အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောကြောင့် အသက် ၈၀ အရွယ် အဘိုးအိုက ရူပီး ၁ ဒသမ ၅ ကုဋေ တန်ကြေးရှိ နေအိမ်ကို ပြည်နယ်အစိုးရထံ လှူဒါန်းပစ်

အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောကြောင့် အသက် ၈၀ အရွယ် အဘိုးအိုက ရူပီး ၁ ဒသမ ၅ ကုဋေ တန်ကြေးရှိ နေအိမ်ကို ပြည်နယ်အစိုးရထံ လှူဒါန်းပစ် - Property News in Myanmar from iMyanmarHouse.com
29 Apr 2024 12:39 pm တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယနိုင်ငံ ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် အသက် ၈၀ အရွယ် အဘိုးအိုသည် သားနှင့်ချွေးမတို့၏ ရိုင်းပြစွာ ဆက်ဆံမှုများအပေါ် စိတ်မချမ်းမသာဖြစ်ကာ သူ၏ ရူပီး ၁ ဒသမ ၅ ကုဋေတန်ကြေးရှိ အိမ်ခြံမြေကို ပြည်နယ်အစိုးရထံ လှူဒါန်းကြောင်း သေတမ်းစာ ရေးသားခဲ့သည်။

၎င်းလှူဒါန်းသော မြေပေါ်တွင် စာသင်ကျောင်း (သို့မဟုတ်) ဆေးရုံဆောက်လုပ်ရန် သေတမ်းစာ၌ ရေးသား ဖော်ပြထားသည်။

 

(ဥတာ ပရာဒက်ရှ်ပြည်နယ်၊ Biral ကျေးရွာဇာတိဖြစ်သူ နာတူဆင်းအမည်ရှိ အဘိုးအိုက မှတ်ပုံတင်ရုံးတွင် ကျမ်းကျိန်လွှာတစ်ခု တင်ထားခဲ့သည်။ ဓာတ်ပုံမှာ နမူနာအဖြစ် ဖော်ပြခြင်းသာ ဖြစ်သည်။ ဓာတ်ပုံ- Representative image/ istock)

 

နာတူဆင်းသည် ဥတာပရာဒက်ပြည်နယ်၊ မူဇဖားနာဂါမြို့တွင် နေထိုင်ခဲ့သူဖြစ်ပြီး သားနှင့် ချွေးမ၏ ရိုင်းပြမှုများကြောင့် ဘိုးဘွားဂေဟာတွင် သွားရောက် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

နာတူဆင်းသည် လက်ရှိအားဖြင့် ခါတိုလီမြို့ရှိ ဘိုးဘွားဂေဟာတွင် နေထိုင်လျက်ရှိသည်။

နာတူဆင်းက သူ၏ အိမ်ခြံမြေတို့ကို ဥတာ ပရာဒက်ရှ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးရန် မှတ်ပုံတင်ရုံးခွဲတွင် ကျမ်းကျိန်လွှာ တင်ထားကြောင်း ၎င်းကိုယ်တိုင် ပြောသည်။

နာတူဆင်းသည် သူ၏ နေအိမ်နှင့် ၁၀ ဘီဂါ (၆ ဒသမ ၁၉ ဧက) ကျယ်ဝန်းသော စိုက်ပျိုးမြေတို့ကို ပြည်နယ် အစိုးရထံ လှူဒါန်းကြောင်း သေတမ်းစာတစ်ခုကို မတ်လ ၄ ရက်တွင် မှတ်ပုံတင်ခဲ့ကြောင်း၊ အဆိုပါ အိမ်ခြံမြေ တို့၏ တန်ကြေးမှာ ရူပီး ၁ ဒသမ ၅ ကုဋေဝန်းကျင်ခန့်ရှိကြောင်း ဘူဒါနာမြို့ မှတ်ပုံတင်ရုံးခွဲမှ အရာရှိ ပန်ကက်ဂျိန်းက အတည်ပြုပြောကြားသည်။

သူ၏ သေတမ်းစာတွင် နာတူဆင်းက ရေးသားဖော်ပြထားသည်မှာ မိမိကွယ်လွန်သွားပါက အဆိုပါ မြေနေရာ ပေါ်တွင် ဆေးရုံ (သို့မဟုတ်) စာသင်ကျောင်းတစ်ခု ဆောက်လုပ်ရန် တောင်းဆိုကြောင်း ရေးသားထားသည်။

 

(နာတူဆင်းသည် လယ်သမားတစ်ဦးဖြစ်ပြီး ကျောင်းဆရာအဖြစ် လုပ်ကိုင်သည့် သားတစ်ဦးရှိသည်။ ဓာတ်ပုံ-India Today)

 

နာတူဆင်းတွင် သမီး ၄ ဦးလည်းရှိပြီး သမီးအားလုံး အိမ်ထောင်ကိုယ်စီဖြင့် ဖြစ်သည်။

ဇနီးဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း နာတူဆင်းသည် ခါတိုလီမြို့ရှိ ဘိုးဘွားဂေဟာတွင် နေထိုင်လျက် ရှိသည်။

