အာဆင်နယ်၊ စပါးနှင့် အင်္ဂလန်လက်ရွေးစင် ဘောလုံးကြယ်ပွင့်ဟောင်း ဆိုးလ်ကင်းဘဲ လန်ဒန်မြို့ရှိ အိပ်ခန်း ၈ ခန်းပါအိမ်ကို အိမ်ငှားထံမှ အိမ်လခ ပေါင် ၁ ဒသမ ၅ သန်းအထိ မရသောကြောင့် အရောင်းဈေးကွက်တင်

အာဆင်နယ်၊ စပါးနှင့် အင်္ဂလန်လက်ရွေးစင် ဘောလုံးကြယ်ပွင့်ဟောင်း ဆိုးလ်ကင်းဘဲ လန်ဒန်မြို့ရှိ အိပ်ခန်း ၈ ခန်းပါအိမ်ကို အိမ်ငှားထံမှ အိမ်လခ ပေါင် ၁ ဒသမ ၅ သန်းအထိ မရသောကြောင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
13 Mar 2024 12:00 pm တွင် တင်ခဲ့သည်
456 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်လက်ရွေးစင်အသင်း နောက်တန်းခံစစ်မှူးဟောင်း ဆိုးလ်ကင်းဘဲသည် လန်ဒန်မြို့ ၊ ချယ်လ်ဆီးအရပ်ရှိ အိပ်ခန်း ၈ ခန်းပါ မြို့ပေါ်အိမ်ကို ပေါင် ၁၀ သန်း ဈေးနှုန်းလျှော့ချကာ အရောင်းဈေးကွက်တင်လာရသည်။

အိမ်ငှားများက ပေါင် ၁ ဒသမ ၅ သန်း လိမ်လည်သွားခဲ့ပြီးနောက် ယခုကဲ့သို့ နေအိမ်ကို ဈေးလျှော့ကာ ဈေးကွက်တင်လာခြင်း ဖြစ်သည်။

ဆိုးလ်ကင်းဘဲသည် ပရီးမီးယားလိဂ်အသင်းများဖြစ်သော စပါး၊ အာဆင်နယ် ၊ ပို့စမောက်၊ နယူးကာဆယ် တို့တွင် ပါဝင်ကစားခဲ့ဖူးသည်။

ချယ်လ်ဆီးအရပ် Cheyne Walk လမ်းတွင် တည်ရှိပြီး Grade II အဆင့် သမိုင်းဝင် အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသည်။

ဆိုးလ်ကင်းဘဲက ကိုယ်ပိုင်ဓာတ်လှေကားပါသော အဆိုပါအိမ်ကို မူလက ပေါင် ၂၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုအိမ်ကို သူ၏ လက်တွဲဖော်ဟောင်း အိမ်တွင်းဒီဇိုင်နာ Kelly Hoppen က မွမ်းမံပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

ဆိုးလ်ကင်းဘဲ ယခုဈေးခေါ်ထားသည်မှာ ပေါင် ၁၅ သန်းဖြစ်ရာ လွန်ခဲ့သော ၅ နှစ်က ခေါ်ဈေးအောက် ၄၀ ရာခိုင်နှုန်းအထိ နည်းပါးသော ဈေးနှုန်းဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသော Knight Frank အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်တို့က ပြောသည်မှာ ယခုအိမ်သည် Grade II အဆင့် သတ်မှတ်ခံထားရသောအိမ်ဖြစ်ပြီး သိမ်းမြစ်ကို စီးမိုးတွေ့မြင်နေရကာ ပြန်လည်မွမ်းမံမှုများ ကြီးမားစွာ ပြုလုပ်ထားကြောင်း ပြောသည်။

စံအိမ်တွင် အထပ် ၅ ထပ်ပါဝင်ပြီး အိပ်ခန်း ၆ ခန်းရှိကာ ရှေးအခါက ရထားလုံး ထားသိုခဲ့ရာ ဂိုဒေါင်တစ်ခုသို့ မြေအောက်လူသွားလမ်းတစ်ခုဖြင့် ဆက်သွယ်ထားသည်။

