အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေထိုင်

အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေထိုင် - Property News in Myanmar from iMyanmarHouse.com
28 May 2024 11:50 am တွင် တင်ခဲ့သည်
1075 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထိုင်းနိုင်ငံ ချင်းမိုင်သို့ ဂျွန်နီဝါ့ဒ် ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။

ထိုစဉ်က ဂျွန်နီဝါ့ဒ်သည် ရက်သတ္တပတ် ၅ ပတ်ကြာ ပြုလုပ်ခဲ့သော ကျန်းမာရေးသုတေသနတွင် ပါဝင်ခဲ့မှု အတွက် ရရှိလာသောငွေဖြင့် ထိုင်းနိုင်ငံသို့ one-way လေယာဉ်လက်မှတ် ဝယ်ယူကာ ထွက်ခွာလာခဲ့သည်။

ထိုခရီးစဉ်မှာ အာရှဒေသသို့ ပထမဆုံးရောက်ဖူးသည့် ခရီးလည်း ဖြစ်သည်။

 

(ဂျွန်နီဝါ့ဒ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ သူ၏အိမ်ရှေ့တွင် စကူတာတစ်စီးဖြင့် တွေ့ရပုံ။ ဓာတ်ပုံ-Johnny Ward/ onestepforward)

ယင်းနောက် ချင်းမိုင်ရှိ စာသင်ကျောင်းတစ်ခုတွင် အင်္ဂလိပ်စာ ဆရာအဖြစ် တစ်နှစ်ခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ဂျွန်နီဝါ့ဒ်က ချင်းမိုင်၏ ပူပန်မှုကင်းကာ စိတ်အေးလက်အေးရှိသော ဝန်းကျင်အခြေအနေမျိုးကို အလွန်သဘောကျသွားခဲ့သည်။

ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်သည့်ကာလ ပြီးစီးသွားချိန်တွင် ဂျွန်နီဝါ့ဒ်သည် သြစတေးလျသို့ ပြောင်းရွှေ့ခဲ့ပြီး အရောင်းအလုပ်တစ်ခု ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

လစာကောင်းမွန်သော်လည်း ဂျွန်နီဝါ့ဒ်က ကုမ္ပဏီအလုပ်ဘဝကို မနှစ်သက်။

ထို့ကြောင့် ဂျွန်နီဝါ့ဒ်က အလုပ်ထွက်ပြီး ခရီးများထွက်ကာ မိမိ၏ အတွေ့အကြုံများကို blog တစ်ခု ပြုလုပ် သွားရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်ဟာ အေးချမ်းပျော်ရွှင်တဲ့ဘဝမှာ နေထိုင်နေပါတယ်။ အလုပ်သမား၊ ဝန်ထမ်းလူတန်းစား တခြားသူတွေကိုလည်း အေးချမ်းတဲ့ဘဝမှာ နေထိုင်ဖို့အတွက် ချမ်းသာတဲ့မိသားစုကလာသူ ဖြစ်စရာမလိုဘူး ဆိုတာ ကျွန်တော်ပြချင်ပါတယ်” ဟု ဂျွန်နီဝါ့ဒ်က Business Insider သတင်းဌာနသို့ ပြောသည်။

ဂျွန်နီဝါ့ဒ်သည် ယခုအခါ ခရီးသွားဘလော့ဂါတစ်ဦးအဖြစ် ရပ်တည်နေသည့်အပြင် အွန်လိုင်း မီဒီယာကုမ္ပဏီ တစ်ခုလည်း တည်ထောင်ထားသည်။ ကမ္ဘာအနှံ့ခရီးများထွက်ခဲ့သော်လည်း ချင်းမိုင်မှာ မိမိ၏ နှလုံးသားထဲတွင် ရှိနေဆဲဖြစ်သည်ကို ဂျွန်နီဝါ့ဒ် သုံးသပ်မိသည်။

“Google မှာ ‘နေထိုင်ဖို့အတွက် အကောင်းဆုံး ၁၀ နေရာ’ ၊ ‘ဘဝနေဝင်ချိန် နေထိုင်ဖို့ အကောင်းဆုံးနေရာ’ ဆိုတာတွေ ရှာဖွေကြည့်မယ်ဆိုရင် ချင်းမိုင်ဟာ အမြဲတမ်း ထိပ်တန်း နေရာ ၂၀ ထဲမှာ အမြဲ ပါဝင်ပါတယ်။ ဒါက အရမ်းမိုက်ပါတယ်” ဟု ဂျွန်နီဝါ့ဒ်က ပြောသည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက်ကာ အမြဲအခြေချနေထိုင်မည့် နေအိမ်တစ်လုံး ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ “ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲက အိမ်ကြီးမျိုး၊ မိုင်အမ်မီက အိမ်တွေလိုမျိုး ကျွန်တော်အမြဲပိုင်ဆိုင်ချင်ခဲ့တယ်”

