အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်

အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော် - Property News in Myanmar from iMyanmarHouse.com
23 May 2024 2:32 pm တွင် တင်ခဲ့သည်
759 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မိမိတို့ နေအိမ်လုံခြုံရေးကို အခြားသူများထက် သာလွန်သည့် နောက်တဆင့်သို့ လှမ်းတက်မြှင့်တင် လိုသူများ အတွက် အင်္ဂလန်နိုင်ငံတွင် အရောင်းဈေးကွက်ဝင်လာသော ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ် ဟောင်း ၂ ခုမှာ အထူးသင့်တော်သည်။

ရောင်းချမည့် ခံတပ် ၂ ခုမှာ No Mans Fort နှင့် Spitbank Fort တို့ဖြစ်ပြီး Isle of Wight နှင့် ပို့စ်မောက်မြို့ အကြား ပင်လယ်ပြင်တွင် တည်ရှိသည်။

ခံတပ် ၂ ခုကို Savills အိမ်ခြံမြေကုမ္ပဏီက ဇွန်လ ၁၈ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားပြီး ရည်ညွှန်းဈေးမှာ ပေါင် ၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၂၆ သန်း) ဖြစ်သည်။

(မှတ်ချက်။ No Mans Fort ခံတပ်ကို ၂၀၂၃ ခုနှစ် နှစ်စပိုင်းတွင် ဒေါ်လာ ၇ သန်းဖြင့်လည်းကောင်း၊ Spitbank Fort ခံတပ်ကို ၂၀၂၄ နှစ်စပိုင်းက ပေါင် ၂ ဒသမ ၅ သန်းဖြင့် လည်းကောင်း အရောင်းဈေးကွက် တင်ခဲ့ဖူးသေး ပြီး ယနေ့တိုင် ရောင်းမထွက်ခြင်းဖြစ်သည်။ ခံတပ်တစ်ခုချင်းစီ၏ ဈေးကွက်တင်သည့်သတင်းများကိုလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

ခံတပ် ၂ ခုလုံးကို လက်ရှိအားဖြင့် ဟိုတယ်များအဖြစ် အသုံးပြုထားသော်လည်း ဝယ်လက်များအနေဖြင့် လူနေအိမ်အဖြစ် ပြောင်းလဲအသုံးပြုခွင့် ယခင်ကတည်းက ရရှိထားပြီးလည်း ဖြစ်သည်။

(No Mans Fort မှာ အင်္ဂလန်ကမ်းခြေမှ လှေဖြင့် ၃၅ မိနစ် ခရီးအကွာတွင် တည်ရှိသည်။ ဓာတ်ပုံ-Savills)

 

ခံတပ်တို့၏ ပိုင်ရှင်များ မည်သူဖြစ်သည်ကို မသိရသော်လည်း Savills အိမ်ခြံမြေကုမ္ပဏီ၏ ဖော်ပြချက်အရ ပိုင်ရှင်များမှာ ခံတပ်စခန်းများကို ၁၂ နှစ်ခန့် ပိုင်ဆိုင်ထားသူများဖြစ်ကြောင်း ဖော်ပြသည်။

No Mans ခံတပ်တွင် အထပ် ၄ ထပ်ပါဝင်ပြီး အိပ်ခန်းပေါင်း ၂၃ ခန်း၊ ဝန်ထမ်းဆောင်များ၊ စားသောက်ဆိုင်၊ အရက်ဘားများ၊ ရိုးရာအင်္ဂလိပ်အရက်ဆိုင်၊ အမိုးပေါ် လသာဆောင်နှင့် ညကလပ်တစ်ခုတို့ ရှိသည်။

Spitbank ခံတပ်မှာ ကမ်းခြေနှင့် အနည်းငယ်ပိုနီးပြီး အထပ် ၃ ထပ်ဖြင့် ဖွဲ့စည်းထားကာ အိပ်ခန်း ၉ ခန်း၊ စားသောက်ဆိုင်၊ အရက်ဘားများ၊ ဝိုင်သိုလှောင်သောနေရာ၊ ဂိမ်းကစားခန်း၊ ရေကူးကန်နှင့် Spa တို့ရှိသည်။

 (Spitbank ခံတပ်တွင် အမိုးပေါ် လသာဆောင်တစ်ခုရှိသည်။ ဓာတ်ပုံ-Savills)

၂၀၂၂ ခုနှစ်အတွင်း Savills လေလံအဖွဲ့က အင်္ဂလန်မြောက်ပိုင်း အရှေ့ဘက်ကမ်းရိုးတန်းရှိ Bull Sandfort ခံတပ်ဟောင်းကို ပေါင် ၄၉၀၀၀၀ ဖြင့် ရောင်းချပေးခဲ့ဖူးသည်။

