၂၀၂၄ ခုနှစ်အတွင်း လည်ပတ်သင့်သော ကမ္ဘာတဝန်းမှ အလှပဆုံး ရေပေါ်အိမ်များ

၂၀၂၄ ခုနှစ်အတွင်း လည်ပတ်သင့်သော ကမ္ဘာတဝန်းမှ အလှပဆုံး ရေပေါ်အိမ်များ - Property News in Myanmar from iMyanmarHouse.com
2 Apr 2024 10:46 am တွင် တင်ခဲ့သည်
427 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာပေါ်တွင် ပထမဆုံးရေပေါ်အိမ်များကို ၁၉၆၀ ပြည့်လွန်ကာလများက စတင်ဒီဇိုင်းဆွဲ ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသည်။

ထိုကာလက အမေရိကန်လူမျိုးတစ်စုသည် တဟီတီကျွန်းတွင် ဒေသရိုးရာ တံငါတဲများကို နမူနာယူကာ ခြေတံရှည် ဘန်ဂလိုများ ဆောက်လုပ်နေထိုင်ခဲ့ကြကြောင်း Architectural Digest (AD) က ဖော်ပြသည်။

လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် ရေပေါ်အပန်းဖြေအိမ်ပေါင်း ၇၀၀၀ ကျော်ရှိသည်။

ရေပေါ်အပန်းဖြေအိမ်တို့သည် Luxury ဖြစ်မှု၏ ပြယုဂ်တစ်ခုဖြစ်ပြီး ယင်းနှင့် လိုက်ဖက်သော ငှားရမ်းခ ဈေးနှုန်းရှိကြောင်း AD က ဖော်ပြသည်။

လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် ရေပေါ်အိမ်ပေါင်း ၇၀၀၀၀ ကျော်ရှိသည်။ အောက်ဖော်ပြပါတို့မှာ ခရီးသွားကျွမ်းကျင်ပုဂ္ဂိုလ်တို့ပြောသော ကမ္ဘာပေါ်မှ အလှပဆုံး ရေပေါ်အိမ်များ ဖြစ်သည်။

((၁။ ကမ္ဘာဒီးယားနိုင်ငံမှ ဆောင်ဆာ ကိုယ်ပိုင်ကျွန်း))

(ဆောင်ဆာကျွန်း၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-ASMALLWORLD)

ဆောင်ဆာကျွန်းသည် ကမ္ဘာဒီးယားနိုင်ငံ၏ ကမ်းရိုးတန်းတွင် တည်ရှိပြီး ရွေးချယ်တည်းခိုရန် အိမ် ၂၄ လုံး ရှိသည်။

ယင်းတို့အနက် တောအုပ်စံအိမ်များ ၊ ပင်လယ်မြင်ကွင်းစံအိမ်များနှင့် ရေပေါ်စံအိမ်များ အပါအဝင် ဖြစ်သည်။

၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ စားသောက်ဆိုင် ၂ ခု၊ ကြီးမားကျယ်ဝန်းလှသော ရေကူးကန် Spa နှင့် ကိုယ်ပိုင်ကမ်းခြေတို့ ပါဝင်ကြောင်း ဖော်ပြသည်။

တစ်ညတာ တည်းခိုခမှာ ဈေးအမျိုးမျိုးရှိပြီး အိပ်ခန်း ၁ ခန်းပါ အိမ်အတွက် ဒေါ်လာ ၁၄၈၄ မှ စသည်။

((၂။ မော်လ်ဒိုက်ကျွန်းမှ Niyama The Crescent အပန်းဖြေစခန်း))

(Niyama The Crescent အပန်းဖြေစခန်းမှ ရေပေါ်အိမ်တစ်လုံး၏ အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-Julia Carter/Craft Travel)

Niyama The Crescent အပန်းဖြေစခန်းသည် မော်လ်ဒိုက်မှ Dhaalu သန္တာကျောက်ကျွန်းတွင် တည်ရှိပြီး ရေပေါ်အိမ် ၅ လုံးရှိသည်။

မော်လ်ဒိုက်ရှိ တသီးတသန့်အရှိဆုံးနှင့် luxury အဖြစ်ဆုံး တည်းခိုရာနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