 

(နေအိမ်ရှေ့ဘက်မြင်ကွင်း။ ဓာတ်ပုံ-Johnny Ward/ onestepforward)

၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဂျွန်နီသည် စတုရန်းပေ ၁၃၀၀၀ ကျယ်ဝန်းသော မြေကွက်တစ်ခုကို ထိုင်းလူမျိုး ဇနီး Jaa နှင့်အတူ ဘတ်ငွေ ၆ သန်း (ဒေါ်လာ ၁၆၀၀၀၀) ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါနေရာသည် ချင်းမိုင်မြို့လယ်မှ ၁၅ မိနစ်ခရီးအကွာ ဂိတ်ဝန်းခတ်ဝန်းတစ်ခုအတွင်း တည်ရှိကြောင်း ဂျွန်နီက ပြောသည်။

(ညစာစားနေရာ။ ဓာတ်ပုံ-Johnny Ward/ onestepforward)

ထိုင်းနိုင်ငံသည် အိမ်ခြံမြေချေးငွေ ထုတ်ယူလိုသော နိုင်ငံခြားသားများအတွက် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသည်။

ဂျွန်နီဝါ့ဒ်မှာ ကိုယ်ပိုင်လုပ်ငန်းဖြင့် ရပ်တည်သူဖြစ်ရာ အိမ်ခြံမြေချေးငွေရရန် ခက်ခဲသည်။

ထို့ကြောင့် နေအိမ်ဆောက်လုပ်မှု စီမံကိန်းတစ်ခုလုံးကို ငွေသားဖြင့်သာ ပေးချေခဲ့ရသည်။

 

(နေအိမ်အတွင်းရှိ နားနေ နေရာများအနက်တစ်ခု။ ဓာတ်ပုံ-Johnny Ward/ onestepforward)

 

အဆောက်အအုံဆောက်လုပ်မှုအတွက် ဘတ်ငွေ ၁၃ သန်းနှင့် ပရိဘောဂများအတွက် ဘတ်ငွေ ၃ ဒသမ ၅ သန်း၊ စုစုပေါင်းအားဖြင့် ကန်ဒေါ်လာ ၄၆၀,၀၀၀ ခန့် ကုန်ကျခဲ့သည်။

မြေတန်ဖိုးအပါအဝင်ဆိုလျှင် စုစုပေါင်းကုန်ကျစရိတ် ဘတ်ငွေ ၂၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၆၀၀,၀၀၀) ဝန်းကျင်ခန့် ကုန်ကျခဲ့သည်။

ဂျွန်နီဝါ့ဒ်သည် အိုင်ယာလန်တွင် အစိုးရထောက်ပံ့ငွေဖြင့် ကြီးပြင်းခဲ့ရသူဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းတစ်လုံး ပိုင်ဆိုင်ရန် အမြဲမျှော်လင့်အိပ်မက်ခဲ့သည်။

“ကျွန်တော် ၁၂ နှစ်သား အရွယ်တုန်းက အိုင်ယာလန်မှာ အိမ်ခြံမြေအစီအစဉ်တွေ အမြဲစောင့်ကြည့်တယ်။ တနေ့ကျရင် အိမ်အကြီးကြီးတစ်လုံး ဆောက်ပြီးနေမယ်လို့ တွေးခဲ့ဖူးပါတယ်”

 

(ရုံးခန်း။ ဓာတ်ပုံ-Johnny Ward/ onestepforward)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 Ref: He fell in love with Thailand while traveling in his 20s. Now 40, he's back and has built his dream 'James Bond' luxury villa (businessinsider)

Photo Credit- Johnny Ward/ onestepforward

 

 

 

[Zawgyi]

အသက္ ၂၀ အရြယ္တြင္ ထိုင္းႏိုင္ငံသို႔ လာေရာက္ခဲ့ကာ အဂၤလိပ္စာဆရာ လုပ္ကိုင္ခဲ့ရင္း ထိုင္းကို ႏွစ္သက္သြားခဲ့ေသာ ၾသစေတးလ်ႏိုင္ငံသား အသက္ ၄၀ အရြယ္၌ ထိုင္းသို႔ ျပန္လာကာ ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားထဲမွ စံအိမ္ၾကီးမ်ဳိး ေဆာက္လုပ္ကာ အေျခခ်ေနထိုင္

 

ထိုင္းႏိုင္ငံ ခ်င္းမိုင္သို႔ ဂၽြန္နီဝါ့ဒ္ ပထမဆံုးအၾကိမ္ ေရာက္ခဲ့စဥ္က အသက္ ၂၂ ႏွစ္အရြယ္သာ ရွိေသးသည္။