ထိုစဉ်က နိုင်ငံပေါင်း ၂၇ နိုင်ငံမှ လေလံဆွဲသူများက အပြိုင်ဈေးပေးခဲ့ရာ ရည်ညွှန်းဈေးထက် ၁၀ ဆခန့်ဖြင့် လေလံအောင်သွားခြင်းဖြစ်ကြောင်း Savills က ထုတ်ပြန်သည်။

 

(No Mans Fort ခံတပ်ကို အရောင်းဈေးကွက်တင်ခဲ့သော သတင်း)

၁၈၆၀ ပြည့်ဝန်းကျင်အတွင်း ဗြိတိန်၏ ခံစစ်စည်းအဖြစ် ဆောက်လုပ်ခဲ့သော ပင်လယ်အတွင်းမှ ခံတပ်စခန်းဟောင်းကြီးကို ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1062769

 

 

(Spitbank ခံတပ်ကို အရောင်းဈေးကွက်တင်ခဲ့သော သတင်း)

ဗြိတိန်တွင် ကိုယ်ပိုင်ရုပ်ရှင်ရုံနှင့် မီးပြတိုက်ပါသော သမိုင်းဝင် အံ့ဖွယ် ခံတပ် ကျွန်းတစ်ကျွန်း ပေါင် ၂ ဒသမ ၅ သန်းမျှဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1096368

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Two Former Military Forts Floating off the Coast of England Head to Auction as Lavishly Amenitized Properties (mansionglobal)

Photo Credit-Savills

 

[Zawgyi]

အဂၤလန္ကမ္းလြန္ပင္လယ္ျပင္ရွိ စစ္ဘက္ခံတပ္ေဟာင္း ၂ ခု ေလလံတင္ေရာင္းခ်ရန္ စီစဥ္ထားရာ လံုျခံဳေရး ေကာင္းမြန္သည့္ေနအိမ္ ရွာေဖြေနသူမ်ားအတြက္ အထူးသင့္ေတာ္

 

မိမိတို႔ ေနအိမ္လံုျခံဳေရးကို အျခားသူမ်ားထက္ သာလြန္သည့္ ေနာက္တဆင့္သို႔ လွမ္းတက္ျမွင့္တင္ လိုသူမ်ား အတြက္ အဂၤလန္ႏိုင္ငံတြင္ အေရာင္းေစ်းကြက္ဝင္လာေသာ ကမ္းလြန္ပင္လယ္ျပင္ရွိ စစ္ဘက္ခံတပ္ ေဟာင္း ၂ ခုမွာ အထူးသင့္ေတာ္သည္။

ေရာင္းခ်မည့္ ခံတပ္ ၂ ခုမွာ No Mans Fort ႏွင့္ Spitbank Fort တို႔ျဖစ္ျပီး Isle of Wight ႏွင့္ ပို႔စ္ေမာက္ျမိဳ႕ အၾကား ပင္လယ္ျပင္တြင္ တည္ရွိသည္။

ခံတပ္ ၂ ခုကို Savills အိမ္ျခံေျမကုမၸဏီက ဇြန္လ ၁၈ ရက္တြင္ ေလလံတင္ေရာင္းခ်ရန္ စီစဥ္ထားျပီး ရည္ညႊန္းေစ်းမွာ ေပါင္ ၁ သန္း (ကန္ေဒၚလာ ၁ ဒသမ ၂၆ သန္း) ျဖစ္သည္။

(မွတ္ခ်က္။ No Mans Fort ခံတပ္ကို ၂၀၂၃ ခုႏွစ္ ႏွစ္စပိုင္းတြင္ ေဒၚလာ ၇ သန္းျဖင့္လည္းေကာင္း၊ Spitbank Fort ခံတပ္ကို ၂၀၂၄ ႏွစ္စပိုင္းက ေပါင္ ၂ ဒသမ ၅ သန္းျဖင့္ လည္းေကာင္း အေရာင္းေစ်းကြက္ တင္ခဲ့ဖူးေသး ျပီး ယေန႔တိုင္ ေရာင္းမထြက္ျခင္းျဖစ္သည္။ ခံတပ္တစ္ခုခ်င္းစီ၏ ေစ်းကြက္တင္သည့္သတင္းမ်ားကိုလည္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

