ဂျက်ဘေးဇော့စ်နဲ့ မာ့ခ် ဇပ်ကာဘာ့ဂ်တို့အပါအဝင် အမေရိကန် ထိပ်တန်းသူဌေးကြီးတွေ ဘာကြောင့် ရှယ်ယာတွေ ဘီလျံနဲ့ချီပြီး ရောင်းထုတ်နေကြတာလဲ
ဂျက်ဘေးဇော့စ်နဲ့ မာ့ခ် ဇပ်ကာဘာ့ဂ်တို့အပါအဝင် အမေရိကန် ထိပ်တန်းသူဌေးကြီးတွေ ဘာကြောင့် ရှယ်ယာတွေ ဘီလျံနဲ့ချီပြီး ရောင်းထုတ်နေကြတာလဲ - Property News in Myanmar from iMyanmarHouse.com
21 Mar 2024 11:30 am တွင် တင်ခဲ့သည်
742 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့ရှယ်ယာဈေးကွက်မှာ အကောင်းဆုံးအနေအထားတွင် ရှိနေသော်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အချို့က ဒေါ်လာဘီလျံပေါင်းများစွာ တန်ကြေးရှိသော ရှယ်ယာများ ရောင်းထုတ်လာမှု ဆန်းကြယ်စွာ ပေါ်ပေါက်နေသည်။
၂၀၂၃ ခုနှစ် တလျှောက်လုံး ဆီလီကွန်တောင်ကြားတွင် ဝန်ထမ်းများ အလုံးအရင်း အလုပ်ထုတ်ခံရမှုများ ပေါ်ပေါက်ခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရပါက အလွန်ချမ်းသာကြွယ်ဝသူ တို့အား အခွန်များ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကတိပြုထားသည်။
JPMorgan Chase ဘဏ်ကြီး၏ စီအီးအို Jamie Dimon က ပြီးခဲ့သော အောက်တိုဘာလအတွင်း ပြောခဲ့သည် မှာ “ဒီအချိန်ဟာ ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာကြီးမှာ အန္တရာယ်အကြီးဆုံးအချိန် ဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်ကုန်ပိုင်းတွင် ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်တို့သည် ၎င်းတို့ ကြွယ်ဝမှု၏ ၂၅ ရာခိုင်နှုန်း အောက်သာ စတော့ဈေးကွက်တွင် ထားရှိကြောင်း သတင်းများက ဖော်ပြသည်။
ရင်းနှီးမြှုပ်နှံသူတို့က ရှယ်ယာများ ရောင်းထုတ်လာခြင်းတွင် အကြောင်းရင်းအမျိုးမျိုးရှိသည်။
အမေရိကန်တွင် အခွန်ကြောင့် ရောင်းထုတ်ခြင်းမှာ အဓိကအကြောင်းရင်း ဖြစ်နိုင်သည်။
အချို့သူများအနေဖြင့်မူ ရင်းနှီးမြှုပ်နှံမှုကို ကဏ္ဍစုံ ဖြန့်ကျက်ထားလိုသောကြောင့်လည်း ဖြစ်နိုင်သည်။
(ဂျက်ဘေးဇော့စ်က ယခုလအတွင်း Amazon ၏ ရှယ်ယာ ၈ ဒသမ ၅ ဘီလီယံဖိုး ရောင်းထုတ်ခဲ့ရာ စီးပွားရေး မရောရာမှု စိုးရိမ်စိတ်များ ပေါ်ပေါက်လာစေသည်။)
(ဂျက်ဘေးဇော့စ်၊ Bernard Arnaut နှင့်Elon Musk တို့ပြီးလျှင် ကမ္ဘာ့စတုတ္ထမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် Mark Zuckerberg သည် ၂၀၂၃ နှစ်ကုန်မှစပြီး Meta ၏ ရှယ်ယာပေါင်း ၁ ဒသမ ၄ သန်းခန့် ရောင်းထုတ်ခဲ့ပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၆၃၈ သန်းခန့်ရှိသည်။)
