ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
23 Apr 2024 12:03 pm တွင် တင်ခဲ့သည်
868 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ Developer ကုမ္ပဏီတစ်ခု ဦးဆောင်သော ရင်းနှီးမြှုပ်နှံသူ အုပ်စုတစ်ခုသည် ထိုင်းနိုင်ငံတွင် ဘက်စုံသုံး မိုးမျှော်တိုက်ကြီးတစ်ခု ဆောက်လုပ်ရန် ဆွေးနွေးနေကြောင်း၊ အဆိုပါ မိုးမျှော်တိုက်ကြီးသည် ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံ ဖြစ်လာနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆက်ထာ ထဝီးဆင်က ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ် ထဝီးဆင်သည် Emaar Group,Board Group နှင့် Vatone Group တို့အပါအဝင် အရှေ့အလယ်ပိုင်းနှင့် တရုတ်ပြည်မှ ကုမ္ပဏီများနှင့် တွေ့ဆုံကာ ထိုင်းတွင် ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံကို ဆောက်လုပ်ရန် ဆွေးနွေးခဲ့ကြောင်း ထဝီးဆင်က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
Emaar သည် ဒူဘိုင်းမှ Burj Khalifa အဆောက်အအုံကို ဆောက်လုပ်ခဲ့သော ကုမ္ပဏီ ဖြစ်သည်။
Burj Khalifa သည် လက်ရှိအားဖြင့် ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံဖြစ်ပြီး အမြင့် ၈၂၈ မီတာ မြင့်မားသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် အမြင့်မားဆုံး အဆောက်အအုံမှာ ဘန်ကောက်မြို့ရှိ အထပ် ၇၀ မြင့်မားသော Magnolias Waterfront Residences Iconsiam အဆောက်အအုံဖြစ်ပြီး အမြင့်မှာ ၃၁၈ မီတာ ဖြစ်သည်။
Emaar တည်ထောင်သူ Mohamed Alabbar က ပြောသည်မှာ ထိုင်းမှ စီမံကိန်းကို အများပိုင် ကုမ္ပဏီဖြင့် ဆောက်လုပ်မည် မဟုတ်ကြောင်း၊ ဆွေးနွေးမှုများမှာ အစောပိုင်း အဆင့်သာ ရှိသေးကြောင်း ပြောသည်။
ထိုင်းတွင် ဆောက်လုပ်မည့် ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံစီမံကိန်းတွင် ကြီးမားသော department စတိုးတစ်ခု၊ ရုံးခန်းများ၊ ဘဏ္ဍာရေးဆိုင်ရာနေရာ၊ ဟိုတယ်နှင့် ဖျော်ဖြေရေးနေရာတို့ ပါဝင်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
ထိုင်းဝန်ကြီးချုပ် ထဝီးဆင်သည် ပြီးခဲ့သောနှစ်အတွင်း နိုင်ငံရေးနယ်ပယ်သို့ ဝင်မလာမီက အိမ်ခြံမြေ developer ကုမ္ပဏီဖြစ်သော Sansiri Plc ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
ထဝီးဆင်၏ အစိုးရအဖွဲ့က ကာစီနိုများ ပါဝင်မည့် ဖျော်ဖြေရေးကွန်ပလက်စ်များ ဆောက်လုပ်ရန်လည်း သုံးသပ်လျက်ရှိသည်။
“ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖန်တီးပေးမယ့်အပြင် ကမ္ဘာလှည့် ခရီးသည်တွေကိုလည်း ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ထဝီးဆင်၏ X လူမှုကွန်ရက်ပို့စ်တွင် ဖော်ပြသည်။
“ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးတာဟာ တိုင်းပြည်စီးပွားရေးကို လှုံ့ဆော်ပေးနိုင်ဖို့နဲ့ ပြည်သူတွေ အတွက် ဝင်ငွေရစေဖို့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်”
ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ developer အုပ်စုက ဘန်ကောက်တွင် မဟာစီမံကိန်းကြီးတစ်ခု ဖော်ဆောင်ရန် စိတ်ဝင်စားကြကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ချိုင် ဝါချာရွန်ကီက ပြောသည်။
ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံထက် မြင့်မားမည့် အဆောက်အအုံ ဆောက်လုပ်ရေး ဆွေးနွေးခဲ့ရာ developer အုပ်စုက အဆိုပါစိတ်ကူးကို မငြင်းပယ်ကြကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က Bloomberg သတင်းဌာနသို့ ပြောသည်။
ထိုင်းဝန်ကြီးချုပ် ထဝီးဆင်က ပြောသည်မှာ ကမ္ဘာ့အမြင့်မားဆုံးမိုးမျှော်တိုက် စီမံကိန်းသည် လူတို့ဖန်တီးသော ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ထိုင်းသို့ လာရောက်လည်ပတ်သူ ပိုမိုများပြားလာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောသည်။
ထိုင်း၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် တိုင်းပြည် GDP ၏ ၁၂ ရာခိုင်နှုန်းခန့် ဝင်ငွေရှာပေးလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com 
Ref: PM touts plan to build world's tallest tower
Photo Credit: @thavisin X account
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service