမံကိန်းမှ မြေကွက်များကို ဈေးလျှော့ပေးလာခြင်းဖြစ်သည်။

ယခုဈေးလျှော့ပေးသည့် ဒေါ်လာ ၃၅၀၀၀ ဟူသည်မှာ ယခင်က ဈေးလျှော့ပေးခဲ့သောနှုန်းအောက် ဒေါ်လာ ၁၅၀၀၀ ထပ်မံလျှော့ချပေးခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ၆ နှစ်တာလုံး မရှိမဖြစ် ဝန်ထမ်းများအတွက် ဈေးလျှော့ပေးခဲ့ကြောင်း၊ ကုမ္ပဏီ တည်ထောင်မှု ၃၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ထပ်မံဈေးလျှော့ ပေးခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ Rory Costelloe က ပြောသည်။

“ကျွန်တော်တို့ ဒေါ်လာ ၂၀၀၀၀ ဈေးလျှော့ပေးမှုနဲ့ စတင်ခဲ့ပါတယ်။ အဲဒါက ရည်မှန်းထားတဲ့ ပမာဏကို မရောက်သေးပါဘူး။ အခုချိန်မှာ ဈေးနှုန်း ထပ်မံလျှော့ချပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“ကိုယ့်ကို ဂရုစိုက်စောင့်ရှောက်စေချင်ရင် သူတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ဖို့ ကြိုးစားပါ”

အဆိုပါ ဈေးလျှော့ပေးသည့် နေရာများမှာ မဲလ်ဘုန်းမြို့မြောက်ဘက်၊ အနောက်ဘက်နှင့် Geelong တို့တွင် ဖြစ်သည်။

Villawood Properties ကုမ္ပဏီသည် ဝိတိုရိယပြည်တလွှား မရှိမဖြစ် ဝန်ထမ်းများကို ဒေါ်လာ ၄ ဒသမ ၆ သန်းဖိုးခန့် ဈေးလျှော့ပေးကာ မြေကွက်များ ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

လျှောက်ထားသူတို့သည် အလုပ်လုပ်သောနေရာမှ ၁၁ ကီလိုမီတာအတွင်း နေထိုင်ရန် လိုအပ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဈေးနှုန်းထပ်မံလျှော့ချပေးမှုတွင် Villawood Properties က ထောက်ပြသည့်အချက်မှာ သြစတေးလျ စာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့မှုဖြစ်သော ကျန်းမာရေးဝန်ထမ်းများသည် ပျှမ်းမျှနှစ်စဉ်လုပ်ခလစာအောက် ဒေါ်လာ ၂၁၀၀၀ ခန့် လစာနည်းပါးသည့်အချက်ကို ထောက်ပြခဲ့သည်။

နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင် ကိုယ်စိတ်ကျန်းမာရေး ကုထုံးပညာရှင် Beth Crosby သည် ကျန်းမာရေး ဝန်ထမ်းများ အထောက်အကူပြု အစီအစဉ်မှ ဈေးလျှော့ပေးသည့် မြေနေရာကို ဝယ်ယူခဲ့သူဖြစ်သည်။

Beth က ပြောသည်မှာ နေအိမ်တစ်လုံးပိုင်ဆိုင်ရန် အိပ်မက်မက်နေသည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်း ပြောသည်။

“ကျွန်မ အရင်ကလည်း အိမ်ဝယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အရင်က နေ့စားအလုပ် ၅ ခုလောက် လုပ်ခဲ့ချိန်ကပေါ့။ ဒါပေမယ့် ဘဏ်တွေက အဲဒီအလုပ်တွေကို အချိန်ပြည့်အလုပ်လို့ မသတ်မှတ်ပါဘူး” ဟု သူမက ပြောသည်။

 

 

(Beth Crosby သည် Villawood Properties ထံမှ မြေကွက်တစ်ခုကို ဒေါ်လာ ၂၀၀၀၀ လျှော့ဈေးဖြင့် ဝယ်ယူနိုင်ခဲ့ရာ နေအိမ်တစ်လုံးပိုင်ဆိုင်မည့်အိပ်မက် အကောင်အထည်ပေါ်လာခဲ့သည်)

 

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သြစတေးလျ၏ အကြီးမားဆုံးဘဏ်ကြီးဖြစ်သော Commonwealth Bank က နေအိမ်ဝယ်ယူသူတို့အား ကြိုပွိုင့်ရောင်းချသော တိုက်ခန်းများနှင့် အိမ်များကို လက်ငင်းပေးသွင်းငွေ ဒေါ်လာ ၁၀၀၀၀ မျှဖြင့် ဝယ်ယူခွင့်ပေးရန် သဘောတူခဲ့သည်။