တည်းခိုအိမ် ၅ လုံးလုံးမှာ ရေပတ်လည်ဝိုင်းရံထားသည်။

အိမ်တစ်လုံးစီတိုင်းတွင် ကိုယ်ပိုင် housekeeper နှင့် butler အဖွဲ့များ ရှိသည်။

Niyama The Crescent အပန်းဖြေစခန်းတွင် ငါးဖမ်းခြင်း၊ သီးသန့် ရေလမ်းခရီးထွက်ခြင်း၊ scuba diving များ ပြုလုပ်နိုင်ပြီး ရေလွှာလျှောစီးခြင်း သီးသန့် သင်ပေးသည်။

တည်းခိုခမှာ ဈေးအမျိုးမျိုးရှိပြီး niyama ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

((French Polynesia နိုင်ငံ၊ Bora Bora ကျွန်းမှ Four Seasons အပန်းဖြေစခန်း))

(Bora Bora ကျွန်းမှ Four Seasons အပန်းဖြေစခန်း။ ဓာတ်ပုံ-Four Seasons Press Room)

၂၀၂၄ ခုနှစ်အတွင်း French Polynesia နိုင်ငံသည် luxury travel အတွက် အကောင်းဆုံးနေရာများတွင် ပါဝင်သည်။

ဟာဝိုင်အီနှင့်ယှဉ်လျှင် French Polynesia မှာ လူသူများပြားရှုပ်ထွေးမှု မရှိ။

(မှတ်ချက်။ French Polynesia နိုင်ငံသည် တောင်အမေရိကတိုက်၏ အနောက်ဘက်၊ တောင်ပစိဖိတ် သမုဒ္ဒရာ အလယ်တွင် တည်ရှိသည်။ ပြင်သစ်နိုင်ငံ၏ ပိုင်နက်တစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားသည်။ ကျွန်းကြီး ၅ ခုဖြင့် ဖွဲ့စည်းထားပြီး အကျယ်အဝန်း စတုရန်းကီလိုမီတာ ၅ ဒသမ ၃ သန်းကျော် ကျယ်ဝန်းရာ ဥရောပတိုက် တစ်ခုလုံး၏ အကျယ်အဝန်းခန့်ရှိသည်။)

French Polynesia ကို ကျွန်းစုကြီး ၅ ခု၊ ကျွန်းပေါင်း ၁၁၈ ခုဖြင့် ဖွဲ့စည်းထားပြီး လူတို့ကြောင့် သဘာဝအလှ များ ပျက်စီးခြင်းမရှိသေးဘဲ ပကတိအလှတရားများအတိုင်းရှိသေးသည်။

French Polynesia တွင် ရေပေါ်အိမ်များ များစွာတွေ့နိုင်သည်။

French Polynesia ရှိ နာမည်အကြီးဆုံး ရေပေါ်အိမ်များကို Bora Bora ကျွန်းမှ Four Seasons အပန်းဖြေ စခန်းတွင် တွေ့နိုင်သည်။

ထိုအပန်းဖြေစခန်းသည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း အကောင်းဆုံး ဟိုတယ်အဖြစ် ၂၀၂၃ ခုနှစ်တွင် Luxury Travel Advisor’s Awards of Excellence ရရှိထားသည်။

အပန်းဖြေစခန်းတွင် တည်းခိုရန်နေရာ ၁၁၅ ခုပါဝင်ပြီး ယင်းအနက် ၁၀၈ ခုမှာ ရေပေါ်အိမ်များဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း Four Seasons အပန်းဖြေစခန်းက ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ရာ ချမ်းသာကြွယ်ဝသောပုဂ္ဂိုလ်များအား အပန်းဖြေစခန်းကြီးတစ်ခုလုံးကို ငှားရမ်းခွင့်ပေးလာခြင်း ဖြစ်သည်။

ယင်း၏ ကမ်းလှမ်းချက်တွင် လူပေါင်း ၂၄၆ ဦးကို ၇ ရက်တည်းခိုခွင့် ကမ်းလှမ်းပေးထားသည်။

ဈေးနှုန်းမှာ ယူရို ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၇ သန်း) ခန့် ကျသင့်မည် ဖြစ်သည်။

((တန်ဇန်းနီးယားနိုင်ငံမှ Little Okacango Camp အပန်းဖြေစခန်း))

(Little Okacango Camp အပန်းဖြေစခန်း။ ဓာတ်ပုံ-Tent with a view)

ကမ္ဘာပေါ်ရှိ အထူးခြားဆုံးသော ရေပေါ်အိမ်များအနက် တန်ဇန်းနီးယားနိုင်ငံမှ Little Okacango Camp ရေပေါ်ဘန်ဂလိုများလည်း အပါအဝင် ဖြစ်သည်။

