အသက် ၃၂ နှစ်အရွယ်တွင် အလုပ်ထွက်ကာ အာရှနှင့် တောင်အမေရိကနိုင်ငံပေါင်း ၁၈ နိုင်ငံသို့ ဒေါ်လာ ၃၄၀၀၀ သုံးစွဲကာ ခရီးထွက်ခဲ့သည့် အမျိုးသမီးက အိမ်ဝယ်ရန် ငွေမစုဆောင်းမိခဲ့မှုအပေါ် နောင်တရ

အသက် ၃၂ နှစ်အရွယ်တွင် အလုပ်ထွက်ကာ အာရှနှင့် တောင်အမေရိကနိုင်ငံပေါင်း ၁၈ နိုင်ငံသို့ ဒေါ်လာ ၃၄၀၀၀ သုံးစွဲကာ ခရီးထွက်ခဲ့သည့် အမျိုးသမီးက အိမ်ဝယ်ရန် ငွေမစုဆောင်းမိခဲ့မှုအပေါ် နောင်တရ - Property News in Myanmar from iMyanmarHouse.com
27 Feb 2024 1:45 pm တွင် တင်ခဲ့သည်
1099 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မိမိအနှစ်သက်ဆုံးဖြစ်ခဲ့သောအလုပ်မှထွက်ကာ ကမ္ဘာပတ်ခဲ့သော အမျိုးသမီးတစ်ဦးက အိမ်ဝယ်ရန် (သို့မဟုတ်) အိုမင်းမစွမ်းရှိချိန်အတွက် ငွေအလုံအလောက် မစုဆောင်းမိခဲ့မှုအပေါ် နောင်တရလျက်ရှိသည်။

ဟယ်လင် ချောင် (Helen Zhao) အမည်ရှိ အမျိုးသမီးသည် ကယ်လီဖိုးနီးယားသူ တစ်ဦးဖြစ်ပြီး ယခင်က CNBC သတင်းဌာနတွင် ဗွီဒီယိုထုတ်လုပ်သူ၊ စာရေးသူ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

(ဟယ်လင်ချောင်ကို ဘာလီကျွန်းတွင် တွေ့ရပုံ။ ဓာတ်ပုံ-Helen Zhao)

 

သူမသည် LA Business ဂျာနယ်အတွက်လည်း အိမ်ခြံမြေဆိုင်ရာ ဆောင်းပါးများ ရေးသားပေးနေသူ ဖြစ်သည်။

CNBC သတင်းဌာနအတွက် ရေးသားလာသော ဆောင်းပါးတစ်ပုဒ်တွင် ဟင်လင်ချောင်က ရေးသားထားသည်မှာ သူသည် CNBC သတင်းဌာနတွင် Video Producer အဖြစ် ၄ နှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် အလုပ်ထွက်ခဲ့‌ကြောင်း ဖော်ပြထားသည်။

အလုပ်ထွက်ပြီးနောက် အာရှနှင့် တောင်အမေရိကတိုက်တို့ရှိ နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ တစ်နှစ်ခွဲကြာ ခရီးထွက်ခဲ့ကာ ကန်ဒေါ်လာ ၃၄၀၀၀ ကုန်ကျခဲ့ကြောင်းလည်း သူ၏ဆောင်းပါးတွင် ဖော်ပြသည်။

ဆောင်းပါးထဲတွင် ဟယ်လင်က သူ၏အကြီးမားဆုံး နောင်တများကို ဖော်ပြထားသည်။

ယင်းအနက်တစ်ခုမှာ သူတစ်ဘဝလုံး စုဆောင်းထားခဲ့သည့်ငွေအနက် အများစုကို အသုံးပြုလိုက်ခြင်းအပေါ် နောင်တရခြင်းဖြစ်သည်။

 

(ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးသို့ ရောက်ရှိခဲ့ပုံ။ ဓာတ်ပုံ-Helen Zhao)

