ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ

ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
25 Mar 2024 11:40 am တွင် တင်ခဲ့သည်
539 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကျွန်ုပ်တို့ သောက်သုံးနေသော ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်ဘဲ အဏုကြည့်မှန်ပြောင်းဖြင့်သာ တွေ့နိုင်သော ပလတ်စတစ်အမှုန်ငယ်ပေါင်း သိန်းနှင့်ချီ၍ ပါဝင်နိုင်ကြောင်း လေ့လာချက်သစ်တစ်ခုတွင် တွေ့ရှိ လာသည်။

အရွယ်အစား အချင်းအားဖြင့် ၁ နာနိုမီတာမှ ၅ မီလီမီတာအထိရှိသော သေးငယ်သည့် ပလတ်စတစ်အမှုန်ငယ် များကို မကြာသေးမီနှစ်များအတွင်း ကျယ်ပြန့်စွာလေ့လာခဲ့ကြသည်။

ထိုသို့လေ့လာရာတွင် ထိုအမှုန်ငယ်များကို ကမ္ဘာပေါ်ရှိ နေရာအားလုံးနီးပါးတွင် တွေ့ရှိရသည်ဟု ဆိုသည်။

အလွန်ဝေးလံခေါင်သီလှသော အာတိတ်ဒေသမှသည် လူသားတို့၏ အချင်းများအထိ ပါဝင်သည်။

လေ့လာသုံးသပ်မှုတစ်ခုအရ ခန့်မှန်းထားသည်မှာ အမေရိကန်နိုင်ငံသားတို့သည် နှစ်စဉ်နှစ်တိုင်း ပလတ်စတစ် အမှုန်ငယ်ပေါင်း ၄၄,၀၀၀ ကျော်ကို မြိုချနေပြီး ၄၆,၀၀၀ ကျော်ကို ရှုသွင်းနေကြောင်း ခန့်မှန်းထားသည်။

သို့သော် မကြာသေးမီကမူ နာနိုပလတ်စတစ်ဟုခေါ်သော ပိုမိုသေးငယ်သော အမှုန်များအကြောင်း သိပ္ပံပညာရှင်တို့ လေ့လာခဲ့ကြသည်။

နာနိုပလတ်စတစ်တို့မှာ အရွယ်အစား ၁ နာနိုမီတာအောက် သေးငယ်သည်။

နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် စာရွက်တစ်ရွက်၏ အထူမှာ ၁၀၀,၀၀၀ နာနိုမီတာခန့်ရှိသည်။

ကျွမ်းကျင်ပညာရှင်တို့က ယူဆသည်မှာ လူသားတို့၏ ဦးနှောက်အား အဆိပ်သင့်ခြင်းမှ ကာကွယ်ပေး ထားသော blood-brain barrier ကိုပင် ထိုပလတ်စတစ်အမှုန်ငယ်များက ဖြတ်သန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုလေ့လာချက်ကို Proceedings of the National Academy of Sciences တွင် ဇန်နဝါရီလအတွင်း ဖော်ပြ ခဲ့သည်။

ထိုလေ့လာချက်အရ လူတို့သောက်သုံးနေသော ၁ လီတာ ရေသန့်ဘူးထဲတွင် နာနိုပလတ်စတစ် အမှုန်ငယ် ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။

ဤလေ့လာချက်အတွက် သိပ္ပံပညာရှင်တို့က အမေရိကန်ပြည်ထောင်စုတွင် ရောင်းချသော ရေသန့်ဘူး အမှတ်တံဆိပ် ၃ မျိုးကို စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မည်သည့်အမှတ်တံဆိပ်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

ထိုရေသန့်ဘူးများထဲတွင် ပျမ်းမျှအားဖြင့် ပလတ်စတစ်အမှုန်ပေါင်း ၂၄၀,၀၀၀ ခန့် ပါဝင်ကြောင်း ၊ ၉၀ ရာခိုင်နှုန်းမှာ နာနိုပလတ်စတစ်အမှုန်များဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ မိုက္ကရိုပလတ်စတစ်အမှုန်များ ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

