နေအိမ်ငှားရမ်း နေထိုင်မည့်သူတို့ကို လိင်ဆက်ဆံခွင့်မပြုသည့် ကမ္ဘာ့စည်းကမ်း အတင်းကျပ်ဆုံး အင်္ဂလန်က အိမ်ရှင်
နေအိမ်ငှားရမ်း နေထိုင်မည့်သူတို့ကို လိင်ဆက်ဆံခွင့်မပြုသည့် ကမ္ဘာ့စည်းကမ်း အတင်းကျပ်ဆုံး အင်္ဂလန်က အိမ်ရှင် - Property News in Myanmar from iMyanmarHouse.com
10 Apr 2024 10:55 am တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့စည်းကမ်းအတင်းကျပ်ဆုံးအိမ်ရှင် ပိုင်ဆိုင်သည့် လူနေခန်းတစ်ခန်း အငှားဈေးကွက်ဝင်လာသည်။
ထိုအခန်းကို ငှားရမ်းနေထိုင်မည့်သူတို့အား အရက်သေစာ သောက်စားခြင်း၊ လိင်ဆက်ဆံခြင်းများ မပြုလုပ်ရန် အိမ်ရှင်က တားမြစ်ထားသည်။
နယူးကာဆယ်မြို့၏ မြောက်ဘက် ၆ မိုင်အကွာ Cramlington မြို့တွင် တည်ရှိသော လူ ၂ ဦး အိပ်စက်နိုင်သည့် အခန်းတစ်ခန်းကို တစ်လလျှင် ပေါင် ၅၀၀ မျှဖြင့် ငှားရမ်းနိုင်မည် ဖြစ်သည်။
သို့သော် ထိုအခန်းတွင် အရက်သေစာ သောက်စားမှု ခွင့်မပြုကြောင်းနှင့် ညအိပ်ညနေ ဧည့်သည်များ လက်မခံ ကြောင်း အိမ်ငှားမည့်သူတို့ကို သတိပေးထားသည်။
နေအိမ်အပြင်ဘက်တွင် CCTV ကင်မရာများလည်း တပ်ဆင်ထားသည်။ အိမ်ရှင်က ပြောသည်မှာမူ လုံခြုံရေးအရဟု ဆိုသည်။
အခန်းရှာသူတစ်ဦးက ပြောသည်မှာ “ကမ္ဘာ့စည်းကမ်းအတင်းကျပ်ဆုံး အိမ်ရှင်ပါပဲ”ဟု ဆိုသည်။
“တစ်လကို ပေါင် ၅၀၀ ပဲ ပေးရမယ်ဆိုပေမယ့် အရက်သေစာ သောက်တာ၊ ညအိပ်ဧည်သည်လက်ခံတာတွေ ခွင့်မပြုထားဘူး။”
“ညအိပ် ဧည်သည်လက်မခံဘူးဆိုတဲ့အချက်က အခြေခံအားဖြင့်တော့ လိင်ဆက်ဆံတာ တားမြစ်တာပါပဲ။”
“အိမ်လခပေးပြီးပြီဆိုရင် ကိုယ့်ဘဝကို ရှင်သန်နေထိုင်မှု ရသင့်ပါတယ်။ ဒါတွေက အိမ်ရှင်နဲ့ ဘာမှ မဆိုင်ပါဘူး။”
(ဤအခန်း ငှားရမ်းနေထိုင်မည့်သူတို့အား အရက်သေစာ သောက်စားခြင်းနှင့် လိင်ဆက်ဆံခြင်း တားမြစ်ထားသည်။ ဓာတ်ပုံ-Ella Millward)
အဆိုပါ အခန်းကို SpareRoom ဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာခြင်းဖြစ်သည်။
အသစ်ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ကြောင်း ဖော်ပြထားပြီး အခွန်အခများအားလုံး ပါဝင်ပြီး ဖြစ်သည်ဟု ဆိုသည်။
ပစ္စည်းအစုံအလင် ထည့်သွင်းထားသော မီးဖိုဆောင်ပါဝင်ပြီး ကျောင်းသူကျောင်းသားများနှင့် ပညာရှင်များအား ငှားရမ်းရန် ရည်ရွယ်သည်။
SpareRoom ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “ ဒီအခန်းကို အငှားဈေးကွက်တင် ကြော်ငြာတဲ့အိမ်ရှင်က အဲဒီအိမ် မှာ နေထိုင်တာ ဖြစ်ပါတယ်။ ငှားရမ်းမယ့်သူတွေအတွက် အိမ်ရဲ့စည်းကမ်းတွေ ထုတ်ပြန်ထားပါတယ်” ဟု ပြောသည်။
“နေအိမ်မှာရှိတဲ့ အခန်းတစ်ခန်းကို အငှားချတဲ့အိမ်ရှင်တွေဟာ ဒီလိုစည်းကမ်း ၂ ခု ထုတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကြော်ငြာရှင်တွေအနေနဲ့ ဘာကြောင့် ဒီစည်းကမ်းတွေ ထုတ်ရတယ်ဆိုတာ ရှင်းပြဖို့ ကျွန်တော်တို့ အမြဲ တိုက်တွန်းပါတယ်။ ဒီလိုရှင်းပြမယ်ဆိုရင် အိမ်ငှားမယ့်သူတွေအနေနဲ့ သူတို့နဲ့ သင့်တော်မှု ရှိမရှိ ဆုံးဖြတ် နိုင်ကြမှာ ဖြစ်ပါတယ်။”
“ဥပမာအားဖြင့် အိမ်ရှင်က အရက်သေစာ မသောက်သုံးတာကြောင့် အရက်မသောက်တဲ့ အိမ်ငှားကို ဦးစားပေးမယ်ဆိုတဲ့ ရေးသားဖော်ပြမှုမျိုး ဖြစ်ပါတယ်။”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘World’s strictest landlord’ bans tenants from having sex (metro)
Photo Credit: Ella Millward
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service