“ကျွန်မ အခု အသက် ၃၄ နှစ်ရှိပါပြီ။ အလုပ်အကိုင်တွေကနေ အငြိမ်းစားယူတဲ့ကာလအတွက် စုဆောင်းငွေ နည်းနည်းလေးပဲ ရှိပါတယ်။ ဇာတိမြို့ဖြစ်တဲ့ လော့စ်အိန်ဂျလိမှာ အိမ်ဝယ်ဖို့အတွက် down payment ပေးချေ နိုင်ဖို့ကလည်း အဝေးကြီးပါ။ ကလေးယူဖို့လည်း အဆင်သင့်မဖြစ်သေးပါဘူး” ဟု ဟယ်လင်ချောင်၏ CNBC ဆောင်းပါးတွင် ဖော်ပြသည်။

ဟယ်လင်ချောင်က ဆက်လက်ရေးသားသည်မှာ ခရီးထွက်ရာတွင် ငွေသုံးစွဲခဲ့မှုအပေါ် နောင်တ မရကြောင်း၊ သို့သော် ခရီးစဉ်အတွက် သီးသန့် ငွေကြေးလုံလုံလောက်လောက်ရအောင် ကြိုတင်ပြင်ဆင်ခဲ့သင့်ကြောင်း ဖော်ပြသည်။

 

(ကမ္ဘောဒီးယားနိုင်ငံ၊ Siam Reap သို့ ရောက်ခဲ့စဉ်က။ ဓာတ်ပုံ-Helen Zhao)

 

အထက်တန်းကျောင်းသူဘဝကတည်းက တကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှုလေ့လာခြင်း၊ ငွေကြေးစုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် အသက်မွေးဝမ်းကြောင်းအလုပ်အတွက် စီမံကိန်းချခြင်းတို့ လုပ်ဆောင်ခဲ့ပါက အခြားဘဝ ပန်းတိုင်များ ကြီးကြီးမားမား မနှောင့်နှေးစေဘဲ ခရီးထွက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဟယ်လင်က ရေးသားထားသည်။

International Trade Administration ၏ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသား ၅၄ သန်းကျော် ပြည်ပနိုင်ငံများသို့ ခရီးထွက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုနှစ်အတွင်း ခရီးထွက်စဉ်တွင် ပျှမ်းမျှအားဖြင့် တစ်ဦးလျှင် ကန်ဒေါ်လာ ၁၇၈၃ သုံးစွဲခဲ့ကြသည်။

ထိုသို့ ခရီးသွားသူတိုင်းကား ပြည်ပခရီးစဉ်တွင် ငွေသုံးခဲ့မှုအပေါ် နောင်တမရကြ။

၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးတစ်ဦးက Business Insider သတင်းဌာနသို့ ပြောခဲ့သည်မှာ တစ်နှစ်တာ အတွင်း ခရီးထွက်ခြင်းအတွက် ကန်ဒေါ်လာ ၅၀၀၀၀ သုံးစွဲရန် စီစဉ်ထားကြောင်းနှင့် ထိုသို့ ငွေသုံးစွဲမှုအတွက် နောင်တမရကြောင်း ပြောသည်။

ဖေဖော်ဝါရီလအတွင်း အခြားအမျိုးသမီးတစ်ဦးက Business Insider သတင်းဌာနသို့ ပြောသည်မှာ စုဆောင်းထားငွေအားလုံးကို ဥရောပခရီးစဉ်တွင် သုံးစွဲခဲ့ကြောင်းပြောခဲ့ပြီး အခြားသူများကိုလည်း ထိုသို့ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A woman who quit her job to travel says she regrets not saving enough for a house or retirement (businessinsider)

Photo Credit: Helen Zhao

 

 

[Zawgyi]

အသက္ ၃၂ ႏွစ္အရြယ္တြင္ အလုပ္ထြက္ကာ အာရွႏွင့္ ေတာင္အေမရိကႏိုင္ငံေပါင္း ၁၈ ႏိုင္ငံသို႔ ေဒၚလာ ၃၄၀၀၀ သံုးစြဲကာ ခရီးထြက္ခဲ့သည့္ အမ်ဳိးသမီးက အိမ္ဝယ္ရန္ ေငြမစုေဆာင္းမိခဲ့မႈအေပၚ ေနာင္တရ