မိုက္ကရိုပလတ်စတစ်အမှုန်သည် နာနိုပလတ်စတစ်ထက် အဆပေါင်း ထောင်ချီ၍ ပိုမိုကြီးမားသည်။

၂၀၁၈ ခုနှစ်ကလည်း နိုင်ငံပေါင်း ၉ နိုင်ငံတွင် ရောင်းချသည့် ရေသန့်ဘူးအမှတ်တံဆိပ် ၁၁ မျိုးကို လေ့လာခဲ့ရာ တွင် ၉၃ ရာခိုင်နှုန်း၌ မိုက္ကရိုပလတ်စတစ်အမှုန်များပါကြောင်း ပထမဆုံးလေ့လာတွေ့ရှိခဲ့သည်။

ထိုအချိန်က လေ့လာချက်တွင် ၁ လီတာ ရေသန့်တစ်ဘူးလျှင် မိုက္ကရိုပလတ်စတစ်အမှုန် ပျမ်းမျှအားဖြင့် ၃၀၀ ကျော် ပါကြောင်း တွေ့ရှိခဲ့ကြသည်။

 

ယခုလေ့လာချက်တွင်မူ ပိုမိုသေးငယ်သော နာနိုပလတ်စတစ်အမှုန်အထိ လေ့လာခဲ့ရာ ရေသန့်တစ်ဘူးလျှင် အမှုန်ပေါင်း သိန်းနှင့်ချီ၍ ပါဝင်နိုင်ကြောင်း တွေ့ရှိလာခြင်းလည်း ဖြစ်သည်။

“နာနိုပလတ်စတစ်တွေနဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့အချက်က ဒါတွေကို လူသားတွေရဲ့ အဆုတ်တွေနဲ့ သွေးထဲမှာ တွေ့လာရတဲ့အချက်ပါပဲ”ဟု အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် ၊ Rutgers University မှ ဆေးဝါးနှင့် အဆိပ်သင့်မှုဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ Phoebe Stapleton က ပြောသည်။

၎င်းသည် ယခုလေ့လာချက်တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ “ဒီနာနိုပလတ်စတစ်အမှုန်တွေက အရမ်းသေးငယ်တာကြောင့် စစ်ထုတ်လို့ မရနိုင်ပါဘူး”ဟု Phoebe Stapleton က ပြောသည်။

ရေသန့်စင် စစ်ထုတ်မှုလုပ်ငန်းစဉ်အတွင်း နာနိုပလတ်စတစ်အမှုန်များ ပါဝင်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

လေ့လာချက်များအရ နာနိုပလတ်စတစ်အမှုန်တို့ကြောင့် အဆိပ်သင့်မှုအခြေအနေအမျိုးမျိုး ဖြစ်ပေါ်နိုင်သည်။

မျိုးပွားအင်္ဂါများ လုပ်ဆောင်ချက် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း ၊ ခန္ဓာကိုယ်ထဲတွင် Free radical များ အလွန် များပြားလာပြီး ၎င်းတို့ကို တိုက်ထုတ်နိုင်သည့် antioxidant များနည်းပါးလာမှုကြောင့် ကင်ဆာရောဂါများ စွဲကပ်လာခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်ချက် မမှန်ကန်ခြင်း ၊ သေဆုံးမှုနှုန်းမြင့်တက်ခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုနှုန်း နှေးကွေးခြင်း၊ အာရုံကြောများ အဆိပ်သင့်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bottled Water Contains Hundreds of Thousands of Microscopic Plastic Pieces, Research Shows (health, frontiersin.org)

 

 

[Zawgyi]

ေရသန္႔ဘူးမ်ားထဲတြင္ မ်က္စိျဖင့္ မျမင္ႏိုင္ေသာ နာႏိုပလတ္စတစ္အမႈန္ေပါင္း ၃၇၀,၀၀၀ ခန္႔ ပါဝင္ေၾကာင္း အေမရိကန္သိပၸံပညာရွင္မ်ား ေတြ႔ရွိ

 

ကၽြႏု္ပ္တို႔ ေသာက္သံုးေနေသာ ေရသန္႔ဘူးမ်ားထဲတြင္ မ်က္စိျဖင့္ မျမင္ႏိုင္ဘဲ အဏုၾကည့္မွန္ေျပာင္းျဖင့္သာ ေတြ႔ႏိုင္ေသာ ပလတ္စတစ္အမႈန္ငယ္ေပါင္း သိန္းႏွင့္ခ်ီ၍ ပါဝင္ႏိုင္ေၾကာင္း ေလ့လာခ်က္သစ္တစ္ခုတြင္ ေတြ႔ရွိ လာသည္။

