မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်

မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည် - Property News in Myanmar from iMyanmarHouse.com
24 May 2024 2:06 pm တွင် တင်ခဲ့သည်
545 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အကယ်၍ သင်သည် ကိုယ်ပိုင်မြို့တစ်မြို့ ပိုင်ဆိုင်ရန် အိပ်မက်ဖူးသည်ဆိုပါက အိပ်မက်မက်ဖူးသူ ယခုအခါ ထူးခြားသော အခွင့်အလမ်းတစ်ခု ရှိနေပါသည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Campo တစ်မြို့လုံးနီးပါးကို ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဆန်ဒီယေဂိုခရိုင်တွင် တည်ရှိသော အဆိုပါမြို့တွင် နေအိမ်အဆောက်အအုံ ၂၈ လုံးပါဝင်ပြီး လူနေနှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံအမျိုးမျိုးပါဝင်သည်။

မြို့၏ အကျယ်အဝန်းမှာ ၁၆ ဧကရှိပြီး အဆောက်အအုံများ၏ စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းပေ ၉၅၀၀၀ ရှိရာ ၁ စတုရန်းပေလျှင် ၆၉ ဒေါ်လာသာ ကျသင့်သည်။

လူနေအဆောက်အအုံများစွာမှာ အဆင့်မြှင့်တင်မွမ်းမံထားပြီး အမိုးသစ်များ ဗီနိုင်းအခင်းတို့ကဲ့သို့သော ခေတ်မီ မွမ်းမံမှုများ အပါအဝင် ဖြစ်သည်။ Campo မြို့သည် ဆန်ဒီယေဂိုမြို့၏ အရှေ့ဘက် တစ်နာရီခရီးအကွာတွင် တည်ရှိပြီး ငွေစီးဆင်းမှုနှင့် မဟာဗျူဟာမြောက် ဆောက်လုပ်ရေးစီမံကိန်းတို့အတွက် ကြီးမားသည့် အလားအလာရှိကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

“Campo မြို့ရဲ့ မြို့လည်ပိုင်းတစ်ခုလုံးကို ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်”ဟု Top Gun CRE ကုမ္ပဏီမှ အကျိုးဆောင် Nicolas Hernandez က ပြောသည်။

အဆိုပါကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

 

(မြို့၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ- Michael Noriega /HMBD Marketing)

 

(CAMPO မြို့။ ဓာတ်ပုံ- Michael Noriega/ HMBD Marketing)

 

“ရောင်းချသူက မပိုင်တဲ့နေရာဆိုလို့ မီးသတ်စခန်းပဲ ရှိပါတယ်။ မြို့ကို မြေကွက် ၃ ပိုင်းနဲ့ ဖွဲ့စည်းထားပြီး စာတိုက်၊ ဘုရားကျောင်း၊ သစ်ဆိုင်၊ ပရိဘောဂဆိုင်တွေ ပါဝင်ပါတယ်။ ကျန်တာအများစုက လူနေ အဆောက်အအုံတွေဖြစ်ပြီး အရင်က စစ်တန်းလျားတွေအဖြစ် သုံးခဲ့တာဖြစ်ပါတယ်” ဟု Hernandez က ပြောသည်။

ဤမြို့၏ အများစုကို ပိုင်ဆိုင်သူမှာ လာ့စ်ဗီးဂပ်စ်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် John Ray ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကတည်းက အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

ထိုစဉ်က ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ဈေးခေါ်ခဲ့ကြောင်း Orange County Register အရ သိရသည်။

ဤမြို့တွင် လူဦးရေ ၁၀၀ ခန့် နေထိုင်လျက်ရှိသည်။

Campo သည် ၁၈၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော Buffalo Soldiers ဟုခေါ်သည့် အာဖရိက-အမေရိကန် မြင်းတပ်၏ အခြေချရာဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စတင်အခြေချခဲ့ခြင်း ဖြစ်သည်။

Campo မြို့တွင် တည်ရှိသော Camp Lockett အမည်ရှိ အမေရိကန် စစ်တပ်အခြေစိုက်စခန်းဟောင်းတွင် ယခင်က အီတလီစစ်သုံ့ပန်းများ ထားခဲ့ဖူးသည်။

