ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
18 Apr 2024 3:21 pm တွင် တင်ခဲ့သည်
1347 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၃၃ ခုနှစ်၊ စက်တင်ဘာလတွင် အင်္ဂလန်နိုင်ငံအရှေ့ပိုင်း နော်ဖော့ခရိုင်ရှိ လူသူအလှမ်းကွာသော မြက်ရိုင်းတောကြီးတစ်ခုအလယ်တွင် တည်ရှိသည့် အညတရ သစ်တဲအိမ်ကလေးတစ်လုံးသည် လူ့သမိုင်း၏ အရေးအပါဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦး ပုန်းခိုရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ရာစုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအကြောင်းရပ်ကို သိရှိပြောဆိုသူ နည်းပါးလှသည်။

နာဇီတို့၏ သတ်ဖြတ်ခံရမည့်ဘေးမှ ထွက်ပြေးတိမ်းရှောင်စဉ် အိုင်စတိုင်း ရက်သတ္တ ၃ ပတ်ကြာ ပုန်းခိုခဲ့သော မြက်ရိုင်းတောလယ်မှ ယာတဲလေးသည် တမူထူးသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် Neflix မှ ထုတ်လွှင့်သော Einstein and the Bomb အမည်ရှိ ရုပ်သံ အစီအစဉ်တွင် နော်ဖော့ခရိုင် Roughton ရွာကလေးတွင် အိုင်စတိုင်းက သူ့ဘဝ၏ အလှည့်အပြောင်းကာလ၌ ကာလတို နေထိုင်ခဲ့ပုံအကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါ ဇာတ်လမ်းကို ရေးသားသော ဇာတ်ညွှန်းရေးသူ Philip Ralph က အိုင်စတိုင်း တကယ်ပြောခဲ့သော စကားများ ၊ ပေးစာများအပြင် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ကာ ဇာတ်ညွှန်းရေးခဲ့ခြင်း ဖြစ်သည်။

(အိုင်စတိုင်းနှင့် ပန်းပုဆရာ Jacob Epstein တို့ကို နော်ဖော့ခရိုင် ၊ Cromer ကမ်းခြေမြို့ရှိ ဗြိတိန်ရေတပ် တပ်မှူး Locker-Lampson ၏ အပန်းဖြေအိမ်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Bettmann/Bettmann Archive)

“ကျွန်တော်ရဲ့သုတေသန ပြုလုပ်ခဲ့မှုအရ အဲဒီအချိန်ဟာ အိုင်စတိုင်းရဲ့ဘဝမှာ အရေးအကြီးဆုံး ဘဝ အလှည့်အပြောင်း ကာလပါပဲ။” ယင်းနောက်ပိုင်းတွင် ဂျာမနီ၌ အိုင်စတိုင်းကို နံပါတ် ၁ ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့သည်။

၁၉၃၃ ခုနှစ် မေလက ထုတ်ဝေခဲ့သော ကြော်ငြာ လက်ကမ်းစာစောင်တွင် အိုင်စတိုင်းသည် နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာအပေါ် ယုတ်မာစွာ လိမ်ညာပြောဆို ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်။

အိုင်စတိုင်း၏ ဓာတ်ပုံလည်း ဖော်ပြထားပြီး ဓာတ်ပုံအောက်တွင် ကြိုးမပေးရသေးဟု ဖော်ပြထားသည်။

ထိုနှစ်စက်တင်ဘာလတွင် ဂျာမန်သူလျှိုတို့က ဂျူးအတွေးအခေါ်ပညာရှင် Theodor Lessing ကို ချက်ကို စလိုဗက်ကီးယားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ထိုသို့ လုပ်ကြံပြီးနောက် အိုင်စတိုင်း၏ နွေရာသီ အပန်းဖြေအိမ်အား ဝင်ရောက်စီးနင်းခဲ့သည့်အပြင် ဘာလင်မြို့ ရှိ တိုက်ခန်းကိုလည်း ဝင်ရောက်ကာ မွှေနှောက်ရှာဖွေခဲ့ပြီး အိုင်စတိုင်း၏ တယောကို သိမ်းယူသွား ခဲ့သည်။

