ကယ်လီဖိုးနီးယားပြည်နယ်တွင် ချောက်ကမ်းပါးထိပ်၌ ဆောက်လုပ်ထားသော ဒေါ်လာ ၁၆ သန်းတန် စံအိမ်ကြီး ပင်လယ်အတွင်း ပြိုကျဖွယ်အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း ပိုင်ရှင်ဖြစ်သူ ဆရာဝန်က ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက်နေထိုင်လျက်ရှိ

ကယ်လီဖိုးနီးယားပြည်နယ်တွင် ချောက်ကမ်းပါးထိပ်၌ ဆောက်လုပ်ထားသော ဒေါ်လာ ၁၆ သန်းတန် စံအိမ်ကြီး ပင်လယ်အတွင်း ပြိုကျဖွယ်အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း ပိုင်ရှင်ဖြစ်သူ ဆရာဝန်က ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက်နေထိုင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Mar 2024 10:53 am တွင် တင်ခဲ့သည်
1625 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် ချောက်ကမ်းပါးစွန်းတွင် ဆောက်လုပ်ထားသော ဒေါ်လာ သန်းပေါင်းများစွာတန်ကြေးရှိ စံအိမ်ကြီး ၃ လုံးမှာ သည်းထန်သော မိုးသက်မုန်တိုင်းများကြောင့် ကြီးမားစွာ မြေပြိုမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ပင်လယ်အတွင်း အိမ်ပြိုကျတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိသည်။

ဗွီဒီယိုဖိုင်တို့တွင် တွေ့မြင်ရမှုအရ ကယ်လီဖိုးနီးယားပြည်နယ်၊ Dana Point မြို့တွင် ပစိဖိတ်သမုဒ္ဒရာကို စီးမိုး တွေ့မြင်နေရသော ချောက်ကမ်းပါးစွန်းတွင် စံအိမ်ကြီး ၃ လုံးကို တွေ့ရသည်။

 

 

စံအိမ် ၃ လုံးမှာ ဆက်လက်နေထိုင်ရန် ဘေးကင်းသေးသည်ဟု ယူဆရသော်လည်း ယင်းတို့အနက် အိပ်ခန်း ၄ ခန်းပါဝင်ပြီး ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းတန်ကြေးရှိ စံအိမ်ကြီးတစ်လုံးမှာ ချောက်ကမ်းပါးအစွန်းနှင့် အလွန်တရာ နီးကပ်နေပြီဖြစ်သည်ကို တွေ့ရသည်။

နယူးယောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါအိမ်၏ အိမ်ရှင်မှာ ရေဒီယိုရောင်ခြည်ကုသမှု ပညာရှင် အသက် ၈၂ နှစ်အရွယ်ရှိ Lewis Bruggeman ဖြစ်သည်။

Lewis က KCAL သတင်းဌာနသို့ ပြောသည်မှာ “အိမ်က အခြေအနေကောင်းပါတယ်။ အန္တရာယ်မရှိပါဘူး။ စိုးရိမ်စရာအခြေအနေလို့ တံဆိပ်ကပ်လို့ မရပါဘူး။”ဟု ဆိုသည်။

“ဒီအိမ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကြံ့ခိုင်မှုပြဿနာမရှိဘူးလို့ မြို့အုပ်ချုပ်ရေးအဖွဲ့ကလည်း လက်ခံထား ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

Dana Point မြို့အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Mike Killebrew က Lewis ၏ ပြောဆိုမှုကို ထောက်ခံသည်။

Killebrew က CBS News သတင်းဌာသို့ ပြောသည်မှာ ဘူမိနည်းပညာအင်ဂျင်နီယာတစ်ဦးနှင့် အဆောက်အအုံ စုံစမ်းစစ်ဆေးရေးမှူးတို့ Lewis ၏ အိမ်သို့ သွားရောက်ခဲ့ကာ နေအိမ်၏ အခြေအနေကို အကဲဖြတ်တွက်ချက်ခဲ့ကြကြောင်း ပြောသည်။

“ဒီအိမ်အတွက် လတ်တလော အန္တရာယ်မရှိဘူးလို့ သူတို့က ယူဆပါတယ်”

ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ ချောက်ကမ်းပါး၏ တစိတ်တဒေသမှာ ပင်လယ်အတွင်း ပြိုကျမှု ဖြစ်ပေါ်ခဲ့သည် ကို ထင်ရှားစွာ တွေ့ရသည်။

Lewis ၏ အိမ်ဘေးတွင် တည်ရှိသော အိမ်များမှာ ကန်ဒေါ်လာ ၁၄ ဒသမ ၁ သန်းနှင့် ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်း အသီးသီး တန်ကြေးရှိကြောင်း နယူးယောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

 

အမေရိကန် မိုးလေဝသဌာန (National Weather Service)က ထုတ်ပြန်သည်မှာ မတ်လအတွင်း လော့စ်အိန်ဂျလိတခွင် မိုးများရွာသွန်းမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

Lewis ၏ သားဖြစ်သူ Kurt Bruggeman က ပြောသည်မှာ အိမ်နီးချင်းများ၏ နေအိမ်များမှာလည်း ဘေးကင်းသော အခြေအနေရှိကြောင်း၊ မြေပြိုမှု ဖြစ်ပွားချိန်တွင် မိမိတို့ မိသားစု အိမ်တွင်မရှိကြကြောင်း ပြောသည်ဟု Times မဂ္ဂဇင်းက ဖော်ပြသည်။

 

(ဆက်စပ်သတင်း)

Rap-Rock အဆိုတော် Kid Rock ၏ ဖလော်ရီဒါမှ စံအိမ် ရေတိုက်စားမှုကြောင့် ပင်လယ်ထဲသို့ ပြိုကျတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

https://www.imyanmarhouse.com/news/read/1101364

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California Doctor Refuses to Leave $16M Cliffside Mansion Despite Landslide Concerns (complex)

Photo Credit: complex,dailymail

 

 

[Zawgyi]

ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေခ်ာက္ကမ္းပါးထိပ္၌ ေဆာက္လုပ္ထားေသာ ေဒၚလာ ၁၆ သန္းတန္ စံအိမ္ၾကီး ပင္လယ္အတြင္း ျပိဳက်ဖြယ္အလားအလာႏွင့္ ရင္ဆိုင္ေနရေသာ္လည္း ပိုင္ရွင္ျဖစ္သူ ဆရာဝန္က ေျပာင္းေရႊ႕ျခင္းမရွိဘဲ ဆက္လက္ေနထိုင္လ်က္ရွိ

 

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားျပည္နယ္ေတာင္ပိုင္းတြင္ ေခ်ာက္ကမ္းပါးစြန္းတြင္ ေဆာက္လုပ္ထားေသာ ေဒၚလာ သန္းေပါင္းမ်ားစြာတန္ေၾကးွရိွ စံအိမ္ၾကီး ၃ လံုးမွာ သည္းထန္ေသာ မိုးသက္မုန္တိုင္းမ်ားေၾကာင့္ ၾကီးမားစြာ ေျမျပိဳမႈမ်ား ေပၚေပါက္ခဲ့ျပီးေနာက္ပိုင္း ပင္လယ္အတြင္း အိမ္ျပိဳက်ေတာ့မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ရ လ်က္ရွိသည္။

ဗြီဒီယိုဖိုင္တို႔တြင္ ေတြ႔ျမင္ရမႈအရ ကယ္လီဖိုးနီးယားျပည္နယ္၊ Dana Point ျမိဳ႕တြင္ ပစိဖိတ္သမုဒၵရာကို စီးမိုး ေတြ႔ျမင္ေနရေသာ ေခ်ာက္ကမ္းပါးစြန္းတြင္ စံအိမ္ၾကီး ၃ လံုးကို ေတြ႔ရသည္။

စံအိမ္ ၃ လံုးမွာ ဆက္လက္ေနထုိင္ရန္ ေဘးကင္းေသးသည္ဟု ယူဆရေသာ္လည္း ယင္းတို႔အနက္ အိပ္ခန္း ၄ ခန္းပါဝင္ျပီး ကန္ေဒၚလာ ၁၅ ဒသမ ၉ သန္းတန္ေၾကးရွိ စံအိမ္ၾကီးတစ္လံုးမွာ ေခ်ာက္ကမ္းပါးအစြန္းႏွင့္ အလြန္တရာ နီးကပ္ေနျပီျဖစ္သည္ကို ေတြ႔ရသည္။

