အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင်အိတ် ၁၅ လုံးနှင့် တပတ်ရစ်ကား အစင်းရေ ၃၀ ဝယ်ယူခဲ့ပြီး ယခုအခါ တစ်ပြားမှမရှိ တော့သည့်ဘဝ ဆိုက်ရောက်ပြီး မိခင်၏အိမ်တွင် နေထိုင်ရလျက်ရှိ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင်အိတ် ၁၅ လုံးနှင့် တပတ်ရစ်ကား အစင်းရေ ၃၀ ဝယ်ယူခဲ့ပြီး ယခုအခါ တစ်ပြားမှမရှိ တော့သည့်ဘဝ ဆိုက်ရောက်ပြီး မိခင်၏အိမ်တွင် နေထိုင်ရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
20 Mar 2024 11:51 am တွင် တင်ခဲ့သည်
1373 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေ့ချင်းညချင်း ချမ်းသာသွားသည့်ဘဝမှ ရှိသမျှ တက်တက်ပြောင်ကာ ဘဝ၏ ခက်ထန်ကြမ်းတမ်းမှုများနှင့် ပြန်လည်ရင်ဆိုင်ရသူတို့၏ ဘဝဇာတ်ကြောင်းများစွာရှိသည်။

ယင်းအနက် အင်္ဂလန်မှ အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်လည်း ပါဝင်နေသည်။ ထိုအမျိုးသမီးမှာ ယူရို ၂ သန်း ထီပေါက်ပြီးနောက် ဆယ်စုနှစ်တစ်ခု မပြည့်မီတွင်ပင် ရှိသမျှကုန်ကာ မူလဒုံရင်းအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ထိုသို့ ဘဝအပြောင်းအလဲများ ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းက ပြောသည်မှာမူ သူ၏ ငွေသုံးစွဲမှုများမှာ ဆင်ခြင်တုံတရားဖြင့် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

အင်္ဂလန်နိုင်ငံသူအမျိုးသမီး လာရာ ဂရစ်ဖစ် (Lara Griffiths) သည် လွန်ခဲ့သော ၈ နှစ်က ဗြိတိန်ထီမှ jackpot ထီဆုကြီး ကံထူးခဲ့သည်။ထိုဆုမှ ပေါင် ၁ ဒသမ ၈ သန်း (ယူရို ၂ ဒသမ ၀၉၇ သန်း) ရရှိခဲ့သည်။

ထီပေါက်ပြီးနောက် လာရာနှင့် ထိုအချိန်က လက်တွဲဖော် ခင်ပွန်းတို့ ဒူဘိုင်းသို့ ချက်ချင်း ခရီးထွက်လည်ပတ်ခဲ့ကြသည်။

“ကျွန်မတို့ ရိုးရိုးတန်းကနေပဲ လေယာဉ်စီးခဲ့တာပါ။ ငွေမဖြုန်းပါဘူး” ဟု လာရာက မန်ချက်စတာ ညနေခင်း သတင်းစာသို့ ပြောသည်။

အင်္ဂလန်သို့ ပြန်ရောက်သောအခါ လာရာတို့စုံတွဲက ဆံသအလှပြင်ဆိုင် လုပ်ငန်းအတွက် ပေါင် ၁၅၀,၀၀၀ (ယူရို ၁၇၄၈၃၄ ခန့်) ရင်းနှီးမြှုပ်နှံခဲ့သည်။

၎င်းတို့စုံတွဲ၏ ငွေသုံးစွဲမှုမှာ ထိုမျှဖြင့် မရပ်တန့်ချေ။

လာရာတို့စုံတွဲသည် တပတ်ရစ်ကားပေါင်း အစင်းရေ ၃၀ ခန့်ဝယ်ယူခဲ့သည့်အပြင် တန်ဖိုးကြီး လက်ကိုင်အိတ် ၁၅ လုံးခန့်လည်း ဝယ်ယူခဲ့သည်။

ထို့အပြင် လာရာက အိမ်တစ်လုံးဝယ်ယူရာတွင် လက်ငင်းငွေချေကာ ဝယ်ယူခြင်းမပြုဘဲ အိမ်ခြံမြေချေးငွေဖြင့် အရစ်ကျ ပေးသွင်းဝယ်ယူသည့်နည်းလမ်းကို ရွေးချယ်ခဲ့သည်။