နာတူဆင်းက ပြောသည်မှာ မိသားစုဝင် တစ်ဦးတစ်လေမှ မိမိကို လာရောက် ကြည့်ရှုခြင်း မရှိကြောင်း ပြောသည်။

နာတူဆင်းက သူ၏ အိမ်ခြံမြေများအပြင် ကွယ်လွန်ပြီးနောက်ပိုင်း ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကိုလည်း ဆေးပညာသုတေသနအတွက် ဥတာ ပရာဒက်အစိုးရထံ လှူဒါန်းထားသည်။

“ဒီအသက် ဒီအရွယ်မှာ သားသမီးချွေးမတွေနဲ့ အတူနေသင့်တာပေါ့။ ဒါပေမဲ့ သူတို့က ကျွန်တော့်အပေါ် ကောင်းကောင်းမဆက်ဆံကြဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ အိမ်ခြံမြေတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါ တယ်”ဟု နာတူဆင်းက India Today သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ သားသမီး ၅ ဦးရှိပေမယ့် ဘိုးဘွားဂေဟာမှာ နေထိုင်ခဲ့ ရပါတယ်”ဟု နာတူဆင်းက ကြေကွဲစွာဖြင့် ပြောသည်။

ဘိုးဘွားဂေဟာ၏ အုပ်ချုပ်သူဖြစ်သော ရီခါဆင်းက ပြောသည်မှာ နာတူဆင်းက ၎င်း ကွယ်လွန်လျှင် ဈာပနသို့ သူ၏ မိသားစုဝင်များ မလာစေလိုကြောင်း ပြောထားသည်ဟု ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Irked with son, 80-year-old man donates property worth ₹1 crore to UP governor (hindustantimes)

Photo Credit: India Today, istock

 

 

 

 

[Zawgyi]

အိႏိၵယတြင္ သားႏွင့္ေခၽြးမက အၾကိမ္ၾကိမ္ဆဲဆိုကာ ရိုင္းျပေစာ္ကားသည့္အျပင္ သားသမီးမ်ား တစ္ဦးမွ လာေရာက္ၾကည့္ရႈျခင္းမရွိေသာေၾကာင့္ အသက္ ၈၀ အရြယ္ အဘိုးအိုက ရူပီး ၁ ဒသမ ၅ ကုေဋ တန္ေၾကးရွိ ေနအိမ္ကို ျပည္နယ္အစိုးရထံ လွဴဒါန္းပစ္

 

အိႏိၵယႏိုင္ငံ ဥတာ ပရာဒက္ရွ္ျပည္နယ္တြင္ အသက္ ၈၀ အရြယ္ အဘိုးအိုသည္ သားႏွင့္ေခၽြးမတို႔၏ ရိုင္းျပစြာ ဆက္ဆံမႈမ်ားအေပၚ စိတ္မခ်မ္းမသာျဖစ္ကာ သူ၏ ရူပီး ၁ ဒသမ ၅ ကုေဋတန္ေၾကးရွိ အိမ္ျခံေျမကို ျပည္နယ္အစိုးရထံ လွဴဒါန္းေၾကာင္း ေသတမ္းစာ ေရးသားခဲ့သည္။

၎လွဴဒါန္းေသာ ေျမေပၚတြင္ စာသင္ေက်ာင္း (သို႔မဟုတ္) ေဆးရံုေဆာက္လုပ္ရန္ ေသတမ္းစာ၌ ေရးသား ေဖာ္ျပထားသည္။

(ဥတာ ပရာဒက္ရွ္ျပည္နယ္၊ Biral ေက်းရြာဇာတိျဖစ္သူ နာတူဆင္းအမည္ရွိ အဘိုးအိုက မွတ္ပံုတင္ရံုးတြင္ က်မ္းက်ိန္လႊာတစ္ခု တင္ထားခဲ့သည္။ ဓာတ္ပံုမွာ နမူနာအျဖစ္ ေဖာ္ျပျခင္းသာ ျဖစ္သည္။ ဓာတ္ပံု- Representative image/ istock)

နာတူဆင္းသည္ ဥတာပရာဒက္ျပည္နယ္၊ မူဇဖားနာဂါျမဳိ႕တြင္ ေနထိုင္ခဲ့သူျဖစ္ျပီး သားႏွင့္ ေခၽြးမ၏ ရိုင္းျပမႈမ်ားေၾကာင့္ ဘိုးဘြားေဂဟာတြင္ သြားေရာက္ ေနထိုင္ခဲ့ရျခင္း ျဖစ္သည္။

