အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အတူနေထိုင်နေရသော အင်္ဂလန်နိုင်ငံသား

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အတူနေထိုင်နေရသော အင်္ဂလန်နိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
27 May 2024 12:28 pm တွင် တင်ခဲ့သည်
1253 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ခွေးနှစ်ကောင်ကို မစွန့်ပစ်သည့်အတွက် အိမ်ရှင်က လက်မခံတော့သောကြောင့် အိမ်ရာမဲ့ဖြစ်ကာ ကားပေါ်တွင် နေထိုင်နေရသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးအဖြစ် အသက်မွေးသည့် အင်္ဂလန်နိုင်ငံသားတစ်ဦးက ထုတ်ဖော်ပြောကြားလာသည်။

အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ Maidstone မြို့သား ပေါလ်ဂရောင်းစ်သည် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလတွင် စတင်ကာ အိမ်ရာမဲ့ဖြစ်ခဲ့ပြီး ၂ နှစ်အကြာ လက်ရှိအချိန်အထိ သူ၏ ခွေး ၂ ကောင်နှင့်အတူ ကားပေါ်တွင် နေထိုင်နေရဆဲ ဖြစ်သည်။

 

 

(ယာဉ်မောင်းတစ်ဦးအဖြစ် အချိန်ပြည့်အလုပ်လုပ်ကိုင်သူ ပေါလ်ဂရောင်းစ်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ကာ အိမ်ရာမဲ့ဖြစ်လာခဲ့သည်။ ဓာတ်ပုံ-KentOnline)

 

 

(မိမိအတွက် တစ်ခုတည်းသောနည်းလမ်းမှာ အိမ်မွေးတိရစ္ဆာန်လက်ခံမည့် အိမ်မျိုးကို အွန်လိုင်းတွင်မဟုတ်ဘဲ လိုက်လံရှာဖွေရန်သာရှိကြောင်း အကြံပေးကြသည်ဟု ပေါလ်ဂရောင်းစ်က ပြောသည်။ ဓာတ်ပုံ-KentOnline)

 

ပေါလ်ဂရောင်းစ်သည် ကလေး ၂ ယောက်ဖခင်ဖြစ်ပြီး အသက် ၄၅ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ပေါလ်ဂရောင်းစ်က ပြောသည်မှာ ကလေးစရိတ်ထောက်ပံ့ရမှု၊ ကားအာမခံကြေးနှင့် အထွေထွေစရိတ်တို့ ဖယ်လျှင် မိမိရပ်တည်ရန် ငွေအနည်းငယ်သာကျန်တော့ကြောင်း ပြောသည်။

KentOnline သတင်းဌာနသို့ ပေါလ်ဂရောင်းစ်က ပြောသည်မှာ မြို့ကောင်စီက မိမိအား ခိုလှုံရန် နေရာ ကမ်းလှမ်းမှု မရှိကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် မိမိမှာ ဦးစားပေးရမည့်သူများစာရင်းတွင် မပါဝင်သောကြောင့်ဖြစ်ကြောင်း ပြောသည်။

အိမ်မွေးတိရ စ္ဆာန်လက်ခံမည့် အိမ်မျိုးကို အွန်လိုင်းတွင်မဟုတ်ဘဲ လိုက်လံရှာဖွေရန်သာရှိကြောင်း အကြံပေးကြသော်လည်း အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်မျိုး ရှာတွေ့နိုင်ရန်မှာ ခက်ခဲလှသည်။

မိမိ၏ ခွေး ၂ ကောင်ဖြစ်သော Max the Dachshund နှင့် Toby the Jack Russell တို့အတွက် နေရာသစ် ရှာဖွေပေးရန် အစီအစဉ်မရှိသေးကြောင်း ပေါလ်က ပြောသည်။

“တိရ စ္ဆာန်ချစ်တတ်တဲ့သူတစ်ယောက်ကို သူနဲ့ သူ့ရဲ့တိရ စ္ဆာန်ကို ခွဲခွာနေစေဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မိသားစုဝင်တွေပါ။ သူတို့ဟာ ကိုယ့်ရဲ့ သားသမီးတွေလိုပါပဲ။”