လာရာက ပြောသည်မှာ သူ၏ခင်ပွန်းဟောင်းက ၎င်း၏ ဖူးသစ်စ ဂီတလုပ်ငန်းတွင် ပေါင် ၂၅၀၀၀ ရင်းနှီးမြှုပ်နှံ ခဲ့သည်ဟု ဆိုသည်။

လာရာက သူ၏ ဆံပင်အလှပြင်ဆိုင်ကို အချိန်ပြည့်အားစိုက်နိုင်ရန်အတွက် စာသင်ပြသောအလုပ်မှ ၂၀၀၆ ခုနှစ်တွင် အလုပ်ထွက်လိုက်သည်။

ထီပေါက်ပြီး ၈ နှစ်အကြာတွင် ကံထူးထားသော ငွေများ ကုန်ခမ်းသွားခဲ့ပြီး လာရာလည်း ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲလိုက်သည်။

ထီပေါက်သည့်ငွေများကို သုံးဖြုန်းပစ်သည်ဟု လာရာမှာ အပြောခံခဲ့ရသည်။

“ထီပေါက်တာက ကျွန်မဘဝကို ဖျက်ဆီးပစ်လိုက်တယ်လို့ လူတွေက ပြောကြတယ်။ ကျွန်မ အရမ်းမိုက်မဲ တယ်လို့ ဝိုင်းပြောကြတယ်။ ကလေးတွေကို ကျွန်မနဲ့ မထားသင့်ဘူးလို့ ပြောကြတယ်”ဟု လာရာက ပြောသည်။

လက်ရှိအားဖြင့် လာရာသည် ဆယ်ကျော်သက်အရွယ် သမီး ၂ ဦးနှင့်အတူ မိခင်ကြီး၏ အိပ်ခန်း ၄ ခန်းပါအိမ်တွင် နေထိုင်လျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 8 Years After Winning Two Million Euros In The Lottery, She Has Lost Everything And Now Lives With Her Mother (wecb)

Photo Credit:  wecb

[Zawgyi]

အဂၤလန္မွ အမ်ဳိးသမီးတစ္ဦး ယူရို ၂ သန္း ထီေပါက္ျပီး အလွျပင္ဆိုင္ဖြင့္ျခင္း၊ ဒူဘိုင္းသို႔ လည္ပတ္ျခင္း၊ တန္ဖုိးၾကီးလက္ကိုင္အိတ္ ၁၅ လံုးႏွင့္ တပတ္ရစ္ကား အစင္းေရ ၃၀ ဝယ္ယူခဲ့ျပီး ယခုအခါ တစ္ျပားမွမရွိ ေတာ့သည့္ဘဝ ဆိုက္ေရာက္္ျပီး မိခင္၏အိမ္တြင္ ေနထိုင္ရလ်က္ရွိ

ေန႔ခ်င္းညခ်င္း ခ်မ္းသာသြားသည့္ဘဝမွ ရွိသမွ် တက္တက္ေျပာင္ကာ ဘဝ၏ ခက္ထန္ၾကမ္းတမ္းမႈမ်ားႏွင့္ ျပန္လည္္ရင္ဆိုင္ရသူတို႔၏ ဘဝဇာတ္ေၾကာင္းမ်ားစြာရွိသည္။

ယင္းအနက္ အဂၤလန္မွ အမ်ဳိးသမီးတစ္ဦး၏ ျဖစ္ရပ္လည္း ပါဝင္ေနသည္။

ထိုအမ်ဳိးသမီးမွာ ယူရို ၂ သန္း ထီေပါက္ျပီးေနာက္ ဆယ္စုႏွစ္တစ္ခု မျပည့္မီတြင္ပင္ ရွိသမွ်ကုန္ကာ မူလဒံုရင္းအေျခအေနသို႔ ျပန္လည္ေရာက္ရွိသြားသည္။

ထိုသို႔ ဘဝအေျပာင္းအလဲမ်ား ရင္ဆိုင္ခဲ့ရေသာ္လည္း ၎က ေျပာသည္မွာမူ သူ၏ ေငြသံုးစြဲမႈမ်ားမွာ ဆင္ျခင္တံုတရားျဖင့္ လုပ္ေဆာင္ခဲ့ျခင္းသာျဖစ္ေၾကာင္း ေျပာသည္။

အဂၤလန္ႏိုင္ငံသူအမ်ဳိးသမီး လာရာ ဂရစ္ဖစ္ (Lara Griffiths) သည္ လြန္ခဲ့ေသာ ၈ ႏွစ္က ျဗိတိန္ထီမွ jackpot ထီဆုၾကီး ကံထူးခဲ့သည္။

