အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 May 2024 2:09 pm တွင် တင်ခဲ့သည်
552 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(ဂျိန်းစီမော ဘယ်သူလဲ)

 

ဂျိန်းစီမော (မွေး ၁၉၅၁) သည် ဗြိတိန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သည်။ ၁၉၇၃ ခုနှစ်က ရုံတင်ပြသခဲ့သော ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား Live and Let Die အပါအဝင် ရုပ်ရှင်ဇာတ်ကား များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောက ဖြတ်သန်းမှုတလျှောက် ဆုပေါင်းများစွာ ရရှိထားသည်။

ဂျိန်းစီမောသည် Jane Seymour Design ကုမ္ပဏီတည်ထောင်ထားပြီး လက်ဝတ်ရတနာ၊ ခေါင်းစည်းပုဝါများ ၊ ပရိဘောဂများ၊ ကော်ဇောများ၊ လက်ကိုင်အိတ်များနှင့် ပန်းချီပန်းပုများ ဖန်တီးထုတ်လုပ်ရောင်းချသည်။

 

 

((နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး))

 

ယခုအခါ ဂျိန်းစီမော ပိုင်ဆိုင်ခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ ကျော် သက်တမ်းရှိ ကျေးလက်စံအိမ်ကြီးကို ပေါင် ၁၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁၅ ဒသမ ၈ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာသည်။

လန်ဒန်မြို့၏ အနောက်ဘက် ၉၇ မိုင်အကွာတွင် တည်ရှိသော Bath မြို့၏ မြို့ပြင်တွင်ရှိပြီး St.Catherine’s Court ဟု စံအိမ်ကို အမည်ပေးထားသည်။

 

 

တချိန်က ရုပ်ရှင်မင်းသမီး ဂျိန်းစီမော ပိုင်ဆိုင်ခဲ့ဖူးပြီး The Cure နှင့် Radiohead တို့အပါအဝင် ဂီတလောကမှ ပုဂ္ဂိုလ်များ နေထိုင်ခဲ့ကြဖူးသည်။

စံအိမ်ကြီးကို ၁၅၉၁ ခုနှစ်က ပြန်လည်မွမ်းမံဆောက်လုပ်ခဲ့ပြီး ဂျိမ်းစီမောနှင့် ခင်ပွန်း (ဟောင်း) ဒေးဗစ် ဖလင်းတို့က ၁၉၈၀ ပြည့်လွန်ကာလများတွင် ဝယ်ယူခဲ့ကြသည်။

ဂျိန်းစီမောသည် ၁၉၈၂ ခုနှစ်တွင် Jamaica Inn အမည်ရှိ ရုပ်သံဇာတ်လမ်းတို စီးရီးကို ရိုက်ကူးနေစဉ် ဤစံအိမ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

 

“တစ်ရက်တော့ ညနေပိုင်းလောက်မှာ ဒီဝန်းကျင်နား ရုပ်ရှင်ရိုက်နေရင်း ဒေးဗစ်နဲ့ ကျွန်မ ဒီအိမ်ကြီးကို အရမ်းသဘောကျသွားတယ်” ဟု ဂျိန်းစီမောက Architectural Digest သတင်းဌာနသို့ ၁၉၉၁ ခုနှစ်တွင် ပြောကြားခဲ့သည်။

ဂျိန်းစီမောတို့စုံတွဲက အဆိုပါ စံအိမ်ကြီးကို ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ခဲ့သည်။

 

နောက်ပိုင်းတွင် ဂျိန်းစီမောသည် ရုပ်ရှင်ဒါရိုက်တာ James Keach နှင့် လက်ထပ်ခဲ့သည်။

ထိုကာလအတွင်း အဆိုပါ စံအိမ်ကြီးကို ရုပ်ရှင်ရိုက်ကွင်းနှင့် အသံဖမ်းစတူဒီယိုအဖြစ် အငှားချထားခဲ့ကြောင်း Savills က ဖော်ပြသည်။

Savills က စံအိမ်ကြီးကို အရောင်းဈေးကွက် တင်ပေးခြင်း ဖြစ်သည်။

 

(နားနေနေရာ များစွာ ပါဝင်သည်။ ဓာတ်ပုံ- Savills)

 

၁၉၉၄ နှင့် ၁၉၉၅ ခုနှစ်များအတွင်း The Cure ရော့ခ်ဂီတအဖွဲ့က Wild Mood Swings အမည်ရှိ တေးအယ်လ်ဘမ်ကို ဤစံအိမ်ကြီးတွင် တီးခတ်အသံဖမ်းခဲ့ခြင်း ဖြစ်သည်။

