အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန် အိမ်တစ်လုံး ရှိနေသည်ကို တွေ့ရ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန် အိမ်တစ်လုံး ရှိနေသည်ကို တွေ့ရ - Property News in Myanmar from iMyanmarHouse.com
20 Mar 2024 11:31 am တွင် တင်ခဲ့သည်
1514 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မိမိ အမြဲအခြေချ နေထိုင်မည့် နေအိမ်ဆောက်လုပ်ရန် မြေကွက်ဝယ်ထားပြီးနောက် နောင်တစ်ချိန်တွင် ထိုမြေကွက်သို့ သွားရောက်ကြည့်ရှုရာ အခြားသူက အိမ်တစ်လုံးဆောက်ထားသည့်အဖြစ်မျိုး ကြုံဖူးပါသလား။

အမေရိကန်ပြည်ထောင်စုတွင် မြေကွက်လွတ်တစ်ခု ဝယ်ယူထားခဲ့သော ဒေါက်တာ ဒဲနီယယ် ကဲနစ္စဘာ့ဂ် (Daniel Kenigsberg) မှာ ထိုအဖြစ်မျိုး ရင်ဆိုင်ခဲ့ရသည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်သည် ဟော်မုန်းဆိုင်ရာပညာရပ်ကို အထူးပြုသည့် ဆရာဝန်တစ်ဦး ဖြစ်သည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်က သူ၏ မြေကွက်တွင် နေအိမ် လာရောက်ဆောက်လုပ်သူကို တရားရုံးတွင် တိုင်တန်းခဲ့သည်။

သူ၏ ကလေးဘဝနေအိမ်ဘေးတွင် အမြဲအခြေချရန် အိမ်တစ်လုံး ဆောက်လုပ်မည်ဟု ရည်ရွယ်ကာ ထိုမြေကွက်ကို ဝယ်ယူခြင်း ဖြစ်သည်။

ကွန်နက်တီကပ်ပြည်နယ် New Haven မြို့၊ Sky Top Terrace လမ်း၊ အမှတ် ၅၁ တွင် တည်ရှိပြီး ဧကဝက် ကျယ်ဝန်းသည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်က ၁၉၉၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဖခင်က အဆိုပါ ခြံကွက်အနီးရှိ အိမ်ကို ၁၉၅၃ ခုနှစ်တွင် ဒေါ်လာ ၅၀၀၀ မျှဖြင့် ဝယ်ယူခဲ့သည်။

ထို့ကြောင့် ထိုနေရာမှာ သူ့အတွက် မြတ်နိုးမှုတန်ဖိုးတစ်ခု ရှိနေသည်။

 

 

 

၎င်းတို့ မိသားစုက ထိုမြေကွက်ကို Eleazar Parmly Jr ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုမိသားစုသည် ဤဒေသတွင် ၁၇၁၆ ခုနှစ်ကတည်းက မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်သည် နယူးယောက်တွင် ဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီးနောက်ပိုင်း Long Island တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့ကြောင်း Greenwichtime သတင်းဌာနက ဖော်ပြသည်။

ဒေါက်တာ ကဲနစ္စဘာ့ဂ်က ၎င်းဝယ်ယူထားသော မြေကွက်ကို နှစ်ပေါင်းများစွာ အိမ်မဆောက်ဘဲ မြေကွက် အလွတ်အဖြစ်သာ ထားခဲ့သော်လည်း တနေ့တွင် ထိုဒေသသို့ ပြောင်းရွှေ့အခြေချ နေထိုင်မည်ဟူသော အိပ်မက်က အမြဲရှိနေသည်။

“ကျွန်တော့်သားသမီး တစ်ဦးဦးက ကွန်နက်တီကပ်ပြည်နယ်မှာ နေချင်တယ်ဆိုရင် ကျွန်တော့် အနေနဲ့ အလွန်ဝမ်းမြောက်ရမှာ ဖြစ်ပါတယ်”ဟု ကဲနစ္စဘာ့ဂ်က ပြောသည်။

သို့သော် တစ်ရက်တွင် ထိုအိပ်မက်များ ပျယ်လွင့်သွားစေမည့် ဖုန်းခေါ်ဆိုမှုတစ်ခု သူ့ထံ ဝင်လာသည်။

 

(ဒေါက်တာ ဒယ်နီယယ် ကဲနစ္စဘာ့ဂ် )

 

သူငယ်ချင်းတစ်ဦးက ဆက်သွယ်လာသောဖုန်းဖြစ်ပြီး သူ၏ မြေကွက်ပေါ်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန် အိမ်တစ်လုံးရောက်နေကြောင်း အသိပေးလာခြင်း ဖြစ်သည်။

ထိုစဉ်က ဖုန်းပြောခဲ့သည့်အကြောင်း ကဲနစ္စဘာ့ဂ်က CT Insider သတင်းဌာနသို့ “ကျွန်တော် သူ့ကို ပြောခဲ့တာ က အဲဒီမြေကွက်ကို ငါပိုင်တယ်။ ဘယ်တုန်းကမှ ပြန်မရောင်းထားဘူး”ဟု ပြောခဲ့ပြီး အလွန်တုန်လှုပ်သွားခဲ့မိ ကြောင်းလည်း ၎င်းက ပြောသည်။

ထို့နောက် အဆိုပါ မြေနေရာသို့ သွားရောက်ကြည့်ရှုရာ အပြီးသတ်လုနီးပါးဖြစ်နေသည့် အိပ်ခန်း ၄ ခန်းပါ အိမ် ၁ လုံးကိုတွေ့ရပြီး အိမ်တန်ကြေးမှာ ဒေါ်လာ ၁ ဒသမ ၄၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

အဆိုပါအိမ်မှာ အရောင်းဈေးကွက်တင် ရောင်းချထားပြီး အိမ်ခြံမြေမှတ်တမ်းများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် 51 Sky Top Partners LLC ထံ ကန်ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်ကို တွေ့ရသည်။

ကဲနစ္စဘာ့ဂ်က ပြောသည်မှာ ထိုအရောင်းအဝယ်နှင့် ပတ်သက်ပြီး လုံးဝ မသိခဲ့ရကြောင်း ပြောသည်။

ကဲနစ္စဘာ့ဂ်က အဆိုပါ ကုမ္ပဏီကို အမှု ၉ ခုဖြင့် တရားစွဲထားသည်။

 

အဆိုပါ အမှုများတွင် ကျူးကျော်မှု ၊ တရားမဝင် ခိုးယူမှုနှင့် မသမာသော ရောင်းဝယ်မှုများ ပါဝင်ပြီး နစ်နာကြေး ဒေါ်လာ ၂ သန်း ရလိုမှုလည်း ပါဝင်သည်။

ယခုကဲ့သို့ တရားစွဲဆိုမှုဖြင့် မြေအရောင်းအဝယ်ကို ပယ်ဖျက်နိုင်မည်ဟု ကဲနစ္စဘာ့ဂ်က မျှော်လင့်ထားသည်။

ကဲနစ္စဘာ့ဂ်က အဆိုပါ ကုမ္ပဏီအား မြေပေါ်ရှိ အဆောက်အအုံ (သို့မဟုတ်) ပစ္စည်းများအားလုံးကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။

သတင်းများအရ ထိုကုမ္ပဏီမှာလည်း မြေနေရာကို အလိမ်ခံရကာ ဝယ်ယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man returns to land he bought in 1991 for home to find a $1.5m house already on it (supercarblondie)

Photo Credit: -pixabay, RMA Long Island IVF

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service