(ဆိုးလ်ကင်းဘဲ၏ လက်တွဲဖော်ဟောင်း အိမ်တွင်းဒီဇိုင်နာ Kelly Hoppen က မွမ်းမံပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။) 

(အရောင်းဈေးကွက်တင်ပေးသော Knight Frank အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်တို့က ပြောသည်မှာ ယခုအိမ်သည် Grade II အဆင့် သတ်မှတ်ခံထားရသောအိမ်ဖြစ်ပြီး သိမ်းမြစ်ကို စီးမိုးတွေ့မြင်နေရကာ ပြန်လည်မွမ်းမံမှုများ ကြီးမားစွာ ပြုလုပ်ထားကြောင်း ပြောသည်။)

 (စံအိမ်တွင် အထပ် ၅ ထပ်ပါဝင်ပြီး အိပ်ခန်း ၆ ခန်းရှိကာ ရှေးအခါက ရထားလုံး ထားသိုခဲ့ရာ ဂိုဒေါင်တစ်ခုသို့ မြေအောက်လူသွားလမ်းတစ်ခုဖြင့် ဆက်သွယ်ထားသည်။)

 (ဆိုးလ်ကင်းဘဲက ယခုအိမ်ကို အမြန်ရောင်းထွက်ရန် ကြိုးစားနေသည်။)

ဆိုးလ်ကင်းဘဲက Daily Mail သတင်းဌာနသို့ ပြောခဲ့သည်မှာ အိမ်ငှားတစ်ဦး ပေါင် ၁ ဒသမ ၅ သန်း လိမ်လည်သွားခဲ့ကြောင်း၊ ထိုအိမ်ငှားက အိမ်လခပေးရန် ငြင်းဆန်ခဲ့ကြောင်း ပြောသည်။

ဆိုးလ်ကင်းဘဲသည် အိမ်ငှားအပြင် အငှားချပေးခဲ့သည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Savills တို့အပေါ် အလွန်အမျက်ထွက်ခဲ့သည်။

ဆိုးလ်ကင်းဘဲက ယခုအိမ်ကို ၂၀၂၁ ခုနှစ် နွေရာသီက အငှားချထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းက ရှင်းပြသည်မှာ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး Savill ကုမ္ပဏီက ထိုအိမ်ငှားကို အငှားချထားခဲ့ခြင်း ဖြစ်ကြောင်း ၊ ကနဦးတွင်မူ အားလုံးအဆင်ပြေနေကြောင်း အိမ်ငှားက ၎င်း၏ အာမခံလုပ်ငန်းကို ပေါင် ၁ ဘီလီယံဖြင့် ရောင်းချခဲ့သည်ဟု ယူဆရကြောင်း ပြောသည်။

(ဆိုးလ်ကင်းဘဲက Daily Mail သတင်းဌာနသို့ ပြောခဲ့သည်မှာ အိမ်ငှားတစ်ဦး ပေါင် ၁ ဒသမ ၅ သန်း လိမ်လည်သွားခဲ့ကြောင်း၊ ထိုအိမ်ငှားက အိမ်လခပေးရန် ငြင်းဆန်ခဲ့ကြောင်း ပြောသည်။)

(ဆိုးလ်ကင်းဘဲနှင့် သူ၏ လက်တွဲဖော်ဟောင်း)

“သူက စပေါ်ငွေနဲ့ အိမ်လခ ၃ လစာ ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူ့ဆီက တစ်ပြားမှ ထပ်မရတော့ပါဘူး။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ex-England footballer Sol Campbell knocks another £10m off his eight-bed Chelsea townhouse to £15m - after being 'cheated out of £1.5m' by renters of the property (dailymail)

Photo Credit:  Getty image 

[Zawgyi]