 

(လူနေနှင့် လုပ်ငန်းသုံး အဆောက်အအုံများ ပါဝင်သည်။ ဓာတ်ပုံ- Michael Noriega /HMBD Marketing)

 

(အဆောက်အအုံတစ်ခု၏ အတွင်းပိုင်း။ ဓာတ်ပုံ- Michael Noriega /HMBD Marketing)

 

(အခြားအဆောက်အအုံတစ်ခု။ ဓာတ်ပုံ- Michael Noriega /HMBD Marketing)

 

“ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း စစ်တန်းလျားတွေကို လူနေအိမ်ခန်းတွေအဖြစ်ပြောင်းလဲခဲ့ပါတယ်” ဟု Hernandez က ပြောသည်။

လက်ရှိပိုင်ရှင်က ၂၀၁၉ ခုနှစ်အတွင်း ရောင်းထုတ်ရန် ကြိုးစားခဲ့သော်လည်း ဈေးနှုန်းညှိနှိုင်း၍ မရသောကြောင့် အရောင်းအဝယ်မဖြစ်ခဲ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Almost the entirety of a small California town has listed for $6.6M (realtor)

Photo Credit- Michael Noriega /HMBD Marketing

 

 

 

[Zawgyi]

ျမင့္ျမင့္မားမား ေတြးေတာၾကံစည္ရန္ အခ်ိန္က်ေရာက္လာၿပီ ျဖစ္သည္

 

အကယ္၍ သင္သည္ ကိုယ္ပိုင္ျမိဳ႕တစ္ျမိဳ႕ ပိုင္ဆုိင္ရန္ အိပ္မက္ဖူးသည္ဆုိပါက အိပ္မက္မက္ဖူးသူ ယခုအခါ ထူးျခားေသာ အခြင့္အလမ္းတစ္ခု ရွိေနပါသည္။

အေမရိကန္ျပည္ေထာင္စု ကယ္လီဖုိးနီးယားျပည္နယ္ Campo တစ္ျမဳိ႕လံုးနီးပါးကို ကန္ေဒၚလာ ၆ ဒသမ ၆ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ဆန္ဒီေယဂိုခရိုင္တြင္ တည္ရွိေသာ အဆုိပါျမဳိ႕တြင္ ေနအိမ္အေဆာက္အအံု ၂၈ လံုးပါဝင္ျပီး လူေနႏွင့္ စီးပြားေရးလုပ္ငန္းသံုး အေဆာက္အအံုအမ်ဳိးမ်ဳိးပါဝင္သည္။

ျမဳိ႕၏ အက်ယ္အဝန္းမွာ ၁၆ ဧကရွိျပီး အေဆာက္အအံုမ်ား၏ စုစုေပါင္း ၾကမ္းခင္းဧရိယာ စတုရန္းေပ ၉၅၀၀၀ ရွိရာ ၁ စတုရန္းေပလွ်င္ ၆၉ ေဒၚလာသာ က်သင့္သည္။

လူေနအေဆာက္အအံုမ်ားစြာမွာ အဆင့္ျမွင့္တင္မြမ္းမံထားျပီး အမိုးသစ္မ်ား ဗီႏိုင္းအခင္းတို႔ကဲ့သို႔ေသာ ေခတ္မီ မြမ္းမံမႈမ်ား အပါအဝင္ ျဖစ္သည္။ Campo ျမဳိ႕သည္ ဆန္ဒီေယဂိုျမဳိ႕၏ အေရွ႕ဘက္ တစ္နာရီခရီးအကြာတြင္ တည္ရွိျပီး ေငြစီးဆင္းမႈႏွင့္ မဟာဗ်ဴဟာေျမာက္ ေဆာက္လုပ္ေရးစီမံကိန္းတုိ႔အတြက္ ၾကီးမားသည့္ အလားအလာရွိေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