ယင်းနောက် အိုင်စတိုင်းအား လုပ်ကြံသတ်ဖြတ်ပေးသူကို အနည်းဆုံး ပေါင် ၁၀၀၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုအချိန်၌ အိုင်စတိုင်းသည် ဇနီးဖြစ်သူ အယ်လ်ဆာနှင့်အတူ ဘယ်လ်ဂျီယမ်နိုင်ငံ ၊ Ostend မြို့အနီးတွင် နေအိမ်ငှားရမ်းကာ နေထိုင်နေချိန်ဖြစ်သည်။

အယ်လ်ဆာက အိုင်စတိုင်းအား ဖျောင်းဖြတိုက်တွန်းခဲ့သည်မှာ မိမိအား တစ်ဦးတည်း ထားခဲ့ပြီး အင်္ဂလန်သို့ ပင်လယ်မှတဆင့် ထွက်ပြေးရန် ပြောခဲ့မှုကို အိုင်စတိုင်းက လက်ခံခဲ့သည်။

၎င်းအနေဖြင့် ဥရောပကုန်းမကြီးသို့ မည်သည့်အခါမှ ပြန်လည်ခြေချခွင့်ရမည့် မျှော်လင့်ချက် မရှိတော့ချေ။

အိုင်စတိုင်းသည် နာဇီတို့ အဏုမြူဗုံး လက်ဦးကာ ထုတ်လုပ်သွားနိုင်မည့်အရေး ရတက်မအေးဖြစ်ကာ အမေရိကန်သမ္မတ ဖရန်ကလင် ရုစဗဲ့ ထံ စာရေးပြီး အဏုမြူဗုံး အလျင်အမြန်ထုတ်လုပ်ရန် တိုက်တွန်းခဲ့သည်။

ထိုအကြောင်းကို အလွန်အောင်မြင်ခဲ့သော ဟောလိဝုဒ်ရုပ်ရှင် Oppenheimer တွင် ရိုက်ကူးဖော်ပြထားသည်။

ဝေးလံခေါင်သီသော မြက်ရိုင်းတောအလယ်တွင် အိုင်စတိုင်း နေထိုင်စဉ်ကာလအတွင်း လက်နက်ကိုင် အစောင့်အရှောက်များဖြင့် ကာကွယ်ပေးထားခဲ့သည်။

ထိုတဲအိမ်တွင် နေထိုင်စဉ်ကာလအတွင်း အိုင်စတိုင်းက မိမိ၏ လူ့အဖွဲ့အစည်းအပေါ် သြဇာလွှမ်းနိုင်မှုကို အသုံးပြုကာ နာဇီတို့ကို ဆန့်ကျင်မှုများ ပြုလုပ်ပြီး ကမ္ဘာ့ခေါင်းဆောင်တို့အား တိုက်တွန်းပြောဆိုမှုများ ပြုလုပ်ရန် သုံးသပ်ခဲ့မိကြောင်း ဇာတ်ညွှန်းဆရာ Philip Ralph က ပြောသည်။

“နော်ဖော့မှာ ရက်သတ္တ ၃ ပတ်နေထိုင်ခဲ့စဉ်အတွင်း အမေရိကန်သမ္မတ ရုစဗဲ့ထံကို ရေးသားပေးပို့တဲ့စာမှာ သူ့နာမည်ဖော်ပြရေးသားဖို့ ဖြစ်လာစေခဲ့ပါတယ်”

(အိုင်စတိုင်း ပုန်းအောင်းနေထိုင်ခဲ့သော အင်္ဂလန်မှ တဲအိမ်ကလေး၏ တည်နေရာပြ မြေပုံ)