“ကျေးဇူးပြုပြီး အိမ်မွေးတိရ စ္ဆာန်တွေ မမွေးကြပါနဲ့။ မွေးလိုက်ရင် ရွေးချယ်စရာ လုပ်ရတော့မယ်။ အိမ်ရာမဲ့ ဘဝနဲ့ နေမလား။ အိမ်မွေးတိရ စ္ဆာန်လေးတွေကို တခြားကို ပို့မလားဆိုတာ ရွေးရတော့မှာပါ”

အိမ်ရာမဲ့ဘဝ ၂ နှစ်တာအတွင်း မိမိနှင့်အတူ ရှိနေခဲ့သော ခွေးကလေး Max မှာ ၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိတွင် ကင်ဆာရောဂါဖြစ်ပွားနေကြောင်း ပေါလ်က ပြောသည်။

“ဒီခွေးလေးတွေက ကျွန်တော်အသက်ရှင်သန်နေရတဲ့ အကြောင်းရင်းပါပဲ။ သူတို့သာ မရှိဘူးဆိုရင် ကျွန်တော် ဘယ်လောက်ရှင်သန်ရပ်တည်နိုင်မယ်ဆိုတာ မသိပါဘူး”

ပေါလ်သည် ယခင်က ကန့်ခရိုင်တွင် ဇနီး၊ သားသမီး ၂ ဦးနှင့်အတူ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် အိမ်ထောင် ပြိုကွဲသွားခဲ့သည်။

ပေါလ်၏ အိမ်ရှင်က ခွေးများ လက်မခံသောကြောင့် အိမ်ငှားပြီး တစ်လအကြာတွင် အိမ်ပေါ်မှ ဆင်းပေးလိုက် ရကာ အခြားအိမ်လည်း ရှာမတွေ့ခဲ့။ Gov.uk ၏ ဖော်ပြချက်အရ အိမ်ရှင်များ၏ ၇ ရာခိုင်နှုန်းကသာ အိမ်မွေးတိရ စ္ဆာန်များ လက်ခံသည်ဟု ကြော်ငြာကြကြောင်း ဖော်ပြသည်။

ထို့ကြောင့် အိမ်မွေးတိရ စ္ဆာန်ရှိသူ အိမ်ငှားများမှာ အခက်ကြုံနေကြရပြီး အချို့မှာ မိမိတို့၏ အိမ်မွေး တိရ စ္ဆာန် ကလေးများကို အခြားနေရာသို့ ပေးလိုက်ကြရသည်။

အင်္ဂလန်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်က Renters Reform Bill အမည်ရှိ ဥပဒေတစ်ရပ်ကို လွှတ်တော်တွင် တင်သွင်းခဲ့သော်လည်း ဥပဒေဖြစ်မလာသေး။

အဆိုပါ ဥပဒေသာ အတည်ပြုပြဌာန်းမည်ဆိုပါက အိမ်မွေးတိရ စ္ဆာန်ရှိသူ အိမ်ငှားများအတွက် သတင်းကောင်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထိုဥပဒေအရဆိုလျှင် အိမ်ရှင်များအနေဖြင့် အိမ်ငှားများက အိမ်မွေးတိရ စ္ဆာန်မွေးမြူခြင်းကို ပိတ်ပင်ခွင့် မရှိတော့ချေ။

 

(မိမိ၏ ခွေး ၂ ကောင်ကို အခြားနေရာသို့ ပေးပစ်ရန် အစီအစဉ်မရှိကြောင်း ပေါလ်က ပြောသည်။ ဓာတ်ပုံ-KentOnline)

 

(မိမိ၏ ခွေး ၂ ကောင်ကို အခြားနေရာသို့ ပေးပစ်ရန် အစီအစဉ်မရှိကြောင်း ပေါလ်က ပြောသည်။ ဓာတ်ပုံ-KentOnline)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I’m forced to live in my car because of ridiculous landlord ‘rule’-I’m completely stuck (thesun)

Photo Credit- KentOnline

 

 

 

[Zawgyi]

အိမ္ေမြးတိရ စၦာန္လက္ခံသည့္ အိမ္ရွင္နည္းပါးမႈေၾကာင့္ အငွားအိမ္ ရွာမရဘဲ အိမ္ရာမဲ့အျဖစ္ ကားေပၚတြင္သာ ေခြး ၂ ေကာင္ႏွင့္ အတူေနထိုင္ေနရေသာ အဂၤလန္ႏိုင္ငံသား

 