 

(မရှိမဖြစ် ဝန်ထမ်းပေါင်း ၃၀၀ ခန့်အား Villawood Properties က လျှော့ဈေးဖြင့် မြေနေရာများ ရောင်းချပေး ခဲ့ပြီး ဖြစ်သည်။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Essential workers in Victoria offered $35,000 discount to build their dream home (realestate)

Photo Credit: realestate

 

 

 

 

[Zawgyi]

ၾသစေတးလ်ႏိုင္ငံ၊ ဝိတိုရိယျပည္နယ္တြင္ သူနာျပဳမ်ား၊ ေက်ာင္းဆရာမ်ား၊ ရဲတပ္ဖြဲ႔ႏွင့္ မီးသတ္တပ္ဖြဲ႔ဝင္ အစရွိေသာ မရွိမျဖစ္ ဝန္ထမ္းမ်ားအတြက္ အိမ္ျခံေျမ developer ကုမၸဏီက ေျမေနရာမ်ားကို ေဒၚလာ ၃၅၀၀၀ ေစ်းေလွ်ာ့ေပး

 

ၾသစေတးလ်ႏိုင္ငံ၊ ဝိတိုရိယျပည္နယ္တြင္ သူနာျပဳမ်ား၊ ေက်ာင္းဆရာမ်ား၊ ရဲတပ္ဖြဲ႔ႏွင့္ မီးသတ္တပ္ဖြဲ႔ဝင္ အစရွိေသာ မရွိမျဖစ္ ဝန္ထမ္းမ်ားအတြက္ ေျမေနရာမ်ားကို ေဒၚလာ ၃၅၀၀၀ ေစ်းေလွ်ာ့ေပးကာ ကမ္းလွမ္းလာ သည္။

(မွတ္ခ်က္။ မရွိမျဖစ္လုိအပ္ေသာ အလုပ္သမားမ်ားမွာ က်န္းမာေရး၊ လူမႈေရး၊ စားေသာက္ကုန္ ျဖန္႔ျဖဴးေရးႏွင့္ မရွိမျဖစ္ လိုအပ္ေသာ အမ်ားျပည္သူ ဝန္ေဆာင္မႈက႑မ်ားတြင္ လုပ္ကိုင္သူမ်ားကို ရည္ညႊန္းေလ့ရွိသည္။) အိမ္ျခံေျမ developer ကုမၸဏီျဖစ္ေသာ Villawood Properties က ေနအိမ္ေဆာက္လုပ္လိုေသာ္လည္း ေျမဝယ္ယူႏိုင္ရန္ အခက္ၾကံဳေနရေသာ မရွိမျဖစ္ ဝန္ထမ္းမ်ားအား ကူညီႏိုင္ရန္အတြက္ ၎တို႔၏ စီမံကိန္းမွ ေျမကြက္မ်ားကို ေစ်းေလွ်ာ့ေပးလာျခင္းျဖစ္သည္။

ယခုေစ်းေလွ်ာ့ေပးသည့္ ေဒၚလာ ၃၅၀၀၀ ဟူသည္မွာ ယခင္က ေစ်းေလွ်ာ့ေပးခဲ့ေသာႏႈန္းေအာက္ ေဒၚလာ ၁၅၀၀၀ ထပ္မံေလွ်ာ့ခ်ေပးျခင္းျဖစ္ေၾကာင္း၊ လြန္ခဲ့ေသာ ၆ ႏွစ္တာလံုး မရွိမျဖစ္ ဝန္ထမ္းမ်ားအတြက္ ေစ်းေလွ်ာ့ေပးခဲ့ေၾကာင္း၊ ကုမၸဏီ တည္ေထာင္မႈ ၃၅ ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ယခုကဲ့သို႔ ထပ္မံေစ်းေလွ်ာ့ ေပးျခင္းျဖစ္ေၾကာင္း ကုမၸဏီ၏ အမႈေဆာင္ဒါရိုက္တာ Rory Costelloe က ေျပာသည္။

“ကၽြန္ေတာ္တို႔ ေဒၚလာ ၂၀၀၀၀ ေစ်းေလွ်ာ့ေပးမႈနဲ႔ စတင္ခဲ့ပါတယ္။ အဲဒါက ရည္မွန္းထားတဲ့ ပမာဏကို မေရာက္ေသးပါဘူး။ အခုခ်ိန္မွာ ေစ်းႏႈန္း ထပ္မံေလွ်ာ့ခ်ေပးခဲ့ပါတယ္” ဟု ၎က ေျပာသည္။