အိုင်စတိုင်း ပုန်းခိုခဲ့သော နော်ဖော့ခရိုင်မှ ယာတောအိမ်လေးသည် အိုင်စတိုင်းယုံကြည်ရသော မိတ်ဆွေတစ်ဦး ပ်ိုင်ဆိုင်ထားသောအိမ် ဖြစ်သည်။ ထိုသူမှာ ဖက်ဆစ်ဆန့်ကျင်ရေးသမား ကွန်ဆာဗေးတစ်ပါတီမှ လွှတ်တော်အမတ် ဖြစ်သည့်အပြင် ပထမ ကမ္ဘာစစ်ကြီးအတွင်းက ရေတပ် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Oliver Locker-Lampson ဖြစ်သည်။

၎င်းက အိုင်စတိုင်းအား ထိုယာတောအိမ်တွင် သူ၏ အကာအကွယ်အောက်၌ ခိုလှုံနေထိုင်ခွင့်ပြုခဲ့သည်။

အိုင်စတိုင်း၏ ထွက်ပြေးတိမ်းရှောင်နေရမှု အခြေအနေကို လူအများသိစေရန် ရည်ရွယ်ကာ Lampson က သတင်းမီဒီယာတို့အား ဖိတ်ခေါ်ခဲ့ရာ ထိုအချက်မှာ အိုင်စတိုင်းအတွက် အန္တရာယ်များလှသည်။

အိုင်စတိုင်း ပုန်းခိုရာ လျှို့ဝှက်နေရာသို့ သတင်းမီဒီယာတို့ ရောက်ရှိလာကာ တွေ့ဆုံမေးမြန်းခြင်း ၊ နိုဘယ်ဆုရှင် အိုင်စတိုင်းအား ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

အိုင်စတိုင်းအတွက် အသက်အန္တရာယ် အလွန်ကြီးမားနေကြောင်း သတင်းမီဒီယာတို့က ဖော်ပြခဲ့သည်။

အင်္ဂလန်မှာ ပုန်းအောင်းရန် ကောင်းမွန်သော နေရာမဟုတ်ကြောင်း သတင်းမီဒီယာတို့က ဖော်ပြကြသည်။

ယင်းနောက်ပ်ိုငး အိုင်စတိုင်းသည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့သည်။

ဇနီးဖြစ်သူ အယ်လ်ဆာသည်လည်း အိုင်စတိုင်းထံ ရောက်ရှိလာခဲ့သည်။ အိုင်စတိုင်းသည် သူ၏ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး နာဇီတို့၏ရန်မှ ထွက်ပြေးတိမ်းရှောင်ရမှုဖြင့် ကုန်လွန်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Einstein on the run: how the world’s greatest scientist hid from Nazis in a Norfolk hut (theguardian)

Photo Credit- Bettmann/Bettmann Archive, theguardian

[Zawgyi] ကမၻာ့အၾကီးျမတ္ဆံုး သိပၸံပညာရွင္ၾကီး အဲလ္ဘတ္ အိုင္စတိုင္း နာဇီတို႔ရန္မွ ပုန္းခိုခဲ့ေသာ အဂၤလန္မွ ယာတဲအိမ္ကေလး

၁၉၃၃ ခုႏွစ္၊ စက္တင္ဘာလတြင္ အဂၤလန္ႏိုင္ငံအေရွ႕ပုိင္း ေနာ္ေဖာ့ခရိုင္ရွိ လူသူအလွမ္းကြာေသာ ျမက္ရိုင္းေတာၾကီးတစ္ခုအလယ္တြင္ တည္ရွိသည့္ အညတရ သစ္တဲအိမ္ကေလးတစ္လံုးသည္ လူ႔သမိုင္း၏ အေရးအပါဆံုး ပုဂၢိဳလ္ၾကီးတစ္ဦး ပုန္းခိုရာေနရာတစ္ခု ျဖစ္လာခဲ့သည္။