Little Okacango Camp ကို တန်ဇန်းနီးယားအခြေစိုက် safari ကုမ္ပဏီဖြစ်သော Tent with a view က တည်ထောင်ထားခြင်း ဖြစ်သည်။

ရေပေါ်အခြေပြု safari camp သည် Lake Victoria ကန်ကြီး၏ ကမ်းခြေ စိမ့်မြေဒေသတွင် တည်ရှိပြီး Serengeti အမျိုးသားဥယျာဉ်သို့ မော်တော်ကားဖြင့် ၁၀ မိနစ်ခရီးသာ ဝေးကွာသည်။

“ကန်ရေပြင် ရေတက်လာချိန်တွေဆိုရင် camp မှာရှိတဲ့ အိမ် ၆ လုံးအပြင် စားသောက်ဆိုင်နဲ့ အရက်ဘားတွေ ကို ဆက်သွယ်ထားတဲ့ ရေပေါ်လူသွားလမ်းတွေပေါ်မှာ ဇလားဗီးယားတွေနဲ့ ရေမြင်းတွေ အပြည့်ဖြစ်လာ ပါတယ်” ဟု Tent with a view တည်ထောင်သူ Guthrie က Business Insider သတင်းဌာနသို့ ပြောသည်။

ထိုဒေသတွင် ဆင်၊ ခြင်္သေ့နှင့် ရေမြင်းများ မကြာခဏတွေ့ရလေ့ရှိကြောင်းလည်း Guthrie က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The most beautiful overwater villas you can stay in around the world (businessinsider)

[Zawgyi]

၂၀၂၄ ခုႏွစ္အတြင္း လည္ပတ္သင့္ေသာ ကမၻာတဝန္းမွ အလွပဆံုး ေရေပၚအိမ္မ်ား

ကမၻာေပၚတြင္ ပထမဆံုးေရေပၚအိမ္မ်ားကို ၁၉၆၀ ျပည့္လြန္ကာလမ်ားက စတင္ဒီဇိုင္းဆြဲ ေပၚေပါက္ခဲ့သည္ဟု ယူဆရသည္။

ထိုကာလက အေမရိကန္လူမ်ဳိးတစ္စုသည္ တဟီတီကၽြန္းတြင္ ေဒသရိုးရာ တံငါတဲမ်ားကို နမူနာယူကာ ေျခတံရွည္ ဘန္ဂလိုမ်ား ေဆာက္လုပ္ေနထိုင္ခဲ့ၾကေၾကာင္း Architectural Digest (AD) က ေဖာ္ျပသည္။

လက္ရွိအားျဖင့္ ကမၻာေပၚတြင္ ေရေပၚအပန္းေျဖအိမ္ေပါင္း ၇၀၀၀ ေက်ာ္ရွိသည္။

ေရေပၚအပန္းေျဖအိမ္တုိ႔သည္ Luxury ျဖစ္မႈ၏ ျပယုဂ္တစ္ခုျဖစ္ျပီး ယင္းႏွင့္ လိုက္ဖက္ေသာ ငွားရမ္းခ ေစ်းႏႈန္းရွိေၾကာင္း AD က ေဖာ္ျပသည္။

လက္ရွိအားျဖင့္ ကမၻာေပၚတြင္ ေရေပၚအိမ္ေပါင္း ၇၀၀၀၀ ေက်ာ္ရွိသည္။ ေအာက္ေဖာ္ျပပါတို႔မွာ ခရီးသြားကၽြမ္းက်င္ပုဂၢိဳလ္တို႔ေျပာေသာ ကမၻာေပၚမွ အလွပဆံုး ေရေပၚအိမ္မ်ား ျဖစ္သည္။

((၁။ ကမၻာဒီးယားႏိုင္ငံမွ ေဆာင္ဆာ ကိုယ္ပိုင္ကၽြန္း))

  (ေဆာင္ဆာကၽြန္း၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု-ASMALLWORLD) ေဆာင္ဆာကၽြန္းသည္ ကမၻာဒီးယားႏိုင္ငံ၏ ကမ္းရိုးတန္းတြင္ တည္ရွိျပီး ေရြးခ်ယ္တည္းခုိရန္ အိမ္ ၂၄ လံုး ရွိသည္။

ယင္းတို႔အနက္ ေတာအုပ္စံအိမ္မ်ား ၊ ပင္လယ္ျမင္ကြင္းစံအိမ္မ်ားႏွင့္ ေရေပၚစံအိမ္မ်ား အပါအဝင္ ျဖစ္သည္။