ခံတပ္ ၂ ခုလံုးကို လက္ရွိအားျဖင့္ ဟိုတယ္မ်ားအျဖစ္ အသံုးျပဳထားေသာ္လည္း ဝယ္လက္မ်ားအေနျဖင့္ လူေနအိမ္အျဖစ္ ေျပာင္းလဲအသံုးျပဳခြင့္ ယခင္ကတည္းက ရရွိထားျပီးလည္း ျဖစ္သည္။

(No Mans Fort မွာ အဂၤလန္ကမ္းေျခမွ ေလွျဖင့္ ၃၅ မိနစ္ ခရီးအကြာတြင္ တည္ရွိသည္။ ဓာတ္ပံု-Savills)

ခံတပ္တို႔၏ ပိုင္ရွင္မ်ား မည္သူျဖစ္သည္ကို မသိရေသာ္လည္း Savills အိမ္ျခံေျမကုမၸဏီ၏ ေဖာ္ျပခ်က္အရ ပိုင္ရွင္မ်ားမွာ ခံတပ္စခန္းမ်ားကို ၁၂ ႏွစ္ခန္႔ ပိုင္ဆိုင္ထားသူမ်ားျဖစ္ေၾကာင္း ေဖာ္ျပသည္။

No Mans ခံတပ္တြင္ အထပ္ ၄ ထပ္ပါဝင္ျပီး အိပ္ခန္းေပါင္း ၂၃ ခန္း၊ ဝန္ထမ္းေဆာင္မ်ား၊ စားေသာက္ဆိုင္၊ အရက္ဘားမ်ား၊ ရိုးရာအဂၤလိပ္အရက္ဆိုင္၊ အမိုးေပၚ လသာေဆာင္ႏွင့္ ညကလပ္တစ္ခုတို႔ ရွိသည္။

Spitbank ခံတပ္မွာ ကမ္းေျခႏွင့္ အနည္းငယ္ပိုနီးျပီး အထပ္ ၃ ထပ္ျဖင့္ ဖြဲ႔စည္းထားကာ အိပ္ခန္း ၉ ခန္း၊ စားေသာက္ဆိုင္၊ အရက္ဘားမ်ား၊ ဝိုင္သိုေလွာင္ေသာေနရာ၊ ဂိမ္းကစားခန္း၊ ေရကူးကန္ႏွင့္ Spa တို႔ရွိသည္။

 

(Spitbank ခံတပ္တြင္ အမုိးေပၚ လသာေဆာင္တစ္ခုရွိသည္။ ဓာတ္ပံု-Savills)

၂၀၂၂ ခုနွစ္အတြင္း Savills ေလလံအဖြဲ႔က အဂၤလန္ေျမာက္ပိုင္း အေရွ႕ဘက္ကမ္းရိုးတန္းရွိ Bull Sandfort ခံတပ္ေဟာင္းကို ေပါင္ ၄၉၀၀၀၀ ျဖင့္ ေရာင္းခ်ေပးခဲ့ဖူးသည္။

ထိုစဥ္က ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံမွ ေလလံဆြဲသူမ်ားက အျပိဳင္ေစ်းေပးခဲ့ရာ ရည္ညႊန္းေစ်းထက္ ၁၀ ဆခန္႔ျဖင့္ ေလလံေအာင္သြားျခင္းျဖစ္ေၾကာင္း Savills က ထုတ္ျပန္သည္။

 

(No Mans Fort ခံတပ္ကို အေရာင္းေစ်းကြက္တင္ခဲ့ေသာ သတင္း)

၁၈၆၀ ျပည့္ဝန္းက်င္အတြင္း ျဗိတိန္၏ ခံစစ္စည္းအျဖစ္ ေဆာက္လုပ္ခဲ့ေသာ ပင္လယ္အတြင္းမွ ခံတပ္စခန္းေဟာင္းၾကီးကို ေဒၚလာ ၇ သန္းေက်ာ္ျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1062769

 

(Spitbank ခံတပ္ကို အေရာင္းေစ်းကြက္တင္ခဲ့ေသာ သတင္း)

ျဗိတိန္တြင္ ကိုယ္ပိုင္ရုပ္ရွင္ရံုႏွင့္ မီးျပတိုက္ပါေသာ သမိုင္းဝင္ အံ့ဖြယ္ ခံတပ္ ကၽြန္းတစ္ကၽြန္း ေပါင္ ၂ ဒသမ ၅ သန္းမွ်ျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1096368

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Two Former Military Forts Floating off the Coast of England Head to Auction as Lavishly Amenitized Properties (mansionglobal)

Photo Credit-Savills

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service