ရာစုႏွစ္ တစ္ခုနီးပါး ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ယခုအေၾကာင္းရပ္ကို သိရွိေျပာဆိုသူ နည္းပါးလွသည္။

နာဇီတို႔၏ သတ္ျဖတ္ခံရမည့္ေဘးမွ ထြက္ေျပးတိမ္းေရွာင္စဥ္ အိုင္စတိုင္း ရက္သတၱ ၃ ပတ္ၾကာ ပုန္းခိုခဲ့ေသာ ျမက္ရိုင္းေတာလယ္မွ ယာတဲေလးသည္ တမူထူးေသာ ျဖစ္ရပ္မွန္ ဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္။

၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ Neflix မွ ထုတ္လႊင့္ေသာ Einstein and the Bomb အမည္ရွိ ရုပ္သံ အစီအစဥ္တြင္ ေနာ္ေဖာ့ခရိုင္ Roughton ရြာကေလးတြင္ အိုင္စတုိင္းက သူ႔ဘဝ၏ အလွည့္အေျပာင္းကာလ၌ ကာလတို ေနထုိင္ခဲ့ပံုအေၾကာင္း ထည့္သြင္းေဖာ္ျပခဲ့သည္။

အဆိုပါ ဇာတ္လမ္းကို ေရးသားေသာ ဇာတ္ညႊန္းေရးသူ Philip Ralph က အိုင္စတုိင္း တကယ္ေျပာခဲ့ေသာ စကားမ်ား ၊ ေပးစာမ်ားအျပင္ ေတြ႔ဆံုေမးျမန္းခန္းမ်ား ျပဳလုပ္ကာ ဇာတ္ညႊန္းေရးခဲ့ျခင္း ျဖစ္သည္။

(အိုင္စတုိင္းႏွင့္ ပန္းပုဆရာ Jacob Epstein တို႔ကို ေနာ္ေဖာ့ခရိုင္ ၊ Cromer ကမ္းေျချမဳိ႕ရွိ ျဗိတိန္ေရတပ္ တပ္မွဴး Locker-Lampson ၏ အပန္းေျဖအိမ္တြင္ ေတြ႔ရပံု။ ဓာတ္ပံု-Bettmann/Bettmann Archive)

“ကၽြန္ေတာ္ရဲ႕သုေတသန ျပဳလုပ္ခဲ့မႈအရ အဲဒီအခ်ိန္ဟာ အိုင္စတိုင္းရဲ႕ဘဝမွာ အေရးအၾကီးဆံုး ဘဝ အလွည့္အေျပာင္း ကာလပါပဲ။” ယင္းေနာက္ပိုင္းတြင္ ဂ်ာမနီ၌ အိုင္စတုိင္းကို နံပါတ္ ၁ ဘံုရန္သူအျဖစ္ သတ္မွတ္ခဲ့သည္။

၁၉၃၃ ခုႏွစ္ ေမလက ထုတ္ေဝခဲ့ေသာ ေၾကာ္ျငာ လက္ကမ္းစာေစာင္တြင္ အိုင္စတုိင္းသည္ နာဇီေခါင္းေဆာင္ အေဒါ့ဖ္ဟစ္တလာအေပၚ ယုတ္မာစြာ လိမ္ညာေျပာဆို ဝါဒျဖန္႔မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေရးသားေဖာ္ျပ ထားသည္။

အိုင္စတုိင္း၏ ဓာတ္ပံုလည္း ေဖာ္ျပထားျပီး ဓာတ္ပံုေအာက္တြင္ ၾကိဳးမေပးရေသးဟု ေဖာ္ျပထားသည္။

ထိုႏွစ္စက္တင္ဘာလတြင္ ဂ်ာမန္သူလွ်ိဳတို႔က ဂ်ဴးအေတြးအေခၚပညာရွင္ Theodor Lessing ကို ခ်က္ကို စလိုဗက္ကီးယားႏိုင္ငံတြင္ လုပ္ၾကံသတ္ျဖတ္ခဲ့သည္။

