လော့စ်အိန်ဂျလိမှ အိမ်ရှင်အမျိုးသမီးက သူ၏ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် အိမ်ကို အငှားချထားရာ ငှားရမ်းသည့်သူက အင်္ဂလန်သို့ ပြောင်းရွှေ့သွားပြီးနောက် လော့စ်အိန်ဂျလိမှ အခန်းကို အချိန်ပိုင်းတရားမဝင် ပြန်လည်အငှားချ

လော့စ်အိန်ဂျလိမှ အိမ်ရှင်အမျိုးသမီးက သူ၏ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် အိမ်ကို အငှားချထားရာ ငှားရမ်းသည့်သူက အင်္ဂလန်သို့ ပြောင်းရွှေ့သွားပြီးနောက် လော့စ်အိန်ဂျလိမှ အခန်းကို အချိန်ပိုင်းတရားမဝင် ပြန်လည်အငှားချ - Property News in Myanmar from iMyanmarHouse.com
31 May 2024 11:01 am တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် အသက် ၃၁ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးသည် လော့စ်အိန်ဂျလ်ရှိ ကန်ဒေါ်လာ ၁ ဒသမ ၆၇၅ သန်းတန် နေအိမ်ကို ဂီတသမားတစ်ဦးအား အငှားချထားခဲ့သည်။

အဆိုပါ ဂီတသမားသည် ဗြိတိန်သို့ သွားရောက်နေထိုင်ကာ လော့စ်အိန်ဂျလိမှ အိမ်ကို တရားမဝင် အချိန်ပိုင်း အငှားချထားကာ ငွေရှာခဲ့ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးက ကြည့်ရှုခွင့်ရခဲ့သော တရားရုံး မှတ်တမ်းများတွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိတိုင်းမ်၏ ဖော်ပြချက်အရ နိုက်ကီတာ ဆရီရမ် (Nikeeta Sriram) အမည်ရှိ အမျိုးသမီးသည် ယခုအိမ်ကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၃ ခန်းပါ ပင်မနေအိမ်အပြင် အိမ်နောက်ဘက်တွင် အိပ်ခန်းတစ်ခန်းပါ အိမ်တစ်လုံးလည်း ပါဝင်ကြောင်း ဖော်ပြသည်။

ထိုအချိန်က ဆရီရမ်သည် လော့စ်အိန်ဂျလိမြို့၊ လော့စ်ဖီလစ်အရပ်တွင် အိမ်ငှားနေထိုင်နေခြင်းဖြစ်ပြီး သူမ၏ အိမ်ကို နစ်ကိုလပ်စ် ဂျာဇာဘက်ခ် အမည်ရှိ အသက် ၃၆ နှစ်အရွယ် ဂီတသမားကို အငှားချထားခဲ့ခြင်း ဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာက ဖော်ပြသည်။

“အစပိုင်းမှာတော့ အိမ်ငှားကောင်းတစ်ယောက် ဖြစ်ဟန်ရခဲ့ပါတယ်။ နောက်ပိုင်းမှ သူက ထိတ်လန့်စရာ လုပ်ရပ်တွေ လုပ်လာခဲ့ပါတယ်” ဟု ဆရီရမ်က လော့စ်အိန်ဂျလိတိုင်းမ်သို့ ပြောသည်။

ဂျာဇာဘက်ခ်သည် အဆိုပါအိမ်ကို ငှားရမ်းနေထိုုင်ခဲ့သည့် ပထမတစ်နှစ်တာအတွင်း အိမ်လခ ဒေါ်လာ ၈၅၀၀ ကို အချိန်မီ (သို့မဟုတ်) သတ်မှတ်ရက်မတိုင်မီ ပေးလေ့ရှိပြီး အိမ်ပြင်ပေးရန် တောင်းဆိုမှု လုံးဝမရှိခဲ့ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်က ဖော်ပြသည်။

သို့သော် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အိမ်ရှင် ဆရီရမ်သည် သူမ၏ နေအိမ်မှာ Airbnb အိမ်ငှားဝက်ဘ်ဆိုက် တွင် တင်ကာ အငှားချခံထားရသည်ကို တွေ့ခဲ့ရပြီး ထိုလုပ်ဆောင်မှုမှာ အငှားစာချုပ်ကို ချိုးဖောက်မှုဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာတွင် ဖော်ပြသည်။

