ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ်
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအားလုံး ပေးဝေလှူဒါန်းပစ် - Property News in Myanmar from iMyanmarHouse.com
29 May 2024 12:18 pm တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကနေဒါနိုင်ငံ၊ Manitoba ပြည်နယ်တွင် အာလူးတန်ချိန် ၁၂ သန်း ပေးလှူရန်အတွက် သယ်ယူပို့ဆောင်ရေး လိုအပ်ချက် အလွန်ကြီးမားစွာ ပေါ်ပေါက်ခဲ့ရာ စေတနာ့ဝန်ထမ်း ကူညီသူများစွာက အောင်မြင်စွာ ပို့ဆောင် လှူဒါန်းပေးခဲ့ကြသည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။
လယ်သမားကြီး အိုင်ဆေးယား ဟိုဖာ (Isaiah Hofer) ၏ Manitoba ပြည်နယ်မှ ယာတောတွင် ပြီးခဲ့သော နှစ်က ထူးကဲစွာ သီးနှံအောင်မှု ကြုံတွေ့ခဲ့ရသည်။
သူ၏ ယာတောမှ အာလူး အထွက်နှုန်း အံ့မခန်းကောင်းမွန်ခဲ့ရာ ပုံမှန်ပေးပို့ရမည့် ကုန်သည်များအားလုံးကို ပေးပို့ပြီးသည့်တိုင် ဟိုဖာထံတွင် အာလူး ပေါင်ချိန် ၁၀ သန်းကျော် ကျန်နေသည်။
“ဒီလောကမှာ နှစ် ၄၀ လောက် လုပ်ကိုင်ခဲ့တဲ့သူတွေတောင် ဒါမျိုးတစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။” ဟု ဟိုဖာက ပြောသည်။
“ကျွန်တော်တို့မှာ အာလူး အိတ်ပေါင်း အနည်းဆုံး ၁၀၀,၀၀၀ လောက် ပိုနေပါတယ်။ အာလူးတစ်အိတ်က အလေးချိန် ပေါင် ၁၀၀ (၄၅ ကီလိုဂရမ်) ရှိပါတယ်”
လယ်သမားကြီး ဟိုဖာတွင် ရွေးချယ်စရာ နည်းလမ်းအချို့ရှိသည်။
အာလူးများကို ပုပ်အောင်ထားကာ မြေသြဇာအဖြစ် သုံးခြင်း၊ တိရ စ္ဆာန်စာအဖြစ် သုံးခြင်း၊ အမြတ်အနည်းငယ် သာယူကာ ရောင်းချခြင်း (သို့မဟုတ်) အရောင်းသွက်စေရန် အရှုံးခံရောင်းခြင်း အစရှိသော နည်းလမ်းများ ဖြစ်သည်။
သို့သော် ထိုနည်းလမ်းများကို မသုံးတော့ဘဲ ဟိုဖာက နှလုံးသား၏ စေညွှန်ရာအတိုင်း လိုက်နာကာ အာလူးများ အားလုံးကို လိုအပ်သူများထံ အခမဲ့ပေးဝေရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် ဟိုဖာထံ အီးမေးလ်တစ်စောင်ရောက်လာသည်။
Keystone အာလူးထုတ်လုပ်သူများအသင်းထံမှ ပေးပို့သောစာဖြစ်ပြီး အမေရိကန် အစားအစာလှူဒါန်းနေသော ပရဟိတအဖွဲ့ဖြစ်သည့် Farmlink ၏ လုပ်ဆောင်ချက်များကို ပြောပြထားခြင်း ဖြစ်သည်။
Farmlink သည် စားနပ်ရိက္ခာပိုလျှံနေသော ယာတောခြံများနှင့် ပုံမှန်ထောက်ပံ့ပို့ဆောင်မှု ပြတ်တောက်နေ သော Food bank များအကြား ချိတ်ဆက်ပေးသော အဖွဲ့ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်ကတည်းက ၎င်းတို့သည် ယာတောများ၌ စွန့်ပစ်ရတော့မည့် စားနပ်ရိက္ခာ ပေါင်ချိန် သန်း ၁၀၀ ခန့်ကို မြောက်အမေရိကတစ်လွှားရှိ Food bank များသို့ ပို့ဆောင်ဖြန့်ဖြူးပေးခဲ့ကြပြီး ဖြစ်သည်။
ယင်းနောက် ဟိုဖာသည် ၎င်းနှင့်သိကျွမ်းသော အခြားယာသမားများအား ဆက်သွယ်ကာ အာလူး ပေါင်ချိန် ၁၂ သန်း (၅ ဒသမ ၄ သန်း ကီလိုဂရမ်) ကို Farmlink ထံ လှူဒါန်းနိုင်ခဲ့သည်။
ဟိုဖာသည် Farmlink ၏ ပူးတွဲတည်ထောင်သူ ကိတ် နယ်လ်ဆင်နှင့် ပူးပေါင်းကာ ပိုလျှံနေသော အာလူးများ အား မည်သို့ပြုလုပ်ရမည်ကို မဟာဗျူဟာတစ်ခုရေးဆွဲခဲ့ရာ Foodsharing Ottawa သို့ လှူဒါန်းရေးမှာ ပထမဆုံး ရွေးချယ်မှု ဖြစ်ခဲ့သည်။
ကနေဒါတွင် ပြီးခဲ့သောနှစ်အတွင်း အစားအသောက် လုံလုံလောက်လောက်မရသော မိသားစုများ အလွန်မြင့်တက်ခဲ့သည်။
Foodsharing Ottawa ၏ စေတနာ့ဝန်ထမ်း အမှုဆောင်ဒါရိုက်တာ Wendy Leung က ဟိုဖာလှူဒါန်းမည့် အာလူးအလှူ ၄၀၀၀၀ အနက် တစ်ခုမျှသည်ပင်လျှင် အလွန်တာသွားနိုင်ကြောင်း သုံးသပ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A Canadian Farmer Had Millions of Surplus Potatoes and Worked Overtime to Give Them All Away (goodnewsnetwork)
Photo Credit: EastWest Food Rescue group
 [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service