ထုိသို႔ လုပ္ၾကံျပီးေနာက္ အိုင္စတုိင္း၏ ေႏြရာသီ အပန္းေျဖအိမ္အား ဝင္ေရာက္စီးနင္းခဲ့သည့္အျပင္ ဘာလင္ျမိဳ႕ ရွိ တိုက္ခန္းကိုလည္း ဝင္ေရာက္ကာ ေမႊေႏွာက္ရွာေဖြခဲ့ျပီး အိုင္စတုိင္း၏ တေယာကို သိမ္းယူသြား ခဲ့သည္။

ယင္းေနာက္ အိုင္စတုိင္းအား လုပ္ၾကံသတ္ျဖတ္ေပးသူကို အနည္းဆံုး ေပါင္ ၁၀၀၀ ဆုခ်ီးျမွင့္မည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ထိုအခ်ိန္၌ အိုင္စတုိင္းသည္ ဇနီးျဖစ္သူ အယ္လ္ဆာႏွင့္အတူ ဘယ္လ္ဂ်ီယမ္ႏိုင္ငံ ၊ Ostend ျမဳိ႕အနီးတြင္ ေနအိမ္ငွားရမ္းကာ ေနထုိင္ေနခ်ိန္ျဖစ္သည္။

အယ္လ္ဆာက အိုင္စတုိင္းအား ေဖ်ာင္းျဖတုိက္တြန္းခဲ့သည္မွာ မိမိအား တစ္ဦးတည္း ထားခဲ့ျပီး အဂၤလန္သို႔ ပင္လယ္မွတဆင့္ ထြက္ေျပးရန္ ေျပာခဲ့မႈကို အိုုင္စတိုင္းက လက္ခံခဲ့သည္။

၎အေနျဖင့္ ဥေရာပကုန္းမၾကီးသို႔ မည္သည့္အခါမွ ျပန္လည္ေျခခ်ခြင့္ရမည့္ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ေခ်။

အိုင္စတုိင္းသည္ နာဇီတုိ႔ အဏုျမဴဗံုး လက္ဦးကာ ထုတ္လုပ္သြားႏိုင္မည့္အေရး ရတက္မေအးျဖစ္ကာ အေမရိကန္သမၼတ ဖရန္ကလင္ ရုစဗဲ့ ထံ စာေရးျပီး အဏုျမဴဗံုး အလ်င္အျမန္ထုတ္လုပ္ရန္ တိုက္တြန္းခဲ့သည္။ ထိုအေၾကာင္းကို အလြန္ေအာင္ျမင္ခဲ့ေသာ ေဟာလိဝုဒ္ရုပ္ရွင္ Oppenheimer တြင္ ရိုက္ကူးေဖာ္ျပထားသည္။

ေဝးလံေခါင္သီေသာ ျမက္ရိုင္းေတာအလယ္တြင္ အိုင္စတိုင္း ေနထိုင္စဥ္ကာလအတြင္း လက္နက္ကိုင္ အေစာင့္အေရွာက္မ်ားျဖင့္ ကာကြယ္ေပးထားခဲ့သည္။

ထိုတဲအိမ္တြင္ ေနထိုင္စဥ္ကာလအတြင္း အိုင္စတိုင္းက မိမိ၏ လူ႔အဖြဲ႔အစည္းအေပၚ ၾသဇာလႊမ္းႏိုင္မႈကို အသံုးျပဳကာ နာဇီတို႔ကို ဆန္႔က်င္မႈမ်ား ျပဳလုပ္ျပီး ကမၻာ့ေခါင္းေဆာင္တို႔အား တိုက္တြန္းေျပာဆိုမႈမ်ား ျပဳလုပ္ရန္ သံုးသပ္ခဲ့မိေၾကာင္း ဇာတ္ညႊန္းဆရာ Philip Ralph က ေျပာသည္။