(Walmart ကုန်တိုက်အုပ်စု၏ ပိုင်ရှင် ဝေါလ်တန်မိသားစုသည် တစ်ပတ်တာအတွင်း ရှယ်ယာ ၁ ဒသမ ၅ ဘီလီယံဖိုး ရောင်းထုတ်ခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာကတည်းက ရှယ်ယာရောင်းထုတ်မှု စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံဖိုးရှိနေပြီ ဖြစ်သည်။ ပုံတွင် တွေ့ရသည်မှာ ဝေါလ်တန်မိသားစုမှ အသက် ၇၃ နှစ်အရွယ်ရှိ Alice Walton ဖြစ်သည်။ သူသည် ကန်ဒေါ်လာ ၆၆ ဒသမ ၅ ဘီလီယံ ကြွယ်ဝပြီး အမေရိကန်တွင် အချမ်းသာဆုံး အမျိုးသမီး ဖြစ်သည်။)
(JPMorgan ဘဏ်ကြီး၏ စီအီးအို၊ ဥက္ကဌ Jamie Dimon သည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ရှယ်ယာ ဒေါ်လာ သန်း ၁၅၀ ဖိုး ရောင်းထုတ်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုက စီအီးအိုအဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်း သူ၏ ပထမဆုံးရှယ်ယာရောင်းထုတ်မှုလည်း ဖြစ်သည်။)
၂၀၂၄ ဖေဖော်ဝါရီလတွင် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်သည် ရှယ်ယာ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံဖိုးကို ၉ ကြိမ်ခွဲကာ ရောင်းချခဲ့သည်။
ပြီးခဲ့သောအောက်တိုဘာတွင် Dimon က ကမ္ဘာ့ပြဿနာကြီးများကို ထောက်ပြခဲ့ရာ ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေးနှင့် ပါလက်စတိုင်းစစ်ပွဲ၊ အစိုးရတွင် ကြွေးမြီမြင့်မားကာ လိုငွေပြနေမှု ၊ ငွေကြေးဖောင်းပွမှု မြင့်မားနေ ခြင်း၊ အလုပ်သမားဈေးကွက် ခက်ခဲမှု အစရှိသည်တို့အပြင် အလုပ်သမားများ လုပ်ခလစာတိုးမြှင့် တောင်းဆိုမှု များမှသည် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်လာမှုများကို ထောက်ပြသည်။
ထိုသို့ ရှယ်ယာရောင်းချရငွေများကို ဘီလျံနာတို့က မည်သည့်နေရာတွင် အသုံးပြုမည်ကိုမူ မသိရသေးချေ။
Mark Zuckerberg ၏ ရှယ်ယာရောင်းချခဲ့ငွေများကိုမူ ဟာဝိုင်အီကျွန်းစုမှ Kauai ကျွန်းပေါ်တွင် ဆောက်လုပ် နေသော ကြီးမားလှသည့် နေအိမ်ခြံဝန်းကြီးအတွက် အသုံးပြုမည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ကုန်ကျ မည်ဟု ဆိုသည်။
(ရီပတ်ဘလီကန်၏ သမ္မတလောင်းအဖြစ် တစ်ပြေးနေသူ ဒေါ်နယ်ထရမ့်)
(ဒီမိုကရက်တစ် ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်လာဖွယ်ရှိသူ ဂျိုးဘိုင်ဒန် )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: So why are America's mega-rich including Jeff Bezos and Mark Zuckerberg off-loading billions of dollars in stock? Super wealthy are in a race to 'sell high' and invest cash away from the market amid volatile global geopolitics and election (dailymail)
Photo Credit: dailymail
[Zawgyi] ဂျက်ဘေးဇော့စ်နဲ့ မာ့ခ် ဇပ်ကာဘာ့ဂ်တို့အပါအဝင် အမေရိကန် ထိပ်တန်းသူဌေးကြီးတွေ ဘာကြောင့် ရှယ်ယာတွေ ဘီလျံနဲ့ချီပြီး ရောင်းထုတ်နေကြတာလဲ
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service