“ကိုယ့္ကို ဂရုစိုက္ေစာင့္ေရွာက္ေစခ်င္ရင္ သူတုိ႔ကိုလည္း ၾကည့္ရႈေစာင့္ေရွာက္ဖုိ႔ ၾကိဳးစားပါ”

အဆိုပါ ေစ်းေလွ်ာ့ေပးသည့္ ေနရာမ်ားမွာ မဲလ္ဘုန္းျမိဳ႕ေျမာက္ဘက္၊ အေနာက္ဘက္ႏွင့္ Geelong တို႔တြင္ ျဖစ္သည္။

Villawood Properties ကုမၸဏီသည္ ဝိတိုရိယျပည္တလႊား မရွိမျဖစ္ ဝန္ထမ္းမ်ားကို ေဒၚလာ ၄ ဒသမ ၆ သန္းဖိုးခန္႔ ေစ်းေလွ်ာ့ေပးကာ ေျမကြက္မ်ား ေရာင္းခ်ေပးခဲ့ျပီး ျဖစ္သည္။

ေလွ်ာက္ထားသူတို႔သည္ အလုပ္လုပ္ေသာေနရာမွ ၁၁ ကီလိုမီတာအတြင္း ေနထုိင္ရန္ လိုအပ္သည္ဟု ဆိုသည္။

ယခုကဲ့သို႔ ေစ်းႏႈန္းထပ္မံေလွ်ာ့ခ်ေပးမႈတြင္ Villawood Properties က ေထာက္ျပသည့္အခ်က္မွာ ၾသစေတးလ် စာရင္းအင္းဗ်ဴရို၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့မႈျဖစ္ေသာ က်န္းမာေရးဝန္ထမ္းမ်ားသည္ ပွ်မ္းမွ်ႏွစ္စဥ္လုပ္ခလစာေအာက္ ေဒၚလာ ၂၁၀၀၀ ခန္႔ လစာနည္းပါးသည့္အခ်က္ကို ေထာက္ျပခဲ့သည္။

ေန႔စဥ္ဘဝႏွင့္ လုပ္ငန္းခြင္ ကိုယ္စိတ္က်န္းမာေရး ကုထံုးပညာရွင္ Beth Crosby သည္ က်န္းမာေရး ဝန္ထမ္းမ်ား အေထာက္အကူျပဳ အစီအစဥ္မွ ေစ်းေလွ်ာ့ေပးသည့္ ေျမေနရာကို ဝယ္ယူခဲ့သူျဖစ္သည္။

Beth က ေျပာသည္မွာ ေနအိမ္တစ္လံုးပိုင္ဆိုင္ရန္ အိပ္မက္မက္ေနသည္မွာ ၄ ႏွစ္ရွိျပီျဖစ္ေၾကာင္း ေျပာသည္။

“ကၽြန္မ အရင္ကလည္း အိမ္ဝယ္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ အရင္က ေန႔စားအလုပ္ ၅ ခုေလာက္ လုပ္ခဲ့ခ်ိန္ကေပါ့။ ဒါေပမယ့္ ဘဏ္ေတြက အဲဒီအလုပ္ေတြကို အခ်ိန္ျပည့္အလုပ္လို႔ မသတ္မွတ္ပါဘူး” ဟု သူမက ေျပာသည္။

(Beth Crosby သည္ Villawood Properties ထံမွ ေျမကြက္တစ္ခုကို ေဒၚလာ ၂၀၀၀၀ ေလွ်ာ့ေစ်းျဖင့္ ဝယ္ယူႏိုင္ခဲ့ရာ ေနအိမ္တစ္လံုးပိုင္ဆိုင္မည့္အိပ္မက္ အေကာင္အထည္ေပၚလာခဲ့သည္)

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ၾသစေတးလ်၏ အၾကီးမားဆံုးဘဏ္ၾကီးျဖစ္ေသာ Commonwealth Bank က ေနအိမ္ဝယ္ယူသူတို႔အား ၾကိဳပြိဳင့္ေရာင္းခ်ေသာ တိုက္ခန္းမ်ားႏွင့္ အိမ္မ်ားကို လက္ငင္းေပးသြင္းေငြ ေဒၚလာ ၁၀၀၀၀ မွ်ျဖင့္ ဝယ္ယူခြင့္ေပးရန္ သေဘာတူခဲ့သည္။

(မရွိမျဖစ္ ဝန္ထမ္းေပါင္း ၃၀၀ ခန္႔အား Villawood Properties က ေလွ်ာ့ေစ်းျဖင့္ ေျမေနရာမ်ား ေရာင္းခ်ေပး ခဲ့ျပီး ျဖစ္သည္။)

Ref: Essential workers in Victoria offered $35,000 discount to build their dream home (realestate)

Photo Credit: realestate

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service