“ေနာ္ေဖာ့မွာ ရက္သတၱ ၃ ပတ္ေနထိုင္ခဲ့စဥ္အတြင္း အေမရိကန္သမၼတ ရုစဗဲ့ထံကို ေရးသားေပးပို႔တဲ့စာမွာ သူ႔နာမည္ေဖာ္ျပေရးသားဖို႔ ျဖစ္လာေစခဲ့ပါတယ္”

(အိုင္စတိုင္း ပုန္းေအာင္းေနထိုင္ခဲ့ေသာ အဂၤလန္မွ တဲအိမ္ကေလး၏ တည္ေနရာျပ ေျမပံု)

အိုင္စတုိင္း ပုန္းခိုခဲ့ေသာ ေနာ္ေဖာ့ခရိုင္မွ ယာေတာအိမ္ေလးသည္ အိုင္စတုိင္းယံုၾကည္ရေသာ မိတ္ေဆြတစ္ဦး ပို္င္ဆိုင္ထားေသာအိမ္ ျဖစ္သည္။ ထိုသူမွာ ဖက္ဆစ္ဆန္႔က်င္ေရးသမား ကြန္ဆာေဗးတစ္ပါတီမွ လႊတ္ေတာ္အမတ္ ျဖစ္သည့္အျပင္ ပထမ ကမၻာစစ္ၾကီးအတြင္းက ေရတပ္ တပ္မွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ Oliver Locker-Lampson ျဖစ္သည္။

၎က အိုင္စတုိင္းအား ထိုယာေတာအိမ္တြင္ သူ၏ အကာအကြယ္ေအာက္၌ ခိုလံႈေနထုိင္ခြင့္ျပဳခဲ့သည္။

အိုင္စတုိင္း၏ ထြက္ေျပးတိမ္းေရွာင္ေနရမႈ အေျခအေနကို လူအမ်ားသိေစရန္ ရည္ရြယ္ကာ Lampson က သတင္းမီဒီယာတုိ႔အား ဖိတ္ေခၚခဲ့ရာ ထုိအခ်က္မွာ အိုင္စတုိင္းအတြက္ အႏၱရာယ္မ်ားလွသည္။

အိုင္စတိုင္း ပုန္းခိုရာ လွ်ိဳ႕ဝွက္ေနရာသို႔ သတင္းမီဒီယာတို႔ ေရာက္ရွိလာကာ ေတြ႔ဆံုေမးျမန္းျခင္း ၊ ႏိုဘယ္ဆုရွင္ အိုင္စတုိင္းအား ဓာတ္ပံုရိုက္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

အိုင္စတိုင္းအတြက္ အသက္အႏၱရာယ္ အလြန္ၾကီးမားေနေၾကာင္း သတင္းမီဒီယာတို႔က ေဖာ္ျပခဲ့သည္။

အဂၤလန္မွာ ပုန္းေအာင္းရန္ ေကာင္းမြန္ေသာ ေနရာမဟုတ္ေၾကာင္း သတင္းမီဒီယာတုိ႔က ေဖာ္ျပၾကသည္။

ယင္းေနာက္ပို္ငး အိုင္စတုိင္းသည္ အေမရိကန္ျပည္ေထာင္စုသို႔ ထြက္ခြာသြားခဲ့သည္။

ဇနီးျဖစ္သူ အယ္လ္ဆာသည္လည္း အိုင္စတုိင္းထံ ေရာက္ရွိလာခဲ့သည္။ အိုင္စတုိင္းသည္ သူ၏ က်န္ရွိသည့္ ဘဝတစ္ေလွ်ာက္လံုး နာဇီတို႔၏ရန္မွ ထြက္ေျပးတိမ္းေရွာင္ရမႈျဖင့္ ကုန္လြန္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Einstein on the run: how the world’s greatest scientist hid from Nazis in a Norfolk hut (theguardian)

Photo Credit- Bettmann/Bettmann Archive, theguardian

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service