ထိုဝိုင်း၏ ရှေ့ထွက်အဆိုတော် ရောဘတ်စမစ်က တီးဝိုင်းသားများနှင့် ၎င်းတို့၏ ဂီတဆိုင်ရာ ပစ္စည်းများအတွက် လုံလောက်သည့် အကျယ်အဝန်းရှိသော အိမ်တစ်လုံး ရှာဖွေပေးရန် အကျိုးဆောင်အား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 

 

၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်များအတွင်း Radiohead ရော့ခ်အဖွဲ့ကြီးက ၎င်းတို့၏ Ok Computer တေးအယ်လ်ဘမ် မှ သီချင်းအများစုကို စံအိမ်ကြီး၏ Ballroom တွင် အသံဖမ်းခဲ့သည်။

New Order ရော့ခ်အဖွဲ့ကြီးကလည်း ၎င်းတို့၏ Waiting for the Sirens, Call တေးအယ်လ်ဘမ်မှ သီချင်းအချို့ကို ဤစံအိမ်တွင် တီးခတ်အသံဖမ်းခဲ့သည်။

ထို့အပြင် Take That အဖွဲ့ကြီးမှ ရော်ဘီဝီလျံစ်ကလည်း ၂၀၀၀ ပြည့်လွန်ကာလများအတွင်း ဤစံအိမ်တွင် ငှားရမ်းနေထိုင်ခဲ့ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jane Seymour’s Longtime Manor Outside Bath, England, Selling for £12.5 Million (mansionglobal)

Photo Credit: Savills

 

 

 

 

[Zawgyi]

အဂၤလန္ရုပ္ရွင္မင္းသမီးၾကီး ဂိ်န္းစီေမာပိုင္ဆိုင္ခဲ့ဖူးျပီး Radiohead ႏွင့္ the Cure တို႔ကဲ့သို႔ ေရာ့ခ္ဂီတ ဝိုင္းၾကီးမ်ားကို အငွားခ်ထားခဲ့ဖူးေသာ ႏွစ္ေပါင္း ၄၀၀ သက္တမ္းရွိ စံအိမ္ၾကီး ေပါင္ ၁၂ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

(ဂ်ိန္းစီေမာ ဘယ္သူလဲ)

ဂ်ိန္းစီေမာ (ေမြး ၁၉၅၁) သည္ ျဗိတိန္ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္သည္။ ၁၉၇၃ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ဇာတ္ကား Live and Let Die အပါအဝင္ ရုပ္ရွင္ဇာတ္ကား မ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ရုပ္ရွင္ေလာက ျဖတ္သန္းမႈတေလွ်ာက္ ဆုေပါင္းမ်ားစြာ ရရွိထားသည္။

ဂ်ိန္းစီေမာသည္ Jane Seymour Design ကုမၸဏီတည္ေထာင္ထားျပီး လက္ဝတ္ရတနာ၊ ေခါင္းစည္းပုဝါမ်ား ၊ ပရိေဘာဂမ်ား၊ ေကာ္ေဇာမ်ား၊ လက္ကိုင္အိတ္မ်ားႏွင့္ ပန္းခ်ီပန္းပုမ်ား ဖန္တီးထုတ္လုပ္ေရာင္းခ်သည္။

((ႏွစ္ေပါင္း ၄၀၀ သက္တမ္းရွိ စံအိမ္ၾကီး))

ယခုအခါ ဂ်ိန္းစီေမာ ပိုင္ဆိုင္ခဲ့ဖူးေသာ ႏွစ္ေပါင္း ၄၀၀ ေက်ာ္ သက္တမ္းရွိ ေက်းလက္စံအိမ္ၾကီးကို ေပါင္ ၁၂ ဒသမ ၅ သန္း (ကန္ေဒၚလာ ၁၅ ဒသမ ၈ သန္း) ျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

လန္ဒန္ျမဳိ႕၏ အေနာက္ဘက္ ၉၇ မိုင္အကြာတြင္ တည္ရွိေသာ Bath ျမိဳ႕၏ ျမိဳ႕ျပင္တြင္ရွိျပီး St.Catherine’s Court ဟု စံအိမ္ကို အမည္ေပးထားသည္။

တခ်ိန္က ရုပ္ရွင္မင္းသမီး ဂ်ိန္းစီေမာ ပိုင္ဆိုင္ခဲ့ဖူးျပီး The Cure ႏွင့္ Radiohead တို႔အပါအဝင္ ဂီတေလာကမွ ပုဂၢိဳလ္မ်ား ေနထိုင္ခဲ့ၾကဖူးသည္။