“Campo ျမဳိ႕ရဲ႕ ျမဳိ႕လည္ပိုင္းတစ္ခုလံုးကို ရရွိပိုင္ဆုိင္မွာ ျဖစ္ပါတယ္”ဟု Top Gun CRE ကုမၸဏီမွ အက်ဳိးေဆာင္ Nicolas Hernandez က ေျပာသည္။

အဆိုပါကုမၸဏီက အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

(ျမဳိ႕၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု- Michael Noriega /HMBD Marketing)

(CAMPO ျမိဳ႕။ ဓာတ္ပံု- Michael Noriega/ HMBD Marketing)

“ေရာင္းခ်သူက မပိုင္တဲ့ေနရာဆိုလို႔ မီးသတ္စခန္းပဲ ရွိပါတယ္။ ျမိဳ႕ကို ေျမကြက္ ၃ ပိုင္းနဲ႔ ဖြဲ႔စည္းထားျပီး စာတိုက္၊ ဘုရားေက်ာင္း၊ သစ္ဆိုင္၊ ပရိေဘာဂဆိုင္ေတြ ပါဝင္ပါတယ္။ က်န္တာအမ်ားစုက လူေန အေဆာက္အအံုေတြျဖစ္ျပီး အရင္က စစ္တန္းလ်ားေတြအျဖစ္ သံုးခဲ့တာျဖစ္ပါတယ္” ဟု Hernandez က ေျပာသည္။

ဤျမိဳ႕၏ အမ်ားစုကို ပိုင္ဆိုင္သူမွာ လာ့စ္ဗီးဂပ္စ္မွ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းရွင္ John Ray ျဖစ္ျပီး ၂၀၁၉ ခုႏွစ္ ကတည္းက အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

ထိုစဥ္က ကန္ေဒၚလာ ၅ ဒသမ ၅ သန္း ေစ်းေခၚခဲ့ေၾကာင္း Orange County Register အရ သိရသည္။

ဤျမိဳ႕တြင္ လူဦးေရ ၁၀၀ ခန္႔ ေနထိုင္လ်က္ရွိသည္။

Campo သည္ ၁၈၆၆ ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ေသာ Buffalo Soldiers ဟုေခၚသည့္ အာဖရိက-အေမရိကန္ ျမင္းတပ္၏ အေျခခ်ရာျဖစ္ခဲ့ျပီး ဒုတိယကမၻာစစ္ၾကီးအတြင္းက စတင္အေျခခ်ခဲ့ျခင္း ျဖစ္သည္။

Campo ျမိဳ႕တြင္ တည္ရွိေသာ Camp Lockett အမည္ရွိ အေမရိကန္ စစ္တပ္အေျခစိုက္စခန္းေဟာင္းတြင္ ယခင္က အီတလီစစ္သံု႔ပန္းမ်ား ထားခဲ့ဖူးသည္။

(လူေနႏွင့္ လုပ္ငန္းသံုး အေဆာက္အအံုမ်ား ပါဝင္သည္။ ဓာတ္ပံု- Michael Noriega /HMBD Marketing)

(အေဆာက္အအံုတစ္ခု၏ အတြင္းပိုင္း။ ဓာတ္ပံု- Michael Noriega /HMBD Marketing)

(အျခားအေဆာက္အအံုတစ္ခု။ ဓာတ္ပံု- Michael Noriega /HMBD Marketing)

“ဒုတိယကမၻာစစ္ၾကီးေနာက္ပိုင္း စစ္တန္းလ်ားေတြကို လူေနအိမ္ခန္းေတြအျဖစ္ေျပာင္းလဲခဲ့ပါတယ္” ဟု Hernandez က ေျပာသည္။

လက္ရွိပိုင္ရွင္က ၂၀၁၉ ခုႏွစ္အတြင္း ေရာင္းထုတ္ရန္ ၾကိဳးစားခဲ့ေသာ္လည္း ေစ်းႏႈန္းညွိႏႈိင္း၍ မရေသာေၾကာင့္ အေရာင္းအဝယ္မျဖစ္ခဲ့။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Almost the entirety of a small California town has listed for $6.6M (realtor)

Photo Credit- Michael Noriega /HMBD Marketing

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service