ဂျာဇာဘက်ကမူ ၎င်းအနေဖြင့် ထိုအိမ်ကို တဆင့်ပြန်လည်အငှားချထားခြင်း မလုပ်ဆောင်ခဲ့ကြောင်း ငြင်းဆိုသည်။

သို့သော် ထိုအိမ်ကို Airbnb အိမ်ငှားဝက်ဘ်ဆိုက်တွင် အငှားတင်ထားသည်ကို အိမ်ရှင် ဆရီရမ်က တွေ့ထားသည်။

Airbnb တွင် ထိုအိမ်ကို အငှားတင်သည်မှာ Rich Jacob ဟူသော အကောင့်ဖြင့် ဖြစ်သည်။

ထိုအကောင့်သည် ဂျာဇာဘက်ခ်၏ နာမည်တု တစ်ခုလော (သို့မဟုတ်) ၎င်း၏ အပေါင်းအဖော်များ၏ အကောင့်လောဟူသည်ကိုမူ မသိရချေ။

ပင်မအိမ်ကို တစ်ညလျှင် ကန်ဒေါ်လာ ၆၈၈ ဖြင့်လည်းကောင်း ၊ အိမ်နောက်ဘက်ရှိ အိမ်တစ်လုံးကို ကန်ဒေါ်လာ ၄၉၆ ဖြင့်လည်းကောင်း အငှားဈေးကွက်တင်ထားခြင်းဖြစ်သည်။

Airbnb ဝက်ဘ်ဆိုက်တွင် ထိုအိမ် ၂ လုံးအငှားတင်ထားမှုကို ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၁၀၀ ကျော် ရှိကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာက ဖော်ပြသည်။

အိမ်ရှင် ဆရီရမ်သည် အငှားတင်သော အကောင့်ရှင်နှင့် ဆက်သွယ်ရန်အတွက် အဆိုပါအခန်းကို ငှားရမ်းမည် ဖြစ်ကြောင်း စာရင်းတင်ခဲ့ပြီး “ဒီအိမ်ကို အငှားပြန်ချနေတာတွေ ရပ်ပါ။ ရှင်တို့မှာ ဒီအိမ်ကို ပြန်လည်အငှားချ ထားဖို့ အခွင့်အာဏာမရှိပါဘူး” ဟု ရေးသားခဲ့သည်။

သူမ၏ ရေးသားချက်ကို အငှားတင်သူက “ချစ်ခင်အပ်ပါသော ဆရီရမ်၊ ကြိုဆိုပါတယ်။ ကျေးဇူးပါ။ ဒီအိမ်မှာ ကောင်းစွာ တည်းခိုဖြတ်သန်းနိုင်ပါလိမ့်မယ်” ဟု တုံ့ပြန်ရေးသားခဲ့သည်ကို တွေ့ရကြောင်း လော့စ်အိန်ဂျလိ တိုင်းမ် သတင်းစာကြီးက ဖော်ပြသည်။

ယင်းနောက် အငှားဈေးကွက်တင်သည့် ကြော်ငြာကို ဖြုတ်ချသွားခဲ့သော်လည်း မကြာမီတွင် အခြားကြော်ငြာ သစ်တစ်ခု ထပ်တင်လာခဲ့ပြန်သည်။ ဆရီရမ်က သော့များ ပြောင်းရန် စဉ်းစားခဲ့သော်လည်း တဖက်တွင်လည်း စာချုပ်ကို မချိုးဖောက်လို။

ထို့ကြောင့် သူမက လော့စ်အိန်ဂျလိ တရားလွှတ်တော်ချုပ်တွင် အိမ်ငှားနှင်လိုကြောင်း လျှောက်ထားတင်ပြ ခဲ့သည်။

ထိုသို့ တရားစွဲထားစဉ် ကာလအတွင်းတွင်ပင် Monthier အမည်ရှိ ကုမ္ပဏီအကောင့်တစ်ခုဖြင့် အိမ်ကို အငှားတင်မှုများ ပြုလုပ်လာပြန်သည်။

