အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန် အိမ်တစ်လုံး ရှိနေသည်ကို တွေ့ရ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန် အိမ်တစ်လုံး ရှိနေသည်ကို တွေ့ရ - Property News in Myanmar from iMyanmarHouse.com
20 Mar 2024 11:31 am တွင် တင်ခဲ့သည်
1001 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိမိ အမြဲအခြေချ နေထိုင်မည့် နေအိမ်ဆောက်လုပ်ရန် မြေကွက်ဝယ်ထားပြီးနောက် နောင်တစ်ချိန်တွင် ထိုမြေကွက်သို့ သွားရောက်ကြည့်ရှုရာ အခြားသူက အိမ်တစ်လုံးဆောက်ထားသည့်အဖြစ်မျိုး ကြုံဖူးပါသလား။

အမေရိကန်ပြည်ထောင်စုတွင် မြေကွက်လွတ်တစ်ခု ဝယ်ယူထားခဲ့သော ဒေါက်တာ ဒဲနီယယ် ကဲနစ္စဘာ့ဂ် (Daniel Kenigsberg) မှာ ထိုအဖြစ်မျိုး ရင်ဆိုင်ခဲ့ရသည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်သည် ဟော်မုန်းဆိုင်ရာပညာရပ်ကို အထူးပြုသည့် ဆရာဝန်တစ်ဦး ဖြစ်သည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်က သူ၏ မြေကွက်တွင် နေအိမ် လာရောက်ဆောက်လုပ်သူကို တရားရုံးတွင် တိုင်တန်းခဲ့သည်။

သူ၏ ကလေးဘဝနေအိမ်ဘေးတွင် အမြဲအခြေချရန် အိမ်တစ်လုံး ဆောက်လုပ်မည်ဟု ရည်ရွယ်ကာ ထိုမြေကွက်ကို ဝယ်ယူခြင်း ဖြစ်သည်။

ကွန်နက်တီကပ်ပြည်နယ် New Haven မြို့၊ Sky Top Terrace လမ်း၊ အမှတ် ၅၁ တွင် တည်ရှိပြီး ဧကဝက် ကျယ်ဝန်းသည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်က ၁၉၉၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဖခင်က အဆိုပါ ခြံကွက်အနီးရှိ အိမ်ကို ၁၉၅၃ ခုနှစ်တွင် ဒေါ်လာ ၅၀၀၀ မျှဖြင့် ဝယ်ယူခဲ့သည်။

ထို့ကြောင့် ထိုနေရာမှာ သူ့အတွက် မြတ်နိုးမှုတန်ဖိုးတစ်ခု ရှိနေသည်။

၎င်းတို့ မိသားစုက ထိုမြေကွက်ကို Eleazar Parmly Jr ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုမိသားစုသည် ဤဒေသတွင် ၁၇၁၆ ခုနှစ်ကတည်းက မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်သည် နယူးယောက်တွင် ဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီးနောက်ပိုင်း Long Island တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့ကြောင်း Greenwichtime သတင်းဌာနက ဖော်ပြသည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်က ၎င်းဝယ်ယူထားသော မြေကွက်ကို နှစ်ပေါင်းများစွာ အိမ်မဆောက်ဘဲ မြေကွက် အလွတ်အဖြစ်သာ ထားခဲ့သော်လည်း တနေ့တွင် ထိုဒေသသို့ ပြောင်းရွှေ့အခြေချ နေထိုင်မည်ဟူသော အိပ်မက်က အမြဲရှိနေသည်။

“ကျွန်တော့်သားသမီး တစ်ဦးဦးက ကွန်နက်တီကပ်ပြည်နယ်မှာ နေချင်တယ်ဆိုရင် ကျွန်တော့် အနေနဲ့ အလွန်ဝမ်းမြောက်ရမှာ ဖြစ်ပါတယ်”ဟု ကဲနစ္စဘာ့ဂ်က ပြောသည်။

သို့သော် တစ်ရက်တွင် ထိုအိပ်မက်များ ပျယ်လွင့်သွားစေမည့် ဖုန်းခေါ်ဆိုမှုတစ်ခု သူ့ထံ ဝင်လာသည်။

(ဒေါက်တာ ဒယ်နီယယ် ကဲနစ္စဘာ့ဂ် )

သူငယ်ချင်းတစ်ဦးက ဆက်သွယ်လာသောဖုန်းဖြစ်ပြီး သူ၏ မြေကွက်ပေါ်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန် အိမ်တစ်လုံးရောက်နေကြောင်း အသိပေးလာခြင်း ဖြစ်သည်။

ထိုစဉ်က ဖုန်းပြောခဲ့သည့်အကြောင်း ကဲနစ္စဘာ့ဂ်က CT Insider သတင်းဌာနသို့ “ကျွန်တော် သူ့ကို ပြောခဲ့တာ က အဲဒီမြေကွက်ကို ငါပိုင်တယ်။ ဘယ်တုန်းကမှ ပြန်မရောင်းထားဘူး”ဟု ပြောခဲ့ပြီး အလွန်တုန်လှုပ်သွားခဲ့မိ ကြောင်းလည်း ၎င်းက ပြောသည်။

ထို့နောက် အဆိုပါ မြေနေရာသို့ သွားရောက်ကြည့်ရှုရာ အပြီးသတ်လုနီးပါးဖြစ်နေသည့် အိပ်ခန်း ၄ ခန်းပါ အိမ် ၁ လုံးကိုတွေ့ရပြီး အိမ်တန်ကြေးမှာ ဒေါ်လာ ၁ ဒသမ ၄၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

အဆိုပါအိမ်မှာ အရောင်းဈေးကွက်တင် ရောင်းချထားပြီး အိမ်ခြံမြေမှတ်တမ်းများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် 51 Sky Top Partners LLC ထံ ကန်ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်ကို တွေ့ရသည်။

ကဲနစ္စဘာ့ဂ်က ပြောသည်မှာ ထိုအရောင်းအဝယ်နှင့် ပတ်သက်ပြီး လုံးဝ မသိခဲ့ရကြောင်း ပြောသည်။

ကဲနစ္စဘာ့ဂ်က အဆိုပါ ကုမ္ပဏီကို အမှု ၉ ခုဖြင့် တရားစွဲထားသည်။

အဆိုပါ အမှုများတွင် ကျူးကျော်မှု ၊ တရားမဝင် ခိုးယူမှုနှင့် မသမာသော ရောင်းဝယ်မှုများ ပါဝင်ပြီး နစ်နာကြေး ဒေါ်လာ ၂ သန်း ရလိုမှုလည်း ပါဝင်သည်။

ယခုကဲ့သို့ တရားစွဲဆိုမှုဖြင့် မြေအရောင်းအဝယ်ကို ပယ်ဖျက်နိုင်မည်ဟု ကဲနစ္စဘာ့ဂ်က မျှော်လင့်ထားသည်။

ကဲနစ္စဘာ့ဂ်က အဆိုပါ ကုမ္ပဏီအား မြေပေါ်ရှိ အဆောက်အအုံ (သို့မဟုတ်) ပစ္စည်းများအားလုံးကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။

သတင်းများအရ ထိုကုမ္ပဏီမှာလည်း မြေနေရာကို အလိမ်ခံရကာ ဝယ်ယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man returns to land he bought in 1991 for home to find a $1.5m house already on it (supercarblondie)

Photo Credit: -pixabay, RMA Long Island IVF

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
bkk-projects
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service