အာဆင္နယ္၊ စပါးႏွင့္ အဂၤလန္လက္ေရြးစင္ ေဘာလံုးၾကယ္ပြင့္ေဟာင္း ဆိုးလ္ကင္းဘဲ လန္ဒန္ျမိဳ႕ရွိ အိပ္ခန္း ၈ ခန္းပါအိမ္ကို အိမ္ငွားထံမွ အိမ္လခ ေပါင္ ၁ ဒသမ ၅ သန္းအထိ မရေသာေၾကာင့္ အေရာင္းေစ်းကြက္တင္

အဂၤလန္လက္ေရြးစင္အသင္း ေနာက္တန္းခံစစ္မွဴးေဟာင္း ဆိုးလ္ကင္းဘဲသည္ လန္ဒန္ျမဳိ႕ ၊ ခ်ယ္လ္ဆီးအရပ္ရွိ အိပ္ခန္း ၈ ခန္းပါ ျမဳိ႕ေပၚအိမ္ကို ေပါင္ ၁၀ သန္း ေစ်းႏႈန္းေလွ်ာ့ခ်ကာ အေရာင္းေစ်းကြက္တင္လာရသည္။

အိမ္ငွားမ်ားက ေပါင္ ၁ ဒသမ ၅ သန္း လိမ္လည္သြားခဲ့ျပီးေနာက္ ယခုကဲ့သို႔ ေနအိမ္ကို ေစ်းေလွ်ာ့ကာ ေစ်းကြက္တင္လာျခင္း ျဖစ္သည္။

ဆိုးလ္ကင္းဘဲသည္ ပရီးမီးယားလိဂ္အသင္းမ်ားျဖစ္ေသာ စပါး၊ အာဆင္နယ္ ၊ ပို႔စေမာက္၊ နယူးကာဆယ္ တို႔တြင္ ပါဝင္ကစားခဲ့ဖူးသည္။

ခ်ယ္လ္ဆီးအရပ္ Cheyne Walk လမ္းတြင္ တည္ရွိျပီး Grade II အဆင့္ သမိုင္းဝင္ အေဆာက္အအံုအျဖစ္ သတ္မွတ္ခံထားရသည္။

ဆိုးလ္ကင္းဘဲက ကိုယ္ပိုင္ဓာတ္ေလွကားပါေသာ အဆိုပါအိမ္ကို မူလက ေပါင္ ၂၅ သန္းျဖင့္ ေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

ထိုအိမ္ကို သူ၏ လက္တြဲေဖာ္ေဟာင္း အိမ္တြင္းဒီဇိုင္နာ Kelly Hoppen က မြမ္းမံျပင္ဆင္ေပးခဲ့ျခင္း ျဖစ္သည္။

ဆိုးလ္ကင္းဘဲ ယခုေစ်းေခၚထားသည္မွာ ေပါင္ ၁၅ သန္းျဖစ္ရာ လြန္ခဲ့ေသာ ၅ ႏွစ္က ေခၚေစ်းေအာက္ ၄၀ ရာခိုင္ႏႈန္းအထိ နည္းပါးေသာ ေစ်းႏႈန္းျဖစ္သည္။

အေရာင္းေစ်းကြက္တင္ေပးေသာ Knight Frank အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္တုိ႔က ေျပာသည္မွာ ယခုအိမ္သည္ Grade II အဆင့္ သတ္မွတ္ခံထားရေသာအိမ္ျဖစ္ျပီး သိမ္းျမစ္ကို စီးမိုးေတြ႔ျမင္ေနရကာ ျပန္လည္မြမ္းမံမႈမ်ား ၾကီးမားစြာ ျပဳလုပ္ထားေၾကာင္း ေျပာသည္။

စံအိမ္တြင္ အထပ္ ၅ ထပ္ပါဝင္ျပီး အိပ္ခန္း ၆ ခန္းရွိကာ ေရွးအခါက ရထားလံုး ထားသိုခဲ့ရာ ဂိုေဒါင္တစ္ခုသို႔ ေျမေအာက္လူသြားလမ္းတစ္ခုျဖင့္ ဆက္သြယ္ထားသည္။