နယူးေယာက္ပို႔စ္သတင္းဌာန၏ ေဖာ္ျပခ်က္အရ အဆိုပါအိမ္၏ အိမ္ရွင္မွာ ေရဒီယိုေရာင္ျခည္ကုသမႈ ပညာရွင္ အသက္ ၈၂ ႏွစ္အရြယ္ရွိ Lewis Bruggeman ျဖစ္သည္။

Lewis က KCAL သတင္းဌာနသို႔ ေျပာသည္မွာ “အိမ္က အေျခအေနေကာင္းပါတယ္။ အႏၱရာယ္မရွိပါဘူး။ စိုးရိမ္စရာအေျခအေနလို႔ တံဆိပ္ကပ္လို႔ မရပါဘူး။”ဟု ဆိုသည္။

“ဒီအိမ္နဲ႔ ပတ္သက္ျပီး အေရးၾကီးတဲ့ ၾကံ႕ခိုင္မႈျပႆနာမရွိဘူးလို႔ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ကလည္း လက္ခံထား ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

Dana Point ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ အၾကီးအကဲ Mike Killebrew က Lewis ၏ ေျပာဆိုမႈကို ေထာက္ခံသည္။

Killebrew က CBS News သတင္းဌာသို႔ ေျပာသည္မွာ ဘူမိနည္းပညာအင္ဂ်င္နီယာတစ္ဦးႏွင့္ အေဆာက္အအံု စံုစမ္းစစ္ေဆးေရးမွဴးတုိ႔ Lewis ၏ အိမ္သို႔ သြားေရာက္ခဲ့ကာ ေနအိမ္၏ အေျခအေနကို အကဲျဖတ္တြက္ခ်က္ခဲ့ၾကေၾကာင္း ေျပာသည္။ “ဒီအိမ္အတြက္ လတ္တေလာ အႏၱရာယ္မရွိဘူးလို႔ သူတို႔က ယူဆပါတယ္”

ဗြီဒီယိုဖိုင္တြင္ ေတြ႔ျမင္ရမႈအရ ေခ်ာက္ကမ္းပါး၏ တစိတ္တေဒသမွာ ပင္လယ္အတြင္း ျပိဳက်မႈ ျဖစ္ေပၚခဲ့သည္ ကို ထင္ရွားစြာ ေတြ႔ရသည္။

Lewis ၏ အိမ္ေဘးတြင္ တည္ရွိေသာ အိမ္မ်ားမွာ ကန္ေဒၚလာ ၁၄ ဒသမ ၁ သန္းႏွင့္ ကန္ေဒၚလာ ၁၂ ဒသမ ၉ သန္း အသီးသီး တန္ေၾကးရွိေၾကာင္း နယူးေယာက္ပို႔စ္ သတင္းတြင္ ေဖာ္ျပသည္။

အေမရိကန္ မိုးေလဝသဌာန (National Weather Service)က ထုတ္ျပန္သည္မွာ မတ္လအတြင္း ေလာ့စ္အိန္ဂ်လိတခြင္ မိုးမ်ားရြာသြန္းမည္ျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။

Lewis ၏ သားျဖစ္သူ Kurt Bruggeman က ေျပာသည္မွာ အိမ္နီးခ်င္းမ်ား၏ ေနအိမ္မ်ားမွာလည္း ေဘးကင္းေသာ အေျခအေနရွိေၾကာင္း၊ ေျမျပိဳမႈ ျဖစ္ပြားခ်ိန္တြင္ မိမိတို႔ မိသားစု အိမ္တြင္မရွိၾကေၾကာင္း ေျပာသည္ဟု Times မဂၢဇင္းက ေဖာ္ျပသည္။

 

(ဆက္စပ္သတင္း)

Rap-Rock အဆိုေတာ္ Kid Rock ၏ ဖေလာ္ရီဒါမွ စံအိမ္ ေရတိုက္စားမႈေၾကာင့္ ပင္လယ္ထဲသို႔ ျပိဳက်ေတာ့မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ေနရ

https://www.imyanmarhouse.com/news/read/1101364

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: California Doctor Refuses to Leave $16M Cliffside Mansion Despite Landslide Concerns (complex)

Photo Credit: complex,dailymail

  

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service