အဆိုပါကုမ္ပဏီသည် အိမ်ငှားကုမ္ပဏီတစ်ခုဖြစ်ပြီး လော့စ်အိန်ဂျလိတခွင်ရှိ အခြားသော အိမ်များကိုလည်း အငှားဈေးကွက်တင်ထားသည်။

Airbnb ကုမ္ပဏီက လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာသို့ အတည်ပြုပြောကြားသည်မှာ အဆိုပါ အငှားတင် ထားသည့် ကြော်ငြာမရှိတော့ကြောင်းနှင့် ဂျာဇာဘက်ခ်နှင့် ဆက်နွှယ်သောအကောင့်ကိုလည်း ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း ပြောသည်။

Monthier အိမ်ငှားကုမ္ပဏီသို့ Business Insider သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာတွင်မူ မှတ်ချက် တစုံတရာပေးခြင်း မရှိချေ။

ဆရီရမ်က လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာသို့ ပြောသည်မှာ ယခုနှစ်အတွင်း အဆောက်အအုံ ပျက်စီးမှု၊ တရားစရိတ်၊ အိမ်လခ ဆုံးရှုံးမှု အစရှိသည်တို့အတွက် စုစုပေါင်း ဒေါ်လာ ၁၀၀,၀၀၀ ခန့် နစ်နာဆုံးရှုံး ခဲ့ရကြောင်း ပြောသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: A woman rented out her $1.7M LA home — then her tenant left the country and turned it into an illegal Airbnb: report (businessinsider)

Photo Credit:  Getty Images

 

 

ေလာ့စ္အိန္ဂ်လိမွ အိမ္ရွင္အမ်ဳိးသမီးက သူ၏ ေဒၚလာ ၁ ဒသမ ၆ သန္းတန္ အိမ္ကို အငွားခ်ထားရာ ငွားရမ္းသည့္သူက အဂၤလန္သို႔ ေျပာင္းေရႊ႕သြားျပီးေနာက္ ေလာ့စ္အိန္ဂ်လိမွ အခန္းကို အခ်ိန္ပိုင္း တရားမဝင္ ျပန္လည္အငွားခ်

 

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ အသက္ ၃၁ ႏွစ္အရြယ္ အိမ္ရွင္အမ်ဳိးသမီးသည္ ေလာ့စ္အိန္ဂ်လိ္ရွိ ကန္ေဒၚလာ ၁ ဒသမ ၆၇၅ သန္းတန္ ေနအိမ္ကို ဂီတသမားတစ္ဦးအား အငွားခ်ထားခဲ့သည္။

အဆိုပါ ဂီတသမားသည္ ျဗိတိန္သို႔ သြားေရာက္ေနထိုင္ကာ ေလာ့စ္အိန္ဂ်လိမွ အိမ္ကို တရားမဝင္ အခ်ိန္ပိုင္း အငွားခ်ထားကာ ေငြရွာခဲ့ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာၾကီးက ၾကည့္ရႈခြင့္ရခဲ့ေသာ တရားရံုး မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ေလာ့စ္အိန္ဂ်လိတိုင္းမ္၏ ေဖာ္ျပခ်က္အရ ႏိုက္ကီတာ ဆရီရမ္ (Nikeeta Sriram) အမည္ရွိ အမ်ဳိးသမီးသည္ ယခုအိမ္ကို ၂၀၂၂ ခုႏွစ္၊ မတ္လအတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး အိပ္ခန္း ၃ ခန္းပါ ပင္မေနအိမ္အျပင္ အိမ္ေနာက္ဘက္တြင္ အိပ္ခန္းတစ္ခန္းပါ အိမ္တစ္လံုးလည္း ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ထိုအခ်ိန္က ဆရီရမ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေလာ့စ္ဖီလစ္အရပ္တြင္ အိမ္ငွားေနထုိင္ေနျခင္းျဖစ္ျပီး သူမ၏ အိမ္ကို နစ္ကိုလပ္စ္ ဂ်ာဇာဘက္ခ္ အမည္ရွိ အသက္ ၃၆ ႏွစ္အရြယ္ ဂီတသမားကို အငွားခ်ထားခဲ့ျခင္း ျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာက ေဖာ္ျပသည္။