၎၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ စားေသာက္ဆိုင္ ၂ ခု၊ ၾကီးမားက်ယ္ဝန္းလွေသာ ေရကူးကန္ Spa ႏွင့္ ကိုယ္ပိုင္ကမ္းေျခတို႔ ပါဝင္ေၾကာင္း ေဖာ္ျပသည္။

တစ္ညတာ တည္းခုိခမွာ ေစ်းအမ်ဳိးမ်ိဳးရွိျပီး အိပ္ခန္း ၁ ခန္းပါ အိမ္အတြက္ ေဒၚလာ ၁၄၈၄ မွ စသည္။

((၂။ ေမာ္လ္ဒိုက္ကၽြန္းမွ Niyama The Crescent အပန္းေျဖစခန္း))

(Niyama The Crescent အပန္းေျဖစခန္းမွ ေရေပၚအိမ္တစ္လံုး၏ အတြင္းပိုင္း ျမင္ကြင္း။ ဓာတ္ပံု-Julia Carter/Craft Travel)

Niyama The Crescent အပန္းေျဖစခန္းသည္ ေမာ္လ္ဒိုက္မွ Dhaalu သႏၱာေက်ာက္ကၽြန္းတြင္ တည္ရွိျပီး ေရေပၚအိမ္ ၅ လံုးရွိသည္။

ေမာ္လ္ဒိုက္ရွိ တသီးတသန္႔အရွိဆံုးႏွင့္ luxury အျဖစ္ဆံုး တည္းခိုရာေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

တည္းခိုအိမ္ ၅ လံုးလံုးမွာ ေရပတ္လည္ဝိုင္းရံထားသည္။

အိမ္တစ္လံုးစီတိုင္းတြင္ ကိုယ္ပိုင္ housekeeper ႏွင့္ butler အဖြဲ႔မ်ား ရွိသည္။

Niyama The Crescent အပန္းေျဖစခန္းတြင္ ငါးဖမ္းျခင္း၊ သီးသန္႔ ေရလမ္းခရီးထြက္ျခင္း၊ scuba diving မ်ား ျပဳလုပ္ႏိုင္ျပီး ေရလႊာေလွ်ာစီးျခင္း သီးသန္႔ သင္ေပးသည္။

တည္းခိုခမွာ ေစ်းအမ်ဳိးမ်ဳိးရွိျပီး niyama ဝက္ဘ္ဆိုက္တြင္ ဝင္ေရာက္ေလ့လာႏိုင္ပါသည္။

((French Polynesia ႏိုင္ငံ၊ Bora Bora ကၽြန္းမွ Four Seasons အပန္းေျဖစခန္း))

(Bora Bora ကၽြန္းမွ Four Seasons အပန္းေျဖစခန္း။ ဓာတ္ပံု-Four Seasons Press Room)

၂၀၂၄ ခုႏွစ္အတြင္း French Polynesia ႏိုင္ငံသည္ luxury travel အတြက္ အေကာင္းဆံုးေနရာမ်ားတြင္ ပါဝင္သည္။

ဟာဝုိင္အီႏွင့္ယွဥ္လွ်င္ French Polynesia မွာ လူသူမ်ားျပားရႈပ္ေထြးမႈ မရွိ။

(မွတ္ခ်က္။ French Polynesia ႏိုင္ငံသည္ ေတာင္အေမရိကတိုက္၏ အေနာက္ဘက္၊ ေတာင္ပစိဖိတ္ သမုဒၵရာ အလယ္တြင္ တည္ရွိသည္။ ျပင္သစ္ႏိုင္ငံ၏ ပိုင္နက္တစ္ခုျဖစ္ျပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိထားသည္။ ကၽြန္းၾကီး ၅ ခုျဖင့္ ဖြဲ႔စည္းထားျပီး အက်ယ္အဝန္း စတုရန္းကီလိုမီတာ ၅ ဒသမ ၃ သန္းေက်ာ္ က်ယ္ဝန္းရာ ဥေရာပတိုက္ တစ္ခုလံုး၏ အက်ယ္အဝန္းခန္႔ရွိသည္။)

French Polynesia ကို ကၽြန္းစုၾကီး ၅ ခု၊ ကၽြန္းေပါင္း ၁၁၈ ခုျဖင့္ ဖြဲ႔စည္းထားျပီး လူတို႔ေၾကာင့္ သဘာဝအလွ မ်ား ပ်က္စီးျခင္းမရွိေသးဘဲ ပကတိအလွတရားမ်ားအတိုင္းရွိေသးသည္။