ထိုစဥ္က ဂၽြန္နီဝါ့ဒ္သည္ ရက္သတၱပတ္ ၅ ပတ္ၾကာ ျပဳလုပ္ခဲ့ေသာ က်န္းမာေရးသုေတသနတြင္ ပါဝင္ခဲ့မႈ အတြက္ ရရွိလာေသာေငြျဖင့္ ထိုင္းႏိုင္ငံသို႔ one-way ေလယာဥ္လက္မွတ္ ဝယ္ယူကာ ထြက္ခြာလာခဲ့သည္။

ထိုခရီးစဥ္မွာ အာရွေဒသသို႔ ပထမဆံုးေရာက္ဖူးသည့္ ခရီးလည္း ျဖစ္သည္။

(ဂၽြန္နီဝါ့ဒ္ကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ရွိ သူ၏အိမ္ေရွ႕တြင္ စကူတာတစ္စီးျဖင့္ ေတြ႔ရပံု။ ဓာတ္ပံု-Johnny Ward/ onestepforward)

ယင္းေနာက္ ခ်င္းမိုင္ရွိ စာသင္ေက်ာင္းတစ္ခုတြင္ အဂၤလိပ္စာ ဆရာအျဖစ္ တစ္ႏွစ္ခြဲခန္႔ လုပ္ကိုင္ခဲ့ျပီးေနာက္ ဂၽြန္နီဝါ့ဒ္က ခ်င္းမိုင္၏ ပူပန္မႈကင္းကာ စိတ္ေအးလက္ေအးရွိေသာ ဝန္းက်င္အေျခအေနမ်ဳိးကို အလြန္သေဘာက်သြားခဲ့သည္။

ေက်ာင္းဆရာအျဖစ္ တာဝန္ထမ္းေဆာင္သည့္ကာလ ျပီးစီးသြားခ်ိန္တြင္ ဂၽြန္နီဝါ့ဒ္သည္ ၾသစေတးလ်သို႔ ေျပာင္းေရႊ႕ခဲ့ျပီး အေရာင္းအလုပ္တစ္ခု ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

လစာေကာင္းမြန္ေသာ္လည္း ဂၽြန္နီဝါ့ဒ္က ကုမၸဏီအလုပ္ဘဝကို မႏွစ္သက္။

ထို႔ေၾကာင့္ ဂၽြန္နီဝါ့ဒ္က အလုပ္ထြက္ျပီး ခရီးမ်ားထြက္ကာ မိမိ၏ အေတြ႔အၾကံဳမ်ားကို blog တစ္ခု ျပဳလုပ္ သြားရန္ ဆံုးျဖတ္ခဲ့သည္။

“ကၽြန္ေတာ္ဟာ ေအးခ်မ္းေပ်ာ္ရႊင္တဲ့ဘဝမွာ ေနထိုင္ေန ပါတယ္။ အလုပ္သမား၊ ဝန္ထမ္းလူတန္းစား တျခားသူေတြကိုလည္း ေအးခ်မ္းတဲ့ဘဝမွာ ေနထိုင္ဖုိ႔အတြက္ ခ်မ္းသာတဲ့မိသားစုကလာသူ ျဖစ္စရာမလိုဘူး ဆိုတာ ကၽြန္ေတာ္ျပခ်င္ပါတယ္” ဟု ဂၽြန္နီဝါ့ဒ္က Business Insider သတင္းဌာနသို႔ ေျပာသည္။

ဂၽြန္နီဝါ့ဒ္သည္ ယခုအခါ ခရီးသြားဘေလာ့ဂါတစ္ဦးအျဖစ္ ရပ္တည္ေနသည့္အျပင္ အြန္လိုင္း မီဒီယာကုမၸဏီ တစ္ခုလည္း တည္ေထာင္ထားသည္။ ကမၻာအႏွံ႔ခရီးမ်ားထြက္ခဲ့ေသာ္လည္း ခ်င္းမိုင္မွာ မိမိ၏ ႏွလံုးသားထဲတြင္ ရွိေနဆဲျဖစ္သည္ကို ဂၽြန္နီဝါ့ဒ္ သံုးသပ္မိသည္။

“Google မွာ ‘ေနထိုင္ဖို႔အတြက္ အေကာင္းဆံုး ၁၀ ေနရာ’ ၊ ‘ဘဝေနဝင္ခ်ိန္ ေနထိုင္ဖုိ႔ အေကာင္းဆံုးေနရာ’ ဆိုတာေတြ ရွာေဖြၾကည့္မယ္ဆိုရင္ ခ်င္းမိုင္ဟာ အျမဲတမ္း ထိပ္တန္း ေနရာ ၂၀ ထဲမွာ အျမဲ ပါဝင္ပါတယ္။ ဒါက အရမ္းမိုက္ပါတယ္” ဟု ဂၽြန္နီဝါ့ဒ္က ေျပာသည္။

