ကိုက်လန်၊ မုန်ညှင်းစိမ်း၊ မုန်လာဥနှင့် ရုံးပတီတို့ကို ကိုယ်တိုင်စိုက်ပျိုးစားသုံးသူ၊ အမေရိကန်ပြည်ထောင်စု၏ အသက်အရှည်ဆုံး ၁၁၄ နှစ်အရွယ် အမျိုးသမီး အဲလစ်ဇဘက် ဖရန့်စစ်
ကိုက်လန်၊ မုန်ညှင်းစိမ်း၊ မုန်လာဥနှင့် ရုံးပတီတို့ကို ကိုယ်တိုင်စိုက်ပျိုးစားသုံးသူ၊ အမေရိကန်ပြည်ထောင်စု၏ အသက်အရှည်ဆုံး ၁၁၄ နှစ်အရွယ် အမျိုးသမီး အဲလစ်ဇဘက် ဖရန့်စစ် - Property News in Myanmar from iMyanmarHouse.com
5 Mar 2024 11:26 am တွင် တင်ခဲ့သည်
1247 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့၏နေရာတွင် William Taft က ၁၉၀၉ ခုနှစ်၌ ဆက်ခံ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုအချိန်က အမျိုးသမီးများ မဲပေးပိုင်ခွင့် မရှိသေး။
ထိုနှစ်တွင် အဲလစ်ဇဘက် ဖရန့်စစ်ကို မွေးဖွားခဲ့သည်။
အဲလစ်ဇဘက် ဖရန့်စစ်သည် ယခုအခါ အမေရိကန်ပြည်ထောင်စု၏ အသက်အကြီးဆုံးဖြစ်လာသော အမျိုးသမီး ဖြစ်သည်။
ပြီးခဲ့သော ကြာသပတေးနေ့က အမေရိကန်၏ အသက်အကြီးဆုံးဖြစ်သူ Edie Ceccarelli ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၁၁၆ နှစ်၊ ၁၇ ရက်ရှိပြီ ဖြစ်သည်။
Edie ကွယ်လွန်ပြီးနောက် အဲလစ်ဇဘက် ဖရန့်စစ်မှာ အမေရိကန်၏ အသက်အကြီးဆုံး ဖြစ်လာသည်။
အဲလစ်ဇဘက် ဖရန့်စစ်သည် ယခုသတင်းရေးသားနေချိန်တွင် အသက် ၁၁၄ နှစ်၊ ၂၁၇ ရက်ရှိပြီဖြစ်သည်။
အဲလစ်ဇဘက်သည် လူဝီစီယားနားပြည်နယ်တွင် မွေးဖွားခဲ့သော်လည်း ၁၉၂၀ ပြည့်နှစ်တွင် တက္ကဆပ်ပြည်နယ် သို့ ပြောင်းရွှေ့အခြေချခဲ့သည်။
အဲလစ်ဇဘက်သည် လက်ရှိအားဖြင့် အသက် ၉၄ နှစ်ရှိပြီဖြစ်သော သမီးဖြစ်သူ ဒေါ်ရသီ ဝီလျံစ်နှင့်အတူ နေထိုင်လျက်ရှိပြီး သူနာပြုများ နေ့စဉ်လာရောက် စောင့်ရှောက်ပေးနေကြောင်း Today သတင်းဌာနက ဖော်ပြသည်။
အသက် ၁၀၈ နှစ်အရွယ် ၂၀၁၇ ခုနှစ်တွင် wheelchair စတင်အသုံးပြုခဲ့ရကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။
ဝါရှင်တန်ပို့စ်သတင်းဌာနက အဲလစ်ဇဘက်အား တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ချိန်တွင် အိပ်ယာထဲတွင်သာ နေရသည့် အခြေအနေတွင် ရှိသည်။
အဲလစ်ဇဘက်သည် မှတ်ဉာဏ်ချွတ်ယွင်းမှုများ ခံစားနေရသော်လည်း သတိကောင်းစွာရှိသေးပြီး မိသားစုဝင်များကို မှတ်မိသေးကြောင်း သမီးဖြစ်သူ ဒေါ်ရသီ ဝီလျံစ်က ပြောသည်။
အသက်အလွန်ရှည်သူတို့ကို အသက်အတည်ပြုပေးသည့် အဖွဲ့အစည်းဖြစ်သော LongeviQuest မှ သုတေသီ တို့က ပြီးခဲ့သောနှစ် ဇူလိုင်လတွင် ကျရောက်သော အဲလစ်ဇဘက်၏ ၁၁၄ နှစ်မြောက် မွေးနေ့သို့ သွားရောက် ခဲ့ကြသည်။
အဲလစ်ဇဘက်မှာ သူ့ထံလာရောက်သော ဧည့်သည်များကို ၄ နာရီခန့် လက်ခံတွေ့ဆုံနိုင်ခဲ့သည်။
အဲလစ်ဇဘက် ဖရန့်စစ်တွင် အသက် ၁၁၄ နှစ်အထိ အသက်ရှည်ရခြင်း၏ လျှို့ဝှက်ချက်များ မရှိချေ။
သူက မိမိအသက်ရှည်ရခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဖြစ်ကြောင်း ပြောသည်။
“အဘွားမှာ လျှို့ဝှက်ချက် မရှိပါဘူး။ ဘုရားကျေးဇူးတော်ပါ။ အခုလို အသက်ရှည်ရှည်နေနိုင်မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”
သို့သော် သူ၏ မိသားစုက ပြောသည်မှာ အဲလစ်ဇဘက်အသက်ရှည်ရခြင်းတွင် ဘဝနေထိုင်မှုဟန်ပန်များ ကြောင့် ဖြစ်နိုင်ကြောင်း ယူဆသည်ဟု ဆိုသည်။
အဲလစ်ဇဘက်က ကျန်းမာရေးကို အမြဲဂရုစိုက်သည်။
အသက် ၉၀ အထိ ပုံမှန်လမ်းလျှောက်ပြီး ဆေးလိပ်၊ အရက်သေစာ လုံးဝမသောက်စားကြောင်း မြေးမ ဖြစ်သူ Ethel Harrison က Today သတင်းဌာနသို့ ပြောသည်။
ကိုက်လန်၊ မုန်ညှင်းစိမ်း၊ မုန်လာဥနှင့် ရုံးပတီကဲ့သို့ ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးကာ ချက်ပြုတ် လေ့ရှိသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A 114-year-old Texan is now the oldest living American. Here are 6 lifestyle choices that may have helped her stay healthy for so long (businessinsider)
Photo Credit: Emmanuel Rodriguez, LongeviQuest
[Zawgyi]
အဲလစ်ဇဘက်သည် မှတ်ဥာဏ်ချွတ်ယွင်းမှုများ ခံစားနေရသော်လည်း သတိကောင်းစွာရှိသေးပြီး မိသားစုဝင် များကို မှတ်မိသေးကြောင်း သမီးဖြစ်သူ ဒေါ်ရသီ ဝီလျံစ်က ပြောသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service