အရြယ္အစား အခ်င္းအားျဖင့္ ၁ နာႏိုမီတာမွ ၅ မီလီမီတာအထိရွိေသာ ေသးငယ္သည့္ ပလတ္စတစ္အမႈန္ငယ္ မ်ားကို မၾကာေသးမီႏွစ္မ်ားအတြင္း က်ယ္ျပန္႔စြာေလ့လာခဲ့ၾကသည္။

ထိုသို႔ေလ့လာရာတြင္ ထိုအမႈန္ငယ္မ်ားကို ကမၻာေပၚရွိ ေနရာအားလံုးနီးပါးတြင္ ေတြ႔ရွိရသည္ဟု ဆိုသည္။

အလြန္ေဝးလံေခါင္သီလွေသာ အာတိတ္ေဒသမွသည္ လူသားတုိ႔၏ အခ်င္းမ်ားအထိ ပါဝင္သည္။

ေလ့လာသံုးသပ္မႈတစ္ခုအရ ခန္႔မွန္းထားသည္မွာ အေမရိကန္ႏိုင္ငံသားတုိ႔သည္ ႏွစ္စဥ္ႏွစ္တုိင္း ပလတ္စတစ္ အမႈန္ငယ္ေပါင္း ၄၄,၀၀၀ ေက်ာ္ကို ျမဳိခ်ေနျပီး ၄၆,၀၀၀ ေက်ာ္ကို ရႈသြင္းေနေၾကာင္း ခန္႔မွန္းထားသည္။

သို႔ေသာ္ မၾကာေသးမီကမူ နာႏိုပလတ္စတစ္ဟုေခၚေသာ ပိုမိုေသးငယ္ေသာ အမႈန္မ်ားအေၾကာင္း သိပၸံပညာရွင္တို႔ ေလ့လာခဲ့ၾကသည္။

နာႏုိပလတ္စတစ္တို႔မွာ အရြယ္အစား ၁ နာႏိုမီတာေအာက္ ေသးငယ္သည္။

ႏႈိင္းယွဥ္မႈအားျဖင့္ ၾကည့္မည္ဆိုလွ်င္ စာရြက္တစ္ရြက္၏ အထူမွာ ၁၀၀,၀၀၀ နာႏိုမီတာခန္႔ရွိသည္။

ကၽြမ္းက်င္ပညာရွင္တို႔က ယူဆသည္မွာ လူသားတို႔၏ ဦးေႏွာက္အား အဆိပ္သင့္ျခင္းမွ ကာကြယ္ေပး ထားေသာ blood-brain barrier ကိုပင္ ထိုပလတ္စတစ္အမႈန္ငယ္မ်ားက ျဖတ္သန္းႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

ယခုေလ့လာခ်က္ကို Proceedings of the National Academy of Sciences တြင္ ဇန္နဝါရီလအတြင္း ေဖာ္ျပ ခဲ့သည္။

ထိုေလ့လာခ်က္အရ လူတို႔ေသာက္သံုးေနေသာ ၁ လီတာ ေရသန္႔ဘူးထဲတြင္ နာႏိုပလတ္စတစ္ အမႈန္ငယ္ ေပါင္း ၃၇၀,၀၀၀ ခန္႔ ပါဝင္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ဤေလ့လာခ်က္အတြက္ သိပၸံပညာရွင္တုိ႔က အေမရိကန္ျပည္ေထာင္စုတြင္ ေရာင္းခ်ေသာ ေရသန္႔ဘူး အမွတ္တံဆိပ္ ၃ မ်ဳိးကို စမ္းသပ္ခဲ့ၾကျခင္း ျဖစ္သည္။

သို႔ေသာ္ မည္သည့္အမွတ္တံဆိပ္မ်ားကို စမ္းသပ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။

ထိုေရသန္႔ဘူးမ်ားထဲတြင္ ပ်မ္းမွ်အားျဖင့္ ပလတ္စတစ္အမႈန္ေပါင္း ၂၄၀,၀၀၀ ခန္႔ ပါဝင္ေၾကာင္း ၊ ၉၀ ရာခိုင္ႏႈန္းမွာ နာႏိုပလတ္စတစ္အမႈန္မ်ားျဖစ္ျပီး က်န္ ၁၀ ရာခုိင္ႏႈန္းမွာ မိုကၠရိုပလတ္စတစ္အမႈန္မ်ား ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