ေခြးႏွစ္ေကာင္ကို မစြန္႔ပစ္သည့္အတြက္ အိမ္ရွင္က လက္မခံေတာ့ေသာေၾကာင့္ အိမ္ရာမဲ့ျဖစ္ကာ ကားေပၚတြင္ ေနထုိင္ေနရသည္မွာ ၂ ႏွစ္ခန္႔ရွိျပီျဖစ္ေၾကာင္း ယာဥ္ေမာင္းတစ္ဦးအျဖစ္ အသက္ေမြးသည့္ အဂၤလန္ႏိုင္ငံသားတစ္ဦးက ထုတ္ေဖာ္ေျပာၾကားလာသည္။

အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ Maidstone ျမိဳ႕သား ေပါလ္ဂေရာင္းစ္သည္ ၂၀၂၂ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ စတင္ကာ အိမ္ရာမဲ့ျဖစ္ခဲ့ျပီး ၂ ႏွစ္အၾကာ လက္ရွိအခ်ိန္အထိ သူ၏ ေခြး ၂ ေကာင္ႏွင့္အတူ ကားေပၚတြင္ ေနထုိင္ေနရဆဲ ျဖစ္သည္။

 

(ယာဥ္ေမာင္းတစ္ဦးအျဖစ္ အခ်ိန္ျပည့္အလုပ္ လုပ္ကိုင္သူ ေပါလ္ဂေရာင္းစ္သည္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလတြင္ စတင္ကာ အိမ္ရာမဲ့ျဖစ္လာခဲ့သည္။ ဓာတ္ပံု-KentOnline)

(မိမိအတြက္ တစ္ခုတည္းေသာနည္းလမ္းမွာ အိမ္ေမြးတိရ စၦာန္လက္ခံမည့္ အိမ္မ်ဳိးကို အြန္လိုင္းတြင္မဟုတ္ဘဲ လိုက္လံရွာေဖြရန္သာရွိေၾကာင္း အၾကံေပးၾကသည္ဟု ေပါလ္ဂေရာင္းစ္က ေျပာသည္။ ဓာတ္ပံု-KentOnline)

ေပါလ္ဂေရာင္းစ္သည္ ကေလး ၂ ေယာက္ဖခင္ျဖစ္ျပီး အသက္ ၄၅ ႏွစ္အရြယ္ရွိျပီ ျဖစ္သည္။

ေပါလ္ဂေရာင္းစ္က ေျပာသည္မွာ ကေလးစရိတ္ေထာက္ပံ့ရမႈ၊ ကားအာမခံေၾကးႏွင့္ အေထြေထြစရိတ္တို႔ ဖယ္လွ်င္ မိမိရပ္တည္ရန္ ေငြအနည္းငယ္သာက်န္ေတာ့ေၾကာင္း ေျပာသည္။

KentOnline သတင္းဌာနသို႔ ေပါလ္ဂေရာင္းစ္က ေျပာသည္မွာ ျမိဳ႕ေကာင္စီက မိမိအား ခိုလံႈရန္ ေနရာ ကမ္းလွမ္းမႈ မရွိေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ မိမိမွာ ဦးစားေပးရမည့္သူမ်ားစာရင္းတြင္ မပါဝင္ေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

အိမ္ေမြးတိရ စၦာန္လက္ခံမည့္ အိမ္မ်ဳိးကို အြန္လိုင္းတြင္မဟုတ္ဘဲ လိုက္လံရွာေဖြရန္သာရွိေၾကာင္း အၾကံေပးၾကေသာ္လည္း အိမ္ေမြးတိရ စၦာန္လက္ခံသည့္ အိမ္ရွင္မ်ဳိး ရွာေတြ႔ႏိုင္ရန္မွာ ခက္ခဲလွသည္။

မိမိ၏ ေခြး ၂ ေကာင္ျဖစ္ေသာ Max the Dachshund ႏွင့္ Toby the Jack Russell တုိ႔အတြက္ ေနရာသစ္ ရွာေဖြေပးရန္ အစီအစဥ္မရွိေသးေၾကာင္း ေပါလ္က ေျပာသည္။

“တိရ စၦာန္ခ်စ္တတ္တဲ့သူတစ္ေယာက္ကို သူနဲ႔ သူ႔ရဲ႕တိရ စၦာန္ကို ခြဲခြာေနေစဖို႔ မျဖစ္ႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ မိသားစုဝင္ေတြပါ။ သူတို႔ဟာ ကိုယ့္ရဲ႕ သားသမီးေတြလိုပါပဲ။”