စံအိမ္ၾကီးကို ၁၅၉၁ ခုႏွစ္က ျပန္လည္မြမ္းမံေဆာက္လုပ္ခဲ့ျပီး ဂ်ိမ္းစီေမာႏွင့္ ခင္ပြန္း (ေဟာင္း) ေဒးဗစ္ ဖလင္းတို႔က ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ ဝယ္ယူခဲ့ၾကသည္။

ဂ်ိန္းစီေမာသည္ ၁၉၈၂ ခုႏွစ္တြင္ Jamaica Inn အမည္ရွိ ရုပ္သံဇာတ္လမ္းတို စီးရီးကို ရိုက္ကူးေနစဥ္ ဤစံအိမ္ကို ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

“တစ္ရက္ေတာ့ ညေနပိုင္းေလာက္မွာ ဒီဝန္းက်င္နား ရုပ္ရွင္ရိုက္ေနရင္း ေဒးဗစ္နဲ႔ ကၽြန္မ ဒီအိမ္ၾကီးကို အရမ္းသေဘာက်သြားတယ္” ဟု ဂ်ိန္းစီေမာက Architectural Digest သတင္းဌာနသို႔ ၁၉၉၁ ခုႏွစ္တြင္ ေျပာၾကားခဲ့သည္။

ဂ်ိန္းစီေမာတုိ႔စံုတြဲက အဆုိပါ စံအိမ္ၾကီးကို ျပဳျပင္မြမ္းမံမႈ မ်ားစြာ ျပဳလုပ္ခဲ့သည္။

ေနာက္ပိုင္းတြင္ ဂ်ိန္းစီေမာသည္ ရုပ္ရွင္ဒါရုိက္တာ James Keach ႏွင့္ လက္ထပ္ခဲ့သည္။

ထိုကာလအတြင္း အဆုိပါ စံအိမ္ၾကီးကို ရုပ္ရွင္ရိုက္ကြင္းႏွင့္ အသံဖမ္းစတူဒီယိုအျဖစ္ အငွားခ်ထားခဲ့ေၾကာင္း Savills က ေဖာ္ျပသည္။

Savills က စံအိမ္ၾကီးကို အေရာင္းေစ်းကြက္ တင္ေပးျခင္း ျဖစ္သည္။

(နားေနေနရာ မ်ားစြာ ပါဝင္သည္။ ဓာတ္ပံု- Savills)

၁၉၉၄ ႏွင့္ ၁၉၉၅ ခုႏွစ္မ်ားအတြင္း The Cure ေရာ့ခ္ဂီတအဖြဲ႔က Wild Mood Swings အမည္ရွိ ေတးအယ္လ္ဘမ္ကို ဤစံအိမ္ၾကီးတြင္ တီးခတ္အသံဖမ္းခဲ့ျခင္း ျဖစ္သည္။

ထိုဝိုင္း၏ ေရွ႕ထြက္အဆိုေတာ္ ေရာဘတ္စမစ္က တီးဝိုင္းသားမ်ားႏွင့္ ၎တို႔၏ ဂီတဆိုင္ရာ ပစၥည္းမ်ားအတြက္ လံုေလာက္သည့္ အက်ယ္အဝန္းရွိေသာ အိမ္တစ္လံုး ရွာေဖြေပးရန္ အက်ဳိးေဆာင္အား ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။

၁၉၉၆ ႏွင့္ ၁၉၉၇ ခုႏွစ္မ်ားအတြင္း Radiohead ေရာ့ခ္အဖြဲ႔ၾကီးက ၎တို႔၏ Ok Computer ေတးအယ္လ္ဘမ္ မွ သီခ်င္းအမ်ားစုကို စံအိမ္ၾကီး၏ Ballroom တြင္ အသံဖမ္းခဲ့သည္။

New Order ေရာ့ခ္အဖြဲ႔ၾကီးကလည္း ၎တုိ႔၏ Waiting for the Sirens, Call ေတးအယ္လ္ဘမ္မွ သီခ်င္းအခ်ဳိ႕ကုိ ဤစံအိမ္တြင္ တီးခတ္အသံဖမ္းခဲ့သည္။

ထို႔အျပင္ Take That အဖြဲ႔ၾကီးမွ ေရာ္ဘီဝီလ်ံစ္ကလည္း ၂၀၀၀ ျပည့္လြန္ကာလမ်ားအတြင္း ဤစံအိမ္တြင္ ငွားရမ္းေနထိုင္ခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jane Seymour’s Longtime Manor Outside Bath, England, Selling for £12.5 Million (mansionglobal)

Photo Credit: Savills

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service