(ဆိုးလ္ကင္းဘဲ၏ လက္တြဲေဖာ္ေဟာင္း အိမ္တြင္းဒီဇိုင္နာ Kelly Hoppen က မြမ္းမံျပင္ဆင္ေပးခဲ့ျခင္း ျဖစ္သည္။)

(အေရာင္းေစ်းကြက္တင္ေပးေသာ Knight Frank အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္တုိ႔က ေျပာသည္မွာ ယခုအိမ္သည္ Grade II အဆင့္ သတ္မွတ္ခံထားရေသာအိမ္ျဖစ္ျပီး သိမ္းျမစ္ကို စီးမိုးေတြ႔ျမင္ေနရကာ ျပန္လည္မြမ္းမံမႈမ်ား ၾကီးမားစြာ ျပဳလုပ္ထားေၾကာင္း ေျပာသည္။)

(စံအိမ္တြင္ အထပ္ ၅ ထပ္ပါဝင္ျပီး အိပ္ခန္း ၆ ခန္းရွိကာ ေရွးအခါက ရထားလံုး ထားသိုခဲ့ရာ ဂိုေဒါင္တစ္ခုသို႔ ေျမေအာက္လူသြားလမ္းတစ္ခုျဖင့္ ဆက္သြယ္ထားသည္။)

(ဆိုးလ္ကင္းဘဲက ယခုအိမ္ကို အျမန္ေရာင္းထြက္ရန္ ၾကိဳးစားေနသည္။)

ဆိုးလ္ကင္းဘဲက Daily Mail သတင္းဌာနသုိ႔ ေျပာခဲ့သည္မွာ အိမ္ငွားတစ္ဦး ေပါင္ ၁ ဒသမ ၅ သန္း လိမ္လည္သြားခဲ့ေၾကာင္း၊ ထိုအိမ္ငွားက အိမ္လခေပးရန္ ျငင္းဆန္ခဲ့ေၾကာင္း ေျပာသည္။

ဆိုးလ္ကင္းဘဲသည္ အိမ္ငွားအျပင္ အငွားခ်ေပးခဲ့သည့္ အိမ္ျခံေျမအက်ဳိးေဆာင္ကုမၸဏီ Savills တို႔အေပၚ အလြန္အမ်က္ထြက္ခဲ့သည္။

ဆိုးလ္ကင္းဘဲက ယခုအိမ္ကို ၂၀၂၁ ခုႏွစ္ ေႏြရာသီက အငွားခ်ထားရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

၎က ရွင္းျပသည္မွာ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ျပီး Savill ကုမၸဏီက ထိုအိမ္ငွားကို အငွားခ်ထားခဲ့ျခင္း ျဖစ္ေၾကာင္း ၊ ကနဦးတြင္မူ အားလံုးအဆင္ေျပေနေၾကာင္း အိမ္ငွားက ၎၏ အာမခံလုပ္ငန္းကို ေပါင္ ၁ ဘီလီယံျဖင့္ ေရာင္းခ်ခဲ့သည္ဟု ယူဆရေၾကာင္း ေျပာသည္။

(ဆိုးလ္ကင္းဘဲက Daily Mail သတင္းဌာနသုိ႔ ေျပာခဲ့သည္မွာ အိမ္ငွားတစ္ဦး ေပါင္ ၁ ဒသမ ၅ သန္း လိမ္လည္သြားခဲ့ေၾကာင္း၊ ထိုအိမ္ငွားက အိမ္လခေပးရန္ ျငင္းဆန္ခဲ့ေၾကာင္း ေျပာသည္။)

(ဆိုးလ္ကင္းဘဲႏွင့္ သူ၏ လက္တြဲေဖာ္ေဟာင္း)

“သူက စေပၚေငြနဲ႔ အိမ္လခ ၃ လစာ ေပးခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း သူ႔ဆီက တစ္ျပားမွ ထပ္မရေတာ့့ပါဘူး။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ex-England footballer Sol Campbell knocks another £10m off his eight-bed Chelsea townhouse to £15m - after being 'cheated out of £1.5m' by renters of the property (dailymail)

Photo Credit:  Getty image 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
mya-villa
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service