အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ်ခဲ့ကြ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
27 May 2024 1:39 pm တွင် တင်ခဲ့သည်
9278 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒီတူရီအမည်ရှိ အမျိုးသားသည် အတ္တလန္တိတ်သမုဒ္ဒရာအောက် ရေနက်ထဲတွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လ ကျော် နေထိုင်ခဲ့ပြီးနောက် ပြန်ထွက်လာချိန်တွင် အသက် ၁၀ နှစ်ခန့် နုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ် သွားခဲ့ကြသည်။
ထူးခြားသည့် သိပ္ပံလေ့လာချက်တစ်ခုလုပ်ရန်အတွက် ရေအောက်တွင် ၃ လကျော်နေထိုင်ရန် သိပ္ပံပညာရှင်များက အငြိမ်းစားရေတပ်အရာရှိဟောင်း ဂျိုးဇက် ဒီတူရီအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
လူ့ခန္ဓာကိုယ်အပေါ် ဖိအားများရှိနေသည့် ရေအောက်တွင် နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများကို သိပ္ပံပညာရှင်တို့က လေ့လာလိုခဲ့ခြင်း ဖြစ်သည်။
ဒီတူရီသည် အတ္တလန္တိတ်သမုဒ္ဒရာအောက် ရေနက်ထဲတွင် သေးငယ်သော ရေအောက် အိမ်လုံးလေးတစ်ခု၌ ၃ လကျော် နေထိုင်ခဲ့ပြီး ပြန်ထွက်လာချိန်တွင် ၁၀ နှစ်ကျော် နုပျိုသွားကြောင်း လေ့လာတွေ့ရှိခဲ့ရာ သိပ္ပံပညာရှင်များ တုန်လှုပ်သွားခဲ့ကြသည်။
ဆေးပညာအရ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ကြည့်သောအခါ ဒီတူရီ၏ ခန္ဓာကိုယ်တွင်ရှိသော telomere တို့မှာ လွန်ခဲ့သော ၃ လကထက် ၂၀ ရာခိုင်နှုန်း ပိုမိုရှည်လျားလာသည်ကို တွေ့ရသည်။
Telomere မှာ ခရိုမိုဇုန်းတို့၏ အဖျားများတွင် တည်ရှိသော DNA ထိပ်ဖူးများဖြစ်ပြီး အသက်အရွယ် ကြီးလာ သည်နှင့်အမျှ အရွယ်အစားကျုံ့လာကြသည်။
ထို့အပြင် stem cell များမှာလည်း အရေအတွက်များပြားလာပြီး ဒီတူရီ၏ အလုံးစုံကျန်းမာရေးမှာ အံ့ဖွယ် ပြောင်းလဲသွားခဲ့သည်။
ဒီတူရီသည် နှစ်ခြိုက်စွာအိပ်ပျော်သည့် အကျိုးကျေးဇူးလည်း ရရှိခဲ့သည်။ သူ၏ ကိုလက်စထရော ပမာဏမှာ ၇၂ ခန့် ကျဆင်းသွားခဲ့သည်။
အဆိုပါ ပြောင်းလဲမှုများမှာ ရေအောက်ဖိအားကြောင့်ဖြစ်ပြီး လူ၏ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာရှိကြောင်း ဆရာဝန်တို့က ပြောသည်။
လူတို့တွင် ယခုကဲ့သို့ အတွေ့အကြုံမျိုးလိုအပ်ကြောင်း ဒီတူရီက ပြောသည်။
“ပြင်ပကမ္ဘာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ဖြတ်ပေးမယ့် ဒီလိုနေရာမျိုး လူတွေမှာ လိုအပ်ပါတယ်။ လူတွေကို ဒီနေရာကို ၂ ပတ်လောက် ပို့ပေးပါ။ ဒီနေရာမှာ သူတို့ ခြေထောက်ဆေး ၊ အပန်းဖြေကြရင်း ဖိအားများတဲ့ နေရာမှာ အောက်စီဂျင် ၁၀၀ ရာခိုင်နှုန်းနဲ့ နေရတဲ့ အကျိုးကျေးဇူးကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ် ”ဟု ဒီတူရီက ပြောကြောင်း Daily Mirror သတင်းဌာနက ဖော်ပြသည်။
(မှတ်ချက်။ လူတို့ အသက်ရှုနေသော ပုံမှန်လေမှာ အောက်စီဂျင် ၂၀ ရာခိုင်နှုန်း ပါဝင်သည်။ )
ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်တွင်လည်း ကြီးမားသော တိုးတက်မှုများရှိလာခဲ့ကြောင်း ၎င်းက ပြောသည်။
ဒီတူရီသည် ရေအောက်တွင် နေထိုင်ခဲ့စဉ်ကာလအတွင်း လေ့ကျင့်ခန်းလုပ်သည့် စပရိန်ဖြင့် တစ်ရက်လျှင် တစ်နာရီကျော်၊ တစ်ပတ်လျှင် ၅ ရက် လေ့ကျင့်ခန်းလုပ်ခဲ့သည်။
ဂျိုးဇက် ဒီတူရီသည် ရေအောက်တွင် ၉၃ ရက်ကြာ နေထိုင်မှုအတွက် အခြားမှတ်တိုင်တစ်ခုလည်း စိုက်ထူနိုင် ခဲ့သည်။
ယခင်က ရေအောက်တွင် အကြာဆုံးနေထိုင်မှုအဖြစ် စံချိန်တင်ထားသည်မှာ ၇၃ ရက်ဖြစ်ရာ ယခုအခါ ဒီတူရီက အဆိုပါစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man spends 93 days under Atlantic Sea, becomes ‘10 years younger’ (wionews)
Photo Credit: wionews
[Zawgyi]
Photo Credit: wionews
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service