မိုကၠရုိပလတ္စတစ္အမႈန္သည္ နာႏိုပလတ္စတစ္ထက္ အဆေပါင္း ေထာင္ခ်ီ၍ ပိုမိုၾကီးမားသည္။

၂၀၁၈ ခုႏွစ္ကလည္း ႏိုင္ငံေပါင္း ၉ ႏိုင္ငံတြင္ ေရာင္းခ်သည့္ ေရသန္႔ဘူးအမွတ္တံဆိပ္ ၁၁ မ်ဳိးကို ေလ့လာခဲ့ရာ တြင္ ၉၃ ရာခုိင္ႏႈန္း၌ မိုကၠရိုပလတ္စတစ္အမႈန္မ်ားပါေၾကာင္း ပထမဆံုးေလ့လာေတြ႔ရွိခဲ့သည္။

ထိုအခ်ိန္က ေလ့လာခ်က္တြင္ ၁ လီတာ ေရသန္႔တစ္ဘူးလွ်င္ မိုကၠရိုပလတ္စတစ္အမႈန္ ပ်မ္းမွ်အားျဖင့္ ၃၀၀ ေက်ာ္ ပါေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

ယခုေလ့လာခ်က္တြင္မူ ပိုမိုေသးငယ္ေသာ နာႏိုပလတ္စတစ္အမႈန္အထိ ေလ့လာခဲ့ရာ ေရသန္႔တစ္ဘူးလွ်င္ အမႈန္ေပါင္း သိန္းႏွင့္ခ်ီ၍ ပါဝင္ႏိုင္ေၾကာင္း ေတြ႔ရွိလာျခင္းလည္း ျဖစ္သည္။

“နာႏိုပလတ္စတစ္ေတြနဲ႔ ပတ္သတ္တဲ့ အေရးၾကီးတဲ့အခ်က္က ဒါေတြကို လူသားေတြရဲ႕ အဆုတ္ေတြနဲ႔ ေသြးထဲမွာ ေတြ႔လာရတဲ့အခ်က္ပါပဲ”ဟု အေမရိကန္ျပည္ေထာင္စု နယူးဂ်ာစီျပည္နယ္ ၊ Rutgers University မွ ေဆးဝါးႏွင့္ အဆိပ္သင့္မႈေဗဒဆိုင္ရာ တြဲဖက္ပါေမာကၡ Phoebe Stapleton က ေျပာသည္။

၎သည္ ယခုေလ့လာခ်က္တြင္ ပါဝင္ခဲ့သူလည္း ျဖစ္သည္။ “ဒီနာႏိုပလတ္စတစ္အမႈန္ေတြက အရမ္းေသးငယ္တာေၾကာင့္ စစ္ထုတ္လုိ႔ မရႏိုင္ပါဘူး”ဟု Phoebe Stapleton က ေျပာသည္။

ေရသန႔္စင္ စစ္ထုတ္မႈလုပ္ငန္းစဥ္အတြင္း နာႏိုပလတ္စတစ္အမႈန္မ်ား ပါဝင္လာျခင္းျဖစ္ႏိုင္ေၾကာင္း ၎က ေျပာသည္။

ေလ့လာခ်က္မ်ားအရ နာႏိုပလတ္စတစ္အမႈန္တုိ႔ေၾကာင့္ အဆိပ္သင့္မႈအေျခအေနအမ်ဳိးမ်ဳိး ျဖစ္ေပၚႏိုင္သည္။

မ်ိဳးပြားအဂၤါမ်ား လုပ္ေဆာင္ခ်က္ ေဖာက္လြဲေဖာက္ျပန္ျဖစ္ျခင္း ၊ ခႏၶာကိုယ္ထဲတြင္ Free radical မ်ား အလြန္ မ်ားျပားလာျပီး ၎တို႔ကို တုိက္ထုတ္ႏိုင္သည့္ antioxidant မ်ားနည္းပါးလာမႈေၾကာင့္ ကင္ဆာေရာဂါမ်ား စြဲကပ္လာျခင္း၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း လုပ္ေဆာင္ခ်က္ မမွန္ကန္ျခင္း ၊ ေသဆံုးမႈႏႈန္းျမင့္တက္ျခင္း၊ ဖြံ႔ျဖဳိးၾကီးထြားမႈႏႈန္း ေႏွးေကြးျခင္း၊ အာရံုေၾကာမ်ား အဆိပ္သင့္ျခင္းတို႔ ျဖစ္ေစႏိုင္ေၾကာင္း ေတြ႔ရွိထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bottled Water Contains Hundreds of Thousands of Microscopic Plastic Pieces, Research Shows (health, frontiersin.org)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service