 

(ဟယ္လင္ေခ်ာင္ကို ဘာလီကၽြန္းတြင္ ေတြ႔ရပံု။ ဓာတ္ပံု-Helen Zhao)

မိမိအႏွစ္သက္ဆံုးျဖစ္ခဲ့ေသာအလုပ္မွထြက္ကာ ကမၻာပတ္ခဲ့ေသာ အမ်ဳိးသမီးတစ္ဦးက အိမ္ဝယ္ရန္ (သုိ႔မဟုတ္) အိုမင္းမစြမ္းရွိခ်ိန္အတြက္ ေငြအလံုအေလာက္ မစုေဆာင္းမိခဲ့မႈအေပၚ ေနာင္တရလ်က္ရွိသည္။

ဟယ္လင္ ေခ်ာင္ (Helen Zhao) အမည္ရွိ အမ်ဳိးသမီးသည္ ကယ္လီဖိုးနီးယားသူ တစ္ဦးျဖစ္ျပီး ယခင္က CNBC သတင္းဌာနတြင္ ဗြီဒီယိုထုတ္လုပ္သူ၊ စာေရးသူ တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

သူမသည္ LA Business ဂ်ာနယ္အတြက္လည္း အိမ္ျခံေျမဆိုင္ရာ ေဆာင္းပါးမ်ား ေရးသားေပးေနသူ ျဖစ္သည္။

CNBC သတင္းဌာနအတြက္ ေရးသားလာေသာ ေဆာင္းပါးတစ္ပုဒ္တြင္ ဟင္လင္ေခ်ာင္က ေရးသားထားသည္မွာ သူသည္ CNBC သတင္းဌာနတြင္ Video Producer အျဖစ္ ၄ ႏွစ္ၾကာလုပ္ကိုင္ခဲ့ျပီးေနာက္ အလုပ္ထြက္ခဲ့‌ေၾကာင္း ေဖာ္ျပထားသည္။

အလုပ္ထြက္ျပီးေနာက္ အာရွႏွင့္ ေတာင္အေမရိကတိုက္တို႔ရွိ ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံသို႔ တစ္ႏွစ္ခြဲၾကာ ခရီးထြက္ခဲ့ကာ ကန္ေဒၚလာ ၃၄၀၀၀ ကုန္က်ခဲ့ေၾကာင္းလည္း သူ၏ေဆာင္းပါးတြင္ ေဖာ္ျပသည္။

(ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်ေနးရိုးသို႔ ေရာက္ရွိခဲ့ပံု။ ဓာတ္ပံု-Helen Zhao)

ေဆာင္းပါးထဲတြင္ ဟယ္လင္က သူ၏အၾကီးမားဆံုး ေနာင္တမ်ားကို ေဖာ္ျပထားသည္။

ယင္းအနက္တစ္ခုမွာ သူတစ္ဘဝလံုး စုေဆာင္းထားခဲ့သည့္ေငြအနက္ အမ်ားစုကို အသံုးျပဳလုိက္ျခင္းအေပၚ ေနာင္တရျခင္းျဖစ္သည္။

 

(ကေမၻာဒီးယားႏိုင္ငံ၊ Siam Reap သို႔ ေရာက္ခဲ့စဥ္က။ ဓာတ္ပံု-Helen Zhao)

“ကၽြန္မ အခု အသက္ ၃၄ ႏွစ္ရွိပါျပီ။ အလုပ္အကိုင္ေတြကေန အျငိမ္းစားယူတဲ့ကာလအတြက္ စုေဆာင္းေငြ နည္းနည္းေလးပဲ ရွိပါတယ္။ ဇာတိျမိဳ႕ျဖစ္တဲ့ ေလာ့စ္အိန္ဂ်လိမွာ အိမ္ဝယ္ဖုိ႔အတြက္ down payment ေပးေခ် ႏိုင္ဖို႔ကလည္း အေဝးၾကီးပါ။ ကေလးယူဖို႔လည္း အဆင္သင့္မျဖစ္ေသးပါဘူး” ဟု ဟယ္လင္ေခ်ာင္၏ CNBC ေဆာင္းပါးတြင္ ေဖာ္ျပသည္။