ထို႔ေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ ထိုင္းႏိုင္ငံသို႔ ျပန္လည္သြားေရာက္ကာ အျမဲအေျခခ်ေနထုိင္မည့္ ေနအိမ္တစ္လံုး ေဆာက္လုပ္ရန္ ဆံုးျဖတ္ခဲ့သည္။ “ဂ်ိမ္းစ္ဘြန္းဇာတ္ကားေတြထဲက အိမ္ၾကီးမ်ဳိး၊ မိုင္အမ္မီက အိမ္ေတြလိုမ်ဳိး ကၽြန္ေတာ္အျမဲပိုင္ဆိုင္ခ်င္ခဲ့တယ္”

 

(ေနအိမ္ေရွ႕ဘက္ျမင္ကြင္း။ ဓာတ္ပံု-Johnny Ward/ onestepforward)

၂၀၂၀ ႏွစ္ကုန္ပိုင္းတြင္ ဂၽြန္နီသည္ စတုရန္းေပ ၁၃၀၀၀ က်ယ္ဝန္းေသာ ေျမကြက္တစ္ခုကို ထိုင္းလူမ်ဳိး ဇနီး Jaa ႏွင့္အတူ ဘတ္ေငြ ၆ သန္း (ေဒၚလာ ၁၆၀၀၀၀) ျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါေနရာသည္ ခ်င္းမိုင္ျမိဳ႕လယ္မွ ၁၅ မိနစ္ခရီးအကြာ ဂိတ္ဝန္းခတ္ဝန္းတစ္ခုအတြင္း တည္ရွိေၾကာင္း ဂၽြန္နီက ေျပာသည္။

(ညစာစားေနရာ။ ဓာတ္ပံု-Johnny Ward/ onestepforward)

ထိုင္းႏိုင္ငံသည္ အိမ္ျခံေျမေခ်းေငြ ထုတ္ယူလိုေသာ ႏိုင္ငံျခားသားမ်ားအတြက္ တင္းက်ပ္ေသာ စည္းမ်ဥ္းမ်ား ခ်မွတ္ထားသည္။

ဂၽြန္နီဝါ့ဒ္မွာ ကိုယ္ပိုင္လုပ္ငန္းျဖင့္ ရပ္တည္သူျဖစ္ရာ အိမ္ျခံေျမေခ်းေငြရရန္ ခက္ခဲသည္။

ထို႔ေၾကာင့္ ေနအိမ္ေဆာက္လုပ္မႈ စီမံကိန္းတစ္ခုလံုးကို ေငြသားျဖင့္သာ ေပးေခ်ခဲ့ရသည္။

(ေနအိမ္အတြင္းရွိ နားေန ေနရာမ်ားအနက္တစ္ခု။ ဓာတ္ပံု-Johnny Ward/ onestepforward)

အေဆာက္အအံုေဆာက္လုပ္မႈအတြက္ ဘတ္ေငြ ၁၃ သန္းႏွင့္ ပရိေဘာဂမ်ားအတြက္ ဘတ္ေငြ ၃ ဒသမ ၅ သန္း၊ စုစုေပါင္းအားျဖင့္ ကန္ေဒၚလာ ၄၆၀,၀၀၀ ခန္႔ ကုန္က်ခဲ့သည္။

ေျမတန္ဖိုးအပါအဝင္ဆိုလွ်င္ စုစုေပါင္းကုန္က်စရိတ္ ဘတ္ေငြ ၂၂ ဒသမ ၅ သန္း (ကန္ေဒၚလာ ၆၀၀,၀၀၀) ဝန္းက်င္ခန္႔ ကုန္က်ခဲ့သည္။

ဂၽြန္နီဝါ့ဒ္သည္ အိုင္ယာလန္တြင္ အစိုးရေထာက္ပံ့ေငြျဖင့္ ၾကီးျပင္းခဲ့ရသူျဖစ္ျပီး အိမ္ၾကီးအိမ္ေကာင္းတစ္လံုး ပိုင္ဆိုင္ရန္ အျမဲေမွ်ာ္လင့္အိပ္မက္ခဲ့သည္။

“ကၽြန္ေတာ္ ၁၂ ႏွစ္သား အရြယ္တုန္းက အိုင္ယာလန္မွာ အိမ္ျခံေျမအစီအစဥ္ေတြ အျမဲေစာင့္ၾကည့္တယ္။ တေန႔က်ရင္ အိမ္အၾကီးၾကီးတစ္လံုး ေဆာက္ျပီးေနမယ္လို႔ ေတြးခဲ့ဖူးပါတယ္”

(ရံုးခန္း။ ဓာတ္ပံု-Johnny Ward/ onestepforward)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: He fell in love with Thailand while traveling in his 20s. Now 40, he's back and has built his dream 'James Bond' luxury villa (businessinsider)

Photo Credit- Johnny Ward/ onestepforward

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service