“အစပိုင္းမွာေတာ့ အိမ္ငွားေကာင္းတစ္ေယာက္ ျဖစ္ဟန္ရခဲ့ပါတယ္။ ေနာက္ပိုင္းမွ သူက ထိတ္လန္႔စရာ လုပ္ရပ္ေတြ လုပ္လာခဲ့ပါတယ္” ဟု ဆရီရမ္က ေလာ့စ္အိန္ဂ်လိတိုင္းမ္သို႔ ေျပာသည္။

ဂ်ာဇာဘက္ခ္သည္ အဆိုပါအိမ္ကို ငွားရမ္းေနထုိုင္ခဲ့သည့္ ပထမတစ္ႏွစ္တာအတြင္း အိမ္လခ ေဒၚလာ ၈၅၀၀ ကို အခ်ိန္္္မီ (သို႔မဟုတ္) သတ္မွတ္ရက္မတိုင္မီ ေပးေလ့ရွိျပီး အိမ္ျပင္ေပးရန္ ေတာင္းဆိုမႈ လံုးဝမရွိခဲ့ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္က ေဖာ္ျပသည္။

သို႔ေသာ္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလတြင္ အိမ္ရွင္ ဆရီရမ္သည္ သူမ၏ ေနအိမ္မွာ Airbnb အိမ္ငွားဝက္ဘ္ဆိုက္ တြင္ တင္ကာ အငွားခ်ခံထားရသည္ကို ေတြ႔ခဲ့ရျပီး ထိုလုပ္ေဆာင္မႈမွာ အငွားစာခ်ဳပ္ကို ခ်ိဳးေဖာက္မႈျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာတြင္ ေဖာ္ျပသည္။

ဂ်ာဇာဘက္ကမူ ၎အေနျဖင့္ ထိုအိမ္ကို တဆင့္ျပန္လည္အငွားခ်ထားျခင္း မလုပ္ေဆာင္ခဲ့ေၾကာင္း ျငင္းဆိုသည္။

သို႔ေသာ္ ထိုအိမ္ကို Airbnb အိမ္ငွားဝက္ဘ္ဆိုက္တြင္ အငွားတင္ထားသည္ကို အိမ္ရွင္ ဆရီရမ္က ေတြ႔ထားသည္။

Airbnb တြင္ ထိုအိမ္ကို အငွားတင္သည္မွာ Rich Jacob ဟူေသာ အေကာင့္ျဖင့္ ျဖစ္သည္။

ထိုအေကာင့္သည္ ဂ်ာဇာဘက္ခ္၏ နာမည္တု တစ္ခုေလာ (သို႔မဟုတ္) ၎၏ အေပါင္းအေဖာ္မ်ား၏ အေကာင့္ေလာဟူသည္ကိုမူ မသိရေခ်။

ပင္မအိမ္ကို တစ္ညလွ်င္ ကန္ေဒၚလာ ၆၈၈ ျဖင့္လည္းေကာင္း ၊ အိမ္ေနာက္ဘက္ရွိ အိမ္တစ္လံုးကို ကန္ေဒၚလာ ၄၉၆ ျဖင့္လည္းေကာင္း အငွားေစ်းကြက္တင္ထားျခင္းျဖစ္သည္။

Airbnb ဝက္ဘ္ဆိုက္တြင္ ထိုအိမ္ ၂ လံုးအငွားတင္ထားမႈကို ဝင္ေရာက္ၾကည့္ရႈမႈ အၾကိမ္ေရ ၁၀၀ ေက်ာ္ ရွိေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းစာက ေဖာ္ျပသည္။