နာတူဆင္းသည္ လက္ရွိအားျဖင့္ ခါတိုလီျမဳိ႕ရွိ ဘိုးဘြားေဂဟာတြင္ ေနထိုင္လ်က္ရွိသည္။

နာတူဆင္းက သူ၏ အိမ္ျခံေျမတို႔ကို ဥတာ ပရာဒက္ရွ္အစိုးရအဖြဲ႔ထံ လႊဲေျပာင္းေပးရန္ မွတ္ပံုတင္ရံုးခြဲတြင္ က်မ္းက်ိန္လႊာ တင္ထားေၾကာင္း ၎ကိုယ္တိုင္ ေျပာသည္။

နာတူဆင္းသည္ သူ၏ ေနအိမ္ႏွင့္ ၁၀ ဘီဂါ (၆ ဒသမ ၁၉ ဧက) က်ယ္ဝန္းေသာ စိုက္ပ်ဳိးေျမတို႔ကို ျပည္နယ္ အစိုးရထံ လွဴဒါန္းေၾကာင္း ေသတမ္းစာတစ္ခုကို မတ္လ ၄ ရက္တြင္ မွတ္ပံုတင္ခဲ့ေၾကာင္း၊ အဆိုပါ အိမ္ျခံေျမ တို႔၏ တန္ေၾကးမွာ ရူပီး ၁ ဒသမ ၅ ကုေဋဝန္းက်င္ခန္႔ရွိေၾကာင္း ဘူဒါနာျမဳိ႕ မွတ္ပံုတင္ရံုးခြဲမွ အရာရွိ ပန္ကက္ဂ်ိန္းက အတည္ျပဳေျပာၾကားသည္။ သူ၏ ေသတမ္းစာတြင္ နာတူဆင္းက ေရးသားေဖာ္ျပထားသည္မွာ မိမိကြယ္လြန္သြားပါက အဆုိပါ ေျမေနရာ ေပၚတြင္ ေဆးရံု (သို႔မဟုတ္) စာသင္ေက်ာင္းတစ္ခု ေဆာက္လုပ္ရန္ ေတာင္းဆိုေၾကာင္း ေရးသားထားသည္။

(နာတူဆင္းသည္ လယ္သမားတစ္ဦးျဖစ္ျပီး ေက်ာင္းဆရာအျဖစ္ လုပ္ကုိင္သည့္ သားတစ္ဦးရွိသည္။ ဓာတ္ပံု-India Today)

နာတူဆင္းတြင္ သမီး ၄ ဦးလည္းရွိျပီး သမီးအားလံုး အိမ္ေထာင္ကိုယ္စီျဖင့္ ျဖစ္သည္။

ဇနီးျဖစ္သူ ကြယ္လြန္ျပီးေနာက္ပိုင္း နာတူဆင္းသည္ ခါတိုလီျမဳိ႕ရွိ ဘိုးဘြားေဂဟာတြင္ ေနထုိင္လ်က္ ရွိသည္။

နာတူဆင္းက ေျပာသည္မွာ မိသားစုဝင္ တစ္ဦးတစ္ေလမွ မိမိကို လာေရာက္ ၾကည့္ရႈျခင္း မရွိေၾကာင္း ေျပာသည္။

နာတူဆင္းက သူ၏ အိမ္ျခံေျမမ်ားအျပင္ ကြယ္လြန္ျပီးေနာက္ပိုင္း ၾကြင္းက်န္ရစ္ေသာ ရုပ္ကလာပ္ကိုလည္း ေဆးပညာသုေတသနအတြက္ ဥတာ ပရာဒက္အစုိးရထံ လွဴဒါန္းထားသည္။

“ဒီအသက္ ဒီအရြယ္မွာ သားသမီးေခၽြးမေတြနဲ႔ အတူေနသင့္တာေပါ့။ ဒါေပမဲ့ သူတို႔က ကၽြန္ေတာ့္အေပၚ ေကာင္းေကာင္းမဆက္ဆံၾကဘူး။ ဒါေၾကာင့္ ကၽြန္ေတာ့္ရဲ႕ အိမ္ျခံေျမေတြကို လွဴဒါန္းဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါ တယ္”ဟု နာတူဆင္းက India Today သတင္းဌာနသို႔ ေျပာသည္။

“ကၽြန္ေတာ္မွာ တျခားေရြးခ်ယ္စရာ မရွိေတာ့ပါဘူး။ သားသမီး ၅ ဦးရွိေပမယ့္ ဘိုးဘြားေဂဟာမွာ ေနထိုင္ခဲ့ ရပါတယ္”ဟု နာတူဆင္းက ေၾကကြဲစြာျဖင့္ ေျပာသည္။

ဘိုးဘြားေဂဟာ၏ အုပ္ခ်ဳပ္သူျဖစ္ေသာ ရီခါဆင္းက ေျပာသည္မွာ နာတူဆင္းက ၎ ကြယ္လြန္လွ်င္ စ်ာပနသို႔ သူ၏ မိသားစုဝင္မ်ား မလာေစလိုေၾကာင္း ေျပာထားသည္ဟု ေျပာၾကားသည္။

 

 

Ref: Irked with son, 80-year-old man donates property worth ₹1 crore to UP governor (hindustantimes)

Photo Credit: India Today, istock

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service