ဟယ္လင္ေခ်ာင္က ဆက္လက္ေရးသားသည္မွာ ခရီးထြက္ရာတြင္ ေငြသံုးစြဲခဲ့မႈအေပၚ ေနာင္တ မရေၾကာင္း၊ သို႔ေသာ္ ခရီးစဥ္အတြက္ သီးသန္႔ ေငြေၾကးလံုလံုေလာက္ေလာက္ရေအာင္ ၾကိဳတင္ျပင္ဆင္ခဲ့သင့္ေၾကာင္း ေဖာ္ျပသည္။

အထက္တန္းေက်ာင္းသူဘဝကတည္းက တကိုယ္ရည္ ေငြေၾကးစီမံခန္႔ခြဲမႈေလ့လာျခင္း၊ ေငြေၾကးစုေဆာင္းျခင္း၊ ရင္းႏွီးျမွဳပ္ႏွံျခင္းႏွင့္ အသက္ေမြးဝမ္းေၾကာင္းအလုပ္အတြက္ စီမံကိန္းခ်ျခင္းတုိ႔ လုပ္ေဆာင္ခဲ့ပါက အျခားဘဝ ပန္းတိုင္မ်ား ၾကီးၾကီးမားမား မေႏွာင့္ေႏွးေစဘဲ ခရီးထြက္ႏိုင္မည္ဟု ယံုၾကည္ေၾကာင္းလည္း ဟယ္လင္က ေရးသားထားသည္။

International Trade Administration ၏ ေဖာ္ျပခ်က္အရ ၂၀၂၂ ခုႏွစ္အတြင္း အေမရိကန္ႏိုင္ငံသား ၅၄ သန္းေက်ာ္ ျပည္ပႏိုင္ငံမ်ားသို႔ ခရီးထြက္ခဲ့ၾကသည္ဟု ဆိုသည္။

ထိုႏွစ္အတြင္း ခရီးထြက္စဥ္တြင္ ပွ်မ္းမွ်အားျဖင့္ တစ္ဦးလွ်င္ ကန္ေဒၚလာ ၁၇၈၃ သံုးစြဲခဲ့ၾကသည္။

ထိုသို႔ ခရီးသြားသူတိုင္းကား ျပည္ပခရီးစဥ္တြင္ ေငြသံုးခဲ့မႈအေပၚ ေနာင္တမရၾက။

၂၀၁၉ ခုႏွစ္အတြင္း အမ်ဳိးသမီးတစ္ဦးက Business Insider သတင္းဌာနသို႔ ေျပာခဲ့သည္မွာ တစ္ႏွစ္တာ အတြင္း ခရီးထြက္ျခင္းအတြက္ ကန္ေဒၚလာ ၅၀၀၀၀ သံုးစြဲရန္ စီစဥ္ထားေၾကာင္းႏွင့္ ထိုသို႔ ေငြသံုးစြဲမႈအတြက္ ေနာင္တမရေၾကာင္း ေျပာသည္။

ေဖေဖာ္ဝါရီလအတြင္း အျခားအမ်ဳိးသမီးတစ္ဦးက Business Insider သတင္းဌာနသို႔ ေျပာသည္မွာ စုေဆာင္းထားေငြအားလံုးကို ဥေရာပခရီးစဥ္တြင္ သံုးစြဲခဲ့ေၾကာင္းေျပာခဲ့ျပီး အျခားသူမ်ားကိုလည္း ထုိသို႔ လုပ္ေဆာင္ရန္ တိုက္တြန္းခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A woman who quit her job to travel says she regrets not saving enough for a house or retirement (businessinsider)

Photo Credit: Helen Zhao

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service