French Polynesia တြင္ ေရေပၚအိမ္မ်ား မ်ားစြာေတြ႔ႏိုင္သည္။

French Polynesia ရွိ နာမည္အၾကီးဆံုး ေရေပၚအိမ္မ်ားကို Bora Bora ကၽြန္းမွ Four Seasons အပန္းေျဖ စခန္းတြင္ ေတြ႔ႏိုင္သည္။

ထိုအပန္းေျဖစခန္းသည္ ေတာင္ပစိဖိတ္သမုဒၵရာအတြင္း အေကာင္းဆံုး ဟိုတယ္အျဖစ္ ၂၀၂၃ ခုႏွစ္တြင္ Luxury Travel Advisor’s Awards of Excellence ရရွိထားသည္။

အပန္းေျဖစခန္းတြင္ တည္းခိုရန္ေနရာ ၁၁၅ ခုပါဝင္ျပီး ယင္းအနက္ ၁၀၈ ခုမွာ ေရေပၚအိမ္မ်ားျဖစ္သည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလအတြင္း Four Seasons အပန္းေျဖစခန္းက ကမ္းလွမ္းမႈတစ္ရပ္ ျပဳလုပ္ခဲ့ရာ ခ်မ္းသာၾကြယ္ဝေသာပုဂၢိဳလ္မ်ားအား အပန္းေျဖစခန္းၾကီးတစ္ခုလံုးကို ငွားရမ္းခြင့္ေပးလာျခင္း ျဖစ္သည္။

ယင္း၏ ကမ္းလွမ္းခ်က္တြင္ လူေပါင္း ၂၄၆ ဦးကို ၇ ရက္တည္းခိုခြင့္ ကမ္းလွမ္းေပးထားသည္။

ေစ်းႏႈန္းမွာ ယူရို ၂ ဒသမ ၅ သန္း (ကန္ေဒၚလာ ၂ ဒသမ ၇ သန္း) ခန္႔ က်သင့္မည္ ျဖစ္သည္။

((တန္ဇန္းနီးယားႏိုင္ငံမွ Little Okacango Camp အပန္းေျဖစခန္း))

  (Little Okacango Camp အပန္းေျဖစခန္း။ ဓာတ္ပံု-Tent with a view)

ကမၻာေပၚရွိ အထူးျခားဆံုးေသာ ေရေပၚအိမ္မ်ားအနက္ တန္ဇန္းနီးယားႏိုင္ငံမွ Little Okacango Camp ေရေပၚဘန္ဂလိုမ်ားလည္း အပါအဝင္ ျဖစ္သည္။

Little Okacango Camp ကို တန္ဇန္းနီးယားအေျခစိုက္ safari ကုမၸဏီျဖစ္ေသာ Tent with a view က တည္ေထာင္ထားျခင္း ျဖစ္သည္။

ေရေပၚအေျချပဳ safari camp သည္ Lake Victoria ကန္ၾကီး၏ ကမ္းေျခ စိမ့္ေျမေဒသတြင္ တည္ရွိျပီး Serengeti အမ်ဳိးသားဥယ်ာဥ္သို႔ ေမာ္ေတာ္ကားျဖင့္ ၁၀ မိနစ္ခရီးသာ ေဝးကြာသည္။

“ကန္ေရျပင္ ေရတက္လာခ်ိန္ေတြဆိုရင္ camp မွာရွိတဲ့ အိမ္ ၆ လံုးအျပင္ စားေသာက္ဆိုင္နဲ႔ အရက္ဘားေတြ ကို ဆက္သြယ္ထားတဲ့ ေရေပၚလူသြားလမ္းေတြေပၚမွာ ဇလားဗီးယားေတြနဲ႔ ေရျမင္းေတြ အျပည့္ျဖစ္လာ ပါတယ္” ဟု Tent with a view တည္ေထာင္သူ Guthrie က Business Insider သတင္းဌာနသို႔ ေျပာသည္။

ထိုေဒသတြင္ ဆင္၊ ျခေသၤ့ႏွင့္ ေရျမင္းမ်ား မၾကာခဏေတြ႔ရေလ့ရွိေၾကာင္းလည္း Guthrie က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The most beautiful overwater villas you can stay in around the world (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
119-mdy
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service