“ေက်းဇူးျပဳျပီး အိမ္ေမြးတိရ စၦာန္ေတြ မေမြးၾကပါနဲ႔။ ေမြးလုိက္ရင္ ေရြးခ်ယ္စရာ လုပ္ရေတာ့မယ္။ အိမ္ရာမဲ့ ဘဝနဲ႔ ေနမလား။ အိမ္ေမြးတိရ စၦာန္ေလးေတြကို တျခားကို ပို႔မလားဆိုတာ ေရြးရေတာ့မွာပါ”

အိမ္ရာမဲ့ဘဝ ၂ ႏွစ္တာအတြင္း မိမိႏွင့္အတူ ရွိေနခဲ့ေသာ ေခြးကေလး Max မွာ ၇ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး လက္ရွိတြင္ ကင္ဆာေရာဂါျဖစ္ပြားေနေၾကာင္း ေပါလ္က ေျပာသည္။

“ဒီေခြးေလးေတြက ကၽြန္ေတာ္အသက္ရွင္သန္ေနရတဲ့ အေၾကာင္းရင္းပါပဲ။ သူတို႔သာ မရွိဘူးဆိုရင္ ကၽြန္ေတာ္ ဘယ္ေလာက္ရွင္သန္ရပ္တည္ႏိုင္မယ္ဆိုတာ မသိပါဘူး”

ေပါလ္သည္ ယခင္က ကန္႔ခရိုင္တြင္ ဇနီး၊ သားသမီး ၂ ဦးႏွင့္အတူ ေနထိုင္ခဲ့ျပီး ေနာက္ပိုင္းတြင္ အိမ္ေထာင္ ျပိဳကြဲသြားခဲ့သည္။

ေပါလ္၏ အိမ္ရွင္က ေခြးမ်ား လက္မခံေသာေၾကာင့္ အိမ္ငွားျပီး တစ္လအၾကာတြင္ အိမ္ေပၚမွ ဆင္းေပးလိုက္ ရကာ အျခားအိမ္လည္း ရွာမေတြ႔ခဲ့။ Gov.uk ၏ ေဖာ္ျပခ်က္အရ အိမ္ရွင္မ်ား၏ ၇ ရာခိုင္ႏႈန္းကသာ အိမ္ေမြးတိရ စၦာန္မ်ား လက္ခံသည္ဟု ေၾကာ္ျငာၾကေၾကာင္း ေဖာ္ျပသည္။

ထို႔ေၾကာင့္ အိမ္ေမြးတိရ စၦာန္ရွိသူ အိမ္ငွားမ်ားမွာ အခက္ၾကံဳေနၾကရျပီး အခ်ဳိ႕မွာ မိမိတို႔၏ အိမ္ေမြး တိရ စၦာန္ ကေလးမ်ားကို အျခားေနရာသို႔ ေပးလိုက္ၾကရသည္။

အဂၤလန္တြင္ ၂၀၂၃ ခုႏွစ္၊ ေမလ ၁၇ ရက္က Renters Reform Bill အမည္ရွိ ဥပေဒတစ္ရပ္ကို လႊတ္ေတာ္တြင္ တင္သြင္းခဲ့ေသာ္လည္း ဥပေဒျဖစ္မလာေသး။

အဆိုပါ ဥပေဒသာ အတည္ျပဳျပဌာန္းမည္ဆိုပါက အိမ္ေမြးတိရ စၦာန္ရွိသူ အိမ္ငွားမ်ားအတြက္ သတင္းေကာင္း တစ္ခု ျဖစ္လာမည္ ျဖစ္သည္။ ထိုဥပေဒအရဆိုလွ်င္ အိမ္ရွင္မ်ားအေနျဖင့္ အိမ္ငွားမ်ားက အိမ္ေမြးတိရ စၦာန္ေမြးျမဴျခင္းကို ပိတ္ပင္ခြင့္ မရွိေတာ့ေခ်။

(မိမိ၏ ေခြး ၂ ေကာင္ကို အျခားေနရာသို႔ ေပးပစ္ရန္ အစီအစဥ္မရွိေၾကာင္း ေပါလ္က ေျပာသည္။ ဓာတ္ပံု-KentOnline)

 

Ref: I’m forced to live in my car because of ridiculous landlord ‘rule’-I’m completely stuck (thesun)

Photo Credit- KentOnline

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service