အိမ္ရွင္ ဆရီရမ္သည္ အငွားတင္ေသာ အေကာင့္ရွင္ႏွင့္ ဆက္သြယ္ရန္အတြက္ အဆိုပါအခန္းကို ငွားရမ္းမည္ ျဖစ္ေၾကာင္း စာရင္းတင္ခဲ့ျပီး “ဒီအိမ္ကို အငွားျပန္ခ်ေနတာေတြ ရပ္ပါ။ ရွင္တို႔မွာ ဒီအိမ္ကို ျပန္လည္အငွားခ် ထားဖုိ႔ အခြင့္အာဏာမရွိပါဘူး” ဟု ေရးသားခဲ့သည္။

သူမ၏ ေရးသားခ်က္ကို အငွားတင္သူက “ခ်စ္ခင္အပ္ပါေသာ ဆရီရမ္၊ ၾကိဳဆိုပါတယ္။ ေက်းဇူးပါ။ ဒီအိမ္မွာ ေကာင္းစြာ တည္းခိုျဖတ္သန္းႏိုင္ပါလိမ့္မယ္” ဟု တုံ႔ျပန္ေရးသားခဲ့သည္ကို ေတြ႔ရေၾကာင္း ေလာ့စ္အိန္ဂ်လိ တိုင္းမ္ သတင္းစာၾကီးက ေဖာ္ျပသည္။

ယင္းေနာက္ အငွားေစ်းကြက္တင္သည့္ ေၾကာ္ျငာကို ျဖဳတ္ခ်သြားခဲ့ေသာ္လည္း မၾကာမီတြင္ အျခားေၾကာ္ျငာ သစ္တစ္ခု ထပ္တင္လာခဲ့ျပန္သည္။ ဆရီရမ္က ေသာ့မ်ား ေျပာင္းရန္ စဥ္းစားခဲ့ေသာ္လည္း တဖက္တြင္လည္း စာခ်ဳပ္ကို မခ်ဳိးေဖာက္လို။

ထုိ႔ေၾကာင့္ သူမက ေလာ့စ္အိန္ဂ်လိ တရားလႊတ္ေတာ္ခ်ဳပ္တြင္ အိမ္ငွားႏွင္လိုေၾကာင္း ေလွ်ာက္ထားတင္ျပ ခဲ့သည္။

ထိုသို႔ တရားစြဲထားစဥ္ ကာလအတြင္းတြင္ပင္ Monthier အမည္ရွိ ကုမၸဏီအေကာင့္တစ္ခုျဖင့္ အိမ္ကို အငွားတင္မႈမ်ား ျပဳလုပ္လာျပန္သည္။

အဆိုပါကုမၸဏီသည္ အိမ္ငွားကုမၸဏီတစ္ခုျဖစ္ျပီး ေလာ့စ္အိန္ဂ်လိတခြင္ရွိ အျခားေသာ အိမ္မ်ားကိုလည္း အငွားေစ်းကြက္တင္ထားသည္။

Airbnb ကုမၸဏီက ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာသို႔ အတည္ျပဳေျပာၾကားသည္မွာ အဆိုပါ အငွားတင္ ထားသည့္ ေၾကာ္ျငာမရွိေတာ့ေၾကာင္းႏွင့္ ဂ်ာဇာဘက္ခ္ႏွင့္ ဆက္ႏႊယ္ေသာအေကာင့္ကိုလည္း ပိတ္သိမ္း လိုက္ျပီျဖစ္ေၾကာင္း ေျပာသည္။

Monthier အိမ္ငွားကုမၸဏီသို႔ Business Insider သတင္းဌာနက ဆက္သြယ္ေမးျမန္းခဲ့ရာတြင္မူ မွတ္ခ်က္ တစံုတရာေပးျခင္း မရွိေခ်။

ဆရီရမ္က ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းစာသို႔ ေျပာသည္မွာ ယခုႏွစ္အတြင္း အေဆာက္အအံု ပ်က္စီးမႈ၊ တရားစရိတ္၊ အိမ္လခ ဆံုးရံႈးမႈ အစရွိသည္တို႔အတြက္ စုစုေပါင္း ေဒၚလာ ၁၀၀,၀၀၀ ခန္႔ နစ္နာဆံုးရံႈး ခဲ့ရေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A woman rented out her $1.7M LA home — then her tenant left the country and turned it into an illegal Airbnb: report (businessinsider)

Photo Credit:  Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service