ထိုဆုမွ ေပါင္ ၁ ဒသမ ၈ သန္း (ယူရို ၂ ဒသမ ၀၉၇ သန္း) ရရွိခဲ့သည္။

ထီေပါက္ျပီးေနာက္ လာရာႏွင့္ ထိုအခ်ိန္က လက္တြဲေဖာ္ ခင္ပြန္းတို႔ ဒူဘိုင္းသို႔ ခ်က္ခ်င္း ခရီးထြက္လည္ပတ္ခဲ့ၾကသည္။

“ကၽြန္မတို႔ ရိုးရိုးတန္းကေနပဲ ေလယာဥ္စီးခ့ဲတာပါ။ ေငြမျဖဳန္းပါဘူး” ဟု လာရာက မန္ခ်က္စတာ ညေနခင္း သတင္းစာသို႔ ေျပာသည္။

အဂၤလန္သို႔ ျပန္ေရာက္ေသာအခါ လာရာတို႔စံုတြဲက ဆံသအလွျပင္ဆိုင္ လုပ္ငန္းအတြက္ ေပါင္ ၁၅၀,၀၀၀ (ယူရို ၁၇၄၈၃၄ ခန္႔) ရင္းႏွီးျမွဳပ္ႏွံခဲ့သည္။

၎တို႔စံုတြဲ၏ ေငြသံုးစြဲမႈမွာ ထိုမွ်ျဖင့္ မရပ္တန္႔ေခ်။

လာရာတို႔စံုတြဲသည္ တပတ္ရစ္ကားေပါင္း အစင္းေရ ၃၀ ခန္႔ဝယ္ယူခဲ့သည့္အျပင္ တန္ဖိုးၾကီး လက္ကိုင္အိတ္ ၁၅ လံုးခန္႔လည္း ဝယ္ယူခဲ့သည္။

ထို႔အျပင္ လာရာက အိမ္တစ္လံုးဝယ္ယူရာတြင္ လက္ငင္းေငြေခ်ကာ ဝယ္ယူျခင္းမျပဳဘဲ အိမ္ျခံေျမေခ်းေငြျဖင့္ အရစ္က် ေပးသြင္းဝယ္ယူသည့္နည္းလမ္းကို ေရြးခ်ယ္ခဲ့သည္။

လာရာက ေျပာသည္မွာ သူ၏ခင္ပြန္းေဟာင္းက ၎၏ ဖူးသစ္စ ဂီတလုပ္ငန္းတြင္ ေပါင္ ၂၅၀၀၀ ရင္းႏွီးျမွဳပ္ႏွံ ခဲ့သည္ဟု ဆိုသည္။

လာရာက သူ၏ ဆံပင္အလွျပင္ဆိုင္ကို အခ်ိန္ျပည့္အားစိုက္ႏိုင္ရန္အတြက္ စာသင္ျပေသာအလုပ္မွ ၂၀၀၆ ခုႏွစ္တြင္ အလုပ္ထြက္လိုက္သည္။

ထီေပါက္ျပီး ၈ ႏွစ္အၾကာတြင္ ကံထူးထားေသာ ေငြမ်ား ကုန္ခမ္းသြားခဲ့ျပီး လာရာလည္း ခင္ပြန္းျဖစ္သူႏွင့္ လမ္းခြဲလိုက္သည္။

ထီေပါက္သည့္ေငြမ်ားကို သံုးျဖဳန္းပစ္သည္ဟု လာရာမွာ အေျပာခံခဲ့ရသည္။

“ထီေပါက္တာက ကၽြန္မဘဝကို ဖ်က္ဆီးပစ္လုိက္တယ္လို႔ လူေတြက ေျပာၾကတယ္။ ကၽြန္မ အရမ္းမိုက္မဲ တယ္လို႔ ဝိုင္းေျပာၾကတယ္။ ကေလးေတြကို ကၽြန္မနဲ႔ မထားသင့္ဘူးလို႔ ေျပာၾကတယ္”ဟု လာရာက ေျပာသည္။

လက္ရွိအားျဖင့္ လာရာသည္ ဆယ္ေက်ာ္သက္အရြယ္ သမီး ၂ ဦးႏွင့္အတူ မိခင္ၾကီး၏ အိပ္ခန္း ၄ ခန္းပါအိမ္တြင္ ေနထိုင္လ်က္ရွိသည္။

Ref: 8 Years After Winning Two Million Euros In The Lottery, She Has Lost Everything And Now Lives With Her Mother (wecb)

Photo Credit: wecb

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service